မအေးတင် နှင့် ဒေါ်သန့်စီရင်ထုံးအကြောင်း။
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
စစ်ကြိုခေတ်တရားလွှတ်တော်၏အဆုံးအဖြတ်များကို The India Law Reports, Rangoon Series တွင်၊တရားဝင်ထုတ်ဝေသည်။
A. I. R. မှာပုဂ္ဂလိကအဖွဲ့အစည်းကထုတ်ဝေသောစီရင်ချက်များဖြစ်သည်။
Rangoon Series တွင်မထုတ်ဝေသောစီရင်ချက်များကို A. I. R. တွင်ထုတ်ဝေသည်များလည်းရှိသည်။
ဟိုက်ကုတ်လွှတ်တော်၏စီရင်ချက်အချို့ကို Rangoon Series နှင့် R L R စီရင်ထုံးများတွင်လည်းကောင်း၊ A. I. R. စီရင်ထုံးများတွင်လည်းကောင်းထုတ်ဝေသည်များရှိသည်။
သာဓကမှာ-
1940 RLR 831 နှင့် A. I. R. 1941 Rangoon 99
[ MA AYE TIN v. DAW THANT (Mya Bu J.) ]စီရင်ထုံးဖြစ်သည်။
စီရင်ထုံး၏ခေါင်းစီးချင်းမတူ။
————————————
A. I. R. 1941 Rangoon 99
MA AYE TIN v. DAW THANT
MYA BU AND DUNKLEY JJ.
အမှု၏စီရင်ထုံးခေါင်းစီးမှာအောက်ပါအတိုင်းဖြစ်သည်-
(a) Evidence Act (1872), S. 92--Property purchased in names of A and B jointly-Evidence by A showing that he paid whole consideration and that B's name was mentioned to enable him to present deed for registration is inadmissible.
Where property is purchased in the joint names of A and B, evidence by A showing that he paid the whole consideration for the purchase and that B's name was mentioned in the deed as a joint purchaser merely in order that he should be able to present the document for registration is clearly inadmissible under S. 92. [P 100 C 1]
( b ) Buddhist Law (Burmese) - Wife's vested interest in payin property of her husband is not affected by rule in Manukye Book X, S. 28.
All property acquired by either or both the spouses before or during marriage passes into common enjoyment and both spouses have a vested interest in all such property; that is, "passing into common enjoyment" is a consequence of marriage and not a test of the vesting of property.
The interest of the wife in the payin property of her husband is one-third and she cannot be deprived of such a vested interest in the property of her husband by the rule in Manuke Book X, S. 28 to which vested interest the law of inheritance can have no application. [ P 101 C 1,2 ]
(c) Buddhist Law (Burmese) - Manukre Book X. S. 28_Scope of its operation explained.
The operation of S. 28 of Book X of the Manukye is not restricted to the vested interest of the deceased in the undivided family property only but is extended also to the property of the deceased generally which is in the possession of the parent.
The rule applies whether the parent is natural or adoptive as adoptive parents stand in the same position as the natural parents and have the same rights so long as the relationship constituted by adoption subsists.
[P 102 C 1,2]
—————————————————
1940 RLR 831
MA AYE TIN v. DAW THANT.*
Before Mr. Justice Mya Bu, and Mr. Justice Dunkley.
Decided on 1940 Aug. 23.
Civil 1st Appeal No. 8 of 1939 from the judgment of the District Court of Henzada in Civil Reg. No. 11 of 1937.
အမှု၏စီရင်ထုံးခေါင်းစီးမှာအောက်ပါအတိုင်းဖြစ်သည်-
Burmese Buddhist law--Manukye, Book X, s. 28- Rule of inherstance not applicable to wife's vested inferest in payin property- Property acquired by either or both spouses-" Passing into common enjoyment "-Rule applicable to deceased spouse's property generally--Parent can be natural or adoptive.
A wife is not deprived by the rule in Manukye Book X, s 28, of her vested interest in the payin property of her-husband who bas died leaving no issue and who lived with his parent and whose property is in the possession of the parent.
All property acquired by either or both the spouses before or during marriage passes into common enjoyment and both spouses have a vested interest in all such property. " Passing into common enjoyment" is a consequence of marriage and not a test of the vesting of property.
U Pe v. U Maung Maung Kha, I.L,R. 10 Ran, 261 (P.C.), followed.
