နှုတ်ပိတ်ခြင်း[ ဝါ ]ဘွာခတ်ခွင့်မရှိခြင်း[ estoppel ]ဆိုင်ရာဥပဒေ
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
နှုတ်ပိတ်ခြင်း[ ဝါ ]ဘွာခတ်ခွင့်မရှိခြင်း[ estoppel ]ဆိုင်ရာဥပဒေ
—————————————-
ဘီအယ်(လ်)စာမေးပွဲတွင်[ estoppel ]နှင့်[ res judicata ][ မီးသေခြင်း ]တို့၏ခြားနားချက်အကြောင်းမေးတတ်သည်။
စာရေးသူသည်ဘီအယ်(လ်)သင်တန်းတက်စဉ်က[ RATANLAL RANCHHODDAS & DHIRAJLAL KESHAVLAL THAKORE ]တို့ပြုစုသော[ THE LAW OF EVIDENCE ][ THE INDIAN EVIDENCE ACT ][ ELEVENTH EDITION ][ ကျောင်းသားကိုင် ]စာအုပ်ကိုဖတ်ခဲ့ရသည်။
ကျမ်းစာမျက်နှာ၂၃၀တွင်၊သက်သေခံအက်ဥပဒေပုဒ်မ၁၁၅ကိုဋီကာချဲ့ရာ၌[ estoppel ]နှင့်[ res judicata ]တို့၏ခြားနားချက်သုံးရပ်ကိုရှင်းပြထားရာတချက်မှာအောက်ပါအတိုင်းဖြစ်သည်-
[ Estoppel shuts the mouth of a party; res judicata ousts the jurisdiction of the Court. ][ Woodrolfe and Ameer Ali, 9th Edn., p. 850. ]
Woodrolfe and Ameer Ali တို့ပြုစုသည့်နာမည်ကြီးသက်သေခံအက်ဥပဒေကျမ်းကို၊ကိုးကားဖော်ပြခြင်းဖြစ်သည်။
ထိုပုဂ္ဂိုလ်နှစ်ဦးမှာအိန္ဒိယနိုင်ငံတရားလွှတ်တော်တရားဝန်ကြီးများဖြစ်ခဲ့ကြသည်။
MR. AMEER ALI သည်၊ပရီဗီကောင်စီအဖွဲ့ဝင်အဖြစ်မည်သည့်အချိန်ကစတင်ထမ်းဆောင်ခဲ့သည်မသိရပါ။
VOL II, INDIAN LAW REPORTS, RANGOON SERIES 693 ( 797 )
PRIVY COUNCIL
KIRKWOOD alias MA THEIN AND OTHERS
V.
MAUNG SIN AND ANOTHER
Present : LORD SHAW, LORD PHILLIMORE, LORD BLANESBURGH, SIR JOHN EDGE AND MR. AMEER ALI.
Civil Miscellaneous Appeal No. 4 of 1924.
1924 Aug. 7.
အမှုတွင်[ ၇-၈-၁၉၂၄ ]နေ့၌ချမှတ်သောစီရင်ချက်ကို၊ MR. AMEER ALI ကစီရင်ချက်စာမျက်နှာ-၇၇၄ မှ ၇၉၇ အထိရေးခဲ့သည်။
စီရင်ထုံးစာမျက်နှာ-၇၇၆နှင့်၇၇၇၌၊ဗုဒ္ဓဘာသာဓမ္မသတ်နှင့်ဩရသအကြောင်း MR. AMEER ALI ကအောက်ပါအတိုင်းမြွက်ဆိုသည်-
[ In order to understand the controversy and follow exactly the decisions of the Courts in Burma in this case, it is necessary to explain that the Burmese-Buddhist law is contained in a series of books entitled Dhammathals which have been composed from time to time by the expounders of that law ever since the thirteenth century, if not from before.
This is lucidly set out in the Digest of U Gaung, printed under the auspices of the British Government.
The author of this work, a distinguished Burmese jurist, describes, a Dhammathal to be a “collection of rules which are in accordance with custom and usage" of the Burmese people.
