1995 BLR ( F B ) 151, ဦးရွှေမိုးပါ၃ နှင့် ဦးအိုက်ဖုန်းပါ၂ စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part Six ]
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
1995 BLR ( F B ) 151
ဦးရွှေမိုးပါ၃(ကိုယ်တိုင်နှင့်ကွယ်လွန်သူဒေါ်အီခမ်း၏တရားဝင်ကိုယ်စားလှယ်)
နှင့်
ဦးအိုက်ဖုန်းပါ၂
တရားရုံးချုပ်တရားသူကြီးချုပ်ဦးအောင်တိုး၊တရားသူကြီးများဖြစ်ကြသောဦးကျော်ဝင်း၊ဦးအောင်မြင်၊ဦးသန်းဖေ၊ဦးတင်အုံးနှင့်ဦးတင်ထွတ်နိုင်တို့ရှေ့တွင်
စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part Six ]
——————————————-
စုံညီခုံရုံးကရည်ညွှန်းသောစာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေပုဒ်မ၄၉(ခ)[ပုဒ်မခွဲ(က)မဟုတ်ပါ]အရ၊ဦးသိန်းမောင်တို့ကအချင်းဖြစ်ပစ္စည်းများကိုရောင်းချခြင်းသည်၊အချင်းဖြစ်အရောင်းအဝယ်စာချုပ်ကိုမှတ်ပုံတင်သည့်၂-၅-၈၆နေ့တွင်အထမြောက်သည်။
ပုဒ်မ၄၉ပါ[ affect ]သည်၊ရောင်းချမှုအထမြောက်ခြင်းကိုရည်ညွှန်းခြင်းထက်မပိုနိုင်။
စီရင်ထုံးစာမျက်နှာ၁၅၈တွင်၊ပုဒ်မ၄၉ပါဆိုင်ရာပြဌာန်းချက်များကိုဖော်ပြရာ၌[ affect ]အစား[ affter ]ဟုမှားယွင်းဖော်ပြထားသည်။
စီရင်ချက်ကိုပုံနှိပ်ရာ၌မှားယွင်းသွားဟန်တူသည်။
စုံညီခုံရုံးက[ affect ]ပါသောပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၂ပါ[ affect the rights of any other party ]ဟူသောစကားရပ်နှင့်၊စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေပုဒ်မ၄၉ပါ[ affect any immovable property]တို့ပါ[ affect ]တည်းဟူသောစကားလုံးချင်းတူသည်ကိုဆင်ခြင်ကာ၊အရောင်းအဝယ်စာချုပ်ကိုမှတ်ပုံတင်သည့်၂-၅-၈၆နေ့မှာဦးရွှေမိုးတို့အပေါ်တရားစွဲဆိုဆဲကာလအတွင်းဖြစ်၍၊ပုဒ်မ၅၂ပါပြဌာန်းချက်များနှင့်ငြိစွန်းသည်ဟုအကြောင်းပြသည်။
ဦးသိန်းမောင်တို့အားရောင်းချခြင်းသည်အရောင်းအဝယ်စာချုပ်ကိုမှတ်ပုံတင်တော့မှအထမြောက်သည်ဟုပုဒ်မ၄၉(က)ကဆိုသည်မှာမှန်၏။