The wording of s. 28, Manukye, Book X, does not appear to restrict its operation to the vested interest of the deceased in his undivided family property enly but appears to extend its operation to his separate property as well which is in the possession of the parent.
Ma Pwa Thin v. U Nyo, I.L.R. 12 Ran 409; Maung Ohn Khin v. U Nyo,I.L.R. 10 Ran. 124, considered.
The right of the parent under the above rule is applicable to all parents, whether natural or adoptive.
Ma E Dok v. Maung Nawe Hlaing, (1897-1901) 2 U.B.R. 109 ; Maung Thein V. Tha Byaw [1939] Ran. 341 (F.B.) , referred to.
Maung Po An v. Ma Dwe, I.L.R. 4 Ran. 184, distinguished.
————————————————
1955 BLR ( H C ) 168
KORBAN ALI (APPELLANT)
v.
ZORA BIBI (RESPONDENT). *
Before U San Maung, J.
အမှုတွင်၊တရားဝန်ကြီးဦးစံမောင်ကစီရင်ထုံးစာမျက်နှာ၁၆၈၌အောက်ပါအတိုင်းပြဆိုသည်-
[ Ma Aye Tin v. Daw Thant, as reported in A.I.R. (1941) Ran. 99, not the same as officially reported in 1940 R.L.R. 831; ]
စီရင်ထုံးစာမျက်နှာ၁၇၁နှင့်၁၇၂တွင်(မအေးတင် နှင့် ဒေါ်သန့်)စီရင်ထုံးအကြောင်းကို၊တရားဝန်ကြီးဦးစံမောင်ကအောက်ပါအတိုင်းမြွက်ဆိုသည်-
[The learned Advocate for the appellant Korban Ali relying to an observation of a Bench of the late High Court in Ma Aye Tin v. Daw Thant (1) A.I.R. (1941) Ran. 99.has conceded that this statement of the law is correct.
In Ma Aye Tin's case, the learned Judges observed:
“Schedules D and E contain a number of items of immovable property which were purchased in the joint names of Maung Than Tun and the respondent.
The presumption therefore arises that Maung Than Tun and the respondent were joint owners in equal shares of this property.
This presumption has not been rebutted by the vague evidence called by the respondent to the effect that she paid the whole consideration for the purchase of each of these properties and that Maung Than Tun's name was mentioned in the deed as a joint purchaser merely in order that he should be able to present the documents for registration.
Evidence of the latter category is clearly inadmissible under section 92, Evidence Act."
However, in the authorised report of the same case (1) (1940) R.L.R. 831.this passage has been omitted and this omission seems to me to be significant owing to the importance of the point involved.
It seems to indicate that the members of the Law Reporting Committee were not quite satisfied with the exposition of the law in Ma Aye Tin's case in so far as it relates to section 92 of the Evidence Act.]
——————————————————
1940 RLR ( F B ) 572
MA AYE TIN V. DAW THANT.*
Bifore Sir Ernest H. Goodman Roberts, Kt., Chief Justice, Mr. Justice Mosely, and Mr. Justice Mackney.
Decided on 1940 Feb. 26.
Civil Reference No. 10 of 1939 arising out of Civil First Appeal No. 8 of 1939 of this Court from the judgment of the District Court of Henzada in Civil Reg; No. 11 of 1937.
————————————————
1940 RLR 831
MA AYE TIN v. DAW THANT.*
Before Mr. Justice Mya Bu, and Mr. Justice Dunkley.
Decided on 1940 Aug. 23.
Civil 1st Appeal No. 8 of 1939 from the judgment of the District Court of Henzada in Civil Reg. No. 11 of 1937.
