A I R 1939 ( P C ) 138
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
[ အလေးအနက်ထားချုပ်ဆိုပြီးနည်းလမ်းတကျမှတ်ပုံတင်ထားသောစာချုပ်ကိုစီရင်ပိုင်ခွင့်အာဏာရှိသောတရားရုံးကမဖျက်သိမ်းသမျှကာလပတ်လုံးအတည်ဖြစ်သည်။ ]
[ It is no doubt also true that a solemnly executed and duly registered instrument must stand until set aside by a competent court. ]
————————————————
စာချုပ်စာတမ်းကိုပယ်ဖျက်နိုင်သော၊သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၃၉သည်၊ပျက်ပြယ်သောစာချုပ်အပြင်၊ဖျက်သိမ်းလိုကဖျက်သိမ်းနိုင်သောစာချုပ်နှစ်မျိုးစလုံးကိုရည်ညွှန်းထားသဖြင့်၊နားရှုပ်စရာဖြစ်သည်။
ပဋိညာဉ်အက်ဥပဒေပုဒ်မ၂(ဆ)အရ[ ပျက်ပြယ်သောစာချုပ် ]သည်[ စက္ကူစုတ် ]ဖြစ်သည်။
ပဋိညာဉ်အက်ဥပဒေပုဒ်မ၂(ဈ)အရ[ ပျက်ပြယ်ခွင့်ရသောစာချုပ် ]သည်၊ပယ်ဖျက်ခွင့်ရှိသောသူက၊တည်ရှိစေလိုလျင်တည်ရှိနိုင်သည်၊ပျက်ပြယ်စေလိုလျင်ပယ်ဖျက်နိုင်သည်။
ပဋိညာဉ်အက်ဥပဒေပုဒ်မ၁၉၊သို့မဟုတ်၊ပုဒ်မ၁၉-က၊အရပယ်ဖျက်ခွင့်ရှိသောသူကပယ်ဖျက်ပေးရန်၊သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၃၉အရတရားစွဲဆိုရာတွင်၊တရားရုံးကပယ်ဖျက်လိုက်သောအခါမှ၊စာချုပ်ရပ်စဲသွားမည်ဖြစ်သည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၃၉အရ၊ပျက်ပြယ်သောစာချုပ်ကိုလည်းပယ်ဖျက်နိုင်သောကြောင့်၊ပျက်ပြယ်ကြောင်းမြွက်ဟကြေညာနိုင်လျင်၊ပြဌာန်းချက်အဟောသိကံမဖြစ်နိုင်ဘူးလားဟု၊စောဒကတက်စရာရှိပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၃၉အရတရားစွဲဆိုသောအမှုတွင်၊တရားလိုအမှုအနိုင်ရလျင်၊တရားရုံးကစာချုပ်ကိုတရားရုံးတွင်တင်ပြစေပြီး၊ပယ်ဖျက်ပစ်နိုင်သည်။
စာချုပ်သည်တရားပြိုင်လက်ဝယ်ရောက်ရှိနေလျင်၊တရားရုံးကဆင့်ဆိုသည့်အတိုင်းတင်ပြရမည်ဖြစ်သည်။
ငြင်းဆန်လျင်၊ရာဇဝတ်ဥပဒေပုဒ်မ၁၇၅အရ၊အပြစ်ရနိုင်သည်။
မှတ်ပုံတင်စာချုပ်ဖြစ်လျင်၊တရားရုံးကစာချုပ်ပယ်ဖျက်သည့်အကြောင်း၊ဒီကရီမိတ္တူအားမှတ်ပုံတင်ရုံးသို့ပေးပို့ရမည်ဖြစ်သည်။
မှတ်ပုံတင်အရာရှိကမှတ်ပုံတင်စာအုပ်တွင်စာချုပ်ကိုပယ်ဖျက်ပြီးကြောင်းရေးမှတ်ရမည်ဖြစ်သည်။
စာချုပ်ပျက်ပြယ်ကြောင်းမြွက်ဟဒီကရီချမှတ်သောကိစ္စတွင်၊တရားရုံးကအထက်ပါအတိုင်းဆောင်ရွက်ပေးမည်မဟုတ်ပေ။
ဒီကရီနှစ်မျိုးသည်အကျိုးသက်ရောက်ပုံချင်းတူသော်လည်း၊လုပ်ထုံးလုပ်နည်းကွဲပြားသည်။
———————————————-
ဥပမာ၊မလျော်ဩဇာသုံးပြီးချုပ်ဆိုသောစာချုပ်သည်၊ပဋိညာဉ်အက်ဥပဒေပုဒ်မ၁၉-က အရ[ပျက်ပြယ်ခွင့်ရသောစာချုပ်]သာဖြစ်သည်။
စက္ကူစုတ်စာချုပ်မဟုတ်ဘဲ၊မလျော်ဩဇာသုံးသည်ဟုစွပ်စွဲရုံမျှနှင့်ပျက်ပြယ်သောစာချုပ်မဟုတ်။
မှတ်သားလောက်သော AIR 1939 ( 138 ) P.C စီရင်ထုံးတွင်-
"အလေးအနက်ထားချုပ်ဆိုပြီးနည်းလမ်းတကျမှတ်ပုံတင်ထားသောစာချုပ်ကိုစီရင်ပိုင်ခွင့်အာဏာရှိသောတရားရုံးကမဖျက်သိမ်းသမျှကာလပတ်လုံးအတည်ဖြစ်သည်"ဟုအောက်ပါအတိုင်းထုံးဖွဲ့ထားသည်။
“It is no doubt also true that a solemnly executed and duly registered instrument must stand until set aside by a competent court.”
