မကြုံစဖူးထူးကဲသောအမှု[ A. I. R. 1937 Rangoon 324 ][ Part One ]

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


မကြုံစဖူးထူးကဲသောအမှု[ A. I. R.  1937 Rangoon 324 ][ Part One ]

————————————————


[ တရားစွဲဆိုရန်အကြောင်း၏ ]အဓိပ္ပာယ်ကို၊အင်္ဂလန်နိုင်ငံစီရင်ထုံးများတွင်အခါအားလျော်စွာဖွင့်ဆိုခဲ့သည်။


13 Ran 330 


DIWAN BAHADUR A.M.M. MURUGAPPA CHETTIAR


                       V.


N. C. GALLIARA AND OTHERS.*


Before Mr. Justice Leach.


1935 Feb 18


အမှုတွင်၊တရားသူကြီး Leach က၊စီရင်ထုံးစာမျက်နှာ၃၃၅၌ကိုးကားသောအဓိပ္ပာယ်ဖွင့်ဆိုချက်သည်အောက်ပါအတိုင်းဖြစ်သည်-


[ “Cause of action” has been held from the earliest time to mean every fact which is material to be proved to entitle the plaintiff to succeed,—every fact which the defendant would have a right to traverse. ]


[ တရားစွဲဆိုရန်အကြောင်းဟူသည်၊တရားလိုအားအမှုအနိုင်ရထိုက်စေရန်အလို့ငှါ၊သက်သေထင်ရှားပြရန်အရေးပါသောအကြောင်းခြင်းရာအသီးသီးဖြစ်သည်။ ]


တရားပြိုင်သည်ထိုအကြောင်းခြင်းရာအသီးသီးကိုငြင်းဆိုခွင့်ရှိသည်မှာ၊အမိန့်၈၊နည်း၂အရထင်ရှားသဖြင့်၊ဖော်ပြရန်ပင်လိုမည်မဟုတ်ဟုသဘောထားပါက၊တရားစွဲဆိုရန်အကြောင်းဟူသောစကားရပ်၏အဓိပ္ပာယ်ကိုပိုမိုသဘောပေါက်ဖွယ်ရာအကြောင်းရှိသည်။

—————————————-


A. I. R. 1937 Rangoon 324[ D B ]


Ma Pwa Shin — Appellant.


            V.


U Po Sin and another-Respondents.


Letters Patent Appeal No. 2 of 1936,


Decided on 21st August 1936.


BRAUND, J.


on difference between


LEACH AND SPARGO, JJ.


and afterwards


DUNKLEY, J.


on difference between


LEACH AND SPARGO, JJ.


အမှုတွင်ခုံရုံးတရားဝန်ကြီးနှစ်ဦးသဘောကွဲလွဲရာ၊နောက်တရားသူကြီးတဦး၏အဆုံးအဖြတ်ကိုခံယူသောအခါပြဿနာမှာမငြိမ်းသေးသဖြင့်၊စတုတ္တတရားဝန်ကြီး၏အဆုံးအဖြတ်ကိုထပ်မံရယူခဲ့ရသည်။ 


အယူခံကိုလေးကြိမ်တိုင်တိုင်ကြားနာဆုံးဖြတ်ရသည့်မကြုံစဖူးထူးကဲသောအမှုဖြစ်သည်။


အမှုတွင်ဟိုက်ကုတ်တရားဝန်ကြီး Leach, J. သည်၊တရားစွဲဆိုရန်အကြောင်းဟူသောစကားရပ်ကိုအဓိပ္ပာယ်ဖွင့်ဆိုသောစီရင်ထုံးများကို၊စီရင်ထုံးစာမျက်နှာ၃၂၆တွင်ကိုးကားနိုင်သော်လည်း၊အမှုဖြစ်ရပ်နှင့်စပ်ဟပ်ဆုံးဖြတ်ရာတွင်လွဲမှားခဲ့သည့်သာဓကကိုသင်ခန်းစာအဖြစ်မှတ်သားနိုင်ရန်ဆွေးနွေးပါက[ တရားစွဲဆိုရန်အကြောင်း ]ဟူသောစကားရပ်၏အဓိပ္ပာယ်ကိုပိုမိုသဘောပေါက်တန်ရာသည်။


