1995 BLR ( F B ) 151, ဦးရွှေမိုးပါ၃ နှင့် ဦးအိုက်ဖုန်းပါ၂ စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part Four ]
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
1995 BLR ( F B ) 151
ဦးရွှေမိုးပါ၃(ကိုယ်တိုင်နှင့်ကွယ်လွန်သူဒေါ်အီခမ်း၏တရားဝင်ကိုယ်စားလှယ်)
နှင့်
ဦးအိုက်ဖုန်းပါ၂
တရားရုံးချုပ်တရားသူကြီးချုပ်ဦးအောင်တိုး၊တရားသူကြီးများဖြစ်ကြသောဦးကျော်ဝင်း၊ဦးအောင်မြင်၊ဦးသန်းဖေ၊ဦးတင်အုံးနှင့်ဦးတင်ထွတ်နိုင်တို့ရှေ့တွင်
စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part Four ]
——————————————-
စုံညီခုံရုံးနှင့်သဘောချင်းကွဲလွဲသောစီရင်ထုံး
1937 RLR ( F B ) 375
IN RE U ON MAUNG
V.
MAUNG SHWE HPAUNG AND ANOTHER.*
Before Sir Ernest H. Goodman Roberts, Kt., Chief Justice, Mr. Justice Baguley, and Mr. Justice Spargo.
အမှုတွင်၊ 12 Ran 263 အမှု၌ပေါ်ပေါက်သောဥပဒေပြဿနာပေါ်ပေါက်လာပြန်ရာ၊အယူခံကိုဆုံးဖြတ်သောခုံရုံးက၊ 12 Ran 263 အမှု၌-
[ It was argued that this case is covered by the published ruling of U Ba Sein v. Maung San (1), (1934) I.L.R. 12 Ran. 263.and if we agree with this ruling there is little doubt but that the apreal would have to be allowed.
Unfortunately we do not find ourselves in agreement with this ruling, and for that reason we refer this matter to such Full Bench as the Honourable the Chief Justice may decide.
Where we differ from the published judgment is with regard to the passage on page 266 where, after quoting the relevant portion of section 54 of the Provincial Insolvency Act and section 59 of the Transfer of Property Act, the judgment goes on to state—
“No legal interest in the property passes from the mortgagor to the mortgagee except upon registration of the deed.
The provisions of s. 47 of the Indian Registration Act do not in our opinion run counter to this proposition, for although that section throws back the commencement of the operation of the document: when registered, to the date of the execution it does not pretend to lay down that where an instrument which affects immoveable property requires 1o be registered, title in the property passes before registration is effected." ]
ဟူသောပြဆိုချက်နှင့်စပ်လျဉ်း၍၊စီရင်ထုံးစာမျက်နှာ၃၇၆မှ၃၇၇အထိတွင်၊အောက်ပါအတိုင်းသုံးသပ်သည်-
[ With this as it stands we are in entire agreement, but the point here is not the date on which title to the property passes, but the date with effect from which title in the property passes, and what section 47 of the Indian Registration Act says is that the document shall operate from the date of execution.
If the document operates from the date of execution we do not understand how it can be said that the date of transfer is anything except the date of the execution of the transfer, and section 54 of the Provincial Insolvency Act says that the transfer of property shall be deemed fraudulent and void against the receiver if such person is adjudged insolvent on a petition presented within three months after the date of the transfer of the property.
That is what we hold the section to mean.
When it says "every transfer of property... . shall, if such person is adjudged insolvent on a petition presented within three months after the date thereof" the word "thereof" must mean "of the transfer", and the date of the transfer must be the date of its execution, as, if subsequently registered, the transfer takes effect from the date of execution.
