1994 BLR 26 စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part One ]
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
1994 BLR 26 စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part One ]
——————————————-
မြန်မာနိုင်ငံ၏လက်ရှိအခြေအနေအရဆိုပါက၊မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်တည်ထောင်ခဲ့သောတရားလွှတ်တော်ချုပ်နှင့်တရားလွှတ်တော်[ ၁၉၄၈-၆၂ ]နှင့်တရားရုံးချုပ်[ ၁၉၆၂-၇၃ ]တို့တွင်မြန်မာနိုင်ငံ၏တရားစီရင်ရေးကိုတည့်မတ်ထိန်းသိမ်းခဲ့သောတရားသူကြီးများကဲ့သို့သောတရားသူကြီးများပေါ်ပေါက်ရန်အချိန်အတော်စောင့်ရဦးမည့်သဘောဖြစ်သည်။
စီရင်ထုံးများတွင်အဆိုပါတရားသူကြီးများ၏အဆုံးအဖြတ်များကိုလေးလေးနက်နက်လေ့လာအသုံးမချတတ်သေးသ၍၊မြန်မာနိုင်ငံ၏တရားစီရင်ရေးစနစ်သည်ရင်လေးဖွယ်ဖြစ်နေပါဦးမည်။
နှစ်ပေါင်းကြာမြင့်စွာအဆင့်မြင့်တရားရုံးအသီးသီး၌ရုံးထိုင်ကြသောတရားသူကြီးများ၊ထိုတရားရုံးတွင်လိုက်ပါဆောင်ရွက်ကြသည့်ရှေ့နေရှေ့ရပ်များခါးပြတ်သွားခြင်းကိုအဖတ်ဆယ်ကာ၊မျက်မှောက်ခေတ်တရားသူကြီးများနှင့်ရှေ့နေရှေ့ရပ်တို့များစွာအားထုတ်ကြရပါမည်။
မြန်မာနိုင်ငံတရားစီရင်မှုအဆင့်နိမ့်ကျသွားခြင်းကိုထိုင်ကြည့်နေရုံမျှဖြင့်တာဝန်ကျေမည်မဟုတ်ပါ။
—————————————
ကျမ်းကျိန်ဆိုလွှာများ၊ကတိသစ္စာပြုလွှာများ
——————————————
1994 BLR 26
ဒေါ်ခင်လှမြင့် နှင့် ဒေါ်ညွန့်အေးစိုးပါ၇
တရားရုံးချုပ်တရားသူကြီးဦးကျော်ဝင်းရှေ့တွင်
အမှုတွင်တရားရုံးချုပ်ကအောက်ပါအတိုင်းထုံးဖွဲ့သည်-
[ ကျမ်းကျိန်လွှာသည်သက်သေခံဥပဒေပုဒ်မ၃တွင်အဓိပ္ပာယ်ဖွင့်ဆိုထားသည့်”သက်သေခံအထောက်အထား”ဆိုသောစကားရပ်တွင်အကျုံးမဝင်သဖြင့်၊ဥပဒေကအတိအလင်းခွင့်ပြုထားသည့်ကိစ္စများမှအပ၊သက်သေခံအထောက်အထားအဖြစ်လက်ခံနိုင်မည်မဟုတ်ချေ။ ]
အထက်ပါအတိုင်းထုံးဖွဲ့ရာ၌-
1964 BLR ( C C ) 19( ပြစ်မှု )
MA THAUNG TIN (APPLICANT)
v.
MAUNG SEIN SHWIN (RESPONDENT).*
Before U Kyaw Zan U,J.
စီရင်ထုံးကို၊ကိုးကားထားသည်။
—————————————————-
1964 BLR ( C C ) 19( ပြစ်မှု )
MA THAUNG TIN (APPLICANT)
v.
MAUNG SEIN SHWIN (RESPONDENT).*
Before U Kyaw Zan U,J.