သို့သော်မည်သည့်နေ့တွင်အထမြောက်သည်ဟုပုဒ်မ၄၉ကသတ်မှတ်သည်မဟုတ်။
ဤဥပဒေသဘောကိုစုံညီခုံရုံးကဆင်ခြင်ခြင်းမပြု။
စီရင်ထုံးစာမျက်နှာ၁၅၇တွင်[အယူခံတရားလိုဦးရွှေမိုးတို့ကဦးသိန်းမောင်နှင့်ဒေါ်အုံးမေတို့အားအချင်းဖြစ်ပစ္စည်းများရောင်းချကြောင်း၃၁-၁၂-၈၅နေ့တွင်ချုပ်ဆိုသည့်အရောင်းအဝယ်စာချုပ်ကိုသက်ဆိုင်ရာရုံးက၂-၅-၈၆နေ့၌၊မှတ်ပုံတင်ပေးခဲ့သည်။အမြင်အားဖြင့်(prima facie)အမှုအတောအတွင်းလွှဲပြောင်းခြင်းဖြစ်သည်]ဟုအကြောင်းပြခြင်းသည်၊ပုဒ်မ၄၉တွင်ပါသောကိစ္စမဟုတ်။
စုံညီခုံရုံးကစာမျက်နှာ၁၅၇နှင့်၁၅၈တို့တွင်အောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-
[ဦးသိန်းမောင်နှင့်ဒေါ်အုံးမေတို့အားအချင်းဖြစ်ပစ္စည်းများကိုရောင်းချသည့်စာချုပ်စာတမ်းသက်ဝင်လှုပ်ရှားသည့်နေ့သည်အချင်းဖြစ်စာချုပ်ကိုမှတ်ပုံတင်သည့်၂-၅-၈၆နေ့မဟုတ်ဘဲ၊စာချုပ်ချုပ်ဆိုသည့်၃၁-၁၂-၈၅နေ့ဖြစ်သည်မှာအထက်ဖော်ပြပါပြဌာန်းချက်အရထင်ရှားသောအချက်ဖြစ်သည်။တနည်းဆိုရလျှင်အချင်းဖြစ်မှတ်ပုံတင်စာချုပ်သာအတည်ဖြစ်ခဲ့လျှင်ဦးသိန်းမောင်နှင့်ဒေါ်အုံးမေတို့သည်၃၁-၁၂-၈၅နေ့တွင်မိမိဝယ်ယူသည်ဟုအဆိုရှိသောပစ္စည်းများ၏ပိုင်ရှင်များဖြစ်နိုင်သည်]ဟုအကြောင်းပြခြင်းသည်မှန်ကန်ပါလျက်၊စာမျက်နှာ၁၅၈၌၊[သို့ရာတွင်ဤအထူးအယူခံမှု၌အဆုံးအဖြတ်ပေးရန်ပြဿနာမှာအယူခံတရားလိုဦးရွှေမိုးတို့ကဦးသိန်းမောင်နှင့်ဒေါ်အုံးမေတို့အားရောင်းချမှုသည်ဥပဒေအရအတည်ဖြစ်ခဲ့လျှင်စာချုပ်ချုပ်ဆိုသည့်နေ့မှစ၍အတည်ဖြစ်သလား၊စာချုပ်ကိုမှတ်ပုံတင်သည့်နေ့မှစ၍အတည်ဖြစ်သလားဟူသောအချက်မဟုတ်။စာချုပ်စာတမ်းမှတ်ပုံတင်အက်ဥပဒေသည်အတည်ဖြစ်သောမှတ်ပုံတင်လွှဲပြောင်းစာချုပ်မည်သည့်အချိန်မှစ၍အကျိုးသက်ရောက်သည်ကိုသတ်မှတ်ပေးခြင်းဖြစ်သည်။ပစ္စည်းတရပ်တည်းကိုမှတ်ပုံတင်စာချုပ်နှစ်ခုသို့မဟုတ်နှစ်ခုထက်ပိုသောစာချုပ်စာတမ်းများဖြင့်ရောင်းချရာတွင်ပိုင်ဆိုင်ခွင့်ကိုမည်သည့်ဝယ်ယူသူအားဦးစားပေးရမည်ကိုအဆုံးအဖြတ်ပေးနိုင်ရန်ပုဒ်မ၄၇ကိုပြဌာန်းထားဟန်တူသည်။စာချုပ်တွင်အကျုံးဝင်သည့်ပစ္စည်းလွှဲပြောင်းခြင်းကိစ္စကိုအတိအလင်းရည်ညွှန်းထားခြင်းမရှိသည်ကိုသတိချပ်ရန်လိုသည်]ဟုအကြောင်းပြချက်ရှိ[ပစ္စည်းတရပ်တည်းကိုမှတ်ပုံတင်စာချုပ်နှစ်ခုသို့မဟုတ်နှစ်ခုထက်ပိုသောစာချုပ်စာတမ်းများဖြင့်ရောင်းချရာတွင်ပိုင်ဆိုင်ခွင့်ကိုမည်သည့်ဝယ်ယူသူအားဦးစားပေးရမည်ကိုအဆုံးအဖြတ်ပေးနိုင်ရန်ပုဒ်မ၄၇ကိုပြဌာန်းထားဟန်တူသည်]ဟူသောအကြောင်းပြချက်သည်အတ္တနောမတိ၊မိမိသဘောဖြင့်ဆုံးဖြတ်ရာရောက်သည်။
ထုံးသာဓကမရှိ။
12 Ran ( D B ) 263 မှာတချိန်ကထုံးသာဓကဖြစ်ခဲ့ပါကလည်း 1937 RLR ( F B ) 375 စီရင်ထုံးကထိုစီရင်ထုံးကိုပယ်ဖျက်ပြီးဖြစ်သည်။
ပုဒ်မ၄၇ပါပြဌာန်းချက်များသည်မှတ်ပုံတင်စာချုပ်နှစ်ခု၊သုံးခုတို့ကိုရည်ညွှန်းခြင်းမရှိ။
ထိုသို့လွှဲပြောင်းခြင်းစာချုပ်သည်နှစ်ဦးထက်ပိုရှိခဲ့ပါလျှင်၊မည်သည့်လွှဲပြောင်းမှုကိုဦးစားပေးရန်ဖြစ်ကြောင်းပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၄၈တွင်အတိအလင်းပြဌာန်းထားပြီးဖြစ်သည်။
ပြဌာန်းဥပဒေကိုအဓိပ္ပာယ်ကောက်ယူရာ၌[ superfluity ][ ပိုလျှံခြင်း၊လိုသည်ထက်ပိုမှု ]ကိုရှောင်ရှားရန် 1955 BLR ( S C ) 54 အမှုပါပြဆိုထားချက်နှင့်ငြိစွန်းသည်။
စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေပုဒ်မ၄၇အရ၊ဦးသိန်းမောင်တို့အားအချင်းဖြစ်ပစ္စည်းများကိုရောင်းချခြင်းသည်စာချုပ်ချုပ်သည့်၃၁-၁၂-၈၅နေ့ဖြစ်သည်။
ထိုစာချုပ်ကိုမှတ်ပုံတင်ပေးရန်မှတ်ပုံတင်ရုံးတွင်နောက်နေ့ဖြစ်သော၃၀-၁-၈၆နေ့၌တင်ပြခဲ့သည်။
အမှုစွဲဆိုသောနေ့သည်၁၁-၂-၈၆ဖြစ်ရာ၊တရားမစွဲဆိုမီတင်ပြခြင်းဖြစ်သည်။
မှတ်ပုံတင်ရုံးကစာချုပ်ကိုအမှုစွဲဆိုထားဆဲကာလအတွင်း၂-၅-၈၆နေ့တွင်မှ၊မှတ်ပုံတင်ပေးခဲ့ထိုရုံး၏ကြန့်ကြာမှုကြောင့်ပေါပေါက်လာသောဆိုးကျိုး[ပုဒ်မ၅၂နှင့်ငြိစွန်းခြင်း]ကို၊ဦးသိန်းမောင်တို့အားခံစားစေလျှင်တရားမျှတပါမည်လား။
