1995 BLR ( F B ) 151 , ဦးရွှေမိုးပါ၃ နှင့် ဦးအိုက်ဖုန်းပါ၂ စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part One ]

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


1995 BLR ( F B ) 151 


ဦးရွှေမိုးပါ၃(ကိုယ်တိုင်နှင့်ကွယ်လွန်သူဒေါ်အီခမ်း၏တရားဝင်ကိုယ်စားလှယ်)


                          နှင့်


ဦးအိုက်ဖုန်းပါ၂


တရားရုံးချုပ်တရားသူကြီးချုပ်ဦးအောင်တိုး၊တရားသူကြီးများဖြစ်ကြသောဦးကျော်ဝင်း၊ဦးအောင်မြင်၊ဦးသန်းဖေ၊ဦးတင်အုံးနှင့်ဦးတင်ထွတ်နိုင်တို့ရှေ့တွင်


စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part One ]

——————————————-


ဦးရွှေမိုးတို့အပေါ်ဦးအိုက်ဖုန်းတို့စွဲဆိုသောအမှု၌၊ဦးသိန်းမောင်တို့ရရှိထားသောမှတ်ပုံတင်အရောင်းအဝယ်စာချုပ်သည်၊ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၂ပါပြဌာန်းချက်များနှင့်ငြိစွန်းသည်ဟုဆုံးဖြတ်ခွင့်ရှိသလော ?


ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၂ပါပြဌာန်းချက်များ၏ဆိုလိုရင်းကိုသိသည်အထိ၊ထပ်တလဲလဲဖတ်ကြည့်ပါ။


မရွှေ့မပြောင်းနိုင်သောပစ္စည်းနှင့်စပ်လျဉ်းသည့်အခွင့်အရေးတရပ်ရပ်ကိုအရေးဆိုသောအမှုစွဲဆိုထားစဉ်အတွင်း၊ထိုအမှုတွင်အမှုနိုင်သူ၏အခွင့်အရေးကိုထိခိုက်နစ်နာအောင်၊တဖက်[ဆန့်ကျင်ဘက်]အမှုသည်က၊အချင်းဖြစ်ပစ္စည်းကိုလွှဲပြောင်းခြင်း၊တနည်းနည်းဖြင့်စီမံခန့်ခွဲခြင်းပြုလျှင်၊အမှုနိုင်သောအမှုသည်တရားစွဲဆိုရကျိုးနပ်မည်မဟုတ်၍၊ပုဒ်မ၅၂ကိုပြဌာန်းကာ၊ထိုသို့လွှဲပြောင်းခြင်း၊တနည်းနည်းဖြင့်စီမံခန့်ခွဲခြင်းမပြုရဟု၊တဖက်သောအမှုသည်အားပိတ်ပင်သည့်ပြဌာန်းချက်များဖြစ်ကြောင်းတွေ့မြင်နိုင်သည်။


သို့ဖြစ်ရာအမှုအတောအတွင်း၊တရားဘက်တဦးကအချင်းဖြစ်ပစ္စည်းကိုလွှဲပြောင်းလျှင်၊တနည်းနည်းဖြင့်စီမံခန့်ခွဲလျှင်၊ကျန်တဘက်ကထိုလွှဲပြောင်းမှု၊စီမံမှုကိုရှောင်[ avoid ]ခွင့်ရရှိသည်။


တနည်းဆိုရပါကထိုသို့လွှဲပြောင်းစီမံခန့်ခွဲခြင်းသည်အလိုအလျောက်[ ipso facto ]ပျက်ပြယ်[ void ]သည်မဟုတ်။

——————————————————-


(1907) 9 BOMLR 1173 


Bombay High Court


Nathaji Anandrav Patil vs Nana Sarjerao Patil 


on 20 September, 1907


Equivalent citations: (1907) 9 BOMLR 1173


Author: Russell


Bench: Russell, Knight


JUDGMENT Russell, J.


