ပျက်ပြယ်သောစာချုပ်[ void ]နှင့်ဖျက်သိမ်းလိုကဖျက်သိမ်းနိုင်သောစာချုပ်[ voidable ]
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ပျက်ပြယ်သောစာချုပ်[ void ]နှင့်
ဖျက်သိမ်းလိုကဖျက်သိမ်းနိုင်သောစာချုပ်[ voidable ]
———————————————-
4 LBR 266 ( P C )
T. P. PETHERPERMAL CHETTY (1ST DEFENDANT) -APPELLANT.
V.
R. MUNIANDY SERVAI - Plaintiff
R. M. A. R. L. MUTHIA CHETTY- 2nd defendant
S. P. R. M. P. CHINNIA CHETTY-3rd defendant
( RESPONDENTS)
Before Lord Macnaghten, Lord Atkinson, Sir Andrew Scoble, and Sir Arthur Wilson.
————————-
1953 BLR ( H C ) 373
MAHMOOD EBRAHIM ARIFF (APPELLANT)
V.
ASHA BEE BEE AND NINE OTHERS (RESPONDENTS).*
Before U Tun Byu, C.J. and U Chan Tun Aung, J.
——————————-
1973 BLR 15
မာမွတ်ရာကွတ်မန်ဆာ နှင့် အယွတ်အစ္စမေး(လ်)အာတီးယားပါ၁၆
တရားသူကြီးဦးသက်ဖေနှင့်တရားသူကြီးဦးတင်အုန်းတို့ရှေ့တွင်
——————————
1983 BLR 26
ဒေါ်ညွန့်သီ နှင့် ဦးအောင်ခင်ပါ၁၀
ဥက္ကဌအဖြစ်ဦးသန့်စင်၊အဖွဲ့ဝင်များအဖြစ်ဦးမြကျော်နှင့်ဦးလှဘုန်းတို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်
—————————-
1987 BLR 87
ဦးသိန်းဟန် နှင့် မငွေပါ၂
ဥက္ကဌအဖြစ်ဦးဝင်းမောင်၂၊အဖွဲ့ဝင်များအဖြစ်ဒေါက်တာမန်းသက်စံနှင့်ဦးမျိုးမြင့်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်
————————————
1991 BLR ( F B ) 141
ဒေါ်လွန်းပါ၅ နှင့် ဒေါ်သိန်းရင်
တရားရုံးချုပ်တရားသူကြီးဦးအောင်တိုး၊တရားသူကြီးများဖြစ်ကြသောဦးအေးအုန်း၊ဦးကျော်တင့်၊ဦးမျိုးထွန်းလင်းနှင့်ဦးကျော်ဝင်းတို့ရှေ့တွင်
———————————
စာချုပ်စာတမ်းကိုပယ်ဖျက်နိုင်သော၊သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၃၉သည်၊ပျက်ပြယ်သောစာချုပ်အပြင်၊ဖျက်သိမ်းလိုကဖျက်သိမ်းနိုင်သောစာချုပ်နှစ်မျိုးစလုံးကိုရည်ညွှန်းထားသဖြင့်၊နားရှုပ်စရာဖြစ်သည်။
