1995 BLR ( F B ) 151, ဦးရွှေမိုးပါ၃ နှင့် ဦးအိုက်ဖုန်းပါ၂ စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part Fifteen ]
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
1995 BLR ( F B ) 151
ဦးရွှေမိုးပါ၃(ကိုယ်တိုင်နှင့်ကွယ်လွန်သူဒေါ်အီခမ်း၏တရားဝင်ကိုယ်စားလှယ်)
နှင့်
ဦးအိုက်ဖုန်းပါ၂
တရားရုံးချုပ်တရားသူကြီးချုပ်ဦးအောင်တိုး၊တရားသူကြီးများဖြစ်ကြသောဦးကျော်ဝင်း၊ဦးအောင်မြင်၊ဦးသန်းဖေ၊ဦးတင်အုံးနှင့်ဦးတင်ထွတ်နိုင်တို့ရှေ့တွင်
စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part Fifteen ]
——————————————-
ဦးအိုက်ဖုန်းတို့ကဦးရွှေမိုးတို့အပေါ်တရားစွဲဆိုသောအမှုတွင်၊သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၂၇(ခ)၌ခွင့်ပြုထားသည့်အတိုင်း၂-၅-၈၆နောက်ပိုင်း၌၊ဦးသိန်းမောင်တို့ကိုတရားမကျင့်ထုံးဥပဒေအမိန့်၁၊နည်း၁၀(၂)အရထည့်သွင်းကာအမှုစစ်ဆေးရာ၌ဦးအိုက်ဖုန်းတို့နှင့်ဦးရွှေမိုးတို့အချင်းချင်းတွင်အချင်းဖြစ်ပစ္စည်းများကိုအရောင်းအဝယ်ပြုရန်နှုတ်ကတိရှိသည်ကိုမသိကြောင်း၊တန်ရာတန်ဖိုးပေး၍ဝယ်ခြင်းဖြစ်ကြောင်းဦးသိန်းမောင်တို့ကသက်သေထင်ရှားပြရန်တာဝန်ရှိသည်။
စာရေးသူ၏သီးခြားသက်သာခွင့်အက်ဥပဒေစာအုပ်စာမျက်နှာ၁၈၈ကိုဆက်ဖတ်ပါ။
ဤအခြေအနေတွင်အငြင်းပွါးသောစာချုပ်ချုပ်ဆိုသောဦးရွှေမိုးတို့ကဦးသိန်းမောင်တို့အားအချင်းဖြစ်ပစ္စည်းများကိုရောင်းချခြင်းကြောင့်တရားလိုဦးအိုက်ဖုန်းတို့အနေဖြင့်တပန်းရှုံးရန်အကြောင်းမရှိနိုင်။
တူညီသောအနေအထားတွင်၎င်းတို့အမှုဆိုင်ကြရန်ဖြစ်သည်။
ဦးအိုက်ဖုန်းတို့အမှုနိုင်ခဲ့လျှင် 1951 BLR ( H C ) 457 အမှုတွင်ညွှန်ပြသည့်အတိုင်း၊အချင်းဖြစ်ပစ္စည်းများကိုဦးအိုက်ဖုန်းတို့အားရောင်းချကြောင်းမှတ်ပုံတင်စာချုပ်ချုပ်ဆိုလွှဲပြောင်းရန်ဦးသိန်းမောင်တို့တွင်တာဝန်ရှိမည်ဖြစ်ရာ၊ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၂ပါပြဿနာပေါ်ပေါက်ရန်အကြောင်းလုံးဝမရှိနိုင်။
ဦးရွှေမိုးတို့တင်သွင်းသည့်လျှောက်လွှာကိုခွင့်ပြုပြီး၊အထူးခုံရုံးကအထက်၌ဖော်ပြထားသည့်အရေးယူလောက်သောပြဿနာကိုအဆုံးအဖြတ်ပေးနိုင်ရန်တရားရုံးချုပ်၏အဆုံးအဖြတ်အပေါ်အထူးအယူခံခွင့်ပြုခြင်းသည်ထုံးနည်းမကျ[ anomalous ]ချေ။
ဦးအိုက်ဖုန်းတို့စွဲဆိုသောအမှုတွင်ပေါ်ပေါက်သည်ဆိုသောတရားစွဲဆိုရန်အကြောင်းတွင်လုံးဝအကျုံးမဝင်သောထုံးနည်းမကျ[ anomalous ]သည့်ပြဿနာဖြစ်သည်ကိုအထူးခုံရုံးကမဆင်ခြင်မိချေ။
ထိုနည်းတူအချင်းဖြစ်ပြဿနာကိုစုံညီခုံရုံးကဆုံးဖြတ်သကဲ့သို့မှန်ကြောင်း[ in the affirmative ]ဆုံးဖြတ်ပါလျှင်၊ဦးအိုက်ဖုန်းတို့အတွက်အမှုသစ်ဖန်တီးပေးရာရောက်မည်ဖြစ်သောကြောင့် 1991 BLR 46 နှင့်လည်းကောင်း၊ထိုစီရင်ထုံး၌ကိုးကားထားသောယခင်တရားလွှတ်တော်ချုပ်ကဆုံးဖြတ်ခဲ့သည့် 1949 BLR ( S C ) 46 စီရင်ထုံးနှင့်လည်းကောင်း၊တရားလွှတ်တော်ချုပ်ကကိုးကားသည့်ပရီဗီကောင်စီ၏စီရင်ထုံးများပါတရားစီရင်ရေးမူများနှင့်လည်းကောင်းထိပ်တိုက်တိုးမည်ဖြစ်ကြောင်းအထူးအယူခံမှု၌နှစ်ဖက်သောရှေ့နေများတင်ပြလျှောက်လဲရန်ပျက်ကွက်ကြသည်ကိုတွေ့ရသည်။
ဦးရွှေမိုးတို့တင်သွင်းသော၁၉၉၂ခုနှစ်၊တရားမအထွေထွေလျှောက်ထားမှု(အထူး)အမှတ်၆၀၂တွင်စုံညီခုံရုံးကပြန်လည်စိစစ်ကြားနာဆုံးဖြတ်ရန်အချင်းဖြစ်ပြဿနာကိုထုတ်နုတ်ခဲ့ခြင်းဖြစ်ရာ၊ဦးရွှေမိုးတို့သည်အချင်းဖြစ်အနိဌာရုံပေါ်ပေါက်လာခြင်း၏လက်သယ်ဖြစ်ပုံပေါ်သည်။
၎င်းတို့တင်သွင်းသောလျှောက်လွှာကိုမဖတ်ရ၍အဖြေမှန်မသိရပါ။
ဦးရွှေမိုးတို့၏ရှေ့နေကဆိုခဲ့သောအကြောင်းများကြောင့်ဤအထူးအယူခံကိုခွင့်ပြုသင့်ကြောင်းလျှောက်လဲသည်ဟုစီရင်ထုံးစာမျက်နှာ၁၅၅တွင်ဖော်ပြထားရာ၊ဦးရွှေမိုးတို့မီးစတင်မွှေးသောပြဿနာဖြစ်သည့်ဘက်မှအလေးသာသည်။
ဦးသိန်းမောင်တို့အကျိုးငှါအထူးအယူခံဝင်သည့်သဘောဆောင်သည်။
————————————-
Comments
Post a Comment