1995 BLR ( F B ) 151, ဦးရွှေမိုးပါ၃ နှင့် ဦးအိုက်ဖုန်းပါ၂စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part Three ]

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


1995 BLR ( F B ) 151 


ဦးရွှေမိုးပါ၃(ကိုယ်တိုင်နှင့်ကွယ်လွန်သူဒေါ်အီခမ်း၏တရားဝင်ကိုယ်စားလှယ်)


                          နှင့်


ဦးအိုက်ဖုန်းပါ၂


တရားရုံးချုပ်တရားသူကြီးချုပ်ဦးအောင်တိုး၊တရားသူကြီးများဖြစ်ကြသောဦးကျော်ဝင်း၊ဦးအောင်မြင်၊ဦးသန်းဖေ၊ဦးတင်အုံးနှင့်ဦးတင်ထွတ်နိုင်တို့ရှေ့တွင်


စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part Three ]

——————————————-


စုံညီခုံရုံး၏အဆုံးအဖြတ်


စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေပုဒ်မ၄၇တွင်၊ operate[ အကျိုးသက်ရောက်သည် ]ဟူသောစကားလုံးကိုသုံးထားပြီး၊ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၂တွင်၊ affect the rights[ အခွင့်အရေးများကိုထိခိုက်သည် ]ဟူသောစကားရပ်ကိုသုံးကာ၊စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေပုဒ်မ၄၉(က)တွင်-


[No document required by section 17 or by any provision of the Transfer of Preperty Act  or by any law formerly in force for the registration of documents in the Union of Myanmar(Burma)to be registered shall-(a) affect any immoveable property comprised therein unless it has been registered.]


ဟူသောပြဌာန်းချက်၌လည်း[ affect ]ဟူသောစကားလုံးပါသော်လည်းပုဒ်မ၅၂ပါ[ affect the rights ]နှင့်[ affect any immovable property ]ဟူ၍ကွဲပြားသောအသုံးအနှုန်းများပါရှိသည်တို့ကိုစုံညီခုံရုံးကရည်ညွှန်းပြီးနောက်၊စီရင်ထုံးစာမျက်နှာ၁၅၉နှင့်၁၆၀တွင်အောက်ပါအတိုင်းဆုံးဖြတ်သည်-


[ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၂တွင်လည်းကောင်း၊စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေပုဒ်မ၄၉(က)တွင်လည်းကောင်း(affect)ဟူသောစကားရပ်ကိုသုံးထားကြောင်းတွေ့မြင်နိုင်သည်။


အမှုဆိုင်ဆဲတွင်မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းပေါ်အမှုသည်တဦး၏အခွင့်အရေးကိုထိခိုက်(affect)စေသည့်လွှဲပြောင်းမှုသည်စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေပုဒ်မ၄၉(က)တွင်ပြဌာန်းထားသည့်မှတ်ပုံတင်စာချုပ်စာတမ်းဖြစ်သည်။


စာချုပ်စာတမ်းကိုမှတ်ပုံမတင်မချင်းစာချုပ်တွင်အကျုံးဝင်သည့်မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုထိခိုက်ခြင်းမရှိသည့်အလျောက်ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၂တွင်ပြဌာန်းထားသည့်အတိုင်းအမှုသည်၏အခွင့်အရေးများကိုထိခိုက်စေမည်မဟုတ်။


ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၂ပါပြဌာန်းချက်များကပိတ်ပင်သည့်လွှဲပြောင်းမှုသို့မဟုတ်စီမံမှုသည်၊အမှုသည်၏အခွင့်အရေးများကိုထိခိုက်စေသည့်လွှဲပြောင်းမှုသို့မဟုတ်စီမံမှုဖြစ်သည့်အလျောက်၊စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေပုဒ်မ၄၉(က)ပါပြဌာန်းချက်များနှင့်ဆက်စပ်သုံးသပ်ကြည့်လျှင်၊မှတ်ပုံတင်စာချုပ်စာတမ်းဖြင့်လွှဲပြောင်းမှုသို့မဟုတ်စီမံမှုဖြစ်သည်ဟုကောက်ယူရပေမည်။


