မနုကျယ်ဓမ္မသတ်၊ဒသမတွဲပုဒ်မ၂၈သည်ပါရင်းပစ္စည်းနှင့်မဆိုင်။

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


“မနုကျယ်ဓမ္မသတ်ဒသမတွဲပုဒ်မ၂၈သည်ပါရင်းပစ္စည်းနှင့်မဆိုင်”


[The rule has no application in the case of a married couple in enjoyment of payin property though they may be living with the parents who manage the property for the benefit of the couple.]

———————————————-


1940 RLR ( F B ) 572 


MA AYE TIN V. DAW THANT.*


Bifore Sir Ernest H. Goodman Roberts, Kt., Chief Justice, Mr. Justice Mosely, and Mr. Justice Mackney.


Decided on 1940 Feb. 26.


Civil Reference No. 10 of 1939 arising out of Civil First Appeal No. 8 of 1939 of this Court from the judgment of the District Court of Henzada in Civil Reg; No. 11 of 1937.


သားသမီးမရသောမြန်မာဗုဒ္ဓဘာသာလင်သေဆုံးသွားသောအခါဇနီးနှင့်လင်အားမွေးစားသောယောက္ခမတို့ခရိုင်တရားမရုံး၌အမွေမှုဖြစ်ကြရာအရေးနိမ့်သူမယားက တရားလွှတ်တော်တွင်တင်သွင်းသောအယူခံ(တရားမပထမအယူခံ)တွင်-


မယားအတွက်ဦးဧမောင်(နောက်ပိုင်း၌တရားလွှတ်တော်ချုပ်တရားဝန်ကြီးဒေါက်တာဦးဧမောင်)ကဆောင်ရွက်ပြီး-


အယူခံတရားပြိုင်ယောက္ခမဘက်မှဒေါက်တာဘဟန်(နောက်ပိုင်းတွင်နိုင်ငံတော်ရှေ့နေချုပ်ဖြစ်ခဲ့သည်)ကဆောင်ရွက်သည်။


မနုကျယ်ဓမ္မသတ်ဒသမတွဲပုဒ်မ၂၈ပါအဆိုအမိန့်ကိုလိုက်နာရန်မသင့်ကြောင်း ဦးဧမောင်ကတရားဝန်ကြီးဦးမြဘူးနှင့်မစ္စတာဒန်ကလေ(မြန်မာနိုင်ငံတရားစီရင်ထုံးများပေါင်းချုပ်ကိုပထမဆုံးပြုစုသူ)ပါဝင်သောခုံရုံးတွင်အကျယ်တဝင့်တင်ပြသည်။ 


ခုံရုံးကဒေါက်တာဦးဧမောင်တင်ပြချက်ကိုနားဝင်ပုံပေါ်သည်။ 


10 Ran 124စီရင်ထုံးမှန်ကန်ခြင်းရှိမရှိသံသယရှိပုံကို1940 RLR 572(F B)စီရင်ထုံးစာမျက်နှာ၅၇၂မှ ၅၇၈တွင်အကျိုးအကြောင်းအကျယ်တဝင့်ဖော်ပြပြီးအောက်ပါပြဿနာကိုစုံညီခုံရုံးဖြင့်အဆုံးအဖြတ်ပေးရန်တင်ပြသည် -


“As between the parent and the surviving spouse of a child who dies leaving no issue but who lived with his or her parent and whose property is in the possession or keeping of the parent , who is entitled to inherit such property under the Myanmar ( Burmese ) Buddhist Law ? "


1940 RLR 572 ( F B )အမှုကို-


တရားဝန်ကြီးချုပ်Sir Ernest H. Goodman Roberts, Mr. Justice Mosely, and Mr. Justice Nackney.တို့ပါဝင်သောစုံညီခုံရုံးကကြားနာရာတွင်-


ဦးဧမောင်၏လျှောက်လဲချက်ကိုစီရင်ထုံးစာမျက်နှာ၅၇၈မှ ၅၈၀တွင်အောက်ပါအတိုင်းသီးခြားဖော်ပြသည်။


[E Maung for the appellant.When the Manukye Dhammathat was written (1760) children could make a claim only in respect of a limited class of property when they lived with their parents. 


Even the property in their possession came to be divided on the death of the parents. 


Everything was deemed to belong to the parents, and thinthi property alone could be claimed by the children as theirs.


Modern Burmese society has considerably changed, and Book X, s. 28 of Manukye, which deals with the division of property of a deceased child leaving behind the surviving spouse and parent, can no longer be considered good law. 


To say that the acquisition of children belong to the parents cannot be good law ware under present conditions.


Manukye itself shows that the provision was not intended to be an exception to the general rule that husband and wife succeed one another.


The provisions of s. 28 are not clear, and in order to arrive at its proper meaning one has to read it with other sections. Ma Hain Zan v. Ma  Myaing (1). I.L.R. 13 Ran. 487, 492, 503.


Referring to ss. 17, 18, 19, 29, 30, 31, 78 and 80 of Manukye, Bk. X, one can see that many of these provisions have become obsolete today. 


It is said that parents are the owners of their childen, and that children could be sold into slavery.


Claims to a share in the property are dependent to a large extent on whether the heir lived with the deceased or not.


Case-law has made several inroads into these provisions.


Parents have been excluded by wife or children.Maung Kun v. Ma Chi (2). I.L R. 9 Ran. 217, 228.


This is the general rule.


Under s. 28 parents take only what is their property, and the section does not purport to lay down any rule of inheritance.


Claims have been made under this section by daughter-in-law against mother-in-law. Ma Hla Aung v. Ma Aye (3). S.J. 219.


It is a general principle of Burmese Buddhist law that property shall not ascend where it can descend.Ma Hnin Bwin v. U Shwe Gon (4); 8 L.B.R. 1, 4.Lu Gale v.Maung Sein (5) 6 L.B.R. 16.-parent excluded as regards kanwin property.


S. 28 was framed at a time when the father had full rights over his children. 


It is inconsistent with s. 29, which has become obsolete.


S. 30 also has become obsolete.


S. 31 gives the whole of the property which has been entrusted to the parents of the daughter, to the son-in-law if he remarries and separates himself from the first parents-in-law.


Under s. 28 he is given a half share if he stays with them and does not remarry.


As was observed in In re Maung Thein Maung v. Ma Kywe (1) I.L.R. 13 Ran. 412, 417. much of the ancient Buddhist law has become anachronistic.


Provisions for unequal distribution between younger sons and younger daughters are not now given effect to.Ss. 10, 13,14, 34, 60, 61 and 72.


Children now share equally. Ma Kyi Kyi v. Ma Thein (2) ; 3 L.B.R. 8. Maung Ohn Khin v. U Nyo(3) I.L.R. 12 Ran. 124, 132.


The wife has a vested interest in her husband's property. 


According to the Manukye the eldest son and the eldest daughter can have a preferential share in their parents' property, but the Privy Council have limited that right to only one child.]


စီရင်ချက်တွင်ဖော်ပြခြင်းမဟုတ်။


တရားဝန်ကြီးချုပ်၏ဆွေးနွေးချက်ကိုဦးဧမောင်ကအချက်ကျကျပြန်လည်လျှောက်လဲတင်ပြပုံကိုစီရင်ထုံးစာမျက်နှာ၅၈၃နောက်ဆုံးအပိုဒ်၌အောက်ပါအတိုင်းတွေ့မြင်နိုင်သည်။ 


[E Maung in reply. Under s. 13 of the Burma Laws Act only rules relating to succession and inheritance are relevant, but s. 28 deals with matters both within and without that section. 


The reason why parents took their children's property in the olden days was because they had full control over them.


In the present case the rule that on the death of the husband the wife succeeds must be applied.


There is no question of inheritance involved, especially, where the wife has a vested interest in a portion of the property.


Actual enjoyment by the couple is not necessary; it is only consequential upon ownership of the property.


The property must be acquired by either spouse.


The fact that they do not enjoy it does not make such property not vested in them.


If money is lent to a stranger by one spouse it cannot be said that the other spouse has no interest therein.


Ss. 22, 23 and 24 are converse or complementary to s. 28, but Courts have refused to administer ss. 23 and 24 as being obsolete.


Manukye is only one of the Dhammathats, and merely because it makes a provision it need not necessarily follow that its provision must be enforced if it is unfair and unsuited to modern conditions.]


ဦးဘဟန်၏လျှောက်လဲချက်ကိုစီရင်ထုံးစာမျက်နှာ၅၈၁တွင်အောက်ပါအတိုင်းဖော်ပြထားသည်။


[Ba Han (with him Kya Gaing) for the respondent.


In Ma Hnin Bwin v. U Shwe Gon (6) 8 L.B.R. 1, 4. the sister was preferred to the father because the deceased lived apart from his father. 