————————————————
AIR 1939 (138) P.C
Privy Council Appeal No. 58 of 1937
Simon Christopher Jayawardene-Appellant
V.
Alfred Christy Jayawardene and others-Respondents
From
THE SUPREME COURT OF THE ISLAND OF CEYLON
—————————————-
JUDGMENT OF THE LORDS OF THE JUDICIAL COMMITTEE OF THE PRIVY COUNCIL,
DELIVERED THE 24TH FEBRUARY,1939
———————————-
Present at the Hearing:
LORD ALNESS
LORD ROMER
LORD PORTER
[Delivered by LORD PORTER]
အမှုတွင်၊မြေကိုအငှါးချထားသောအခါငှါးရမ်းသူသည်အငှါးချထားသူထံမှစာဖြင့်ရေးသားသဘောတူချက်ကိုမရရှိပဲ၊အငှါးချထားသည့်မြေအားတဆင့်အငှါးချထားခြင်း၊ရောင်းချခြင်း၊ပေးကမ်းခြင်း၊ပေါင်နှံခြင်းသို့မဟုတ်အခြားနည်းဖြင့်စီမံခန့်ခွဲခြင်းမပြုရ၊ထိုသို့ပြုလျင်လုံးလုံးလျားလျားပျက်ပြယ်စေရမည်ဟုစည်းကမ်းချက်သတ်မှတ်ထားရှိပါလျက်နှင့်၊ငှါးရမ်းသူကမြေကိုအခြားသူအားအပိုင်ပေးအပ်ခဲ့သည်။
ပရီဗီကောင်စီက၊အပိုင်ပေးခြင်းသည်ပျက်ပြယ်[ void ]သောကြောင့်၊အငှါးချထားသူကအပိုင်ပေးခြင်းကိုဖျက်သိမ်းပေးရန်အတွက်တရားစွဲဆိုရန်မလိုအပ်ကြောင်းအောက်ပါအတိုင်းဆုံးဖြတ်သည်-
[ The covenants contained provisions for clearing and planting, paying rent, and the non-erection of buildings on The land.
The tenth covenant must be set out in full.
It read:
“The Lessee and his aforewritten shall not sub-let, sell, donate, mortgage, or otherwise dispose of or deal with his interest in this Lease, or any portion thereof, without the written consent of the Lessor, and every such sub-lease,sale, donation, or mortgage without such consent, shall be absolutely void."]
[ These being the facts, the first question to be determined is whether the purported deeds of gift of this land pass any property or not.
The answer to this question depends upon the terms and effect of clause io of the lease.
It is not necessary in construing the clause to determine precisely the limits of the acts prohibited by each word of the clause.
Admittedly the giits to the sons were donations.
No written consent to a donation was obtained and donations are prohibited without the written consent of the lessor.
Without such consent the clause declares every donation to be absolutely void.
In a series of cases where a lease has been granted upon the terms that if certain conditions are not fulfilled or are broken it shall be "void" or "utterly void" or "null and void to all intents and purposes," it has been held that upon a failure by the tenant to fulfil the conditions, the leases are not ipso
facto void but are only voidable at the option of the lessor.]
[ Their Lordships would further point out that if, the respondents contended,"void" in clause 10 means “voidable," then even had a devise of the estate been a breach of the condition, the Crown who have entered the appellant's name as substituted tenant and accepted rent, and who before their Lordships disclaimed any desire to interfere with his tenancy, have, if they could, waived the alleged forfeiture. ]
[ Nor does the fact that a fidei commissum was attached to each of the deeds of gift affect the result.
It is true that a fidei commissum properly constituted and accepted cannot be revoked—see Soysa v. Mohideen, (1914) 17 N.L.R. 279 - and it is no doubt also true that a solemnly executed and duly registered instrument must stand until set aside by a competent Court ; see Breytenbach v. Frankel ( u.s.).]
[ For these reasons their Lordships will humbly advise His Majesty that the appeal be allowed, the decree and judgment of the Supreme Court set aside and the judgment of the District Judge restored.
The first three respondents must pay the appellant's costs of the hearing in the Supreme Court and before their Lordships’ Board. ]
————————————————
ပျက်ပြယ်ခွင့်ရသောစာချုပ်သည်၊ပျက်ပြယ်သောစာချုပ်ကဲ့သို့စက္ကူစုတ်မဟုတ်။
အာနိသင်မဲ့စာချုပ်မဟုတ်။
ထို့ကြောင့်ပျက်ပြယ်ခွင့်ရှိသောစာချုပ်ဟုမြွက်ဟကြေညာပေးရုံမျှနှင့်ပျက်ပြယ်သွားမည်မဟုတ်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၃၉အရတရားရုံးကပယ်ဖျက်ပေးရန်လိုသည်။
ပျက်ပြယ်ခွင့်ရသောစာချုပ်ဖြစ်ကြောင်းမြွက်ဟကြေညာပေးနိုင်သည်ဟုထုံးဖွဲ့သည့်စီရင်ထုံးသာဓကမရှိ။
A I R 1939 ( P C ) 138 စီရင်ထုံးအရ၊မှတ်ပုံတင်စာချုပ်ကိုတရားရုံးကပယ်ဖျက်မှပျက်ပြယ်မည်ဖြစ်သည်။
————————————————
Comments
Post a Comment