ထိရောက်သောလွှဲပြောင်းမှုမရှိလျှင်ပစ္စည်းလွှဲပြောင်းခြင်းမမည်။


သို့ဖြစ်ရာပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅ပါ( act )သည်ပစ္စည်းကိုထိထိရောက်ရောက်လွှဲပြောင်းသောပြုလုပ်မှုဖြစ်သည်မှာယုံမှားဖွယ်မရှိနိုင်။


အဆိုပါအက်ဥပဒေပုဒ်မ၅၂ကိုပုဒ်မ၅နှင့်တွဲဖက်ဖတ်ရှုလျှင်ပုဒ်မ၅၂အရပိတ်ပင်ချက်သည်ထိရောက်သောလွှဲပြောင်းမှုနှင့်သာသက်ဆိုင်သည်ဟုကောက်ယူရန်သာရှိပေသည်။


ကျပ်၁၀၀/-သို့မဟုတ်ကျပ်၁၀၀/-ထက်ပိုသောအဖိုးဖြင့်မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုရောင်းချသည့်ကိစ္စ၌၊မှတ်ပုံတင်ခြင်းသည်ထိရောက်သောလွှဲပြောင်းမှုကိုအပြီးသတ်သည်ဖြစ်၍အရောင်းအဝယ်စာချုပ်ကိုမှတ်ပုံတင်သည့်နေ့တွင်မှပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၂၏အဓိပ္ပာယ်အရပစ္စည်းကိုလွှဲပြောင်းသည်ဟုကျွန်ုပ်တို့အဓိပ္ပာယ်ကောက်ယူသည်။]

—————————————————


စုံညီခုံရုံးကိုထောက်ခံသောထုံးသာဓက


12 Ran 263 


U BA SEIN


               V.


MAUNG SAN AND ANOTHER.*


Before Mr. Justice Mya Bu and  Mr. Justice Dunkley.


ခုံရုံးကစီရင်သောအမှု၌၊လူမွဲအဖြစ်ကြေညာခြင်းခံရသူများသည်ထိုသို့လူမွဲအဖြစ်ကြေညာခြင်းမခံရမီ၊အယူခံတရားပြိုင်မောင်စံတို့အား၂၈-၁-၁၉၃၁နေ့စွဲပါအပေါင်စာချုပ်အရမရွှေ့မပြောင်းနိုင်သောပစ္စည်းကိုပေါင်သည်။


သို့သော်ထိုစာချုပ်ကို၂၆-၅-၁၉၃၁နေ့တွင်မှမှတ်ပုံတင်ပေးရန်တင်ပြပြီး၊ထိုနေ့မှာပင်မှတ်ပုံတင်ပေးလိုက်သည်။


လူမွဲတို့၏မြီရှင်တဦးက၎င်းတို့အားလူမွဲများအဖြစ်ကြေညာပေးရန်၂၁-၇-၁၉၃၁နေ့၌လျှောက်ထားရာတရားရုံးက၇-၁၂-၁၉၃၁နေ့တွင်လူမွဲအဖြစ်ဆုံးဖြတ်သည်။


လူမွဲအဖြစ်ကြေညာပေးရန်မြီရှင်က၂၁-၇-၁၉၃၁နေ့တွင်လျှောက်ထားခြင်းမပြုမီသုံးလအတွင်းလူမွဲများကမောင်စံတို့အားပစ္စည်းပေါင်နှံခြင်းသည်မြန်မာနိုင်ငံအင်ဆော်လဝင်စီဥပဒေပုဒ်မ၅၄(၁)လာအောက်ပါပြဌာန်းချက်များအရပျက်ပြယ်ခြင်းရှိမရှိပြဿနာပေါ်ပေါက်သည်-


[Every transfer of property, every payment made, every obligation incurred, and every judicial proceeding taken or suffered by any person unable to pay his debts as they become due from his own money in favour of any creditor, with a view of giving that creditor a preference over the other creditors, shall, if such person is adjudged insolvent on a petition presented within three months after the date thereof, be deemed fraudulent and void as against the receiver, and shall be annulled by the Court.]