One can well imagine apt words for expressing the meaning attributed to the section by our brothers c.g. "after the transier is completed" but in our opinion such words have not been used, and, with respect, we do not consider that the fact that the wording nsed may sometimes cause hardship is a good reason for giving it a strained interpretation. This is an evil, if evil it is, for the Legislature to cure. ]
ထို့နောက်မြန်မာနိုင်ငံအင်ဆော်လ်ဗင်စီအက်ဥပဒေပုဒ်မ၅၄(၁)တွင်ရည်ညွှန်းထားသောသုံးလကိုလွှဲပြောင်းသည့်နေ့မှရေတွက်ရန်ဖြစ်သလား[သို့မဟုတ်]လွှဲပြောင်းခြင်းကိုမှတ်ပုံတင်ရန်လိုအပ်ပါကမှတ်ပုံတင်သည့်နေ့မှစ၍ရေတွက်ရန်ဖြစ်သလားဟူသောပြဿနာကိုစုံညီခုံရုံးဖြင့်ဆုံးဖြတ်ပေးရန်၊စီရင်ထုံးစာမျက်နှာ၃၇၇တွင်အောက်ပါအတိုင်းတင်ပြသည်-
[ However, as we cannot decide the case in a contrary sense to the published ruling of a Bench of this Court, we refer to a Full Bench the question :
Does the period of three months referred to in section 54 of the Provincial Insolvency Act begin to run from the date of execution of the transfer or from the date on which it is registered, if it is a transfer that requires registration ? ]
[ မှတ်ချက်။ ။12 Ran 263 စီရင်ထုံးကိုခုံရုံးကစီရင်သည်ဖြစ်၍၊နောက်ခုံရုံးကကွဲလွဲဆုံးဖြတ်ခွင့်မရှိ၍၊စုံညီခုံရုံးဖြင့်အဆုံးအဖြတ်ခံယူခြင်းဖြစ်သည်။ ]
ရုံးတော်သဟာယ[ amicus curic. ]အဖြစ်၊ရှေ့နေချုပ်[ A. Eggar (Advocate-General) ]ကိုဖိတ်ခေါ်ကြားနာသည်။
စုံညီခုံရုံးက 12 Ran 263 စီရင်ထုံးကိုပယ်ဖျက်ရာ၌[စာချုပ်တရပ်ကိုမှတ်ပုံတင်ရန်လိုအပ်ချက်သည်သက်သေခံရရှိရေးအတွက်ဖြစ်သည်။မှတ်ပုံမတင်ရသေးသောလွှဲပြောင်းမှုသည်ရုပ်လုံးမပေါ်။မှတ်ပုံတင်သည်အထိအကျိုးသက်ရောက်မှုမရှိ။သို့ရာတွင်လွှဲပြောင်းမှုမှာတည်ရှိနေပြီးစာချုပ်ကိုမှတ်ပုံတင်သောအခါ၊စာချုပ်ချုပ်ဆိုသည့်နေ့မှစ၍အကျိုးသက်ရောက်သည်]ဟုစီရင်ထုံးစာမျက်နှာ၃၈၀၌၊အောက်ပါအတိုင်းပြဆိုသည်-
[ The requirement of registration of a document is, in my opinion, an evidentiary requirement; an unregistered transfer is inchoate and is ineffective until registered. But it nevertheless exists and when registered operates from the date of its execution. ]
1937 RLR ( F B ) 375 အမှုနှင့် 1995 BLR ( F B ) 151 စီရင်ထုံးနှစ်ရပ်မှာကွဲပြားခြားနားသောဥပဒေပြဌာန်းချက်များအပေါ်အခြေခံသည်။
1937 RLR ( F B ) 375 စီရင်ထုံးကို၊ထုံးသာဓကများကိုးကားဆုံးဖြတ်ကြောင်းတွေ့ရသည်။
1937 RLR ( F B ) 375 အမှုတွင်၊စီရင်ထုံးစာမျက်နှာ၃၈၂၌ကိုးကားသော-
