ကာလစည်းကမ်းသတ်ဥပဒေသည်တရားရုံးတွင်သက်သာခွင့်တောင်းခြင်းကိုပိတ်ပင်ရန်ရည်စူးခြင်းဖြစ်သည်။
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ကာလစည်းကမ်းသတ်ဥပဒေသည်၊တရားရုံးတွင်သက်သာခွင့်တောင်းခြင်းကိုပိတ်ပင်ရန်ရည်စူးခြင်းဖြစ်သည်။
သာမန်အားဖြင့်လူများ၏အခွင့်အရေးကိုဆိတ်သုဉ်းအောင်မရည်စူးပါ။
သို့သော်ကာလစည်းကမ်းသတ်ဥပဒေပုဒ်မ၂၈သည်၊မရွှေ့မပြောင်းနိုင်သောပစ္စည်းနှင့်စပ်လျဉ်း၍၊ကာလစည်းကမ်းသတ်ကျော်လွန်သွားသောအခါ၊တရားရုံးတွင်တရားစွဲဆိုခွင့်မရှိရုံမျှမက၊၎င်းတွင်ရှိသောအခွင့်အရေးများကိုလည်းဆိတ်သုဉ်းသွားစေသည်။
အခြားကိစ္စများအတွက်၊မဆိတ်သုဉ်းပါ။
————————————————-
၁၉၉၅ခုနှစ်၊တရားမအထူးအယူခံမှုအမှတ်၆
ဒေါ်ခင်ဝင်း နှင့် ဒေါ်ခင်ထွေးရီ
အမှုတွင်၊စုံညီခုံရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်-
[ ကာလစည်းကမ်းသတ်ဥပဒေ၏ယေဘုယျသဘောမှာ၊စည်းကမ်းသတ်ကာလသည်သက်သာခွင့်တောင်းဆိုခြင်းကိုပိတ်ပင်သည်။ရပိုင်ခွင့်ကိုပျက်သုဉ်းစေခြင်းမရှိပေ။ပစ္စည်းလက်ရောက်ရလိုကြောင်းစွဲဆိုသည့်အမှုများနှင့်စပ်လျဉ်းသည့်၊ကာလစည်းကမ်းသတ်ဥပဒေပုဒ်မ၂၈ပါပြဌာန်းချက်များသည်၊အဆိုပါဥပဒေသဘော၏ခြွင်းချက်ဖြစ်သည်။ ]
—————————————————-
ကာလစည်းကမ်းသတ်ဥပဒေပုဒ်မ၃တွင်၊ဆိုင်ရာအမှုအတွက်သတ်မှတ်ထားသောစည်းကမ်းသတ်ကာလကုန်လွန်မှစွဲဆိုသောအမှုများကိုပလပ်ရမည်ဟုပြဌာန်းထားသည်။
ကာလစည်းကမ်းသတ်ဥပဒေဇယား၁တွင်ရည်ညွှန်းထားသောအမှုများအတွက်၊သတ်မှတ်ထားသောစည်းကမ်းသတ်ကာလကုန်ဆုံးသွားလျင်၊အဆိုပါအမှုများတွင်တောင်းဆိုနိုင်သောသက်သာခွင့်ကိုအရေးဆိုခွင့်မရှိတော့ပေ။
ထို့ကြောင့်ကာလစည်းကမ်းသတ်ဥပဒေသည်၊တရားရုံးတွင်ရလိုသောသက်သာခွင့်တောင်းဆိုခြင်းကိုပိတ်ပင်သောဥပဒေဖြစ်သည်ဟုဆိုနိုင်သည်။
နောက်တဆင့်တက်ပြီးစောဒကတက်နိုင်သောအချက်မှာ၊ကာလစည်းကမ်းသတ်ဥပဒေအရအချင်းဖြစ်ပစ္စည်းအပေါ်တွင်ပိုင်ဆိုင်ခွင့်သည်လည်း၊တပါတည်းပျောက်ပျက်သွားနိုင်သလားဆိုသောအချက်ဖြစ်သည်။
ကာလစည်းကမ်းသတ်ဥပဒေပုဒ်မ၂၈တွင်၊မရွှေ့မပြောင်းနိုင်သောပစ္စည်းလက်ရောက်တောင်းခွင့်ကာလစည်းကမ်းသတ်ကျော်လွန်သွားလျှင်၊ပိုင်ဆိုင်ခွင့်လည်းကုန်ဆုံးပြတ်စဲစေရမည်ဟုဆိုထားခြင်းကြောင့်၊အခြားပစ္စည်း(ရပိုင်ခွင့်)များနှင့်ပတ်သက်၍ကုန်ဆုံးပြတ်စဲခြင်း၊ဆိတ်သုဉ်းခြင်းမရှိကြောင်းမှာမြင်သာသောအချက်ဖြစ်သည်။
—————————————————
1948 BLR ( H C ) 402
A.L.M. CHETTYAR FIRM (APPELLANT)
V.