In his remarks on the treatment in these treatises of the subject of inheritance.
U Gaung observes that “the seven divisions of the Law of Inheritance arc treated in the Dhammathals in such a very unsystematic and unmethodical way that it becomes a tedious task for anyone who attempts to study the subject."
In order to arrive at a definite conclusion on the points in controversy, their Lordships have to embark on a survcy of the Law which, apart from its tediousness, is not free from inconsistencies.
In the Digest of U Gaung six classes of sons are said to be entitled to inherit the properly of their parents.
In the first category stands the son born of a union contracted with parental sanction, and is known as orasa.
As religious formalities do not appear essential to lawful wedlock, this form of marriage is evidently regarded to constitute a valid marriage.
The term orasa is admittedly borrowed from the Sanscrit aurasa used in works on Hindu Law and has been corrupted into auratha or orasa; Mr. Richardson, the translator of the Manugye Dhammathat uses the word auratha, and Mr. Justice Heald, of the Chief Court, adopts the same spelling.
Whether the word is spelt auratha or orasa it undoubtedly denotes a son born of a union contracted with parental sanction ; in other words, a legitimate son.
In course of time, judging from a comparison of the enminciations in the Dhammathats, if acquired a special meaning; it came to signify a son who, by virtue of his position in the family and his competency to assume the duties of the father, was vested with a defined right in the parental estate.
Similarly, in the course of time, as the Dhammathats show, the word was extended to include a daughter standing in the same position and vested with the same right. ]
မြန်မာဩရသသားအကြာင်းရေးသည့်စီရင်ချက်ဖြစ်သည်။
၎င်းသည်အိန္ဒိယနိုင်ငံသားဖြစ်သဖြင့်အင်္ဂလိပ်လူမျိုးများကြီးစိုးသောပရီဗီကောင်စီတွင်၊ထိုစဉ်ကအိန္ဒိယနိုင်ငံ၏ပြည်နယ်တခုဖြစ်သောမြန်မာပြည်အကြောင်းကိုပိုမိုသိကျွမ်းသည်ဟုယူဆ၍လားမသိ၊ဗုဒ္ဓဘာသာတရားဥပဒေနှင့်သက်ဆိုင်သောမှုခင်းများတွင်၊ MR. AMEER ALI စီရင်ချက်ရေးရပုံပေါ်သည်။
VOL V. INDIAN LAW REPORTS, RANGOON SERIES 175 ( 185 )
PRIVY COUNCIL
MA THAUNG AND ANOTHER, Appellants.
Vs.
MA THAN AND OTHERS, Respondents.
( On Appeal from the Court of the Judicial Commissioner, Upper Burma)
Present : LORD SHAW, LORD CARSON,, SIR JOHN EDGE, MR. AMEER ALI, and SIR LAWRENCE JENKINS.
This judgment is reprinted from L.R. ( 1923 ) 51 I.A. 1 - Ed.