စီရင်ထုံးတွင်ပုဒ်မ၅၂ပါဥပဒေသ[ the doctrine of lis pendens ]အကျိုးသက်ရောက်မှုသည်၊လွှဲပြောင်းခြင်းကိုပယ်ဖျက်ရန်မဟုတ်[ is not to annul the conveyance ]တရားဆိုင်ကြရာတွင်ပါဝင်သူများ၏အခွင့်အရေးများကိုအဟောသိကံမဖြစ်စေခြင်းမျှသာဖြစ်သည်ဟု၊အောက်ပါအတိုင်းပြဆိုထားသည်-


[ 9.It will of course be remembered that the doctrine of lit pen-dens is not based on the equitable doctrine of notice but on the ground that it is necessary to the administration of justice that the decision of the Court in a suit should be binding not only on the litigant parties but on those who derived title from them pendente lite whether with notice of the suit or not-see Bellamy v. Sabine(1857) 1 De. G. & J. 566. This being so no question of priority can arise to defeat the plaintiff's claim herein " pending litigation."


10. The authorities are clear that the conveyance to the plaintiff herein pendente lite cannot be said to be void ab initio. If that had been intended Section 52 must have been differently worded whereas the section expressly says that the property cannot be transferred or otherwise dealt with by any party to the suit or proceeding so as to affect the rights of any other party thereto under any decree or order which may be made therein. The effect of the doctrine is not to annul the conveyance but only to render it subservient to the rights of the parties to the litigation. Thus, the Master of the Rolls said in The Bishop of Winchester v. Paine (1805) 11 Ves. 197 "Ordinarily, it is true, the decree of the Court binds only the parties to the suit. But he, who purchases during the pendency of the suit, is bound by the decree, that may be made against the person, from whom he derives title. The litigating parties are exempted from the necessity of taking any notice of a title, so acquired. As to them it is as if no such title existed. Otherwise suits would be indeterminable: or which would be the same in effect, it would be in the pleasure of one party, at what period the suit should be determined." And the Vice-Chancellor in Metcalfe v. Pulvertoft, (1813) 2 Ves. & B. 204 says:-"The effect of the maxim, pendente lita nihil innovetur," understood as making the conveyance wholly inoperative,not only in the suit depending but absolutely to all purposes in all future suits and all future time, is founded in error. "


11. In Landon v. Morris (1832) 5 Sim, 263 it is said : "The principle of the decision in The Bishop of Winchester v. Paine is admitted, that a purchaser pendente lite, is bound by the decree made against the person from whom he purchases." And it must be remembered that Cranworth L.C. in Bellamy

v. Sabine (1857) 1 De G. & J. 580 says "pendente lite neither party to the litigation can alienate the property in suit so as to affect his opponent." ]

——————————————


A I R 1940 Allahabad 141


CHUNNI LAL (PLAINTIFF) 


                   V. 


LAKSHMI CHAND AND OTHERS(DEFENDANTS)*


Before Mr. Justice Iqbal Ahmad and Mr. Justice Bajpui.


အမှုတွင်၊ထိုအမှုသည်သည်အမှုနိုင်ခဲ့ပါက၊ယင်းလွှဲပြောင်းခြင်း၊စီမံခန့်ခွဲခြင်းကိုဖျက်သိမ်းလိုကဖျက်သိမ်းနိုင်[ voidable ]နိုင်ကြောင်းအောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-


[ Held, following the Full Bench case of Hira Singh v. Jai Singh (1), I.L.R.1937] All.880. that those sections of the Transfer of Property Act which are not enumerated in section 63 of the Amending Act XX of 1929 have retrospective effect, at least in those cases where no action was pending on the Ist April, 1930; and the amended section 92 has, therefore, retrospective ellect in cases where no action was pending on the 1st April, 1930.


[Per IQBAL AHMAD, J.-Apart from the authority of the Full Bench case, the proposition that all the sections of the Transfer of Property Act that are not enumerated in section 63 of the Amending Act XX of 1929 have retrospective effect would appear to be unsound, and in particular the proposition that the third paragraph of section 92 has retrospective effect would appear to be unsound.]