ပုဒ်မ၄၇ပါပြဌာန်းချက်အတိုင်းဆုံးဖြတ်ပါလျှင်၊ထိုဆိုးကျိုးမှလွတ်မြောက်စေပါလိမ့်မည်။
စီရင်ထုံးစာမျက်နှာ၁၅၅တွင်၊အယူခံတရားပြိုင်များ၏ရှေ့နေကရောင်းချခြင်းအားအတည်ဖြစ်ခြင်းကိုစာချုပ်သည့်နေ့က(မှ?)စ၍လက်ခံလျှင်လက်သွက်ခြေသွက်နှင့်လုပ်သူများကိုအားပေးအားမြှောက်ပြုရာရောက်ကြောင်းတင်ပြသည်ဟုဖော်ပြထားသည်။
ထိုအကြောင်းပြချက်မျိုးကို 12 Ran ( D B ) 263 စီရင်ထုံးစာမျက်နှာ၂၆၆မှ၂၆၇တွင်လည်းတွေ့ရသည်။
[စာချုပ်ချုပ်ဆိုသည့်နေ့ရက်သည်မြန်မာနိုင်ငံအင်ဆော်လဝင်စီဥပဒေပုဒ်မ၅၄(၁)ပါသုံးလကာလ၏အစဖြစ်ခဲ့ပါလျှင်မြီစားသည်အခြားမြီရှင်တို့ကိုကျော်ကာဦးစားပေးအခွင့်အရေးရသောမြီရှင်တဦးနှင့်ပူးပေါင်းကြံစည်ပြီးအပေါင်စာချုပ်တရပ်ကိုတိတ်တဆိတ်ချုပ်ဆိုပြီးထိုစာချုပ်ကိုသုံးလနှင့်တရက်ကြာမှတ်ပုံမတင်ဘဲနေခြင်းဖြင့်ပုဒ်မ၅၄(၁)၏ပြဌာန်းချက်များကိုအဟောသိကံဖြစ်စေနိုင်သည်ဖြစ်၍၊ပုဒ်မကိုအချီးနှီးဖြစ်စေမည့်အဓိပ္ပာယ်ကောက်ယူခြင်းသည်မှန်ကန်သောအဓိပ္ပာယ်မဖြစ်နိုင်]ဟုအကြောင်းပြခဲ့ရာစုံညီခုံရုံးရှေ့၌အယူခံတရားပြိုင်ရှေ့နေဘက်မှတင်ပြသောအကြောင်းပြချက်နှင့်အခြေခံအားဖြင့်အလားတူသည်ကိုတွေ့ရပါသည်။
အယူခံခုံရုံးက၊အဆုံးအဖြတ်ကိုပြန်လည်စစ်ဆေးစီရင်ပေးရန်တင်ပြသောခုံရုံးက၊ထိုသို့မဟုတ်တရုတ်လုပ်ခြင်းသည်မကောင်းမှုဖြစ်ခဲ့ပါလျှင်ဥပဒေပြုအဖွဲ့ကသာလျှင်ကုစားရန်ဖြစ်ပေလိမ့်မည်။
တရားရုံး၏အရေးအရာမဟုတ်ဟုဆိုလိုရင်းဖြစ်သည်ဟုညွှန်ပြရာရောက်သောအကြောင်းပြချက်ကိုမှတ်သားသင့်သည်။
တရားရုံးသည်အကြောင်းပြရာ၌၊စကားမကျွံမိဖို့ဆင်ခြင်ရန်လိုကြောင်းညွှန်ပြသည့်သာဓကဖြစ်သည်။
ရှေးအခါကစီရင်ထုံးများပါအနှောင့်အသွားမလွတ်ကင်းသောအကြောင်းပြချက်များသည်၊ရှေ့နေရှေ့ရပ်များနှင့်နောက်တရားသူကြီးများ၏ဝေဖန်မှုစက်ကွင်းမှမလွတ်ကင်းနိုင်သဖြင့်သတိကြီးစွာထားကြရသည်။
ရင့်သီးသောစကားဟုဆိုဆို၊ငါ့စကားနွားရပြောခြင်းသည်ကြောင်းကျိုးမဆီလျော်မှုကိုဖော်ညွှန်းသည်။
—————————-
Comments
Post a Comment