The emphasis laid upon the family living together was not lost sight of. 


The Dhammathats draw a distinction between cases where children live together with their parents, and cases where they do not.


If the Manukye is clear and unambiguous there is no need to look at the other Dhammathats. 


The Courts arrive at their decisions either by examining the Manukye, or, if it is not clear, by the balance of authority as appearing from all the Dhammathats.


The Dhammathats contain the rules of Burmese Buddhist law in so far as they are relevant under s. 13 of the Burma Laws Act, but one can show that such law is opposed to or has been superseded by modern customs.


The custom must, however, be strictly proved.


Ma Thaung v. Ma Than (7); I.L,R. 5 Ran. 175, 185.


Ma Saw Kin v. Maung Tun Aung Gyaw (8) ; I.L. R. 6 Ran. 79, 83.


Ma Hnin Zan v. Ma Myaing (9). I.L.R. 13 Ran, 487, 491.]


တရားဝန်ကြီးချုပ် Sir Ernest H. Goodman Roberts,၏စီရင်ချက်ကိုစီရင်ထုံးစာမျက်နှာ၅၈၄မှ၅၈၈တွင်လည်းကောင်း-


ကျန်တရားဝန်ကြီးနှစ်ဦး(Mr. Justice Mosely and Mr. Justice Mackney)၏စီရင်ချက်တို့ကိုစာမျက်နှာ၅၈၈မှ၅၉၁တို့တွင်လည်းကောင်း တွေ့မြင်နိုင်သည်


တရားဝန်ကြီးသုံးဦး Sir Ernest H. Goodman Roberts, Kt., Chief Justice, Mr. Justice Mosely, and Mr. Justice Mackney.မှာမြန်မာများမဟုတ်ကြသော်လည်း၊မနုကျယ်ဓမ္မသတ်ဒသမတွဲပုဒ်မ၂၈ပါအဆိုအမိန့်အပေါ်စီရင်ချက်ကိုယ်စီရေးပြီးမိမိတို့၏၊သီးခြားအမြင်များကိုဖော်ပြကြသည်။


တရားဝန်ကြီးချုပ်စီရင်ချက်အဆုံးစာပိုဒ်စာမျက်နှာ၅၈၈တွင်ရှေ့နေခကိုတနေ့လျှင်ရွှေဒင်္ဂါး၁၂ပြားနှုန်းဖြင့်စုစုပေါင်း၃၆ပြားပေးရန်အောက်ပါအတိုင်းဆုံးဖြတ်သည်-


“Advocate's fee twelve gold mohurs a day, making thirty-six gold mohurs in all, to be paid by appellant to respondent.”


ရှေ့နေခကိုတနေ့လျှင်ရွှေဒင်္ဂါး၁၂ပြားနှုန်းဖြင့်စုစုပေါင်း၃၆ပြားပေးရန်သတ်မှတ်သည်ကိုထောက်ချင့်ပါကစုံညီခုံရုံးသည်လည်းတရားလွှတ်တော်ခုံရုံးနှင့်အားကျမခံစောဒကမှုကိုသုံးရက်တိုင်တိုင်ကြားနာခဲ့ကြောင်းတွေ့မြင်နိုင်သည်။ 


မှတ်ချက်။  ။ရွှေဒင်္ဂါးတပြား၏တန်ဖိုးသည်၊ငွေ(၁၇)ကျပ်နှင့်ညီမျှသည်။


စောဒကမှုတွင်နှစ်ဖက်သောရှေ့နေများမည်မျှပြည့်ပြည့်စုံစုံတင်ပြလျှောက်ထားသည်ကိုခန့်မှန်းနိုင်သည်။ 


စုံညီခုံရုံးကလည်းပြဿနာကိုသုံးရက်တိုင်တိုင်စိတ်ရှည်လက်ရှည်ကြားနာခဲ့သည်။ 


ထိုကောင်းမြတ်သောအစဉ်အလာများပျောက်ကွယ်သွားရန်မသင့်။


စုံညီခုံရုံးက 10 Ran 124 စီရင်ထုံးကိုလက်ခံအတည်ပြုသည်။ 


သို့ရာတွင်ပုဒ်မ ၂၈ သည်ပါရင်းပစ္စည်းနှင့်မဆိုင်-


(The rule has no application in the case of a married couple in enjoyment of payin property though they may be living with the parents who manage the property for the benefit of the couple.)


