1994 BLR 26 စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part Three ]

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


1994 BLR 26 စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part Three ]

——————————————-


ကျမ်းကျိန်ဆိုချက်ပါဝန်ခံချက်များ


ဝန်ခံချက်သည်သက်သေခံဥပဒေပုဒ်မ၁၇အရသက်သေခံဝင်သည်။


နှုတ်ဖြင့်ဝန်ခံခြင်းဖြစ်နိုင်သည်။


စာသက်သေခံတွင်ဝန်ခံထားချက်ဖြစ်နိုင်သည်။


သက်သေခံဥပဒေပုဒ်မ၁၈တွင်အောက်ပါအတိုင်းပြဌာန်းထားသည်-


[ Statements made by— (1) persons who have any proprietary or pecuniary interest in the in their character of persons so interested. ]


[ ထွက်ဆိုချက်ပြုလုပ်ရာတွင်-(၁)အမှု၌အချင်းဖြစ်ပစ္စည်းတွင်ပိုင်ဆိုင်ခွင့်သော်လည်းကောင်း၊ငွေရေးကြေးရေးအကျိုးခံစားခွင့်သော်လည်းကောင်းရှိသူများက၊ထိုသို့အကျိုးခံစားခွင့်ရှိသူများအနေနှင့်ထွက်ဆိုချက်များသည်။ ]


သက်သေခံဥပဒေပုဒ်မ၂၁တွင်အောက်ပါအတိုင်းပြဌာန်းထားသည်-


[ Admissions are relevant and may be proved as against the person who makes them, or his representative-in-interest. ]


[ ဝန်ခံချက်များသည်အမှု၌စပ်ဆိုင်သောအချက်များဖြစ်သည့်ပြင်၊ဝန်ခံချက်ပြုသူကိုဖြစ်စေ၊ယင်း၏အကျိုးဆက်ခံသည့်ကိုယ်စားလှယ်ကိုဖြစ်စေဆန့်ကျင်၍လည်းထိုဝန်ခံချက်များကိုသက်သေထင်ရှားတင်ပြနိုင်သည်။ ]


အထက်ပါပြဌာန်းချက်များကိုသတ္တုချကြည့်လျင်၊အကယ်တန္တုအချင်းဖြစ်ကျမ်းကျိန်လွှာ၌ကျမ်းကျိန်ဆိုသူကအမွေစီမံခန့်ခွဲပေးစေလိုမှုတွင်အကျုံးဝင်သောအမွေပစ္စည်းတရပ်ရပ်နှင့်စပ်လျဉ်း၍မိမိ၏အကျိုးစီးပွါးနှင့်ဆန့်ကျင်ကာဝန်ခံထားပြီး၊ထိုသူသည်အမှုတွင်အမွေဆိုင်တဦးဖြစ်လျှင်ဖြစ်စေ၊၎င်းကွယ်လွန်သွားပါက၎င်း၏အမွေကိုဆက်ခံသူသည်အမှုတွင်အမှုသည်တဦးဖြစ်နေလျှင်ဖြစ်စေ၊ကျမ်းကျိန်လွှာပါဝန်ခံချက်သည်သက်သေခံဥပဒေပုဒ်မ၂၁အရထိုဝန်ခံသူသို့မဟုတ်၎င်း၏အခွင့်အရေးကိုဆက်ခံသူအပေါ်သက်သေထင်ရှားပြခွင့်ရှိသဖြင့်သက်သေခံဝင်မည်ဖြစ်ရာ၊ကျမ်းကျိန်လွှာပါဝန်ခံသောအကြောင်းအရာတို့သည်၊သက်သေခံဥပဒေပုဒ်မ၅တွင်ရည်ညွှန်းထားသည့်၊သက်သေခံဥပဒေပြဌာန်းချက်တစုံတရာအရသက်သေခံဝင်၊မဝင်စိစစ်ခြင်းမပြုဘဲ၊တန်းပယ်ရန်မဟုတ်ပါ။


1964 BLR ( C C ) 19 


MA THAUNG TIN (APPLICANT)


                    v.