MA SINT AND THREE OTHERS(RESPONDENTS).*
Before U Thein Maung, Chief Justice, and U San Maung. J.
အမှုတွင်၊ချစ်တီးယားဖမ်းက၊မဆင့်၏ခင်ပွန်းအပေါ်ရရှိသောငွေဒီကရီကိုအတည်ပြုရာတွင်၊လင်မယားပိုင်ပစ္စည်းကိုတရားရုံးက၊၃၀-၇-၁၉၃၀နေ့တွင်လေလံတင်ရောင်းချသောအခါ၊တရားနိုင်ကလေလံဆွဲဝယ်ယူသည်။
အဆိုပါအချိန်ကအတည်ဖြစ်နေသော၊5 Ran 478 [ Ma Paing v. Maung Shwe Hpaw and others ]စီရင်ထုံးအရ၊လင်အပေါ်ဇာရီမှုတွင်ပစ္စည်းရောင်းချသောအခါ၊မယား၏အကျိုးခံစားခွင့်ကိုပါလွှဲပြောင်းရောင်းချရာရောက်သည်။
သို့သော်၊9 Ran 524 ( F B )[ N.A.V.R. Chettyar Firm v. Maung Than Daing ]စီရင်ထုံးသည်၊5 Ran 478 [ Ma Paing v. Maung Shwe Hpaw and others ]စီရင်ထုံးကိုပယ်ဖျက်လိုက်သောအခါ၊လင်အပေါ်ဒီကရီကိုအတည်ပြုပြီးပစ္စည်းလေလံတင်ရောင်းချရာတွင်၊မယား၏အကျိုးခံစားခွင့်ကိုလွှဲပြောင်းရာမရောက်ဆိုသောဥပဒေသပြန်လည်အတည်ဖြစ်လာသည်။
ချစ်တီးသည်လေလံဆွဲဝယ်သောအချင်းဖြစ်ပစ္စည်းများကိုလက်ရှိရခဲ့သော်လည်း၊၁၂နှစ်မပြည့်မီဂျပန်များကမြန်မာနိုင်ငံကိုသိမ်းပိုက်သောအခါ၊၁၉၄၁ခုနှစ်အတွင်းပစ္စည်းလက်လွတ်သွားပြီး၊မဆင့်တို့ကပြန်လည်လက်ရောက်ရရှိခဲ့သည်။
အင်္ဂလိပ်များပြန်လည်ဝင်ရောက်လာပြီးနောက်၊ချစ်တီးကပစ္စည်းများကိုမဆင့်ထံမှပြန်လည်ရရှိရန်ကြိုးစားလာသောကြောင့်မဆင့်ကအချင်းဖြစ်ပစ္စည်းတွင်မိမိ၏ပိုင်ဆိုင်ခွင့်ကိုမြွက်ဟကြေညာပေးရန်တရားစွဲဆိုခြင်းဖြစ်သည်။
လေလံတင်ရောင်းချသောပစ္စည်းများသည်၊၁၉၃၀ပြည့်နှစ်မှ၁၉၄၁ခုနှစ်အထိ၊လေလံဆွဲဝယ်ယူသူချစ်တီးထံသို့ရောက်ရှိသွားသောအခါ၊မဆင့်၏ဆိုင်ရေးဆိုင်ခွင့်ကို(၁၁)နှစ်ကျော်ထိပါးခဲ့သည်။
ထို့ကြောင့်မဆင့်ကမြွက်ဟကြေညာပေးရန်စွဲဆိုခွင့်သည်(၆)နှစ်ကျော်လွန်သွားမည်မှာမှန်သော်လည်း၊မဆင့်သည်၁၉၄၁ခုနှစ်နောက်ပိုင်းတွင်၊အချင်းဖြစ်ပစ္စည်းများကိုပြန်လည်လက်ရောက်ရရှိခဲ့ပြီး၊လက်ရှိဖြစ်ဆဲတွင်ချစ်တီးကအနှောင့်အယှက်ပေးလာသောကြောင့်တရားစွဲဆိုရခြင်းဖြစ်သည်။
တရားလွှတ်တော်တရားသူကြီးချုပ်ဦးသိန်းမောင်က၊စီရင်ထုံးစာမျက်နှာ၄၀၅တွင်အောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-