1923 Dec. 18.
စီရင်ထုံးကိုကြည့်ပါ။
အမှုတွင် MR. AMEER ALI ကစီရင်ထုံးစာမျက်နှာ-၁၇၈ မှ ၁၈၅ အထိရေးသားခဲ့သည်။
———————————————
ဒုတိယမြောက်မြန်မာတရားဝန်ကြီးဦးမေအောင်သည်တရားလွှတ်တော်တွင်၂နှစ်ခန့်သာတာဝန်ထမ်းဆောင်ခဲ့သည်။
သက်ပြည့်တာဝန်ထမ်းဆောင်ခဲ့ရလျှင်၊တရားဝန်ကြီးချုပ်အဖြစ်ထမ်းဆောင်ခွင့်ရမည့်ပုဂ္ဂိုလ်ဖြစ်သည်။
အငြိမ်းစားယူပြီးနောက်၊ MR. AMEER ALI ကဲ့သို့ပရီဗီကောင်စီတွင်အဖွဲ့ဝင်ဖြစ်လောက်အောင်၊ဥပဒေပညာအရည်အချင်းရှိသူလည်းဖြစ်သည်။
တရားလွှတ်တော်တရားဝန်ကြီးအဖြစ်နှစ်နှစ်ခန့်ထမ်းဆောင်ပြီးနောက်၊ကျပ်ငါးထောင်စားပြည်ထဲရေးဝန်ကြီးအဖြစ်ပြောင်းလဲတာဝန်ထမ်းဆောင်ဆဲမှာပင်ကွယ်လွန်သွားရှာသည်ဟုကြားသိရပါသည်။
စာရေးသူသည်မျက်မှောက်ခေတ်ဥပဒေပညာရှင်များအား၊အကျော်အမော်ဥပဒေပညာရှင်များအကြောင်းသိစေလိုသဖြင့်ဗဟုသုတအဖြစ်တစေ့တစောင်းဖော်ပြရခြင်းဖြစ်သည်။
—————————————
[ Estoppel ]က[အမှုသည်တဦး၏နှုတ်ကိုပိတ်သည်]ဆိုခြင်းသည်[ estoppe ]၏သဘောတရားကိုမြင်သာစေသောအဆိုအမိန့်ဖြစ်သည်။
သို့ဖြစ်၍[ estoppel ]ကို[ နှုတ်ပိတ်ခြင်းနှင့်ဘွာခတ်ခွင့်မရှိခြင်း ]ဟုဘာသာပြန်လျှင်ပို၍နားလည်စေမည်ဖြစ်သည်။
————————————-
ဘွာခတ်ခြင်း
စာရေးသူတို့ငယ်ငယ်က၊မျက်မှောက်ခေတ်ကလေးငယ်များကဲ့သို့ video games ကစားရသည်မဟုတ်။
ထုပ်ဆီးတိုးခြင်းစသောမြန်မာကစားနည်းများကစားခဲ့ရသည်။
ထိုကစားပွဲများ၏စည်းကမ်းချက်တရပ်က[ ဘွာခတ်ခြင်း ]ကိုခွင့်ပြုသည်။
[ ဘွာခတ်ခြင်း ]ဟူသောစကားရပ်သည်၊လက်ရှိဥပဒေပညာရှင်များနှင့်စိမ်းသည်မဟုတ်။
မြန်မာစာအဖွဲ့ကထုတ်ဝေသောမြန်မာအဘိဓာန်အကျဉ်းချုပ်၊အတွဲ၃၊စာမျက်နှာ၁၂၇တွင်[ ဘွာခတ်သည် ]ကို[ တစုံတရာပြောဆိုမိသည်ကိုပြန်လည်ရုပ်သိမ်းသည် ]ဟုအဓိပ္ပာယ်ဖွင့်ဆိုထားသည်။
သို့ဖြစ်ရာ[ estoppel ]ကို[ ဘွာခတ်ခွင့်မရှိခြင်း ][ ဘွာခတ်၍မရခြင်း ]ဟုဘာသာပြန်ပါက၊မြန်မာတို့နားမလည်စရာမရှိနိုင်။
သက်သေခံအက်ဥပဒေကိုအင်္ဂလိပ်စီရင်ထုံးများအပေါ်အခြေခံ၍ရေးထားရာ၊စကားလုံးများသည်အင်္ဂလိပ်စကားအသုံးအနှုန်း၊အငွေ့အသက်များရှိနေသဖြင့်စကားလုံးအချို့မှာမြန်မာတို့နှင့်စိမ်းသည်။
တက္ကသိုလ်တွင်ဥပဒေများကိုစာမေးပွဲအောင်ရန်၊အနည်းနှင့်အများအလွတ်ကျက်ခဲ့ရသည်။
ဥပဒေပညာဖြင့်အသက်မွေးမြူသောအခါ၊အလွတ်ကျက်ခြင်းပညာ[ rote learning ]သည်လက်တွေ့၌အလုပ်မဖြစ်။
လက်တွေ့နှင့်စာတွေ့တို့၏ကွာဟချက်သည်ကြီးမားလှသည်။
——————————————-
Comments
Post a Comment