ပျက်ပြယ်သောစာချုပ်မျိုးကိုပယ်ဖျက်ရန်မလို။

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ပျက်ပြယ်သောစာချုပ်စာတမ်းတရပ်သည်၊ပဋိညာဉ်အက်ဥပဒေပုဒ်မ၂(ဆ)အရ၊အာနိသင်တစုံတရာမရှိသောကြောင့်၊ယင်းသို့ပျက်ပြယ်သောစာချုပ်မျိုးကိုပယ်ဖျက်ရန်မလို။

————————————-


1983 BLR 26 


ဒေါ်ညွန့်သီ နှင့် ဦးအောင်ခင်ပါ၁၀


ဥက္ကဌအဖြစ်ဦးသန့်စင်၊အဖွဲ့ဝင်များအဖြစ်ဦးမြကျော်နှင့်ဦးလှဘုန်းတို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်


စီရင်ထုံးသည်၊ပျက်ပြယ်သောစာချုပ်ကိုပယ်ဖျက်ရန်လိုသလား၊ပျက်ပြယ်ကြောင်းမြွက်ဟကြေညာပေးရုံနှင့်ပြီးသလားဆိုသောပြဿနာကိုဆုံးဖြတ်ခြင်းဖြစ်သည်။


ပျက်ပြယ်သောစာချုပ်သည်၊စက္ကူစုတ်ဟုဆိုသော်လည်း၊ဆိုင်ရာပုဂ္ဂိုလ်ကပျက်ပြယ်ကြောင်းမြွက်ဟကြေညာပေးရန်စွဲဆိုလာလျှင်၊စွဲဆိုရန်မလိုဟုအမှုအားပလပ်ခွင့်မရှိ။


တရားစွဲဆိုခွင့်ရှိသည်ဆိုသောအချက်မှာငြင်းဆို၍မရသောအချက်ဖြစ်သည်။


စီရင်ထုံးစာမျက်နှာ၂၇၌၊ဗဟိုတရားစီရင်ရေးအဖွဲ့ကအောက်ပါအတိုင်းသုံးသပ်သည်-


[ ဤအမှုတွင်လျှောက်ထားသူကအချင်းဖြစ်စာချုပ်မှာတရားဥပဒေအရပျက်ပြယ်သောစာချုပ်ဖြစ်ကြောင်းမြွက်ဟကြေညာပေးစေလိုမှုစွဲဆိုထားခြင်းဖြစ်သည်။


ပျက်ပြယ်သောစာချုပ်စာတမ်းတရပ်သည်ပဋိညာဉ်အက်ဥပဒေပုဒ်မ၂(ဆ)အရ၊အာနိသင်တစုံတရာမရှိသောကြောင့်၊ယင်းသို့ပျက်ပြယ်သောစာချုပ်မျိုးကိုပယ်ဖျက်ရန်မလိုချေ။


သို့ဖြစ်ရာမူလရုံးကလျှောက်ထားသူစွဲဆိုသောအမှုမှာအချင်းဖြစ်စာချုပ်ကိုပယ်ဖျက်သည့်အမိန့်ချမှတ်ပေးရမည့်အမှုမျိုးဖြစ်သည်ဟုကောက်ယူဆုံးဖြတ်ကာရုံးခွန်ထပ်မံတောင်းဆိုခြင်းမှာမှားယွင်းပေသည်။


ထို့ပြင်ငြင်းချက်အမှတ်(၁)နှင့်စပ်လျဉ်း၍မူလရုံးကလျှောက်ထားသူသည်၊သူစွဲဆိုသည့်အမှုပုံစံအတိုင်းစွဲဆိုခွင့်ရှိသည်ဟုဆုံးဖြတ်ထားသည်ဖြစ်ရာ၊မြွက်ဟကြေညာချက်ဒီကရီသက်သက်အတွက်စွဲဆိုသောအမှုတွင်ရုံးခွန်ကိုရုံးခွန်အက်ဥပဒေဇယား(၂)၊အမှတ်စဉ်၁၇(၃)အရပုံသေကျပ်၂၀/ထမ်းဆောင်ခြင်းမှာမှားယွင်းသည်ဟုမဆိုနိုင်ပေ။ ]


———————————-

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]