မကြုံစဖူးထူးကဲသောအမှု[ A. I. R. 1937 Rangoon 324 ][ Part Four ]
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
မကြုံစဖူးထူးကဲသောအမှု[ A. I. R. 1937 Rangoon 324 ][ Part Four ]
————————————————-
တရားစွဲဆိုရန်အကြောင်းဖြစ်မြောက်စေသောအကြောင်းခြင်းရာတို့ကို[ လေးလေးနက်နက်မစိစစ်ဖြစ်လျှင် ]အဆိုလွှာကိုအမိန့်၇၊နည်း၁၁(က)အရပယ်ချသင့်၊မသင့်ဆုံးဖြတ်ရာတွင်လည်းကောင်း၊တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်ခြင်းရှိ၊မရှိငြင်းချက်ကိုဆုံးဖြတ်ရာ၌လည်းကောင်း၊အဖြေမှန်မရရှိနိုင်ပါ။
—————————————————-
A. I. R. 1937 Rangoon 324 [ D B ]
Ma Pwa Shin — Appellant.
V.
U Po Sin and another-Respondents.
Letters Patent Appeal No. 2 of 1936,
Decided on 21st August 1936.
BRAUND, J.
on difference between
LEACH AND SPARGO, JJ.
and afterwards
DUNKLEY, J.
on difference between
LEACH AND SPARGO, JJ.
အမှုတွင်၊တတိယတရားဝန်ကြီး Braund, J. ၏အကြောင်းပြချက်များသည်၊စီရင်ထုံးစာမျက်နှာ၃၂၈၊ကော်လံ၁မှစာမျက်နှာ၃၃၁၊ကော်လံ၂အထိရှည်လျားသည်။
ပြီးပြည့်စုံသည်။
ရှေ့နေ၏မှားယွင်းမှုကြောင့်၊တရားလိုမဖွားရှင်မိအေးနှစ်ခါနာရသည်ကို၊တတိယတရားဝန်ကြီး Braund, J. က၊ဘဝင်ကျပုံမပေါ်။
ပရီဗီကောင်စီ၏စီရင်ထုံးတရပ်ကိုရည်ညွှန်းပြီး၊၎င်း၏အမြင်ကိုထုတ်ဖော်သည်။
တရားသူကြီး Braund, J. ရည်ညွှန်းသောပရီဗီကောင်စီ၏စီရင်ထုံးမှာအောက်ပါအတိုင်းဖြစ်သည်-
Muhammad Hafiz
vs
Mirza Muhammad Zakariya
on 17 November, 1921
Equivalent citations: (1922)24BOMLR341
AIR 1922 P C 23
65 I C 79
49 I A 9
44 All 121 ( P C )
JUDGMENT Buckmaster, J.
ပရီဗီကောင်စီ၏စီရင်ချက်စာမျက်နှာ၃၊အပိုဒ်၉၌၊တရားသူကြီး Buckmaster, J.ကအောက်ပါအတိုင်းမြွက်ဆိုသည်-
[ In the case of The Rajah of Pittapur v. Sri Rajah Venkata Mahipati Surya (1885) L.R. 12 I.A. 116 it is said that the cause of action means the cause of action for which the suit is brought, and it does not say that every suit includes every cause of action.
Their Lordships see no reason to attempt to qualify or to extend those words, because they are in fact nothing but a repetition of the exact words of the Code; the cause of action is the cause of action which gives occasion for and forms the foundation of the suit, and if that cause enables a man to ask for larger and wider relief than that to which he limits his claim, he cannot afterwards seek to recover the balance by independent proceedings.
The ease of Yeshvant v. Vithal (1895) I.L.R. 21 Bom. 267 really illustrates this view, for there the learned judge held that both the causes of action and the remedies were distinct. ]
————————————————-
စီရင်ထုံးစာမျက်နှာ၃၃၁၊ကော်လံ၁၌၊တရားသူကြီး Braund, J.က၎င်း၏အမြင်ကိုအောက်ပါအတိုင်းဆက်လက်ဖော်ထုတ်သည်-
[ That was a case in which the rule, if applied, worked an obvious injustice to the plaintiff.
•••••• the cause of action is the cause of action which gives occasion for and forms the foundation of the suit, and if that cause enables a man to ask for larger and wider relief than that to which he limits his claim, he cannot afterwards seek to recover the balance by independent proceedings.