[ စစ်မဖြစ်ပွါးမီ၊တရားလို-အယူခံတရားပြိုင်များ(မဆင့်တို့)အနေဖြင့်မြွက်ဟကြေညာပေးစေလိုမှုစွဲဆိုခွင့်မှာကာလစည်းကမ်းသတ်ကျော်လွန်သော်လည်း၊ပိတ်ပင်ချက်သည်ကုစားခွင့်( remedy )သို့မဟုတ်မြွက်ဟကြေညာပေးသည့်သက်သာခွင့်ကိုသာထိခိုက်စေမည်ဖြစ်သည်။
ရေနံတွင်းများ(အချင်းဖြစ်ပစ္စည်းများ)တွင်၊ထိုသူတို့၏အခွင့်အရေး၊ပိုင်ဆိုင်ခွင့်နှင့်အကျိုးသက်ဆိုင်ခွင့်တို့ကိုကုန်ဆုံးပြတ်စဲစေနိုင်မည်မဟုတ်။
ကာလစည်းကမ်းသတ်အက်ဥပဒေ၏အကျိုးသက်ရောက်မှုသည်၊ပစ္စည်းလက်ရောက်ရလိုမှုများနှင့်ပတ်သက်သည့်ကာလစည်းကမ်းသတ်ပိတ်ပင်ချက်အကျုံးဝင်သောအမှုများနှင့်သာလျှင်သက်ဆိုင်သည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၄၂အရမြွက်ဟဒီကရီရလိုမှုသည်ထိုအမှုမျိုးမဟုတ်။
အချင်းဖြစ်ပစ္စည်းများအပေါ်၊တရားလို-အယူခံတရားပြိုင်တို့၏ပိုင်ဆိုင်ခွင့်သည်မြွက်ဟကြေညာသည့်သက်သာခွင့်ကိုပိတ်ပင်ထားလင့်ကစား၊တည်လျက်ရှိနေသေးသည်။
ရေနံတွင်းများကိုပြန်လည်ရရှိသောအခါ၊တဦးတယောက်ကငြင်းဆိုလာလျှင်၊မြွက်ဟဒီကရီစွဲဆိုခွင့်အပါအဝင်၊ပိုင်ရှင်များ၏အခွင့်အရေးများနှင့်တကွလက်ရှိပိုင်ရှင်များတဖန်ဖြစ်လာကြသည်။
ထို့ကြောင့်၎င်းတို့သည်ရေနံတွင်းများကိုပြန်လည်လက်ရောက်ရရှိ၍ပိုင်ဆိုင်ခွင့်နှင့်အကြောင်းသင့်ဆက်နွယ်သောအခွင့်အရေးများနှင့်တကွ၊အပြည့်အဝပိုင်ဆိုင်ခွင့်ပြန်လည်ပေါ်ပေါက်လာပြီးနောက်၊အယူခံတရားလိုကရေနံတွင်းများ၏ဂါဒင်(အုပ်ချုပ်ရေးမှုး)ထံ၊အမည်ပြောင်းပေးရန်လျှောက်ထားခြင်းဖြင့်၊တရားလို-အယူခံတရားပြိုင်များ၏ပိုင်ဆိုင်ခွင့်ကိုထိပါးလာသောအခါ၊၎င်းတို့သည်မြွက်ဟကြေညာသည့်ဒီကရီအတွက်တရားစွဲဆိုရန်အကြောင်းအသစ်တဖန်ရရှိသည်။ ]
[ We are in entire agreement with him on the question of limitation.
The plaintiffs-respondents may have lost their right to sue for a declaratory decree after the expiry of six years from the date on which the defendani-appellant obtained possession of the oil wells, but it is quite clar from the evidence, and in fact it is admitted by the learned advocate for him, that he had not been in possession for over twelve years before the 8th December 1941.