သားသမီးမရသောမြန်မာဗုဒ္ဓဘာသာလင်သေဆုံးသွားသောအခါဇနီးနှင့်လင်အားမွေးစားသောယောက္ခမတို့ခရိုင်တရားမရုံး၌အမွေမှုဖြစ်ကြရာအရေးနိမ့်သူမယားက တရားလွှတ်တော်တွင်တင်သွင်းသောအယူခံ(တရားမပထမအယူခံ)1940 RLR 831 တွင်မယားအတွက်ဦးဧမောင်(နောက်ပိုင်း၌တရားလွှတ်တော်ချုပ်တရားဝန်ကြီးဒေါက်တာဦးဧမောင်)ကဆောင်ရွက်ပြီး၊အယူခံတရားပြိုင်ယောက္ခမဘက်မှဒေါက်တာဘဟန်(နောက်ပိုင်းတွင်နိုင်ငံတော်ရှေ့နေချုပ်ဖြစ်ခဲ့သည်)ကဆောင်ရွက်သည်။
အယူခံမှုကိုသုံးရက်တိုင်တိုင်ကြားနာခဲ့သည်ဟုစီရင်ထုံးစာမျက်နှာ၈၃၁တွင်ဖော်ပြထားသည်။
မနုကျယ်ဓမ္မသတ်ဒသမတွဲပုဒ်မ၂၈ပါအဆိုအမိန့်(စာရေးသူ၏အမွေမှုများစာအုပ်ပုဒ်မ၂၄အောက်ခြေမှတ်စု၌အပြည့်အစုံဖော်ပြထားသည်)ကိုလိုက်နာရန်မသင့်ကြောင်း ဦးဧမောင်ကတရားဝန်ကြီးဦးမြဘူးနှင့်မစ္စတာဒန်ကလေ(မြန်မာနိုင်ငံတရားစီရင်ထုံးများပေါင်းချုပ်ကိုပထမဆုံးပြုစုသူ)ပါဝင်သောခုံရုံးတွင်အကျယ်တဝင့်တင်ပြသည်။
ခုံရုံးကဒေါက်တာဦးဧမောင်တင်ပြချက်ကိုနားဝင်ပုံပေါ်သည်။
1940 RLR 831 ( 832 )စီရင်ထုံးတွင်ဖော်ပြထားသည့်အတိုင်း10 Ran 124စီရင်ထုံးမှန်ကန်ခြင်းရှိမရှိသံသယရှိပုံကို1940 RLR 572( F B )စီရင်ထုံးစာမျက်နှာ၅၇၂မှ ၅၇၈တွင်အကျိုးအကြောင်းအကျယ်တဝင့်ဖော်ပြပြီးအောက်ပါပြဿနာကိုစုံညီခုံရုံးဖြင့်အဆုံးအဖြတ်ပေးရန်တင်ပြသည် -
“As between the parent and the surviving spouse of a child who dies leaving no issue but who lived with his or her parent and whose property is in the possession or keeping of the parent , who is entitled to inherit such property under the Myanmar ( Burmese ) Buddhist Law ? "
1940 RLR 572 ( F B )အမှုကို-
တရားဝန်ကြီးချုပ်(Sir Ernest H. Goodman Roberts)ပါဝင်သောစုံညီခုံရုံးကကြားနာရာတွင်ဦးဧမောင်၏လျှောက်လဲချက်ကိုစီရင်ထုံးစာမျက်နှာ၅၇၈မှ ၅၈၁တွင်သီးခြားဖော်ပြသည်။
(စီရင်ချက်တွင်ဖော်ပြခြင်းမဟုတ်)
တရားဝန်ကြီးချုပ်၏ဆွေးနွေးချက်ကိုဦးဧမောင်ကအချက်ကျကျပြန်လည်လျှောက်လဲတင်ပြပုံကိုစီရင်ထုံးစာမျက်နှာ၅၈၀နောက်ဆုံးအပိုဒ်၌တွေ့မြင်နိုင်သည်။
ဦးဘဟန်၏လျှောက်လဲချက်ကိုစီရင်ထုံးစာမျက်နှာ၅၈၁တွင်ဖော်ပြထားသည်။
တရားဝန်ကြီးချုပ်စီရင်ချက်ကိုစီရင်ထုံးစာမျက်နှာ၅၈၄မှ၅၈၈တွင်လည်းကောင်း၊ ကျန်တရားဝန်ကြီးနှစ်ဦး(Mosely and Mackney)၏စီရင်ချက်တို့ကိုစာမျက်နှာ၅၈၈မှ၅၉၁တို့တွင်လည်းကောင်း တွေ့မြင်နိုင်သည်။