အမှုတွင်၊အမျိုးသမီးတဦးကအမျိုးသားတဦးအပေါ်၊ရာဇဝတ်ကျင့်ထုံးဥပဒေအရကလေးစရိတ်ရလိုကြောင်းတရားစွဲဆိုရာ၌၊ကလေးသည်မိမိနှင့်အမျိုးသားတို့ကျူးကျူးလွန်လွန်ဖြစ်ရာမှရသောကလေးဖြစ်ကြောင်းသက်သေခံအဖြစ်၊၎င်းတို့ပြုလုပ်ခဲ့သောကျမ်းကျိန်လွှာကိုသက်သေခံအဖြစ်တင်ပြသည်။
စီရင်ထုံးစာမျက်နှာ၂၀တွင်၊၎င်းတို့ကျူးလွန်ဖြစ်ရာမှရသောကလေးဖြစ်ကြောင်း၊ကျမ်းကျိန်လွှာကမထင်ရှားဟုအောက်ပါအတိုင်းကောက်ယူသည်-
[ The affidavit is not clear whether the child was begotten by their intercourse. ]
စီရင်ထုံးခေါင်းစီးတွင်အောက်ပါအတိုင်းဖော်ပြသည်-
[ An affidavit recording the fact of sexual intercourse between the parties, is not admissible in evidence in an application for maintenance. ]
သို့ဖြစ်ရာစီရင်ထုံးအရဆုံးဖြတ်ရသည့်အကြောင်းအရာမှာ၊ကလေးစရိတ်ရလိုမှုတွင်လျှောက်ထားခံရသူသည်ကလေး၏ဖခင်ဖြစ်ကြောင်းသက်သေထင်ရှားပြရန်အမှုတွင်တင်ပြသောသက်သေခံကျမ်းကျိန်လွှာသည်သက်သေခံမဝင်ဟူ၍ဖြစ်သည်။
ထိုထက်မပို။
——————————————-
1994 BLR 26
ဒေါ်ခင်လှမြင့် နှင့် ဒေါ်ညွန့်အေးစိုးပါ၇
တရားရုံးချုပ်တရားသူကြီးဦးကျော်ဝင်းရှေ့တွင်
အမှုတွင်၊ပစ္စည်းခွဲဝေပေးစေလိုမှု၌၊တရားလိုဘက်မှသက်သေခံအဖြစ်တင်သွင်းသောကျမ်းကျိန်လွှာသည်သက်သေခံဝင်၊မဝင်ဖြစ်သည်။
စီရင်ထုံးကိုအစမှအဆုံးအထိဖတ်ကြည့်ပါ။
[ အချင်းဖြစ်ကျမ်းကျိန်လွှာပါအကြောင်းအရာလုံးဝဖော်ပြထားခြင်းမရှိ။ ]
ထိုသို့ဆိုလျင်ရည်ညွှန်းသော 1964 BLR ( C C ) 19( ပြစ်မှု )စီရင်ထုံးနှင့်အကြောင်းခြင်းရာချင်းတူမတူမဆန်းစစ်ဘဲ၊၁၉၆၄ခုနှစ်စီရင်ထုံးအရ၊ 1994 BLR 26 အမှုတွင်အချင်းဖြစ်ကျမ်းကျိန်လွှာသက်သေခံမဝင်ဟုဆုံးဖြတ်ခြင်းသည်၊ထိုစဉ်ကအတည်ဖြစ်လျက်ရှိသော 1954 BLR ( H C ) 306 စီရင်ထုံးပါလမ်းညွှန်ချက်နှင့်ညီညွတ်ပါမည်လား။
မူလတိုင်းတရားရုံးကအချင်းဖြစ်ကျမ်းကျိိန်လွှာကိုသက်သေခံအဖြစ်လက်ခံသဖြင့်၊တရားရုံးချုပ်၌အောက်ရုံးအမိိန့်ကိုပြင်ဆင်ပေးရန်၊ 1994 BLR 26 စီရင်ထုံးကိုဖြစ်စေသောတရားမပြင်ဆင်မှုကိုတင်သွင်းအဆုံးအဖြတ်ခံယူခြင်းဖြစ်သည်။
——————————————-
၁၉၉၄ခုနှစ်စီရင်ထုံးမတိုင်မီ၊အနှစ်၃၀ကျော်ကဆုံးဖြတ်သော-
1960 BLR ( H C ) 7
HAJEE NUR AHMED AND ANOTHER (APPLICANTS)
V.
DAW ZOMILLA KHATUN (RESPONDENT).*
Before U San Maung, J.
အမှုတွင်၊သက်သေခံဝင်၊မဝင်ပြဿနာနှင့်စပ်လျဉ်း၍၊မူလတရားရုံးကချမှတ်သည့်ဆုံးဖြတ်ချက်မှားယွင်းကြောင်းပြင်ဆင်မှုတွင်အကြောင်းပြခြင်းမပြုနိုင်ဟု၊တရားဝန်ကြီးဦးစံမောင်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-
[ A mistake made by a trial Court regarding the admissibility of evidence in the course of trial cannot be made the ground for revision. ]
တရားရေးအကြံပေး၏အကူအညီဖြင့်တရားစီရင်ခြင်း၏ဟာကွက်တရပ်ဖြစ်သည်။
တရားရေးအကြံပေးသည်၊ 1960 BLR ( H C ) 7 စီရင်ထုံးရှိသည်ကိုသတိထားမိပုံမပေါ်။
ထိုထက်နောက်ကျသော၊ 1964 BLR ( H C ) 19 စီရင်ထုံးကိုသာ၊မဲတင်းကြည့်ပုံပေါ်သည်။
1960 BLR ( H C ) 7
HAJEE NUR AHMED AND ANOTHER (APPLICANTS)
V.
