1994 BLR 26 စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part Two ]
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
1994 BLR 26 စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part Two ]
——————————————-
1994 BLR 26
ဒေါ်ခင်လှမြင့် နှင့် ဒေါ်ညွန့်အေးစိုးပါ၇
တရားရုံးချုပ်တရားသူကြီးဦးကျော်ဝင်းရှေ့တွင်
အမှုတွင်၊လျှောက်ထားသူဘက်မှရှေ့နေကအောက််ပါအတိုင်းတင်ပြသည်ဟု၊စီရင်ထုံးစာမျက်နှာ၂၇တွင်ဖော်ပြထားသည်-
[ ကျမ်းကျိန်လွှာနှင့်ပတ်သက်၍သက်သေခံဥပဒေပုဒ်မ၁အရတရားရုံးတော်သို့သက်သေခံ၁အဖြစ်တင်သွင်းအစစ်ဆေးခံခွင့်မရှိဟုအတိအလင်းပြဌာန်းထားရှိပြီးဖြစ်ပါကြောင်း၊ထိုသို့ဥပဒေတွင်အတိအလင်းတားမြစ်ပြဌာန်းထားချက်ရှိပါလျက်ရုံးတော်ကသက်သေခံအဖြစ်လက်ခံခဲ့ခြင်းသည်ဥပဒေကိုဆန့်ကျင်လျက်ရှိပါသဖြင့်ချမှတ်ခဲ့သောအမိန့်သည်များစွာမှားယွင်းလျက်ရှိပါကြောင်း။ ]
သက်သေခံဥပဒေပုဒ်မ၁တွင်အောက်ပါအတိုင်းပြဌာန်းထားသည်-
[ This Act may be called the Indian Evidence Act, 1872.
It extends to all the Provinces of India* and applies to all judicial proceedings in or before any Court, including Courts-martial, other than Courts-martial convened under the Army Act, the Naval Discipline Act or that Act as modified by the Indian Navy (Discipline) Act, 1934, or the Air Force Act but not to affidavits presented to any Court or officer, nor to proceedings before an arbitrator; ]
ပုဒ်မ၁ပါ-
[ The Indian Evidence Act applies to all judicial proceedings before (a) any Court, or (b) a Court-martial under the Indian Amy Act, VIII of 1911 (s. 88).It does not apply to (a) affidavits, and (b) proceedings before arbitrators. ]
ဟူသောပြဌာန်းချက်များက၊ကျမ်းကျိန်လွှာသည်သက်သေခံမဝင်ဟုဆိုလိုသည်မဟုတ်ကြောင်း[ applies ]ဟူသောကြိယာအရထင်ရှားသည်။
နိုင်ငံတော်၏အမြင့်ဆုံးတရားရုံးတွင်လိုက်ပါဆောင်ရွက်သောတရားလွှတ်တော်ရှေ့နေ၏လျှောက်လဲချက်မျိုးဖြစ်ပါသလား။
—————————————
[ RATANLAL RANCHHODDAS & DHIRAJLAL KESHAVLAL THAKORE ]
[ THE LAW OF EVIDENCE ]
[ THE INDIAN EVIDENCE ACT ]
[ ELEVENTH EDITION ]
[ ကျောင်းသားကိုင် ]
စာမျက်နှာ-၃တွင်အောက်ပါအတိုင်းပြဆိုသည်-
[ The provisions of the Evidence Act do not apply to proceedings before an arbitrator.
Arbitrators are bound to conform to the rules of natural justice.
They are unfettered by technical rules of evidence.
Suppu v. Govindacharyar
(1887) 11 Mad. 85, 87. ]
သက်သေခံဥပဒေပါပြဌာန်းချက်တို့သည်၊ပညာရပ်ဆိုင်ရာ[ technical ]ပြဌာန်းချက်များဖြစ်ရာ၊ခုံသမာဓိလူကြီးများလိုက်နာရန်မသင့်ဟုဥပဒေပြုအဖွဲ့ကယူဆပြီးပြဌာန်းထားခြင်းဖြစ်သည်။
—————————————————
WOODROFFE AND AMEER ALI
LAW OF EVIDENCE
13TH ED. VOL I
Thirteenth Edition 1973
စာမျက်နှာ-၁၇၂၌၊အောက်ပါအတိုင်းပြဆိုသည်-
[ so also he is unfettered by technical rules of evidence and it is not a valid objection to an award that the arbitrator has not acted in strict conformity with the rules of evidence. ]
Suppu v. Govinda
(1871) 11 M. 85. 87.
