မကြုံစဖူးထူးကဲသောအမှု[ A. I. R. 1937 Rangoon 324 ][ Part Two ]

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


မကြုံစဖူးထူးကဲသောအမှု[ A. I. R.  1937 Rangoon 324 ][ Part Two ]

————————————————-


A. I. R. 1937 Rangoon 324[ D B ]


Ma Pwa Shin — Appellant.


            V.


U Po Sin and another-Respondents.


Letters Patent Appeal No. 2 of 1936,


Decided on 21st August 1936.


BRAUND, J.


on difference between


LEACH AND SPARGO, JJ.


and afterwards


DUNKLEY, J.


on difference between


LEACH AND SPARGO, JJ.


အမှုတွင်၊မဖွားရှင်သည်အဖိုးကျန်ရစ်သောပစ္စည်းတရပ်လုံးကိုအမွေရခွင့်ရှိကြောင်းသိလာရသဖြင့်၊ဦးဖိုးဆင်အပေါ်မြေလက်ရောက်ရလိုမှုထပ်မံစွဲဆိုပြန်ရာ၊ဟိုက်ကုတ်လွှတ်တော်အယူခံတွင်မဖွားရှင်စွဲဆိုသောပစ္စည်းခွဲဝေပေးစေလိုမှုနှင့်နောက်စွဲဆိုသောလက်ရောက်ရလိုမှုတို့တွင်[ တရားစွဲဆိုရန်အကြောင်းတူမတူအငြင်းပွါးသည်။ ]

————————————


13 Ran 330 


DIWAN BAHADUR A.M.M. MURUGAPPA CHETTIAR


                       V.


N. C. GALLIARA AND OTHERS.*


Before Mr. Justice Leach.


1935 Feb 18


အမှုတွင်၊ထုံးပြုသောစီရင်ချက်ကိုရေးသောတရားဝန်ကြီး Leach သည်၊ A. I. R. 1937 Rangoon 324 အမှုတွင်၊ဦးဆောင်စီရင်ချက်ကိုရေးရာ၌၊စီရင်ထုံးစာမျက်နှာ၃၂၆၊ကော်လံ၁တွင်တရားစွဲဆိုရန်အကြောင်းကိုအောက်ပါအတိုင်းအဓိပ္ပာယ်ဖွင့်ဆိုသည်-


[ A plaintiff's cause of action consists of  every fact which it is necessary for the plaintiff to prove, if traversed, in order to support his claim. It does not include every piece of evidence which is necessary to prove every fact, but every fact which is necessary to be proved. ]


တရားစွဲဆိုရန်အကြောင်းကိုဖြစ်မြောက်စေသောအကြောင်းခြင်းရာများကို၊ယင်းတို့အားသက်သေထူရန်လိုအပ်သောသက်သေခံတို့နှင့်ခွဲခြားပြဆိုချက်သည်အမိန့်၆၊နည်း၂နှင့်အညီဖြစ်သည်ကိုသတိပြုပါ။


ထို့နောက်စီရင်ထုံးစာမျက်နှာ၃၂၆၊ကော်လံ၁နှင့်၂တို့တွင်အောက်ပါအတိုင်းအကြောင်းပြသည်-


[ In order for the appellant to succeed in the first suit she would have had to prove that she was a co-heir of U Kaing and to show that in law she was entitled to partition of the particular piece of property.


As a matter of fact, her case, as I have already pointed out, was entirely on a wrong basis.


She was not a co-heir,and she was, therefore, not entitled to a decree for partition as such. 


But that was her claim in the first suit and it was,therefore, bound to fail. 


It must be borne in mind that she was not claiming as the absolute owner of the property and at the same time deliberately abandoning half  her rights to respondent 1.


In the second suit the appellant based her claim for ejectment of respondent 1 on the footing that she was the absolute owner of the property, as she was, and that the respondent 1 had wrongfully refused to vacate. 


The cause of action was entirely different.


Here she had to prove absolute ownership and that respondent 1 had wrongfully refused to deliver possession of the property to her. 


It was a completely different case, a suit not for partition but for the ejectment of a person in wrongful possession. ]

[ borne in mind = သတိချပ်ရမည် ]

ယခင်အမှုမှာပစ္စည်းခွဲဝေပေးစေလိုမှုဖြစ်ပြီး၊လက်ရှိအမှုမှာအခွင့်အရေးတစုံတရာမရှိဘဲမတရားလက်ရှိဖြစ်နေသူအားနှင်လိုမှုဖြစ်သည်ဟု[အပေါ်ယံကျောဆင်ခြင်ဆုံးဖြတ်ကြောင်းမြင်သာသည်။ ]


ပထမအမှုတွင်မဖွားရှင်ကမိမိနှင့်ကိုဖိုးဆင်တို့[နှစ်ဦး]သည်အချင်းဖြစ်ပစ္စည်းများကိုအမွေရပိုင်သည်ဟုအဆိုပြုကာပစ္စည်းခွဲဝေပေးစေလိုမှုစွဲဆိုသည်။


နောက်အမှုတွင်[အချင်းဖြစ်ပစ္စည်းကိုမိမိတဦးတည်းအမွေရပိုင်သည်]ဟုအဆိုပြုပြီးလက်ရောက်ရလိုမှုစွဲဆိုခြင်းဖြစ်ရာ၊သက်သေထူရန်အကြောင်းခြင်းရာတို့ကွဲပြားသည်ဟုမြွက်ဆိုခြင်းသည်၊မဖွားရှင်စွဲဆိုသောပစ္စည်းခွဲဝေပေးစေလိုမှုတွင်တရားစွဲဆိုရန်အကြောင်းဖြစ်မြောက်စေသောအကြောင်းခြင်းရာတို့ကိုနက်နက်နဲနဲမဆင်ခြင်ခြင်းကိုညွှန်ပြပါသည်။


