1995 BLR ( F B ) 151 , ဦးရွှေမိုးပါ၃ နှင့် ဦးအိုက်ဖုန်းပါ၂ စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part Two ]
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
1995 BLR ( F B ) 151
ဦးရွှေမိုးပါ၃(ကိုယ်တိုင်နှင့်ကွယ်လွန်သူဒေါ်အီခမ်း၏တရားဝင်ကိုယ်စားလှယ်)
နှင့်
ဦးအိုက်ဖုန်းပါ၂
တရားရုံးချုပ်တရားသူကြီးချုပ်ဦးအောင်တိုး၊တရားသူကြီးများဖြစ်ကြသောဦးကျော်ဝင်း၊ဦးအောင်မြင်၊ဦးသန်းဖေ၊ဦးတင်အုံးနှင့်ဦးတင်ထွတ်နိုင်တို့ရှေ့တွင်
စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part Two ]
——————————————-
သာဓကများ။
A. I. R. 1927 Rangoon 145
Ma Than—Appellant.
V.
Maung Ba Gyan— Respondent.
HEALD AND CUNLIFFE, JJ.
——————————————
5 Ran 101
MA THAN
V.
MAUNG BA GYAN.*
Before Mr. Justice Heald and Mr. Justice Cunliffe.
အမှုတွင်၊မသန်းကကွာရှင်းပြီးသောခင်ပွန်းအပေါ်၊လင်မယားပိုင်လယ်များအားခွဲဝေပေးစေလိုမှုကို၊မြို့နယ်တရားရုံးတွင်၊၆-၁၂-၁၉၁၉နေ့တွင်စွဲဆိုရာ၊မြို့နယ်တရားရုံးကစီရင်ပိုင်ခွင့်အာဏာမရှိဟုအကြောင်းပြကာ၊အဆိုလွှာကိုသက်ဆိုင်ရာတရားရုံးတွင်တရားစွဲဆိုရန်မသန်းအား၁၄-၅-၁၉၂၀နေ့တွင်ပြန်ပေးသည်။
ခင်ပွန်းဟောင်းသည်၊လင်မယားပိုင်ပစ္စည်းများကိုမောင်ဘဂျမ်းအား၂၀-၅-၁၉၂၀နေ့တွင်ရောင်းချလိုက်သည်။
မသန်းသည်မြို့နယ်တရားရုံးကပြန်ပေးသည့်အဆိုလွှာကိုနယ်ပိုင်တရားမရုံးတွင်၂၁-၅-၁၉၂၀နေ့တွင်တရားစွဲဆိုရာ၊ပစ္စည်းတဝက်အတွက်ဒီကရီရရှိသည်။
ထို့နောက်မသန်းကခင်ပွန်းဟောင်းအပေါ်အချင်းဖြစ်လယ်များ၏ထက်ဝက်နှင့်စပ်လျဉ်း၍ကြားကာလအမြတ်အစွန်းရလိုကြောင်းတရားစွဲဆိုပြန်ရာ၊မိမိဝေစုထက်ဝက်ဖြစ်သောလယ်များကိုလက်ရှိဖြစ်သည့်ခင်ပွန်းဟောင်းထံမှလယ်များဝယ်သူမောင်ဘဂျမ်းသည်မိမိရရန်ရှိသောကြားကာလအမြတ်အစွန်းများအတွက်၊တာဝန်ရှိသည်ဟုဆိုကာပူးတွဲတရားပြိုင်အဖြစ်တရားစွဲဆိုသည်။
မြို့နယ်တရားရုံးထံမှရရှိသောအဆိုလွှာကိုနယ်ပိုင်တရားမရုံးတွင်မတင်သွင်းမီ၊တရက်အလိုတွင်တရားပြိုင်ကအချင်းဖြစ်လယ်များကိုရောင်းချခြင်းဖြစ်ရာ၊ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၂နှင့်ငြိစွန်းခြင်းရှိမရှိ၊ဟိုက်ကုတ်လွှတ်တော်ခုံရုံးကစိစစ်ပြီး၊စီရင်ထုံးစာမျက်နှာ၁၀၉တွင်စီရင်ထုံးတရပ်ကိုကိုးကားပြီးပုဒ်မ၅၂နှင့်ငြိစွန်းသည်ဟု၊တရားသူကြီး CUNLIFFE, J. ကအောက်ပါအတိုင်းဆုံးဖြတ်သည်-
[ The facts are shortly as follows:- Plaintiff, who had secured a divorce from her husband, brought an action against him for a half share in certain paddy land.