ပဋိညာဉ်အက်ဥပဒေပုဒ်မ၂(ဆ)အရ[ ပျက်ပြယ်သောစာချုပ် ]သည်[ စက္ကူစုတ် ]ဖြစ်သည်။
ပဋိညာဉ်အက်ဥပဒေပုဒ်မ၂(ဈ)အရ[ ပျက်ပြယ်ခွင့်ရသောစာချုပ် ]သည်၊ပယ်ဖျက်ခွင့်ရှိသောသူက၊တည်ရှိစေလိုလျင်တည်ရှိနိုင်သည်၊ပျက်ပြယ်စေလိုလျင်ပယ်ဖျက်နိုင်သည်။
ပဋိညာဉ်အက်ဥပဒေပုဒ်မ၁၉၊သို့မဟုတ်၊ပုဒ်မ၁၉-က၊အရပယ်ဖျက်ခွင့်ရှိသောသူကပယ်ဖျက်ပေးရန်၊သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၃၉အရတရားစွဲဆိုရာတွင်၊တရားရုံးကပယ်ဖျက်လိုက်သောအခါမှ၊စာချုပ်ရပ်စဲသွားမည်ဖြစ်သည်။
ပျက်ပြယ်သောစာချုပ်ကိုပယ်ဖျက်ရန်မလိုဟုဆိုခြင်းမှာမှန်ကန်သော်လည်း၊တဘက်က၎င်းစာချုပ်အပေါ်အခြေခံ၍အရေးဆိုလျင်၊စက္ကူစုတ်ဖြစ်သည်၊အာနိသင်မရှိဟုစာချုပ်နှင့်ပတ်သက်သောကျန်တဘက်ကပြောဆိုခွင့်ရှိသည်။
အဆိုပါအယူအဆသည်၊ 4 LBR 266 ( P C )စီရင်ထုံးမှစတင်ခဲ့သည်။
အမည်ခံအမည်ငှါးလွှဲပြောင်းမှုသည်အကျိုးသက်ရောက်မှုမရှိသောကြောင့်၊ပိုင်ရှင်အစစ်သည်အဆိုပါစာချုပ်မျိုးကိုပယ်ဖျက်ပေးရန်တရားစွဲဆိုခြင်းမပြုဘဲ၊အမည်ငှါးထံတွင်ရှိသောမိမိပိုင်ပစ္စည်းကိုလက်ရောက်ရလိုကြောင်းတိုက်ရိုက်တရားစွဲဆိုနိုင်သည်ဟု၊အဆိုပါအမှုတွင်ပရီဗီကောင်စီကထုံးဖွဲ့သည်။
1953 BLR ( H C ) 373 စီရင်ထုံး၌၊လွှဲပြောင်းသူသေဆုံးသွားခဲ့လျင်၊အဆိုပါလွှဲပြောင်းမှုသည်အမည်ငှါးဖြစ်သည်ဆိုသောကိစ္စအား၊အမွေစီမံခန့်ခွဲပေးစေလိုမှုတွင်စိစစ်ဆုံးဖြတ်ခွင့်မရှိဟုဆုံးဖြတ်ရာတွင်၊ 4 LBR 266 ( P C ) စီရင်ထုံးသည်၊အမွေစီမံခန့်ခွဲပေးစေလိုမှုနှင့်မသက်ဆိုင်ဟုထောက်ပြခဲ့သည်။
သို့သော် 1973 BLR 15 အမှု၌၊အမွေပစ္စည်းများရခွင့်ကိုစွန့်လွှတ်သောစာချုပ်ပျက်ပြယ်ကြောင်းမြွက်ဟ၍ဖျက်သိမ်းပေးရန်တရားမစွဲဆိုဘဲ၊အမွေမှုတွင်ထိုသို့ပျက်ပြယ်ခြင်းရှိမရှိကြားနာဆုံးဖြတ်နိုင်သည်ဟု၊ 1953 BLR ( H C ) 373 စီရင်ထုံးကိုမလိုက်နာဘဲဆုံးဖြတ်သည်။
1987 BLR 87 စီရင်ထုံး၌လည်း၊ 1953 BLR ( H C ) 373 စီရင်ထုံးနှင့်ကွဲလွဲ၍၊အမွေရှင်ချုပ်ဆိုခဲ့သောအပိုင်ပေးစာချုပ်ပျက်ပြယ်ခြင်းရှိမရှိ၊တရားတထုံးစွဲဆိုခြင်းမရှိဘဲအမွေမှုတွင်ဆုံးဖြတ်နိုင်ကြောင်းဆုံးဖြတ်သည်။