A subsequent mortgagee obtains only a mortgage and does not acquire the rights in the property of the mortgagor or owner, within the meaning of section 101 of the Transfer of Property Act; that section, therefore, can have no application to a claim by him to obtain subrogation. ]


စီရင်ထုံးစာမျက်နှာ၁၄၆၌၊တရားသူကြီး Bajpui, J.ကအောက်ပါအတိုင်းသုံးသပ်သည်-


[ For the reasons given above I would allow this appeal with costs against detendants 4 to 6 in all courts and modifying the decrees of the courts below substitute the following decree: 


The plaintift's suit for the amount claimed is decreed with costs and future and pendente lite interest at the contractual rate till the 26th of July, 1935, and then at Rs.6 per cent. per annum. 


The decree is ex parte against defendant No. 1. Defendant Nos. 2 and 3 are exempted. 


The defendants are given six months' time from today to redeem the plaintiff's mortgage and in case of their failure to do so Bharat Singh's one-third share in the property in dispute shall be sold.


A preliminary decree for sale will now be drawn up under order XXXIV, rule 4 of the Civil Procedure Code on the lines indicated above. 


The plaintiff is entitled to his costs against defendants Nos. 1, 4, 5 and 6 in all courts. ]


အခြားတရားသူကြီး IQBAL AHMAD, J. ကစီရင်ထုံးစာမျက်နှာ၁၄၆နှင့်၁၄၇တွင်အောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-


[ IQBAL AHMAD, J.-In view of the Full Bench decision referred to by my learned brother which is binding on me, I agree in the order proposed. 


But for the Full Bench decision I would not have assented to the proposition that all the sections of the Transfer of Property Act that are not enumerated in section 63 of the Amending Act (XX of 1929) have retrospective effect, and in particular I would have held that paragraph 3 of section 92 of the Transfer of Property Act has no retrospective effect. 


I note that on the question whether the amended section 92 has retrospective effect there is great divergence of judicial opinion and speaking generally the Madras. Rangoon, Patna and Nagpur High Courts have held that the section is not retrospective, while this Court and the Calcutta and Bombay High Courts and the Oudh Chief Court have taken the view that that section is retrospective in effect except in proceedings pending on the Ist of April, 1930, on which date the Amending Act came into force. ]

———————————-


ဦးအိုက်ဖုန်းတို့သည်ဦးရွှေမိုးတို့အပေါ်အမှုအနိုင်ရရှိပြီးနောက်၊အချင်းဖြစ်ပစ္စည်းများ၏အဖိုးမှာအဆမတန်ကျသွားသဖြင့်မဝယ်လိုတော့လျှင်၊ဦးရွှေမိုးတို့ကအမှုအတောအတွင်းအမှုဆိုင်သောပစ္စည်းကိုရောင်းချခြင်းကိုပယ်ဖျက်ပေးရန်တရားမစွဲဆိုဘဲနေနိုင်သည်။


ဦးရွှေမိုးတို့အပေါ်စွဲဆိုသောအမှုတွင်၊ဦးအိုက်ဖုန်းတို့အနိုင်ရရှိလျှင်အချင်းဖြစ်မြေကို၎င်းတို့အားရောင်းချသည့်မှတ်ပုံတင်စာချုပ်ချုပ်ဆိုပေးရန်ဦးအိုက်ဖုန်းတို့အခွင့်အရေးရမည်ဖြစ်သည်။


ထိုအခွင့်အရေးသည်ယင်းအမှု၌၊ဦးအိုက်ဖုန်းတို့အားအနိုင်ပေးသည့်ဒီကရီချမှတ်သည့်နေ့ထက်စော၍၊ဦးအိုက်ဖုန်းတို့သည်ဝယ်လိုသောမြေနှင့်တိုက်တွင်အခွင့်အရေးမရှိ။


ဦးအိုက်ဖုန်းတို့အဆိုပြုသောနှုတ်ပဋိညာဉ်သည်အချင်းဖြစ်ပစ္စည်းများတွင်အကျိုးခံစားပိုင်ခွင့်တစုံတရာရရှိစေခြင်းမရှိ။


ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၄၏ဒုတိယနောက်ဆုံးအပိုဒ်ပါပြဌာန်းချက်များကိုကိုးကားဆုံးဖြတ်သော၊ 2002 BLR 368(376) စီရင်ထုံးကိုကြည့်ပါ။


ဦးအိုက်ဖုန်းတို့ကဦးရွှေမိုးတို့အပေါ်တရားစွဲဆိုသောအမှု၌၊ဒီကရီချမှတ်တော့မှအချင်းဖြစ်ပစ္စည်းများတွင်၊ပုဒ်မ၅၂၏အဓိပ္ပာယ်အရအခွင့်အရေးရရှိသည်။


ထိုအခါဦးအိုက်ဖုန်းတို့စွဲဆိုသောအမှုပြီးပြတ်သွားသည်ဖြစ်၍၊ထိုအမှုတွင်ဦးသိန်းမောင်တို့အကျိုးငှါချုပ်ဆိုသောအရောင်းအဝယ်စာချုပ်သည်၊ပုဒ်မ၅၂နှင့်ငြိစွန်းခြင်းရှိမရှိအဆုံးအဖြတ်ပေးခွင့်မရှိတော့၊ပေးရန်အကြောင်းလည်းမရှိနိုင်။


အကြောင်းမူထိုသို့ငြိစွန်းကြောင်းအရေးဆိုခွင့်သည်ဦးအိုက်ဖုန်းတို့အားအနိုင်ပေးဆုံးဖြတ်သည့်နေ့ထက်စော၍မပေါ်ပေါက်နိုင်။


ထိုသို့ငြိစွန်းကြောင်းတရားစွဲဆိုခွင့်သည်၊ဦးအိုက်ဖုန်းတို့တရားမစွဲဆိုမီမပေါ်ပေါက်သဖြင့်၊ 1952 BLR ( H C ) 410 စီရင်ထုံးအရ၊ဦးအိုက်ဖုန်းတို့သည်ထိုပုဒ်မ၅၂အရအနိုင်ရခွင့်မရှိကြောင်း၊လေးလေးနက်နက်ဆင်ခြင်လျှင်အဖြေပေါ်မည်ဖြစ်သည်။


ဦးအိုက်ဖုန်းတို့အမှုစွဲဆိုထားစဉ်အတွင်းတရားပြိုင်ဦးရွှေမိုးတို့ကအချင်းဖြစ်ပစ္စည်းများကိုဦးသိန်းမောင်တို့အားရောင်းချခြင်းဖြစ်ပါမူ၊ဦးအိုက်ဖုန်းတို့ဆောင်ရွက်ရန်အောက်ပါလမ်းနှစ်သွယ်ပွင့်သွားသည်-


[ က ]ဦးသိန်းမောင်တို့ကိုဦးရွှေမိုးတို့အပေါ်စွဲဆိုသောအမှု၌၊နောက်တိုးတရားပြိုင်များအဖြစ်ထည့်သွင်းစေပြီးအမှုကိုဆက်လက်ဆောင်ရွက်သွားနိုင်သည်။ထိုအမှုတွင်ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၂အရပြဿနာမပေါ်ပေါက်နိုင်။သို့မဟုတ်


[ ခ ]ဦးအိုက်ဖုန်းတို့အမှုအနိုင်ရပါကဦးသိန်းမောင်တို့အားဦးရွှေမိုးတို့ကအချင်းဖြစ်ပစ္စည်းများကိုရောင်းချခြင်းသည်၊ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၂ပါပြဌာန်းချက်များနှင့်ငြိစွန်းသဖြင့်၊မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ကိုဖျက်သိမ်းခွင့်ရှိကြောင်းအဆိုပြုကာ၊သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၃၉အရပယ်ဖျက်ပေးရန်တရားတထုံးစွဲဆိုရန်ဖြစ်သည်။

——————————————-

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]