မကြုံစဖူးထူးကဲသောအမှု[ A. I. R. 1937 Rangoon 324 ][ Part Three ]

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


မကြုံစဖူးထူးကဲသောအမှု[ A. I. R.  1937 Rangoon 324 ][ Part Three ]

————————————————-


A. I. R. 1937 Rangoon 324 [ D B ]


Ma Pwa Shin — Appellant.


            V.


U Po Sin and another-Respondents.


Letters Patent Appeal No. 2 of 1936,


Decided on 21st August 1936.


BRAUND, J.


on difference between


LEACH AND SPARGO, JJ.


and afterwards


DUNKLEY, J.


on difference between


LEACH AND SPARGO, JJ.


အမှုတွင်ခုံရုံးထိုင်သောကျန်တရားသူကြီး Spargo, J. ကအချင်းဖြစ်အမှုနှစ်မှုတွင်ပေါ်ပေါက်သောတရားစွဲဆိုရန်အကြောင်းတို့သည်တရပ်တည်း[ same ]ဖြစ်ကြောင်း၊စီရင်ထုံးစာမျက်နှာ၃၂၇၊ကော်လံ၂တွင်အောက်ပါအတိုင်းအကြောင်းပြသည်-


[ In the first case she sued to recover her share of certain property as an heir of U Kaing, but she only claimed a half; the second she also sued as an heir but claimed the whole. In each case the essential point was that she was an heir and she claimed the share that that fact entitled her to. The fact that in the first case she asked for partition against a person whom she regarded as a co-heir and in the second case she asked for the whole makes no essential difference. In my opinion the cause of action in each case was the same. ]


[ she claimed the share that = which အစားသုံးသည် ]


[ that fact entitled her to. = that ထို ]


ခုံရုံးအဖွဲ့ဝင်နှစ်ဦး[ Leach, J. & Spargo, J. ]သဘောထားကွဲလွဲသဖြင့်၊တတိယတရားဝန်ကြီး Braund, J. ၏အဆုံးအဖြတ်ကိုခံယူရပြန်သည်။


တရားဝန်ကြီး Braund, J. သည်လည်း 2015 BLR 174( 176 )အမှု၌ညွှန်ပြသောတရားစွဲဆိုရန်အကြောင်း၏အဓိပ္ပာယ်ကိုပင်ကိုးကားပြီးနောက်၊စီရင်ထုံးစာမျက်နှာ၃၂၉၊ကော်လံ၂တွင်အောက်ပါအတိုင်းသုံးသပ်သည်-


[ As I understand that, it means that the “cause of action” consists of the facts upon which [ to revert to the words of O. 2, R. 2( 1 ) ] the plaintiff is entitled to base a "claim" in a suit with reference to the subject matter of the dispute.


The claim she actually does make cannot, in my view,be material because what the rule makes the deciding factor is the claim which he is “entitled “ to make.


It is, I think, most important to appreciate that it is the claim which “he is entitled to make” and not the claim he makes that is made the criterion under the rule.


Now in the first suit the appellant made a claim for partition.


And she made that claim in respect of a “cause of action.”


What was it? 


As it seems to me, the cause of action of action ( i. e. the facts entitling her to a "claim-able" interest in the property) must have been the seisin and death of her grandfather and the various facts contributing to the particular state of his family at the material time.


Based on those facts and upon those facts only, she had a “claim” to an interest in the property.


Those facts were the foundation upon which she was entitled to raise a “claim” and constituted the cause of action.


What followed from them amounted to no more than a “claim in respect of the cause of action.” ]


[ subject matter of the dispute = အချင်းဖြစ်မြေ ]


[ The subject matter of the dispute ]သည်အချင်းဖြစ်ဝိုင်းမြေဖြစ်သည်။


[ တရားမကျင့်ထုံးဥပဒေအမိန့်၇၊နည်း၃တွင် “the subject matter of the suit”ဟူ၍လည်းကောင်း၊ရုံးခွန်အက်ဥပဒေပထမဇယား(၁)၏ဒုတိယစာတိုင်တွင် “the subject matter of the dispute”ဟူ၍လည်းကောင်းပါရှိသည်ကိုသတိပြုပါ။ ]


ပစ္စည်းခွဲဝေပေးစေလိုမှုတွင်[ claim ]သည်ဝိုင်းမြေထက်ဝက်ဖြစ်ပြီး၊နောက်အမှုတွင်မူဝိုင်းမြေတခုလုံးဖြစ်သည်။


အမိန့်၂၊နည်း၂(၁)အရပါ[ claim ]သည်၊အမိန့်၇၊နည်း၁(င)ပါ[ cause of action ]မဟုတ်ကြောင်းမြင်သာသည်။