ဟုဆုံးဖြတ်သည်။

——————————————



အထက်ဖော်ပြပါစောဒကမှုနှင့်အယူခံမှုကိုသုံးရက်တိုင်တိုင်ကြားနာခဲ့သည်ဟုစီရင်ထုံးတွင်ဖော်ပြထားသည်။ 


ယခုအခါအယူခံမှုတမှုကိုတရက်လုံးကြားနာခြင်းပင်မရှိတော့။ 


အမှုများကိုကြားနာရာ၌နာရီပိုင်းအတွင်း၌ရုံးထိုင်တရားသူကြီးကသမ်းပြခြင်း၊အိပ်ငိုက်ပြခြင်း၊အိပ်ပြခြင်းများရှိကြောင်းကြားသိရသည်။


မှန် မမှန်ကာယကံရှင်တရားသူကြီးများအသိဆုံးဖြစ်ပေလိမ့်မည်။ 


တရားသူကြီးတဦးရုံးမထိုင်မီ၎င်း၏ညွှန်ကြားချက်အရရှေ့ဖတ်စာရေးကရုံးထိုင်တရားသူကြီးအစည်းအဝေးတက်ရန်ရှိပါသဖြင့်တိုတိုတုတ်တုတ်လျှောက်လဲကြရန်ကြိုတင်အသိပေးသည်ဆို၏။ 


အမှန်မှာအစည်းအဝေးတက်ရန်မရှိဟုထိုရှေ့ဖတ်စာရေးကပင်နောက်ပိုင်း၌တီးတိုးဖောက်သည်ချသဖြင့်အဖြစ်မှန်ပေါ်ထွက်သွားသည်ဟူ၏။


ဖြစ်ကောင်းပါသလား။ 


အိပ်ပျော်နေသဖြင့်လျှောက်လဲချက်ပေးခြင်းပြီးဆုံးသွားသည်ကိုမသိ၍တရားသူကြီးတဦးမှာရုပ်ပျက်ဆင်းပျက်တရားခွင်မှဆင်းသွားရသည်ဆို၏။


ရုံးထိုင်တရားသူကြီးများသည်1940 RLR 831အပါအဝင်စီရင်ထုံးများ၌အယူခံမှုတမှုကိုပင်ရက်ချီ၍ကြားနာခဲ့ရသည့်ထုံးသာဓကများကိုဖတ်ရဖူးခဲ့ပါလျှင်သမ်းပြခြင်း၊ အိပ်ငိုက်ပြခြင်း၊အိပ်ပြခြင်းမျိုးကိုပြုလုပ်ကြမည်မဟုတ်ပါ။ 


မဖြစ်သင့်သောကိစ္စများဖြစ်ပါသည်။ 


အိပ်ငိုက်တတ်လျှင်တားဆီးရန်အစီအမံများကိုကြိုတင်ဆောင်ရွက်ထားသင့်သည်။ 


ရုံးထိုင်တရားသူကြီးသည်မိမိကြားနာလျက်ရှိသောအမှုများတွင်အမှုဆိုင်လျက်ရှိကြသည့်နှစ်ဖက်သောအမှုသည်များ၏ကံကြမ္မာမှာမိမိအဆုံးအဖြတ်အပေါ်တည်နေပါတကားဟုသတိချွန်းဖြင့်နှလုံးသွင်းလျှင်ငိုက်မျဉ်းခြင်းကိုထိရောက်စွာဟန့်တားနိုင်ပါလိမ့်မည်။


ကြားနာလျက်ရှိသောအမှုများကို၊"သမ္မာသမာဓိ" "Right Concentration"ဖြင့်ကြားနာပါက၊နိဗ္ဗာန်ရောက်ကြောင်းတရားဖြစ်သောမဂ္ဂင်ရှစ်ပါးတွင်ပါသည့်သမ္မာသမာဓိကို တနည်းအားဖြင့်တည်ဆောက်နိုင်မည်ဖြစ်ရာတရားစခန်းသို့တကူးတကသွားရောက် တရားအားထုတ်ရန်မလိုတော့ခြင်းကိုဆင်ခြင်ရာ၏။ 


ရှေ့နေများသည်အကြောင်းမဲ့လေရှည်ကြသည်မဟုတ်။ 


"They are paid to talk."


ဟုပြောစမှတ်ပြုခြင်းကိုသတိချပ်သင့်ပါသည်။ 


အမှုသည်များပေးသောဉာဏ်ပူဇော်ခအတွက်တာဝန်ကျေပွန်အောင်လျှောက်လဲနေသည်ဟုသိမြင်ရာသည်။ 


တရားသူကြီး၏အတ္တကိုလူမြင်သူမြင်ထုတ်ပြရန်မသင့်။ 


"They are paid to listen."