DAW ZOMILLA KHATUN (RESPONDENT).*
Before U San Maung, J.
အမှုတွင်ထုံးပြုထားသောစီရင်ချက်ကိုတရားဝန်ကြီးဦးစံမောင်ကအတ္တနောမတိဆုံးဖြတ်ခြင်းမဟုတ်။
စီရင်ထုံးစာမျက်နှာ၇တွင်၊အောက်ပါအတိုင်းဆက်လက်အကြောင်းပြသည်-
[ If because of that mistake, the suit is ultimately decided against the party which sought to prove the document, this can be made a ground of appeal before the appellate Court. ]
ပြင်ဆင်မှုတင်သွင်းသူသည်မိမိနစ်နာမှုကိုအခြားနည်းကုစားနိုင်ရန်လမ်းပွင့်နေပါက၊ပြင်ဆင်မှုတွင်စွက်ဖက်မည်မဟုတ်ဟူသောတရားစီရင်ရေးမူသည်အတည်တကျဖြစ်လျက်ရှိသည်မှာမငြင်းနိုင်။
တရားမပြင်ဆင်မှုဘောင်တွင်အကျုံးမဝင်သောပြင်ဆင်မှုများကိုလက်ခံကြားနာဆုံးဖြတ်ခြင်းသည်ပြင်ဆင်မှုတရားရုံးများ၏အချိန်ကိုအလဟဿဖြုန်းတီးရာရောက်သည်။
ယခင်ကပြင်ဆင်မှုတရားရုံးဟူသည်တရားလွှတ်တော်သာဖြစ်သည်။
ယခုခရိုင်တရားရုံး၊တရားလွှတ်တော်နှင့်ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့တွင်ပြင်ဆင်မှုတမှုပြီးတမှုတင်သွင်းခွင့်ရနေခြင်းသည်ဖြစ်သင့်၊မသင့်ဥပဒေပြုအဖွဲ့ကပြန်လည်စိစစ်သင့်သည်။
တရားမကျင့်ထုံးဥပဒေပုဒ်မ၉၆၊ပုဒ်မ၁၀၀နှင့်ပုဒ်မ၁၀၉(က)တို့တွင်တင်သွင်းသောတရားမအယူခံတို့ကိုအမျိုးမျိုးဘောင်ခတ်ထားသည်။
တရားမပြင်ဆင်မှုတွင်မူ၊သုံးဆင့်သောတရားရုံးတို့သည်ပုဒ်မ၁၁၅ပါအခွင့်အာဏာတခုတည်းကိုထပ်တလဲလဲသုံးခွင့်ရခြင်းသည်ဖြစ်သင့်ပါသလား။
ထိုသို့မဖြစ်စေရန်၊ယခင်ကတရားလွှတ်တော်တခုတည်းကိုသာပြင်ဆင်မှုအာဏာအပ်နှင်းထားခြင်းဖြစ်သည်။
ယခင်တရားလွှတ်တော်ချုပ်တွင်တရားမပြင်ဆင်မှုအာဏာမရှိ။
တရားလွှတ်တော်တွင်သာထိုအခွင့်အာဏာကိုသုံးစွဲသဖြင့်ပြင်ဆင်မှုများတွင်ချမှတ်သောအဆုံးအဖြတ်တို့သည်ညီညွတ်[ consistent ]ခဲ့သည်။
ယခုအခါပြင်ဆင်မှုတရားရုံး[ အရေအတွက်အားဖြင့်ငါးဆယ်ထက်နည်းမည်မဟုတ် ]တို့က၊ထိုအခွင့်အာဏာကိုသုံးစွဲရာတွင်မူ၊ထိုသို့ညီညွတ်မှု[ consistency ]ရှိ၊မရှိဥပဒေကော်မရှင်ဖွဲ့၍စိစစ်သင့်သည်။
တနည်းအားဖြင့်၊တရားရေးဝန်ထမ်းအဆင့်(၂)ကဲ့သို့ဥပဒေပညာမရင့်ကျက်သေးသောတရားသူကြီးကသိမ်မွေ့သောဥပဒေပြဿနာသက်ဝင်သည့်တရားမပြင်ဆင်မှုကိုစီရင်သင့်ပါသလား။
—————————————————-
Comments
Post a Comment