[ judicial proceeding taken or suffered = တရားစွဲခံလျှင်၊ရာဇသတ်ကြီးပုဒ်မ၂၁၀၏ဘာသာပြန်ကိုကြည့်ပါ။ ]


အပေါင်စာချုပ်မှတ်ပုံတင်သည့်၂၆-၅-၁၉၃၁နေ့သည်လူမွဲအဖြစ်ကြေညာပေးရန်လျှောက်ထားသည့်၂၁-၇-၁၉၃၁နေ့မတိုင်မီ(၃)လအတွင်းကျရောက်သော်လည်းစာချုပ်ကိုချုပ်ဆိုသည့်၂၈-၁-၁၉၃၁နေ့မှမူ(၃)လကျော်သည်။


ပုဒ်မ၅၄(၁)တွင်ပါရှိသောသုံးလကိုအပေါင်စာချုပ်ချုပ်သည့်နေ့မှစ၍ရေတွက်ရန်ဖြစ်သလား။


စာချုပ်မှတ်ပုံတင်သည့်နေ့မှစ၍ရေတွက်ရန်ဖြစ်သလား။


အပေါင်စာချုပ်ကိုမှတ်ပုံတင်မှသာအတည်ဖြစ်သည်။


ပစ္စည်းလွှဲပြောင်းရေးအက်ဥပဒေပုဒ်မ၅၉ကိုကြည့်ပါ။


ဟိုက်ကုတ်လွှတ်တော်ခုံရုံးကအပေါင်စာချုပ်ကိုမှတ်ပုံတင်မှအကျိုးသက်ရောက်(effective)သည်။


ပုဒ်မ၅၄(၁)ပါ(၃)လကိုစာချုပ်မှတ်ပုံတင်သည့်နေ့မှစ၍ရေတွက်ရန်ဖြစ်သည်(ပစ္စည်းလွှဲပြောင်းရေးအက်ဥပဒေပုဒ်မ၅၉တွင်[effected]ဟူသောစကားလုံးကိုသုံးသည်ကိုသတိပြုပါ)စသည်ဖြင့်၊စီရင်ထုံးစာမျက်နှာ၂၆၆မှ၂၆၇တွင်၊အောက်ပါအတိုင်းအကြောင်းပြသည်-


[No legal interest in the property passes from the mortgagor to the mortgagee except upon registration of the deed.


The provisions of s. 47 of the Indian Registration Act do not in our opinion run counter to this proposition, for although that section throws back the commencement of the operation of the document, when registered, to the date of the execution it does not pretend to lay down that where an instrument which affects immoveable property requires to be registered title in the property passes before registration is effected. 


[ it does not pretend to lay down = xxxxဟုပြဌာန်းသည်မဟုတ်။မြန်မာစာအဖွဲ့ကပြုစုသောအင်္ဂလိပ်-မြန်မာအဘိဓာန်စာမျက်နှာ၇၈၂တွင်( lay down )ကိုချမှတ်သည်ဟုဘာသာပြန်ပြီး၊စာမျက်နှာ၁၀၇၁၌၊( I don’t pretend (ic claim) to know as much about it as the does ဟုပြဆိုထားချက်တို့ကိုမှီး၍ဘာသာပြန်သည်။)]


Since a period of four months is allowed for the presentation of a deed for registration, if the date of the execution of the deed were to be the date of the commencement of the period, an insolvent, in collusion with a creditor to whom he is giving a preference over other creditors, might, by secretly executing a mortgage died and refraining from registering it for three months and one day, set at naught the provisions of s. 54 of the Provincial Insolvency 1934 Act, and a construction of the section which would have the effect of rendering the section nugatory cannot be the correct construction. 


[ set at naught = အချည်းနှီးဖြစ်စေသည် ]


For these reasons we are clearly of opinion that the date of the commencement of the period of three months mentioned in s. 54 of the Provincial Insolvency Act is the date on which the transfer sought to be set aside becomes effective in law, namely, in the case of a transfer such as a mortgage or sale, the date of registration of the deed.]


အထက်ပါအကြောင်းပြချက်တို့သည်၊ 1995 BLR ( F B ) 151 အမှု၌၊စုံညီခုံရုံး၏အကြောင်းပြချက်တို့နှင့်သဘောချင်းတူညီသည်။

——————————————-

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]