1994 BLR 26 စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part Four ]

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


1994 BLR 26 စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part Four ]

——————————————-


1958 BLR ( H C ) 29 


THE UNION OF BURMA (APPELLANT)


                        V.


AH HLA (a) MAUNG HLA AND TWO OTHERS(RESPONDENTS).*


Before U Chan Tun Aung Chief Justice and U San Maung, J.


အမှုတွင်၊ပူးတွဲတရားခံ၏ဖြောင့်ချက်သည်၊သက်သေခံဥပဒေပုဒ်မ၃တွင်အဓိပ္ပာယ်ဖွင့်ဆိုထားသည့်အတိုင်းသက်သေခံမဟုတ်၍၊ထိုဖြောင့်ချက်ကိုအခြေခံကာပူးတွဲတရားခံကိုပြစ်မှုထင်ရှားစီရင်ခြင်းမပြုနိုင်ဟု၊တရားဝန်ကြီးဦးစံမောင်ကအိန္ဒိယစီရင်ထုံးတရပ်ကိုကိုးကား၍စီရင်ထုံးစာမျက်နှာ၃၀တွင်အောက်ပါအတိုင်းထုံးဖွဲ့ထားသည်-


[ Per, U SAN MAUNG, J.-Held That the confession of a co-accused is not evidence in the ordinary sense of the term as defined in s. 3 and cannot therefore be made the foundation of a conviction; that it can only be used in support of other evidence ; that the proper way is, first, to marshall the evidence against the accused person excluding the confession of his co -accused altogether from consideration and see whether, if it is believed a conviction could be based on it; that if it is so capable of belief independently of the confession of the co accused, it wuld be unnecessary to call the confession in aid, but that there may be cases where the judge is not prepared to act on the otier evidence as it stands even though, if believed, it would be sufficient to sustain a conviction, and that it is in such a case that a Judge may call in aid the confession of the co-accused and use it to lend assurance to the other evidence and thus fortify himself in believing what without the aid of the confession he would not be prepared to accept.


Kashmira Singh v. The Stale of Madhya Pradesh, A.I.R. (1952) (S.C.) 159 ]


အထက်ပါထုံးဖွဲ့ချက်ကို-


1964 BLR ( C C ) 19 


MA THAUNG TIN (APPLICANT)


                    v.


MAUNG SEIN SHWIN (RESPONDENT).*


Before U Kyaw Zan U,J.


အမှု၌၊ကျမ်းကျိန်လွှာတရပ်သည်သက်သေခံဥပဒေပုဒ်မ၃၏အဓိပ္ပာယ်အရသက်သေခံမဟုတ်ဟုထုံးဖွဲ့ချက်၏ဆိုလိုရင်းမှာ၊အမှုတမှုတွင်အငြင်းပွါးသောအကြောင်းခြင်းရာတရပ်ကိုကျမ်းကျိန်ချက်ဖြင့်သက်သေထင်ရှားမပြနိုင်ဟူ၍ဖြစ်သည်။


ကျမ်းကျိန်ဆိုချက်မှန်၊မမှန်ပြန်လှန်စစ်မေးခြင်းဖြင့်စမ်းသပ်ထားခြင်းမရှိ၍၊ပင်ကိုယ်အားဖြင့်အားနည်းသည်။


တရားမကျင့်ထုံးဥပဒေနှင့်ရာဇဝတ်ကျင့်ထုံးဥပဒေတို့တွင်မည်သည့်အကြောင်းခြင်းရာများကိုကျမ်းကျိန်ဆိုချက်ဖြင့်သက်သေထင်ရှားပြနိုင်ကြောင်းခွင့်ပြုထားသည်မှအပ၊တရားရုံးကစီရင်ဆုံးဖြတ်ရန်ရှိသည့်အကြောင်းခြင်းရာများကိုတရားရုံးရှေ့တွင်သက်သေခံဥပဒေနှင့်အညီနှုတ်သက်သေခံအရဖြစ်စေ၊စာတမ်းသက်သေခံအရဖြစ်စေသက်သေထင်ရှားပြရန်သတ်မှတ်ထားခြင်းဖြစ်သည်။


တဖက်တွင်နှုတ်ဖြင့်လည်းကောင်း၊စာတမ်းအမှတ်အသားဖြင့်လည်းကောင်း၊ဝန်ခံချက်သည်သက်သေခံဝင်ကြောင်းသီးခြားပြဌာန်းရာ၌၊ကျမ်းကျိန်လွှာပါဝန်ခံချက်မဖြစ်စေရဟုခြွင်းချက်မပြုသည်ကိုသတိချပ်ရန်လိုသည်။