It was contended on behalf of the husband that the amount involved was in excess of the jurisdiction of the Township Court in which the action was lodged.
The Judge of the Township Court agreed with this contention and returned the plaint to be filed in the Subdivisional Court.
The case was there heard and the plaintiff's claim was dismissed.
On appeal, however, to the Divisicnal Court, plaintiff X° obtained a decree in her favour.
She then sued for mesne profits on the share of the land which had been awarded to her.
It was argued that her husband had sold the whole of the land to one Ba Tin on a date between that on which the original suit was filed and a date on which it was returned to the appropriate Court as mentioned about.
The question before Mr. Justice Carr was whether the purchaser's title was subject to the doctrine of lis pendens although the first suit was improperly brought.
The two Courts below found that the conveyance of the land took place pendente lite.
Mr. Justice Carr came to an opposite conclusion by virtue of his construction of the provisions of section 52 of the Transfer of Property Act.
That section runs as follows:
"During the active prosecution in any Court having authority in British India or established beyond the limits of British India by the Governor-General in Council of a contentious suit or proceeding in which any right to immoveable property is directly and specifically in question, the property cannot be transferred or otherwise dealt with by any party to the suit or proceeding so as to affect the rights of any other party thereto under any decree or order which may be made therein, except under the authority of the Court and on such terms as it may impose."
The learned Judge took the view that it could not be said at the material time that any suit was pending because the suit concerned was a misconceived action in a Court which had no jurisdiction.
He went so far as to hold that no suit within the meaning of section 52 was pending at all at the material time and that the doctrine of lis pendens did not accrue until the institution of the suit in the Subdivisional Court which actually took place a day after the execution of the conveyance.
There is direct authority on this very point in the case of Tangor Majhi and others v. Jaladhar Deari and others (1). (1910 ) 14 C.W.N. 322.
There it was held that the rule of lis pendens will operate in favour of a plaintifi, who, at the time of the transfer was erroneously prosecuting his suit in a Court which from defect of jurisdiction was unable to entertain it and in consequence returned it for presentation to the appropriate Court, which Court ultimately decreed the suit on the basis of a lawful compromise.
The decision in question appears to me to be based on a sound principle of equity.
Here the suit was eventually decreed in the wife's favour.
There was no evidence that the mistake in the institution of the original suit in the first Court was due to her negligence or fault.
She, indeed, as far as the evidence showed, acted with due diligence and bond fide.
Eventually, as has been observed, she was successful.
From the commencement, the plaintiff in the words of section 52 was engaged in "actively prosecuting" her suit.
I am of the opinion that even if a person actively prosecutes a suit in a Court which from defect of jurisdiction is an inappropriate tribunal, yet such active prosecution is contemplated by the section under regard.
The same principle has been adopted in a construction of the Limitation Act.