အယူခံတရားလို[မူလရုံးတရားလို]မဖွားရှင်သည်အမွေရှင်ဦးကိုင်း၏အမွေမမီမြေးဖြစ်သည်။


ဦးကိုင်းတို့လင်မယားတွင်သမီးမဆိုင်[အယူခံတရားလိုမဖွားရှင်၏မိခင်]နှင့်မလှိုင်[အယူခံတရားပြိုင်ဦးဖိုးဆင်၏ဇနီး]တို့ထွန်းကားသည်။


မဆိုင်သည်မိဘများအလျင်သေဆုံးသည်။


မလှိုင်သည်မိခင်သေဆုံးစဉ်အခါက၊ကျန်ရစ်သူဖခင်ဦးကိုင်းထံမှအမွေတောင်းခွင့်မရှိ။


ဖခင်အလျင်ကွယ်လွန်သွားသဖြင့်၊ဦးကိုင်း၏အမွေကိုသမက်ဖြစ်သူဦးဖိုးဆင်သည်[၁၉၂၆ခုနှစ်၊ဇန်နဝါရီလ(၂၈)ရက်နေ့တွင်ဆုံးဖြတ်သော၊ 4 Ran ( P C )513 စီရင်ထုံးအရ]အမွေဆက်ခံခွင့်မရှိ။

—————————————-


4 Ran ( P C ) 513 


MAUNG KYI OH AND ANOTHER


                    V.


MA THET PON.*


Present: VISCOUNT DUNEDIN, Mr. AMEER ALI, Sir ARTHUR CHANNELL.


1926 Jan. 28.


အမှုတွင်၊ပရီဗီကောင်စီကအောက်ပါအတိုင်းဆုံးဖြတ်သည်-


[ Buddhist Law-Husband of daughter predeceasing her parent is not an heir of the parent -Procedure when there is obvious error of fact in a judgment.


At Buddhist Law, where a daughter predeceases heir parent, her husband who survives the parent, is not an heir of such parent.


If a judgment was given out in which there was an absolute mis-statement of fact on a perfectly plain question it would be the duty of the person aggrieved to attempt to put it right before the Court that passed the judgment. ]

—————————————————


သို့သော်ဦးကိုင်းကျန်ရစ်သောမြေတွင်ဦးဖိုးဆင်နေထိုင်သည်။


မဖွားရှင်၏ရှေ့နေသည် 4 Ran ( P C ) 513 စီရင်ထုံးကိုသိပုံမပေါ်။


အချင်းဖြစ်မြေကိုအမွေမမီမြေးမဖွားရှင်နှင့်ဦးဖိုးဆင်တို့ထက်ဝက်စီရထိုက်သည်ဟုမှားယွင်းယူဆပြီး၊စလေမြို့နယ်တရားရုံး၊၁၉၃၃ခုနှစ်၊တရားမကြီးမှုအမှတ်၅၅တွင်မြေ၏ထက်ဝက်ကိုခွဲဝေပေးရန်တရားစွဲဆိုရာ၌၊အဆိုအပိုဒ်၃တွင်အောက်ပါအတိုင်းအဆိုပြုသည်-


[ 3. The said house compound land devolved on Ma Saing,[မှတ်ချက်။   ။မြန်မာဓလေ့ထုံးတမ်းဥပဒေအရမှားသည်] plaintiff’s mother, from the parents Ma Pu and U Kaing. According to Buddhist Dhammathat, after the death of grandfather U Kaing, defendant 1 should give half of the house compound land in suit to plaintiff 1, plaintiff 1 and 3 being the husband and daughter of the deceased, Ma Saing, are entitled to get half of the house compound land. ]


အထက်ဖော်ပြပါအဆိုအပိုဒ်၃ကို၊စီရင်ထုံးစာမျက်နှာ၃၂၈၊ကော်လံ၂တွင်ပြည့်ပြည့်စုံစုံဖော်ပြထားသည်။


မှတ်ချက်။  ။စီရင်ထုံးစာမျက်နှာ၃၂၅၊ကော်လံ၁တွင်၊အောက်ပါအတိုင်းဖော်ပြထားသည်-


[ U Kaing's estate included a house and its site. ]


အဆိုအပိုဒ်၃ကိုအပြည့်အစုံဖော်ပြခြင်းဖြင့်၊အမှုဖြစ်စဉ်အပြည့်အစုံကိုသိခွင့်ရသောကြောင့်၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည်အဆိုလွှာပါအရေးပါသောအကြောင်းခြင်းရာများကိုစီရင်ထုံးဖတ်သူများပြည့်ပြည့်စုံစုံသိရှိနိုင်ရန်စီရင်ချက်တွင်ဖော်ပြသင့်ကြောင်းသာဓကအဖြစ်ဖော်ပြရခြင်းဖြစ်သည်။