ဟုဆိုခြင်းမှာရင့်သီးသောစကားအသုံးအနှုန်းဖြစ်သည့်သဘောရှိသော်လည်းလျစ်လျူရှုရန်သင့်မသင့်အလေးအနက်ဆင်ခြင်အပ်သည်။


 ထိုခေတ်တွင်သခင်ဆိုသူကကျွန်ဆိုသူ၏အမှုကိုစီရင်ရာ၌မင်းတိုင်းကြေဆောင်ရွက်ခဲ့ကြသည်မဟုတ်။


အုပ်စိုးသူတို့သည်မိမိကိုယ်ကိုသခင်ဟုခေါ်ခဲ့သည်။


သခင်ဟုခေါ်မှသဘောကျသည်။


မြန်မာတို့ကမခံမရပ်နိုင်သဖြင့်သခင်အစည်းအရုံးများပေါ်လာပြီးကိုအောင်ဆန်းကမိမိကိုယ်ကိုသခင်အောင်ဆန်းဟုခေါ်သည်အထိရင်နာဖွယ်ဖြစ်ရပ်ရှိခဲ့သည်မှန်သော်လည်း၊တရားစီရင်ရာတွင်ကျင့်သုံးခဲ့သောကြောင်းကျိုးပြတရားစီရင်ခြင်းတည်းဟူသည့်ကျင့်ထုံးကိုမူ ကောင်းမြတ်သောရှေးထုံးအဖြစ်လက်ခံကာကျင့်သုံးမြဲကျင့်သုံးရမည်သာဖြစ်သည်။


 ယင်းကျင့်ထုံးတိမ်ကောသည့်ဘက်ကိုယိမ်းယိုင်တိုင်းအမှုသည်တို့၏မျက်နှာကိုမြင်ပြီးဟန့်တားထားမှသာလျှင်၊တရားစီရင်ရာတွင်အမှန်ကိုဆုံးဖြတ်ရန်သာမကဘဲ ထိုသို့အမှန်တရားကိုစီရင်ကြောင်းအများမြင်စေရာသည်ဟူသော၊စီရင်ထုံးစာအုပ်များ၌ဖော်ပြဆော်ဩထားသည့်ဆောင်ပုဒ်နှင့်ညီညွတ်ပေလိမ့်မည်။


သူ့ဆန်စားရဲမှဆိုရိုးရှိသည့်အတိုင်းအမှုသည်များထံမှဉာဏ်ပူဇော်ခရယူကာအမှုလိုက်သောရှေ့နေရှေ့ရပ်တို့သည်လည်းကောင်း၊ပြည်သူကကျွေးလျက်ရှိသောတရားသူကြီးများနှင့်ဥပဒေဝန်ထမ်းတို့သည်လည်းကောင်းတာဝန်ကျေပွန်စွာထမ်းဆောင်လိုကြပါလျှင်၊ဥပဒေများကိုနှံ့နှံ့စပ်စပ်ဖတ်ရှုမှတ်သားဖို့လိုပါလိမ့်မည်။ 


အပတ်တကုတ်အားထုတ်လျှင်သုံးလအတွင်းပြဌာန်းဥပဒေအားလုံးကိုဖတ်ပြီးဖြစ်နိုင်သည်။ 


ဖတ်တိုင်းမမှတ်မိနိုင်သည်မှာသဘာဝတရပ်ဖြစ်၍မည်သည့်ဥပဒေတွင်မည်သည့်ပြဌာန်းချက်များရှိသည်ကိုအက္ခရာစဉ်အလိုက်စာရင်းပြုစုထားလျှင်လိုအပ်သည့်အခါထိုစာရင်းကိုပြန်ကြည့်ပါကမိမိသိလိုသောဥပဒေကိုအလွယ်တကူရှာဖွေနိုင်ပါလိမ့်မည်။ 


ထိုသို့ဆောင်ရွက်လျှင် partition နှင့် settlement တို့ကွဲပြားခြင်းကို တရားရုံးအဆင့်ဆင့်၌အကိုးအကားဖြင့်တင်ပြရန်ခက်မည်မဟုတ်၍မဟာအမှားကိုကျူးလွန်ရန်အကြောင်းရှိမည်မဟုတ်သည်ကိုဆင်ခြင်ကြပါကုန်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]