ပစ္စည်းခွဲဝေပေးစေလိုမှုတွင်တရားစွဲဆိုရန်အကြောင်း[ ဆိုလိုသည်မှာတရားလိုမဖွားရှင်အားအချင်းဖြစ်မြေတွင်တောင်းပိုင်ခွင့်ရစေထိုက်သောအကြောင်းခြင်းရာများ ]သည်[ (၁)အချင်းဖြစ်ဝိုင်းမြေမှာဦးကိုင်းပိုင်ဖြစ်ခြင်း၊(၂)၎င်းသေဆုံးသောအခါကျန်ရစ်သောအမွေပစ္စည်းဖြစ်ခြင်းနှင့်(၃)မဖွားရှင်သည်ဦးကိုင်း၏အနီးစပ်ဆုံးအမွေစားအမွေခံအဖြစ်ဖြင့်အဆိုပါမြေကိုအမွေဆက်ခံရရှိခြင်း ]တို့ဖြစ်ပြီး၊အချင်းဖြစ်ဝိုင်းမြေတွင်မဖွားရှင်အားအကျိုးသက်ဆိုင်ခွင့်[ ဝါ ]ပိုင်ဆိုင်ခွင့်တရပ်ရရှိစေသည်။


[ ပထမအမှုတွင်ဦးဖိုးဆင်သည်မြေထက်ဝက်ရရှိခွင့်ရှိသည်ဟုမှားယွင်းအဆိုပြုသည်။ ]


[ နောက်အမှုတွင်ဦးဖိုးဆင်သည်အခွင့်အရေးတစုံတရာမရှိဘဲနေထိုင်ကြောင်းအဆိုပြုသည်။ ]


ထိုအကြောင်းခြင်းရာနှစ်ရပ်သည်တရားပြိုင်၏အနေအထားနှင့်သက်ဆိုင်သည်။


အမှုနှစ်မှုတွင်မဖွားရှင်သည်အချင်းဖြစ်မြေကိုအမွေဆက်ခံရသူအနေဖြင့်တရားစွဲဆိုခြင်းဖြစ်ရာအရေးဆိုသောမြေနှင့်စပ်လျဉ်း၍[ ၎င်း၏အနေအထားမှာတရပ်တည်း ][ အမွေရှင်၏အမွေကိုဆက်ခံသူ ]ဖြစ်သည်။


A. I. R. 1937 Rangoon 324 [ D B ]


Ma Pwa Shin — Appellant.


            V.


U Po Sin and another-Respondents.


Letters Patent Appeal No. 2 of 1936,


Decided on 21st August 1936.


BRAUND, J.


on difference between


LEACH AND SPARGO, JJ.


and afterwards


DUNKLEY, J.


on difference between


LEACH AND SPARGO, JJ.


အမှုတွင်၊စီရင်ထုံးစာမျက်နှာ၃၃၀၊ကော်လံ၁၌၊တရားစွဲဆို

ရန်အကြောင်းမှာတရပ်တည်းဖြစ်ကြောင်း၊တရားသူကြီး Braund, J. ကအောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-


[ Prima facie, therefore, I find it very diffcult to think that  the real cause of action consisted of more than those actual facts which gave to the plaintift an interest in respect of which she was entitled to "claim.”


If that is so, then it would appear to me to follow that the cause of action in the first and second suits are identical. 


The basis of the suits  are the same, namely the death of and seisin of U Kaing and the facts relating to his family.


Where they differ is that the plaintiff has “claimed” different things. ]


အထက်ပါသုံးသပ်ချက်ရှိ[ seisin ]ကို[ Desai Narotom ]ပြုစုသော[ A Dictionary of Law Terms and Phrases ]ကျမ်း[ ၁၉၁၆ခုနှစ်ထုတ် ]စာမျက်နှာ၃၆၄တွင်[ feudal possession of a freehold estate in land. ]ဟုပြဆိုသည်။


သို့ဖြစ်ရာ[ the death of seisin ]ဟူသောစကားရပ်သည်၊အချင်းဖြစ်ဝိုင်းမြေမှာဦးကိုင်းပိုင်ဖြစ်ခြင်းနှင့်၎င်းသေဆုံးခြင်းဟုအဓိပ္ပာယ်ရပါသည်။


[ the facts relating to his family. ]ဟူသောစကားရပ်သည်၊မဖွားရှင်မှာဦးကိုင်း၏အနီးစပ်ဆုံးအမွေစားအမွေခံဖြစ်ခြင်းနှင့်စပ်လျဉ်းသောအကြောင်းခြင်းရာများကိုရည်ညွှန်းပါသည်။


မဖွားရှင်စွဲဆိုသောအမှုများ၏အခြေခံဖြစ်သောအဆိုပါအကြောင်းခြင်းရာတို့သည်၊အချင်းဖြစ်အမှုနှစ်မှုတွင်တရပ်တည်းဖြစ်ကြသည်။

—————————————————-

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