I cannot escape the conclusion, however willing I might be to do so, that in this case the plaintiff's "cause of action" consisted of her interest in the property by virtue of the death intestate of U Kaing and her family position in relation to him. ]
————————————————-
ပရီဗီကောင်စီ၊စီရင်ထုံးရှိ[ independent proceedings ]ဆိုသည်မှာနောက်ထပ်စွဲဆိုသောသီးခြားအမှုများကိုဆိုလိုသည်။
အမိန့်၂၊နည်း၂ပါပြဌာန်းချက်များကိုအခြားတနည်းရေးပြခြင်းဖြစ်သည်ကိုလေ့လာမှတ်သားအပ်သည်။
[ I A ]သည်[ Indian Appeals ]ဖြစ်သည်။
ပရီဗီကောင်စီ၊စီရင်ထုံးများသာပါသည့်စီရင်ထုံးစာအုပ်ဖြစ်သည်။
ဦးဆောင်စီရင်ချက်ကိုရေးသောတရားဝန်ကြီး Leach, J. က၊စီရင်ထုံးစာမျက်နှာ၃၂၆၊ကော်လံ၁၌အောက်ပါအတိုင်းစီရင်ထုံးနှစ်ရပ်ကိုကိုးကားဆုံးဖြတ်သည်-
[ If authority is wanted for the view that the cause of action in the second suit was different from the cause of action in the first suit, it is to be found in 5 Bom 27 and in 5 Bom 589. ]
[ Shivram v. Narayan, (1880) 5 Bom 27 ]
[ Konerrav v. Gurrav, (1880) 5 Bom 589 ]
တတိယတရားဝန်ကြီး Braund, J.က၊ထိုစီရင်ထုံးများသည်[ မဖွားရှင် ]အမှုအတွက်အဖြေမဟုတ်ကြောင်း၊စီရင်ထုံးစာမျက်နှာ၃၃၀ကော်လံ၁၊ကော်လံ၂နှင့်စီရင်ထုံးစာမျက်နှာ၃၃၁၊ကော်လံ၁၊ကော်လံ၂တို့တွင်ရှင်းပြထားသည်။
အလျဉ်းသင့်၍ဖြစ်ရပ်ချင်းမတူသောစီရင်ထုံးများကို၊ကိုးကားဆုံးဖြတ်ခြင်းမပြုရန်၊2004 BLR 146[ 151 ]အမှု၌သတိပေးထားသည်ကိုသိရှိရန်နှိုးဆော်လိုက်ပါသည်။
—————————————————
A. I. R. 1937 Rangoon 324 [ D B ]
Ma Pwa Shin — Appellant.
V.
U Po Sin and another-Respondents.
Letters Patent Appeal No. 2 of 1936,
Decided on 21st August 1936.
BRAUND, J.
on difference between
LEACH AND SPARGO, JJ.
and afterwards
DUNKLEY, J.
on difference between
LEACH AND SPARGO, JJ.
အမှုတွင်-
တရားသူကြီး Leach, J.ကစီရင်ထုံးစာမျက်နှာ၃၂၅၊ကော်လံ၁မှစီရင်ထုံးစာမျက်နှာ၃၂၇၊ကော်လံ၁အထိလည်းကောင်း-
တရားသူကြီး Spargo, J.ကစီရင်ထုံးစာမျက်နှာ၃၂၇၊ကော်လံ၁မှစီရင်ထုံးစာမျက်နှာ၃၂၈၊ကော်လံ၁အထိလည်းကောင်း-
တရားသူကြီး Braund, J.ကစီရင်ထုံးစာမျက်နှာ၃၂၈၊ကော်လံ၁မှစီရင်ထုံးစာမျက်နှာ၃၃၁၊ကော်လံ၂အထိလည်းကောင်း-
တရားသူကြီး Dunkley. J.ကစီရင်ထုံးစာမျက်နှာ၃၃၁၊ကော်လံ၂မှစီရင်ထုံးစာမျက်နှာ၃၃၂၊ကော်လံ၂အထိလည်းကောင်း-
တရားသူကြီး Leach, J.ကစီရင်ထုံးစာမျက်နှာ၃၃၂၊ကော်လံ၂မှစီရင်ထုံးစာမျက်နှာ၃၃၃၊ကော်လံ၁အထိလည်းကောင်း-
တရားသူကြီး Spargo, J.၏သဘောတူညီချက်ကို၊စီရင်ထုံးစာမျက်နှာ၃၃၃၊ကော်လံ၁တွင်လည်းကောင်း-
တရားသူကြီး Dunkley, J.ကစီရင်ထုံးစာမျက်နှာ၃၃၃၊ကော်လံ၁မှစီရင်ထုံးစာမျက်နှာ၃၃၃၊ကော်လံ၂တွင်လည်းကောင်း-
မိမိတို့၏အမြင်အသီးသီးအားထုတ်ဖော်ရေးသားကြခြင်းကို၊နှောင်းခေတ်တရားသူကြီးများအတုယူအားကျသင့်သည်။
—————————————————————
Comments
Post a Comment