6 Ran ( P C ) 142 စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part Three ]

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


6 Ran ( P C ) 142 


BHOGILAL BHIKACHAND AND OTHERS (Plaintiffs)


                      V.


ROYAL INSURANCE CO., LTD. (Defendants).


PRESENT: VISCOUNT HALDANE,LORD ATKINSON,LORD BLANESBURGH,LORD DARLING and LORD WARRINGTON OF CLYFFE.


စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part Three ]


————————————————————————


6 Ran ( P C ) 142 


BHOGILAL BHIKACHAND AND OTHERS (Plaintiffs)


                      V.


ROYAL INSURANCE CO., LTD. (Defendants).


PRESENT: VISCOUNT HALDANE,LORD ATKINSON,LORD BLANESBURGH,LORD DARLING and LORD WARRINGTON OF CLYFFE.


(On Appeal from the High Court at Rangoon.)


Appeal No. 103 of 1926 from a decree of the High Court in its Appellate Jurisdiction (June 15.1925) reversing a decree of the Court in its Original Jurisdiction (June 24.1924).


At the conclusion of the arguments their Lordships intimated that the appeal would be allowed, and that the reasons would be delivered later.


December 16. The judgment of their Lordships was delivered by LORD BLANESBURGH.


J.C.* 1927 ,Dec. 16.


ပရီဗီကောင်စီကစီရင်ထုံးစာမျက်နှာ၁၄၆၌အောက်ပါအတိုင်းဖော်ပြသည်-


[ It was only before the Board that any personal imputation upon the first appellant was disclaimed by counsel for the respondents. ]


အထက်ပါဖော်ပြချက်အရဆိုပါက၊ပရီဗီကောင်စီသို့အယူခံဝင်သောစီရင်ချက်ကိုချမှတ်ထားသည့်အယူခံခုံရုံးက၊ပထမအယူခံတရားလိုသည်လိမ်လည်လှည့်ဖြားအာမခံထားသည့်ကိစ္စ၌ပါဝင်ပတ်သက်သည်ဟုသုံးသပ်မိခဲ့ပုံပေါ်သည်။


သို့သော်ပရီဗီကောင်စီရှေ့တွင်လျှောက်လဲရာ၌၊အာမခံကုမ္ပဏီအတွက်လိုက်ပါဆောင်ရွက်သောရှေ့နေကထိုသို့စွပ်စွဲပုံမပေါ်။


စီရင်ထုံးစာမျက်နှာ၁၄၆၌-


[ It is not the least serious of the criticisms to which the judgment of the Appellate Court is open that the learned Judges there include in their insinuation, it is not a finding, of fraud all the three appellants indifferently -a mistake which is not surprising if they had regard to the terms of the respondents' notice of appeal. 


It was only before the Board that any personal imputation upon the first appellant was disclaimed by counsel for the respondents. 


This amended, tardy though it be, the first appellant is entitled to have put upon record. ]


ဟုဖော်ပြထားသည်။


[ disclaimed = မသက်ဆိုင်ကြောင်းငြင်းဆိုသည် ]


ရှေးအခါကပရီဗီကောင်စီ၊ဟိုက်ကုတ်လွှတ်တော်၊တရားလွှတ်တော်ချုပ်၊တရားလွှတ်တော်တို့တွင်လိုက်ပါသောရှေ့နေများသည်နှုတ်စောင့်စီးကြသည်။


မမှန်သည်ကိုမှန်သည်ဟုဇွတ်မပြောကြ။


အထက်၌ကောက်နုတ်ဖော်ပြချက်သည်သာဓကဖြစ်သည်။


တရားလွှတ်တော်တရားဝန်ကြီးချုပ်ဦးသိမ်းမောင်နှင့်တရားဝန်ကြီးဦးစံမောင်တို့ရှေ့တွင်အမှုလိုက်သောရှေ့နေတို့သည်ပို၍သတိထားကြသည်ဟု၊တဆင့်စကားတဆင့်ကြားရဖူးပါသည်။


မှန်မမှန်မသိပါ။


အမှားပြောလျှင်ထိုပုဂ္ဂိုလ်ကြီးများကချက်ခြင်းထောက်ပြတတ်သဖြင့်ရှေ့နေများအလယ်၌ရှေ့နေအချို့သိက္ခာကျပြီးရုံးတော်ကိုတောင်းပန်ရသည်အထိဖြစ်ခဲ့ဖူးသည်ဟုဆိုပါသည်။


ထိုသို့ထောက်ပြနိုင်ရန်၊အမှုတွဲကိုရုံးမထိုင်မီဖတ်ပြီးဖြစ်ဟန်တူသည်။


တခါကတရားရုံးချုပ်(မန္တလေးရုံးထိုင်)တွင်အမှုကြားနာစဉ်၊ရှေ့နေတဦးကအိန္ဒိယနိုင်ငံစီရင်ထုံးတရပ်ကိုကိုးကားသည်ဟုဆို​၏။


ရုံးထိုင်တရားဝန်ကြီးဦးစံမောင်ကတရားခွင်တွင်ထိုတရားစီရင်ထုံးကိုချက်ချင်းရှာဖွေတင်ပြရန်စာရွက်တွင်ရေးပြီးရှေ့ဖတ်စာရေးကိုပေးသည်ဆို​၏။


ရှေ့ဖတ်စာရေးကရုံးလုလင်အားပိဋကတ်တိုက်မှူးထံသို့လွှတ်သည်ဆို​၏။


မိနစ်ပိုင်းအတွင်းထိုစာအုပ်ကိုရုံးလုလင်ကရှေ့ဖတ်စာရေးကိုပေးရာ(စာကြည့်တိုက်မှူးမည်မျှကျွမ်းကျင်ကြောင်းသတိပြုပါ)ရှေ့ဖတ်စာရေးကဦးစံမောင်ထံတင်ပြသောအခါ၊၎င်းကြားနာသည့်ကိစ္စကိုရပ်ပြီး၊ရှေ့နေကိုးကားသောစီရင်ထုံးစာမျက်နှာကိုလှန်ကာ၊ထိုရှေ့နေအားလျှောက်လဲတင်ပြချက်ကိုစီရင်ထုံးတွင်ရှာပြခိုင်းသည်ဆို​၏။


ထိုရှေ့နေက၎င်း​၏ကိုးကားချက်မှားပါသည်ဟုလူပုံအလယ်၌ဝန်ခံရသည်ဆို​၏။


ရှေ့နေများ၊တရားဝန်ကြီးဦးစံမောင်ကိုကြောက်ရလောက်အောင်၊တရားဝန်ကြီးတွင်ပညာရှိကြောင်းသာဓကဖြစ်သည်။


ယခုမူကား၊လွန်ခဲ့သောနှစ်အတွင်းကပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင်၊တရားလွှတ်တော်ရှေ့နေတဦးက၊ခရစ်ယာန်ဓလေ့ထုံးတမ်းဥပဒေဟုမမှန်မကန်တင်ပြခဲ့သည့်အဆင့်သို့ရောက်ခဲ့သည်မှာဖြစ်ကောင်းပါသလား။


ယခုဆွေးနွေးလျက်ရှိသော 6 Ran ( P C ) 142 အပါအဝင်စီရင်ထုံးများကိုမဖတ်မိခြင်း၏အနိဌာရုံဟုဆိုရမည်လား။

———————————————————-

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]