တရားဝန်ကြီးသုံးဦးမှာမြန်မာများမဟုတ်ကြသော်လည်း၊မနုကျယ်ဓမ္မသတ်ဒသမတွဲပုဒ်မ၂၈ပါအဆိုအမိန့်အပေါ်စီရင်ချက်ကိုယ်စီရေးပြီးမိမိတို့၏၊သီးခြားအမြင်များကိုဖော်ပြကြသည်။
တရားဝန်ကြီးချုပ်စီရင်ချက်အဆုံးစာပိုဒ်စာမျက်နှာ၅၈၈တွင်ရှေ့နေခကိုတနေ့လျှင်ရွှေဒင်္ဂါး၁၂ကျပ်နှုန်းဖြင့်စုစုပေါင်း၃၆ပြားပေးရန်သတ်မှတ်သည်ကိုထောက်ချင့်ပါကစုံညီခုံရုံးသည်လည်းတရားလွှတ်တော်ခုံရုံးနှင့်အားကျမခံစောဒကမှုကိုသုံးရက်တိုင်တိုင်ကြားနာခဲ့ကြောင်းတွေ့မြင်နိုင်သည်။
မှတ်ချက်။ ။ရွှေဒင်္ဂါးတပြား၏တန်ဖိုးသည်၊ငွေ(၁၇)ကျပ်နှင့်ညီမျှသည်။
စောဒကမှုတွင်နှစ်ဖက်သောရှေ့နေများမည်မျှပြည့်ပြည့်စုံစုံတင်ပြလျှောက်ထားသည်ကိုခန့်မှန်းနိုင်သည်။
စုံညီခုံရုံးကလည်းပြဿနာကိုသုံးရက်တိုင်တိုင်စိတ်ရှည်လက်ရှည်ကြားနာခဲ့သည်။
ထိုကောင်းမြတ်သောအစဉ်အလာများပျောက်ကွယ်သွားရန်မသင့်။
စုံညီခုံရုံးက 10 Ran 124 စီရင်ထုံးကိုလက်ခံအတည်ပြုသည်။
သို့ရာတွင်ပုဒ်မ ၂၈ သည်ပါရင်းပစ္စည်းနှင့်မဆိုင်-
(The rule has no application in the case of a married couple in enjoyment of payin property though they may be living with the parents who manage the property for the benefit of the couple.)
ဟုဆုံးဖြတ်သည်။
စုံညီခုံရုံးကအဆုံးအဖြတ်ပေးပြီးနောက်1940 RLR 831ကိုဆုံးဖြတ်သောအခါခုံရုံးက ပါရင်းပစ္စည်းတွင်မယားဖြစ်သူရရှိသောအပြီးအပိုင်ရထိုက်သည့်အစုကိုမယားရမြဲရသည်ဟုဆုံးဖြတ်သည်ဖြစ်၍မယားဖြစ်သူကဦးဧမောင်အားရှေ့နေငှားရကျိုးနပ်သည်ဟုဆိုရပါမည်။
ရှေနေ၏ဥပဒေပညာမည်မျှအရေးပါသည်ကိုလက်ရှိရှေ့နေများအားကျစေရန်လည်းကောင်း၊ဗုဒ္ဓဘာသာဓမ္မသတ်များပါအဆိုအမိန့်များကိုလူမျိုးခြားတရားသူကြီးများယေဘုယျအားဖြင့်မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ပုံကိုမျက်မှောက်ခေတ်တရားသူကြီးများလေ့လာအားကျအတုယူနိုင်ရန်လည်းကောင်းစံပြအမှုတမှုအဖြစ်ထုတ်နှုတ်ဖော်ပြခြင်းဖြစ်သည်။
ယခင်ခေတ်ရှေ့နေများနှင့်တရားသူကြီးများသည်တရားစီရင်ရာ၌မည်မျှအချိန်ယူအားထုတ်ခဲ့ကြသည်ကိုလည်းလေ့လာမှတ်သားနိုင်ရန်ရည်ရွယ်ပါသည်။
အလားတူအခြားအမှုများကိုစီရင်ထုံးစာအုပ်များတွင်ရှာဖွေတွေ့နိုင်ပါသေးသည်။
ဥပဒေပညာရှင်များသည်ဥပဒေပြဌာန်းချက်များကိုဖတ်ရှုရုံမျှဖြင့်တကယ့်ပညာရှင်များအဖြစ်သို့မရောက်နိုင်သေး။
ဥပဒေများ၏ပြဌာန်းချက်များပါစကားရပ်တို့၏အဓိပ္ပာယ်ကိုဖွင့်ဆိုကြသောစီရင်ထုံးများကိုလေ့လာရန်လည်းလိုပါသေးသည်။
ဆိုင်ရာဖြစ်ရပ်နှင့်ချိန်ထိုးအဖြေရှာတတ်ရန်မှာပဓာနကျသည်ကိုလည်းဆင်ခြင်မိဖို့လိုပါသည်။
——————————————————
Comments
Post a Comment