—————————————-
ပုဒ်မ၁ကတရားရုံးတွင်တင်သွင်းသောကျမ်းကျိန်ဆိုချက်တို့သည်သက်သေခံဥပဒေပါပြဌာန်းချက်များနှင့်ညီညွတ်ရန်မလိုဟုဆိုလိုခြင်းဖြစ်သည်။
တဖက်တွင်ကျမ်းကျိန်ဆိုချက်များကိုတရားမကျင့်ထုံးဥပဒေနှင့်ရာဇဝတ်ကျင့်ထုံးဥပဒေတို့ဖြင့်ထိန်းချုပ်ထားပြန်သည်ကိုသတိပြုပါ။
1994 BLR 26 အမှုတွင်လျှောက်ထားသူ၏အထက်ပါလျှောက်လဲချက်နှင့်စပ်လျဉ်း၍ပုဒ်မ၁၏ဆိုလိုရင်းကိုအောက်ပါအတိုင်းပြဆိုသည်-
[ သက်သေခံဥပဒေပုဒ်မ၁တွင်လည်းတရားရုံးသို့တင်သွင်းသောကတိသစ္စာပြုလွှာသည်သက်သေခံဥပဒေနှင့်သက်ဆိုင်ခြင်းမရှိကြောင်းပြဌာန်းထားသည်။ ]
1994 BLR 26 စီရင်ထုံးကကျမ်းကျိန်လွှာကိုသက်သေခံအဖြစ်လက်ခံသောတိုင်းတရားရုံး၏အမိန့်ကိုပယ်ဖျက်ရာ၌၊သက်သေခံဥပဒေပုဒ်မ၃ပါ[ သက်သေခံ ]ဟူသောစကားရပ်၏အဓိပ္ပာယ်ဖွင့်ဆိုချက်တွင်အကျုံးမဝင်ဟူသောအကြောင်းပြချက်သက်သက်အရဖြစ်ကြောင်းမြင်သာသည်။
[ ကျမ်းကျိန်လွှာသည် ]ဥပဒေကအတိအလင်းခွင့်ပြုထားသည့်ကိစ္စမှအပသက်သေခံအထောက်အထားအဖြစ်လက်ခံနိုင်မည်မဟုတ်ချေဟုဆက်လက်မြွက်ဆိုသည့်အတိုင်း၊အချင်းဖြစ်ကျမ်းကျိန်ဆိုချက်သည်ဥပဒေတရပ်ရပ်အရခွင့်ပြုချက်တွင်အကျုံးဝင်မဝင်ဆက်လက်စိစစ်ရန်ပျက်ကွက်သည်။
ထိုကျမ်းကျိန်ဆိုချက်သက်သေခံဝင်ကြောင်းဥပဒေပြဌာန်းချက်တစုံတရာမရှိမှသာသက်သေခံအဖြစ်လက်ခံခြင်းမှားသည်ဟုဆိုနိုင်ပါသည်။
————————————
WOODROFFE AND AMEER ALI
LAW OF EVIDENCE
13TH ED. VOL I
Thirteenth Edition 1973
Page-281-282
S. 5
ကျမ်းစာမျက်နှာ၂၈၁နှင့်၂၈၂တွင်၊ပုဒ်မ၅ကိုဋီကာချဲ့ရာ၌အောက်ပါအတိုင်းပြဆိုသည်-
[ Evidence may be given in any suit or proceeding of the existence or non-existence of every fact in issue and of such other facts as are hereinafter declared to be relevant, and of no others. ]
[ Explanation.— This section shall not enable any person to give evidence of a fact which he is disentitled to prove by any provision of the law for the time being in force relating to Civil Procedure. ]
[ See now the Code of Civil Procedure, 1908 (Act V of 1908). ]
[ မည်သည့်တရားမမှု၊သို့မဟုတ်မှုခင်းတွင်မဆိုအငြင်းဖြစ်သည့်အကြောင်းခြင်းရာများနှင့်ဤဥပဒေတွင်နောက်လာမည့်ပြဌာန်းချက်များ၌စပ်ဆိုင်သောအကြောင်းခြင်းရာဖြစ်သည်ဟုထော်ပြထားသောအကြောင်းခြင်းရာများအမှန်ဟုတ်မဟုတ်ဆိုသည်ကိုသက်သေခံတင်ပြနိုင်သည်။အဆိုပါအငြင်းဖြစ်သည့်အကြောင်းခြငါးရာများသို့မဟုတ်စပ်ဆိုင်သောအကြောင်းခြင်းရာများမှအပအခြားအကြောင်းခြင်းရာများအမှန်ဟုတ်မဟုတ်ဆိုသည်ကိုသက်သေခံတင်ပြခြင်းမပြုနိုင်။ ]
————+—————
Comments
Post a Comment