For these reasons I am of opinion that the appeal should be allowed with costs. ]
————————————
ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၂အရဆုံးဖြတ်သောစီရင်ထုံးများကိုလေ့လာပါက၊မရွှေ့မပြောင်းနိုင်သောပစ္စည်းနှင့်စပ်လျဉ်း၍တရားစွဲဆိုအနိုင်ရပြီးမှ၊အမှုအတောအတွင်းအချင်းဖြစ်ပစ္စည်းများကိုလွှဲပြောင်းခြင်းသည်ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၂ဖြင့်ငြိစွန်းကြောင်းတရားတထုံးထပ်မံစွဲဆိုသောအမှုအမျိုးအစားဖြစ်ကြောင်းတွေ့မြင်နိုင်သည်။
1995 BLR ( F B ) 151 အမှုမှာကဲ့သို့၊မရွှေ့မပြောင်းနိုင်သောပစ္စည်းနှင့်စပ်လျဉ်း၍စွဲဆိုထားသောအမှုတမှုတည်းမှာပင်ပုဒ်မ၅၂နှင့်ငြိစွန်းခြင်းရှိမရှိပြဿနာကိုအဆုံးအဖြတ်ပေးသောသာဓကမရှိ။
ထိုသို့မရှိရခြင်းမှာပုဒ်မ၅၂တွင်အကျုံးဝင်သောအမှုစွဲဆိုထားစဉ်အတွင်း၊တဖက်အမှုသည်ကတရားဆိုင်လျက်ရှိသောပစ္စည်းကိုလွှဲပြောင်းခြင်းသည်ထိုအမှုတွင်အမှုနိုင်သောတဖက်အမှုသည်အား၊ထိုသို့လွှဲပြောင်းခြင်းသည်ဒီကရီအရမိမိရရှိသည့်အခွင့်အရေးကိုထိပါးသည်ဟူသောအကြောင်းကြောင့်၊အဆိုပါလွှဲပြောင်းမှုကိုဖျက်သိမ်းပေးရန်၊သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၃၉အရတရားစွဲဆိုခွင့်သာရရှိခြင်းကြောင့်ဖြစ်သည်။
အမှုဆိုင်ဆဲ၌ဦးအိုက်ဖုန်းတို့အမှုနိုင်သည်၊မနိုင်သည်မသိရသေးဘဲ၊ဦးရွှေမိုးကဦးသိန်းမောင်တို့အားပစ္စည်းရောင်းချခြင်းမခိုင်လုံ[ invalid ]ဟုတရားစွဲဆိုပိုင်ခွင့်မရနိုင်သည်မှာမြင်သာသောအချက်ဖြစ်သည်။
ဦးအိုက်ဖုန်းတို့နောက်ဆုံးတွင်အမှုအနိုင်ရဦးတော့၊ဒီကရီမချမှတ်မီအမှုအတောအတွင်းလွှဲပြောင်းမှုကိုပုဒ်မ၅၂အရပျက်ပြယ်သည်ဟုအရေးဆိုခွင့်မရသေးသည်မှာမြင်သာသောဖြစ်ရပ်မှန်ဖြစ်သည်။
ဒိဌဖြစ်ရပ်[ reality ]ဖြစ်သည်။
ဦးအိုက်ဖုန်းတို့စွဲဆိုသည့်အတိုင်းဒီကရီချမှတ်တော့မှ၊ပုဒ်မ၅၂ကဦးရွှေမိုးတို့အားပိတ်ပင်ချက်သက်ဝင်လှုပ်ရှားပါလိမ့်မည်။
ထို့ထက်စော၍ပေါ်ပေါက်သည်ဟုကောက်ယူပါလျှင်၊တရားလိုဦးအိုက်ဖုန်းတို့ကိုကြိုတင်အနိုင်ပေးဆုံးဖြတ်ပြီးရာရောက်သည်ကိုသတိမူရန်လိုသည်။
စုံညီခုံရုံးသည်အထူးခုံရုံးကထုတ်နုတ်အဆုံးအဖြတ်ခံယူရသောပြဿနာတိုင်းကိုအဆုံးအဖြတ်ပေးရန်မဟုတ်ပါ။
8 LBR ( F B ) 501 အမှုတွင်၊တရားလွှတ်တော်ကဆုံးဖြတ်ရန်ပြဿနာကိုရုံးသဟာယအဖြစ်ဖတ်ခေါ်ကြားနာသည်။
ဦးမေအောင်၏တင်ပြချက်အရပြဿနာကိုပြင်ပြီးကြားနာဆုံးဖြတ်သည့်သာဓကရှိပါသည်။
အချင်းဖြစ်အမှုမှာကဲ့သို့ဦးအိုက်ဖုန်းတို့စွဲဆိုသောအမှု၌၊ဆုံးဖြတ်ရန်အကြောင်းမရှိသည့်ပြဿနာကိုအဆုံးအဖြတ်မပေးဘဲ၊ဆုံးဖြတ်ရန်မလိုကြောင်းအကြောင်းပြကာ၊အထူးအယူခံကိုပယ်ခြင်းကတရားမျှတမှုကိုဖြစ်စေနိုင်သည်။
————————————————
Comments
Post a Comment