မဖွားရှင်၏အယူခံတွင်အမှုရှုံးနိမ့်ရပုံကိုစီရင်ထုံးစာမျက်နှာ၃၂၈၊ကော်လံ၂၌၊တရားသူကြီး Braund, J. ကအောက်ပါအတိုင်းဖော်ပြသည်-


[ The suit was upon the technical ground that the plaint was, on its face demurrable, inasmuch as it is impossible to claim partition of an isolated unit of a joint estate without bringing the whole joint estate into the [hotchpot] for partition as well. ]


[ the technical ground = အမှုသည်များပူးတွဲပိုင်သည့်ပစ္စည်းအားလုံးကိုခွဲဝေပေးရန်အရေးမဆိုဘဲပစ္စည်းခွဲဝေပေးစေလိုမှုမစွဲဆိုနိုင်ဟူသောကျင့်ထုံးဆိုင်ရာ(technical)အကြောင်းအချက် ]


[ on its face = အပြင်ပန်းအရ၊အပေါ်ယံအားဖြင့် ]


[ demurrable = ကန့်ကွက်ဖွယ်ဖြစ်သော ]

————————————-


1897-1901


UPPER BURMA RULINGS


CIVIL , VOLUME II, 229


MA MYA AND TWO OTHERS.


                  V.


MA MYE.


Before H. Thirkell, White. Esq., C.I.E.


အမှုတွင်၊ပစ္စည်းခွဲဝေပေးစေလိုမှု၌၊တရားလိုနှင့်တရားပြိုင်တို့ပူးတွဲပိုင်ပစ္စည်း[တရပ်လုံး][whole]မဟုတ်ဘဲ၊အချို့အဝက်ကိုချန်ထားပြီး၊အချို့ကိုခွဲဝေပေးရန်တရားစွဲဆိုခွင့်မရှိဟု၊အောက်ပါအတိုင်းထုံးဖွဲ့ထားသည်-


Civil Procedure 43-Suit for partition of a portion of joint property cannot lie.


In this case the appellant sued on behalf of herself and her two minor children either for the possession of a certain house in the possession of the defendant or for a share of it.


The Lower Court found that the whole estate had not been made the subject-matter of the suit and as a partition suit dismissed it.


Held, - on the authority of the cases reported in Indian Law Reports, 12 Calcutta, 567, 14 Calcutta, 122, and 7 Bombay. 272, that the judgment of the Lower Court was correct, and that a suit tor partition cannot be brought unless the whole estate  is brought into the division.


References:

I.L.R., 12 Cal., 567.

I. L. R., 14 Cal., 122.

I. L. R., 2 Bomn., 272.

———————————————————


ထိုဥပဒေသဘောကို[ technical ground ]ဟုခေါ်ခြင်းဖြစ်သည်။


ထုံးနည်းမကျမှုဖြစ်သည်။


အထူးသတိပြုပါ။


မြန်မာစာအဖွဲ့၏အင်္ဂလိပ်-မြန်မာအဘိဓာန်၊စာမျက်နှာ၆၇၆တွင်[ hotchpot ]ကို[ ဗြုတ်စဗျင်းတောင်း ]ဟုဘာသာပြန်သည်။


[ထိုဘာသာပြန်ချက်ကခွဲရန်ရှိသောပစ္စည်းစုတရပ်လုံးကိုဆိုလိုကြောင်းဖော်ညွှန်းသည်။]


တရားရုံးများလက်စွဲ[ဒုတိယအကြိမ်ထုတ်]စာမျက်နှာ၈၆၊အပိုဒ် V ရှိ[ technical error ]ကို၊မြန်မာဘာသာဖြင့်ထုတ်ဝေသောတရားရုံးများလက်စွဲ၊စာမျက်နှာ၉၂၌၊စွဲဆိုပုံနည်းနှင့်စပ်လျဉ်းသည့်အချက်များမှားယွင်းခြင်းဟုဆီလျော်အောင်ဘာသာပြန်သည်။


အမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၄၉[မြန်မာနိုင်ငံဥပဒေအတွဲ၁၁၊စာ၁၇၄]၏ဘေးမှတ်စုတွင်[ brought into hotchpot ]ဟူသောစကားရပ်ကိုသုံးထားသည်။

———————————————-

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