Even though the plaintiffs-respondents' right to sue for a declaratory decree before the war had been time-barred, that bar would affect only the remedy or relief by way of declaration.
It cannot extinguish their right, title, and interest in the oil wells. [See Rajah of Venkatagiri v. Isakapalli Subbiah and others (1).] (1903) I.L.R. 26 Mad, 410.
The operation of section 28 of the Limitation Act is limited to cases in which the bar of limitation applies to suits for the possession of property; and a suit for a declaratory decree under section 42 of the Specific Relief Act is not such a suit.
The plaintiffs-respondents' title to the property subsisted in spite of the time-bar against relief by way of declaration, and when they regained possession of the oil wells they again became owners in possession with all the rights and privileges of such owners including the right to sue for a declaratory decree if anyone denies that they are owners in possession.
So they have a fresh cause of action for a declaratory decree when the plaintiffs-respondents challenged their title by making an application for mutation of names to the Warden of the Oil-fields after they have regained possession of the oil wells and their full ownership thereof had revived with all the rights and privileges incidental thereto.
The learned advocate for the defendant-appellant has also contended that even if the suit be not barred by limitation it is not maintainable as the plaintiffs-respondents did not ask for further relief, that is, for partition, although they were able to seek further relief than a mere declaration of title.
He relies on the proviso to section 42 of the Specific Relief Act, which reads :
"Provided that no Court shall make any such declaration where the plaintift, being able to seek further relief than a mere deciaration of title, omits to do so." ]
———————————————-
အကယ်၍လေလံဆွဲဝယ်ယူသောချစ်တီးသည်၊၁၂နှစ်ကျော်လက်ရောက်ရရှိခဲ့လျှင်၊ပြောင်းလဲမှုရှိနိုင်ပါသလားဟုစောဒကတက်စရာရှိပါသည်။
9 Ran 524 ( F B ) [ N.A.V.R.Chettyar Firm v. Maung Than Daing ]စီရင်ထုံးအရ၊မဆင့်၏အကျိုးခံစားခွင့်(ရေနံတွင်းများ၏သုံးပုံနှစ်ပုံ)သည်၊ရောင်းချရာတွင်ဥပဒေအရမပါဝင်သော်လည်း၊ထည့်သွင်းရောင်းချခဲ့ခြင်းကြောင့်၊ချစ်တီးလက်ရှိဖြစ်ခြင်းသည်၊မဆင့်ကိုဆန့်ကျင်သည်။
၁၂နှစ်ကြာလက်ရှိထားမည်ဆိုလျှင်၊ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈အရ၊မဆင့်၏ပိုင်ဆိုင်ခွင့်သည်ပျောက်ပျက်သွားမည်ဖြစ်သည်။
ထိုကဲ့သို့ပျောက်ပျက်သွားမည်ဆိုလျှင်၊မဆင့်အနေဖြင့်ပိုင်ကြောင်းမြွက်ဟကြေညာပေးရန်စွဲဆိုနိုင်ခွင့်ရှိမည်မဟုတ်။
မဆင့်သည်လက်ရှိဖြစ်သောကြောင့်၊လက်ရှိပိုင်ဆိုင်ကြောင်း( Possessory Title )မြွက်ဟကြေညာပေးရန်တရားစွဲဆိုပိုင်ခွင့်ရှိမည်ဟု၊စောဒကတက်စရာရှိပါသည်။
1948 BLR 499
မောင်လှကျော်ပါ၂ နှင့် ဒေါ်ချစ်
အမှုတွင်၊စီရင်ထုံးစာမျက်နှာ၅၀၃၌၊အောက်ပါအတိုင်းညွှန်ပြသည်-
[ လက်ရှိပိုင်ဆိုင်ခွင့်ဟူသည်၊ပိုင်ရှင်အစစ်မှတပါးအခြားသူများအပေါ်ခိုင်မာသည်။]
လေလံဆွဲဝယ်ယူသူသည်၊၁၂နှစ်ကျော်လက်ရှိထားခဲ့ခြင်းကြောင့်ပိုင်ရှင်အဖြစ်သို့ရောက်ရှိသွားမည်ဖြစ်၍၊မဆင့်အနေဖြင့်ပိုင်ရှင်အစစ်အပေါ်အရေးဆိုခွင့်ရှိမည်မဟုတ်ပေ။
————————————————
Comments
Post a Comment