တရားဝန်ကြီး Leach မြွက်ဆိုသောတရားစွဲဆိုရန်အကြောင်းဟူသည့်စကားရပ်၏အဓိပ္ပာယ်ကိုသတ္တုချကြည့်ပါက၊ပစ္စည်းခွဲဝေပေးစေလိုမှုတွင်တရားလိုနှင့်တရားပြိုင်တို့ခွဲဝေပေးရန်စွဲဆိုသောပစ္စည်းများ၏ပူးတွဲပိုင်ရှင်များဖြစ်ပေါ်စေသောအကြောင်းခြင်းရာ[အသီးသီး]ပါဝင်သည်။


အဆိုလွှာအပိုဒ်၃ပါအဆိုပြုချက်များအရတရားလိုမဖွားရှင်နှင့်တရားပြိုင်ဦးဖိုးဆင်တို့အဖိုး၏ပစ္စည်းများကိုအမွေဆက်ခံခြင်းဖြင့်ပူးတွဲပိုင်ရှင်များဖြစ်လာကြောင်း[မှတ်ချက်။  ။အဆိုလွှာအပိုဒ်၃၌]အချင်းဖြစ်ခြံဝင်းသည်မဖွားရှင်၏မိခင်မဆိုင်အပေါ်သက်ဆင်းသည်ဆိုခြင်းမမှန်။


မဆိုင်သည်မိဘများအလျင်ကွယ်လွန်ခဲ့သည်ဖြစ်ရာမိဘအမွေသည်သမီးမဆိုင်ထံသက်ဆင်းရန်အကြောင်းမရှိ။


ပစ္စည်းရှင်ဦးကိုင်းကွယ်လွန်သောအခါမှအမွေမမီမြေးမဖွားရှင်ကအဖိုး၏အမွေကိုရခြင်းဖြစ်သည်။


[မိခင်မဆိုင်ထံမှတဆင့်ရခြင်းမဟုတ်။]


မြေကိုအမွေဆက်ခံရရှိကြောင်းသက်သေထင်ရှားပြနိုင်မှမဖွားရှင်အမှုနိုင်မည်ဖြစ်ရာ၊ပစ္စည်းခွဲဝေပေးစေလိုမှု၌ပစ္စည်းခွဲဝေပေးစေရန်အလို့ငှါတရားစွဲဆိုရန်အကြောင်းကိုဖြစ်မြောက်စေသောအကြောင်းအရာတရပ်သည်တရားလို[မဖွားရှင်မြေကိုအမွေဆက်ခံရခြင်းဖြစ်သည်။]


တရားပြိုင်သည်တရားလိုနှင့်အချင်းဖြစ်ဝိုင်းမြေကိုပူးတွဲပိုင်ကြောင်းအဆိုပြုချက်သည်လည်းအခြားအကြောင်းခြင်းရာဖြစ်သည်။


တရားဝန်ကြီး Leach သည်[ဒုတိယအကြောင်းခြင်းရာကိုသာကွက်၍ဆင်ခြင်သည်။]


[အဖိုးထံမှအမွေရခြင်းဖြင့်မြေ၏တဦးတည်းသောပိုင်ရှင်ဖြစ်လာခြင်းစသောတရားစွဲဆိုရန်အကြောင်းကိုဖြစ်မြောက်စေသည့်အဓိကကျသောအကြောင်းခြင်းရာများကိုဆင်ခြင်ပါက၊လက်ရောက်ရလိုမှုနှင့်တရားစွဲဆိုရန်အကြောင်းချင်း(ဦးဖိုးဆင်နှင့်ပူးတွဲပိုင်သည်ဟူသောမှားယွင်းအဆိုပြုသည်မှတပါး)ထပ်တူထပ်မျှတူနေသည်ကိုမုချတွေ့ရပါလိမ့်မည်။]


မဖွားရှင်သည်အချင်းဖြစ်မြေ၏အကြွင်းမဲ့ပိုင်ရှင်[ absolute owner ]ဖြစ်ပါလျက်၊ပထမအမှုတွင်မိမိ၏အခွင့်အရေး[ ပစ္စည်းတဝက် ]ကိုဦးဖိုးဆင်အားတမင်စွန့်လွှတ်သည်ဟုကောက်ယူသည့်အကြောင်းပြချက်သည်၊မှားယွင်းသောအဆိုလွှာအပေါ်လုံးလုံးလျားလျားအခြေခံသည်။


[ဥပဒေအရဆိုပါက၊မဖွားရှင်သည်အမှုနှစ်မှုစလုံးတွင်အဖိုး၏အမွေကိုဆက်ခံသူအနေဖြင့်တရားစွဲဆိုခြင်းဖြစ်ရာ]ဒုတိယအမှုကိုပထမစွဲဆိုသောအမှု၌အဆိုပြုသည့်တရားစွဲဆိုရန်အကြောင်းတရပ်တည်း[မြေကိုအမွေဆက်ခံပိုင်ဆိုင်ခြင်း]အပေါ်အခြေခံကြောင်းမြင်သာသည်။


[အမှုနှစ်မှု၌တောင်းဆိုသောသက်သာခွင့်များကွဲပြားသော်လည်း၊သက်သာခွင့်တို့သည်တရားစွဲဆိုရန်အကြောင်းကိုဖြစ်မြောက်စေသောအကြောင်းခြင်းရာများမဟုတ်။]


————————-

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