အဆိုပါဆုံးဖြတ်ချက်ကိုစုံညီခုံရုံးက၊ 1991 BLR ( F B ) 149 အမှုတွင်လက်ခံဆုံးဖြတ်သည်။
ထို့ကြောင့်အမြင့်ဆုံးတရားရုံးဖြစ်သောပရီဗီကောင်စီက၊ 4 LBR 266 ( P C ) အမှုတွင်၊အမည်ငှါးလွှဲပြောင်းစာချုပ်အားတရားတထုံးစွဲဆိုပယ်ဖျက်ရန်မလိုဟုဆုံးဖြတ်ခဲ့ပြီး၊ 1991 BLR ( F B ) 149 အမှု၌၊ပျက်ပြယ်သောစာချုပ်အားပယ်ဖျက်ပေးရန်စွဲဆိုခြင်းမပြုသော်လည်း၊ပျက်ပြယ်ကြောင်းအမွေမှုတွင်ဆုံးဖြတ်နိုင်သည်ဆိုသောအချက်သည်၊ခိုင်မာသောဥပဒေသများအဖြစ်သို့ရောက်ရှိသွားပြီဖြစ်သည်။
အကျိုးသက်ရောက်မှုမရှိသောစာချုပ်၊ပျက်ပြယ်သောစာချုပ်သည်၊စက္ကူစုတ်ဖြစ်သောကြောင့်တကူးတကဖျက်ရန်မလို။
စက္ကူစုတ်ဖြစ်ကြောင်းတရားရုံးကတွေ့ရှိလျှင်၊စာချုပ်တွင်ပါဝင်သောအမှုကိစ္စသည်အမှန်တကယ်မရှိဟုသဘောထားရန်ဖြစ်သည်။
4 LBR 266 ( P C )အမှုတွင်အမည်ငှါးလွှဲပြောင်းသောပစ္စည်းကိုလက်ရှိထားသောတရားပြိုင်သည်၊ 1948 BLR 411 အမှု၌၊ထုံးဖွဲ့ထားသည့်အတိုင်းအခွင့်အရေးတစုံတရာဖြင့်နေထိုင်သူမဟုတ်သောကြောင့်၊စာချုပ်အားတရားရုံးကတရားဝင်မဖျက်သိမ်းရသေးသော်လည်း၊တရားလိုကလက်ရောက်စွဲဆိုခြင်းကိုစာချုပ်ကအဟန့်အတားမဖြစ်စေရဟု၊ပရီဗီကောင်စီကဆုံးဖြတ်သည်။
ထို့အတူပျက်ပြယ်သောအပေးစာချုပ်အရအပိုင်ပေးခြင်းသည်အကျိုးသက်ရောက်မှုမရှိသောကြောင့်အပိုင်ပေးခြင်းအထမမြောက်သည့်အတွက်၊ပေးသောပစ္စည်းကိုအမွေပုံတွင်ထည့်သွင်း၍အမွေခွဲရန်ဖြစ်သည်။
————————
ဒေါ်လွန်းပါ၅ နှင့် ဒေါ်သိန်းရင်
၁၉၉၁ ခုနှစ် ၊ မြန်မာနိုင်ငံတရားစီရင်ထုံးများ၊ စာ - ၁၄၁
အမှုအဆုံးအဖြတ်ကိစ္စ။
ဒေါ်လွန်းစီရင်ထုံးတွင်၊ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈ကိုအကြောင်းပြု၍ဆန့်ကျင်လက်ရှိထားသောပစ္စည်းအပေါ် ပိုင်ဆိုင်ခွင့်ရှိစေရမည်ဟု ဆုံးဖြတ်ခြင်းမရှိသည်မှာမှန်သော်လည်း၊တရားလိုဒေါ်လွန်းပါ၅တို့ကအမွေရှင်ထံမှအချင်းဖြစ်ပစ္စည်းများကိုမှတ်ပုံတင်အပေးစာချုပ်အရအပိုင်ရသွားသောဒေါ်သိန်းရင်အပေါ်အမွေမှုစွဲဆိုခြင်းဖြစ်သည်။