MAUNG SEIN SHWIN (RESPONDENT).*


Before U Kyaw Zan U,J.


စီရင်ထုံးကိုအလေးအနက်ဖတ်ရှုပါက၊ကျမ်းကျိန်လွှာသည်မည်သည့်အခါမျှသက်သေခံမဝင်ဟုဆုံးဖြတ်ခြင်းမဟုတ်ကြောင်းတွေ့မြင်နိုင်သည်။


စရိတ်ထောက်ပံ့စေလိုသည့်ကလေး၏ဖခင်သည်လျှောက်ထားခံရသူဖြစ်ကြောင်းကျမ်းကျိန်ဆိုချက်မထင်ရှားသဖြင့်၊ကလေးစရိတ်လျှောက်ထားမှုတွင်သက်သေခံမဝင်ဟုဘောင်ခတ်၍ထုံးဖွဲ့ခြင်းသာဖြစ်သည်။


လျှောက်ထားသူဘက်မှကျမ်းကျိန်ဆိုချက်သည်လျှောက်ထားခံရသူမှာကလေးအဖေဖြစ်သည်သဘောသက်ရောက်သောတာဝန်ခံချက်ဖြစ်သည်ဟုဆက်လက်တင်ပြရာ[ ထိုသို့ဝန်ခံရာရောက်ဦးတော့၊သက်သေခံမဝင်ဟုအပြတ်ဆုံးဖြတ်ခြင်းမပြုပဲ ]စီရင်ထုံးစာမျက်နှာ၂၀နှင့်၂၁တွင်၊တရားဝန်ကြီးဦးကျော်ဇံဦးကအောက်ပါအတိုင်းဆက်လက်အကြောင်းပြသည်-


[ Even if it is an admission it is not conclusive under section 31 of the Evidence Act as to the truth of the matters stated therein. 


The weight to be attached depends upon the circumstances under which it was made.


It can be shown to be erroneous or untrue. 


The party against whom a claim is made on an admission is at liberty to prove that it was made with a fraudulent purpose, and not true and to show the real nature of the transaction.


U San Win (PW 6) a pleader by profession and an attesting witness to the affidavit deposed that he and U Tha Htay, the Pleader for the respondent in the case had to persuade the respondent a great deal before he signed the affidavit.


He stated that the real purpose of the affidavit was to bring about a father for the child. 


It was to hide that the child was not legitimate. 


Whatever it may be that since the affidavit is not legal evidence, and that it contains no clear admission on the part of the respondent that he is the father of the child, and that it was made to be taken as a camouflage it is impossible to act upon it. ]


အကယ်၍လျှောက်ထားသူကအချင်းဖြစ်ကလေးသည်မိမိ၏သားပါဟုကျမ်းကျိန်လွှာတွင်အထင်အရှားဝန်ခံခဲ့လျှင်၊ကျမ်းကျိန်လွှာကိုသက်သေခံအဖြစ်လက်ခံဆုံးဖြတ်တန်ရာသည်။


RATANLAL RANCHHODDAS & DHIRAJLAL KESHAVLAL THAKORE တို့ပြုစုသော[ THE LAW OF EVIDENCE ][ THE INDIAN EVIDENCE ACT ] ကျမ်းတွင်၊သက်သေခံဥပဒေပုဒ်မ၁၇ကိုဋီကာချဲ့ရာ၌၊စီရင်ထုံးတရပ်ကိုကိုးကားပြီးဝန်ခံချက်များသည်ကျမ်းကျိန်လွှာကဲ့သို့သောစာတမ်းအမှတ်အသား၌ပါရှိသောဝန်ခံချက်များဖြစ်နိုင်သည်။


ဝန်ခံချက်များကိုအခွင့်အရေးများ၏အခြေခံအဖြစ်အသုံးပြုနိုင်သည်ဟုအောက်ပါအတိုင်းပြဆိုထားသည်ကိုတွေ့ရသည်-


[ They can to be made the foundation of rights. ]

——————————————

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