Kalyanasundaram Pillai v. Karuppa Mooppanar[ (1926) 54 I:A. 89, 95 ( AIR 1927 PC 42 ) ]အမှုတွင်၊ပရီဗီကောင်စီက-
[မှတ်ပုံတင်ခြင်းသည်မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုအပိုင်ပေးသည့်အတိုင်းဆောင်ရွက်ရန်အလေးအနက်ထားဆောင်ရွက်ရန်လိုအပ်ချက်ဖြစ်သော်လည်း၊အမှန်တကယ်မှတ်ပုံတင်သည်အထိအပိုင်ပေးခြင်းကိုရပ်ဆိုင်းထားသည်မဟုတ်၊မှတ်ပုံတင်ခြင်းသည်အပိုင်ပေးသူ၏သဘောတူခြင်းအပေါ်တည်သည်မဟုတ်ဘဲမှတ်ပုံတင်ရန်ကိစ္စအလို့ငှါဥပဒေကခန့်ထားသောအရာရှိ၏လုပ်ရပ်သာဖြစ်ပြီးလိုအပ်သည့်ထုံးနည်းများကိုလိုက်နာဆောင်ရွက်ပြီးလျှင်စာချုပ်ကိုမှတ်ပုံတင်ပေးရန်ထိုသူတွင်တာဝန်ရှိသည်]ဟုထုံးဖွဲ့ထားခြင်းသည်၊စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေပုဒ်မ၄၇၏သဘောသကန်ကိုရှင်းပြရာရောက်သည်။
1995 BLR ( F B ) 151 အမှုတွင်၊ဦးရွှေမိုးကမိမိပိုင်ပစ္စည်းကိုဦးသိန်းမောင်တို့အား၃၁-၁၂-၈၅ရက်စွဲပါစာချုပ်ချုပ်ဆိုရောင်းချသည့်စာချုပ်ကိုမှတ်ပုံတင်ပေးလိုက်သောအခါ၊စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေပုဒ်မ၄၇အရ၊ထိုစာချုပ်မှာစာချုပ်ချုပ်ဆိုသည့်၃၁-၁၂-၈၅နေ့မှစ၍အကျိုးသက်ရောက်သည်ဆိုခြင်းက[ရောင်းခြင်းမှာထိုနေ့တွင်အထမြောက်သည်]ဟုဆိုလိုရင်းပင်ဖြစ်သည်။
စာချုပ်မှတ်ပုံတင်သည့်နေ့တွင်မှရောင်းချခြင်းမဟုတ်ဘဲ၊စာချုပ်ချုပ်သည့်နေ့မှစ၍အကျိုးသက်ရောက်သည်ဟုအတိအလင်းပြဌာန်းထားခြင်းကပင်၊ရောင်းချမှုမှာ၃၁-၁၂-၈၅နေ့တွင်တည်ရှိနေသည့်သဘောဖြစ်သည်။
1937 RLR ( F B ) 375 အမှုတွင်စီရင်ထုံးစာမျက်နှာ၃၈၂၌၊အောက်ပါအတိုင်းပြဆိုထားခြင်းက၊မှတ်ပုံတင်ခြင်း၏သဘောသဘာဝကိုမြင်သာစေသည်-
[ In my opinion the requirement of registration is a requirement of form only : the Act looks not to the reality of the agreement between the parties but to the form in which that agreement is expressed : once the form has been supplied the reality of the transaction receives acknowledgment. ]
[အရောင်းအဝယ်စာချုပ်ကိုမှတ်ပုံတင်မှပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၂ပါ( effect the rights )အခွင့်အရေးများကိုထိခိုက်သည်]ဟုဆိုခြင်းသည်၊စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေပုဒ်မ၄၇တွင်စာချုပ်ကိုမှတ်ပုံတင်သောအခါ၊စာချုပ်ချုပ်ဆိုသည့်နေ့မှစ၍အကျိုးသက်ရောက်သည်ဆိုသောပြဌာန်းချက်နှင့်ညီညွတ်သည်မဟုတ်။
စာချုပ်ကိုမှတ်ပုံတင်သောအခါ၊ဦးသိန်းမောင်တို့အားမြေနှင့်တိုက်ရောင်းခြင်းသည်ပုဒ်မ၄၇အရစာချုပ်ချုပ်သည့်နေ့မှစ၍အကျိုးသက်ရောက်သဖြင့်၊ထ်ုနေ့တွင်တရားလိုတို့၏အခွင့်အရေးကိုထိုစာချုပ်ကထိခိုက်စေသည်ဟုကောက်ယူမှသာလျှင်၊သဘာဝယုတ္တိရှိပါလိမ့်မည်။
——————————————————
Comments
Post a Comment