စုံညီခုံရုံးက[ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈အရအချင်းဖြစ်မြေမှာ အမွေရှင်ဒေါ်မကျန်ရစ်သည့်အမွေပစ္စည်းမဟုတ်တော့သဖြင့်အမွေခွဲဝေရန်ပြဿနာပေါ်ပေါက်မည်မဟုတ်တော့ချေ]ဟုစီရင်ထုံးနောက်ဆုံးအပိုဒ်တွင်ဆုံးဖြတ်သည်။
အမွေရလိုကြောင်းစွဲဆိုသည့်ဒေါ်လွန်းပါ၅ဦးတို့သည်၊အမွေရရန်အကြောင်းမရှိသဖြင့် ၎င်းတို့စွဲဆိုသောအမှုကိုပလပ်ရန်မှတပါးအခြားနည်းမရှိတော့။
ဤအခြေအနေတွင်မြန်မာဓလေ့ထုံးတမ်းဥပဒေအရပျက်ပြယ်သောစာချုပ်ကိုအကြောင်းပြုပြီးအပိုင်ရသည်ဆိုသောအယူခံတရားပြိုင်ဒေါ်သိန်းရင်သည်ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈အရပိုင်ရှင်ဖြစ်သွားသည်ဟုဆုံးဖြတ်ရန်အကြောင်းမရှိ၍မဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ဒေါ်လွန်းစီရင်ထုံးစာမျက်နှာ၁၄၆နှင့်၁၄၇တွင်၊အယူခံတရားပြိုင်ဒေါ်သိန်းရင်၏ရှေ့နေက၊မိုဟာမက်အီဘရာဟင်အရဇ်( ဖ် )နှင့်အရှာဘီဘီ၊၁၉၅၃ ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံးများ ( လွှတ်တော် )၊စာ၃၇၃အမှုကို ကိုးကားတင်ပြလျှောက်လဲသည်။
မိုဟာမက်အီဘရာဟင်အရဇ်(ဖ် )အမှုတွင်ဆုံးဖြတ်ရန်ပြဿနာမှာကွယ်လွန်သူအသက်ထင်ရှားရှိစဉ်ကရှယ်ယာများကိုလွှဲပြောင်းပေးခြင်း၏တရားဝင်မှုကိုတရားလိုက အမွေမှုတွင်အရေးဆိုခွင့်ရှိ၊မရှိပြဿနာဖြစ်သည်။
အယူခံတရားလို၏ရှေ့နေက ရှယ်ယာများလွှဲပြောင်းပေးမှုမှာအမည်ငှားသဘောဖြစ်ကြောင်းအဆိုလွှာတွင်စွပ်စွဲထားသည်ဖြစ်၍ကွယ်လွန်သူ၏အမွေပုံပစ္စည်းဖြစ်သည်ဟုသဘောထားရမည့်ရှယ်ယာများကိုလွှဲပြောင်းပေးခြင်းသည်အမည်ငှားသဘောဟုတ်၊မဟုတ်အမွေမှုတွင်ဆုံးဖြတ်နိုင်သည်ဟုလျှောက်လဲတင်ပြသည်။
အယူခံရုံးက၊ပစ္စည်းတရပ်ကိုသူတပါးအားဥပဒေနှင့်အညီလွှဲပြောင်းပေးထားပြီးပါကယင်းသို့လွှဲပြောင်းပေးမှုမှာတရားမဝင်ကြောင်းမြွက်ဟကြေငြာပေးရန်အရေးယူဆောင်ရွက်ခြင်းမရှိခဲ့လျှင်တရားမဝင်ဟုမမှတ်ယူသင့်ကြောင်း၊ရှယ်ယာတွင်အမည်ပေါက်သူသည်ဥပဒေအရရှယ်ယာပိုင်ရှင်ဖြစ်သည်ဟုမှတ်ယူရမည်ဖြစ်ကြောင်း၊ ဤတရားဝင်အခြေအနေများကိုပြောင်းလဲရန်တနည်းနည်းဖြင့်ကနဦးအရေးယူဆောင်ရွက်သင့်ကြောင်း၊ယေဘုယျအားဖြင့်ဆိုလျှင်မှတ်ပုံတင်ကုမ္ပဏီတခုတွင်ရှယ်ယာဝယ်လိုသူသည်ကုမ္ပဏီမှတ်ပုံတင်တွင်ဖော်ပြချက်တို့မှန်ကန်သည်ဟုဥပဒေအရမှတ်ယူနိုင်ကြောင်း၊ရှယ်ယာများကိုအယူခံတရားပြိုင်များအားလွှဲပြောင်းပေးထားခြင်းကိုပျက်ပြယ်စေရန်တနည်းနည်းဖြင့်အရေးယူခဲ့ခြင်းမရှိလျှင်ထိုရှယ်ယာများသည်ကွယ်လွန်သူကွယ်လွန်စဉ်အမွေပုံတွင်ပါသည်ဟုမှတ်ယူရန်ခဲယဉ်းကြောင်း၊လွှဲပြောင်းပေးမှုများမှာအမည်ငှားဖြစ်သည်ဆိုရုံမျှဖြင့်ထိုရှယ်ယာများ တရားဝင်တည်ရှိနေသည့်အခြေအနေကိုပြောင်းလဲနိုင်မည်မဟုတ်ကြောင်း၊အကြောင်းမူထိုရှယ်ယာများအားလွှဲပြောင်းပေးမှုကိုမပယ်ဖျက်သေးသရွေ့သို့မဟုတ်တရားမဝင်ဟုမကြေညာသေးသရွေ့ဥပဒေအရဆိုလျှင်အယူခံတရားပြိုင်တို့သည်ထိုရှယ်ယာများကိုပိုင်သည်ဟုကနဦးတွင်မှတ်ယူရမည်ဖြစ်ကြောင်း၊ကွယ်လွန်သူသေဆုံးချိန်တွင် မျက်မြင်အားဖြင့်အခြားသူပိုင်ကြောင်းပေါ်ပေါက်သည့်ပစ္စည်းများ၏ပိုင်ဆိုင်မှုနှင့်စပ်လျဉ်း၍တရားမကျင့်ထုံးဥပဒေအမိန့် ၂၀၊နည်း၁၃( ၁ )အရစုံစမ်းမှုမပြုနိုင်ကြောင်းသုံးသပ်သည်။
တဖက်တွင်-
ဒေါ်သိုင်း နှင့် ဒေါ်ငွတ်ပါ ၂
၁၉၄၉ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံးများ(တရားလွှတ်တော်)စာ - ၄၇၁
ကိုကိုးကားဆုံးဖြတ်သော-
ဒေါ်လွန်းပါ ၅ နှင့် ဒေါ်သိန်းရင်
၁၉၉၁ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံးများ၊စာ၁၄၁
စီရင်ထုံးတွင်အမွေပုံစီမံခန့်ခွဲပေးစေလိုမှု၌အမွေပုံပစ္စည်းနှင့်ပတ်သက်သောစာချုပ်စာတမ်းကိုပျက်ပြယ်ကြောင်းအဆုံးအဖြတ်ပြုထားသည့်သာဓကရှိသည်ဟုစောဒကတက်စရာရှိသည်။
ဒေါ်လွန်းအမှုတွင်ရည်ညွှန်းသောစာချုပ်သည်၊မိဘများပိုင်သောအမွေပစ္စည်းအားလုံးကိုပေးကမ်းသည့်စာချုပ်သည်မူလကပင်ပျက်ပြယ်နေသဖြင့်ထိုသို့အမွေမှုတွင် ပျက်ပြယ်ကြောင်းအဆုံးအဖြတ်ပေးခြင်းဖြစ်သည်။
ဒေါ်လွန်းအမှုကိုလေ့လာပါလျှင်၊အချင်းဖြစ်မြေမှာမိခင်ကွယ်လွန်သောအခါအမွေဆိုင်ပစ္စည်းအဖြစ်ကျန်ရစ်ကြောင်းကြေညာပြဌာန်းပေးရန်နှင့်အမွေစီမံခန့်ခွဲပေးစေလိုကြောင်းတရားစွဲဆိုခြင်းဖြစ်သည်။
————————-
Comments
Post a Comment