ငွေကြေးဆိုင်ရာသို့မဟုတ်ပစ္စည်းခန်းဆိုင်ရာမိမိ၏အကျိုးသက်ဆိုင်ခွင့်နှင့်ဆန့်ကျင်ကာ၊ဝန်ခံသူသေဆုံးသွားပါက၎င်း၏ဝန်ခံချက်အရသက်သေခံဝင်ကြောင်း၊သက်သေခံဥပဒေပုဒ်မ၃၂(၃)တွင်အောက်ပါအတိုင်းပြဌာန်းထားသည်-


[ When the statement is against the pecuniary or proprietary interest of the person making it, or when, if true, it would expose him or would have exposed him to a criminal prosecution or to a suit for damages. ]


သေသူကကျမ်းကျိန်လွှာ၌၊ထိုဝန်ခံချက်မျိုးကိုဝန်ခံထားလျှင်၊အဆိုပါကျမ်းကျိန်လွှာသည်ထိုဝန်ခံချက်နှင့်စပ်လျဉ်းသမျှသက်သေခံဝင်မည်ဖြစ်သည်။


သက်သေခံဥပဒေပုဒ်မ၃၃ကိုလည်းဆက်လက်လေ့လာပါ။

————————————


1994 BLR 26 


ဒေါ်ခင်လှမြင့် နှင့် ဒေါ်ညွန့်အေးစိုးပါ၇


တရားရုံးချုပ်တရားသူကြီးဦးကျော်ဝင်းရှေ့တွင်


စီရင်ထုံးတွင်၊တရားမကျင့်ထုံးဥပဒေအမိန့်၁၉၊နည်း၁အရအမိန့်မချမှတ်လျှင်၊အကြောင်းခြင်းရာတရပ်ကိုကျမ်းကျိန်လွှာဖြင့်သက်သေထူခွင့်မရှိဟုဆိုခြင်းသည်စကားကျွံသည်။


တရားမကျင့်ထုံးဥပဒေအမိန့်၃၉၊နည်း၁တွင်၊နည်း၁(က)နှင့်(ခ)ပါအကြောင်းခြင်းရာကိုကျမ်းကျိန်လွှာဖြင့်သက်သေထင်ရှားပြနိုင်ကြောင်းပြဌာန်းထားသည်။


ယာယီတားဝရမ်းထုတ်ပေးရာ၌၊ကျမ်းကျိန်လွှာကိုသက်သေခံအဖြစ်သက်သေထင်ရှားခွင့်ပြုကြောင်း၊တရားမကျင့်ထုံးဥပဒေအမိန့်၁၉၊နည်း၁အရအမိန့်ချရန်မလို။


နည်း၁၏အဖွင့်ပြဌာန်းချက်တွင်ပင်ခွင့်ပြုထားသည်။


ကျမ်းကျိန်လွှာသည်ကျမ်းကျိန်လွှာအနေဖြင့်[ အကြောင်းခြင်းရာ၏သက်သေထင်ရှားပြရန် ]သက်သေခံမဟုတ်သော်လည်း၊ကျမ်းကျိန်ဆိုသူ၏ငွေကြေးဆိုင်ရာသို့မဟုတ်ပစ္စည်းခန်းဆိုင်ရာအကျိုးသက်ဆိုင်ခွင့်ဆန့်ကျင်သောကျမ်းကျိန်လွှာဝန်ခံချက်သည်သက်သေခံဝင်ကြောင်း၊အထက်၌ကောက်နုတ်ဖော်ပြခဲ့သောဝန်ခံခြင်းပြဌာန်းချက်များရှိနေသည်ကိုမျက်ကွယ်ပြု၍မရနိုင်။

—————————-

မှတ်သားရန်များ


(၁)အကြောင်းခြင်းရာတရပ်ကိုကျမ်းကျိန်လွှာဖြင့်သက်သေထင်ရှားပြရန်ပြဌာန်းချက်ရှိမှသာ၊ကျမ်းကျိန်လွှာသည်သက်သေခံဝင်နိုင်သည်။


(၂)ကျမ်းကျိန်လွှာပါမည်သည့်ဝန်ခံချက်သည်သက်သေခံဝင်ကြောင်း၊သက်သေခံဥပဒေတွင်သီးခြားပြဌာန်းချက်များရှိသည်ကိုသတိပြုပါ။

————————————

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