ဝန်ခံချက်သည်ဆန့်ကျင်ဘက်အမှုသည်ကမှီငြမ်းပြုနိုင်သောအကောင်းဆုံးသက်သေခံချက်ဖြစ်သည်[ A. I. R. 1960 S. C. 100 ]
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
သက်သေခံဥပဒေပုဒ်မ၃၁တွင်[ ဝန်ခံချက်များသည်ဝန်ခံသည့်အကြောင်းအရာများအတွက်အပြီးသတ်သက်သေသာဓကမဟုတ်သော်လည်း၊နောင်တွင်ပါရှိမည့်ပြဌာန်းချက်များအရ၊ကွဲလွဲသည့်သက်သေခံကိုတင်ပြခြင်းမပြုရန်ပိတ်ပင်ချက်အဖြစ်အကျိုးသက်ရောက်နိုင်သည်။ ]ဟုပြဌာန်းထားသည်။
ဝန်ခံချက်မမှန်ကြောင်းသက်သေထင်ရှားပြခွင့်ရှိနေသေးသဖြင့်ဝန်ခံချက်များသည်ဝန်ခံသောအကြောင်းအရာများ၏အပြီးသတ်သက်သေခံမမည်သေး။
ဝန်ခံခြင်းကြောင့်ဝန်ခံသည့်အကြောင်းခြင်းရာမှန်သည်ဟုအပြတ်မဆိုနိုင်သေး။
ဘွာခတ်ခွင့်မရှိသေးသည့်အဆင့်သို့မရောက်သေးသမျှ၊ထိုအကြောင်းအရာမမှန်ဟုသက်သေပြရန်လမ်းပွင့်နေသေးသည်။
တနည်းဆိုရသော်၊ဝန်ခံချက်မှာအကြောင်းခြင်းရာအရမှားယွင်းကြောင်းဖြစ်စေ၊ဥပဒေကြောင်းအရတာဝန်မရှိကြောင်းဖြစ်စေ၊ဝန်ခံသူကသက်သေထင်ရှားပြရန်လမ်းပွင့်နေသဖြင့်ထိုဝန်ခံချက်မျိုးသည်သက်သေခံဥပဒေပုဒ်မ၃၏နောက်ဆုံးအပိုဒ်၌ဖွင့်ဆိုထားသော[ အပြီးသတ်သက်သေခံအထောက်အထား ]မဟုတ်။
———————————————
1951 BLR ( S C ) 158
DAW CHO (APPELLANT)
V.
U GANNI AND OTHERS (RESPONDENTS).*
Present: MR. JUSTICE E MAUNG, MR. JUSTICE THEIN MAUNG and U THAUNG SEIN, J.
အမှု၌၊ဝန်ခံချက်မှာအကြောင်းခြင်းရာအရမှားယွင်းကြောင်းဖြစ်စေ၊ဥပဒေကြောင်းအရတာဝန်မရှိကြောင်းဖြစ်စေ၊တရားရုံးကျေနပ်သည်အထိဝန်ခံသူကသက်သေထင်ရှားမပြနိုင်လျှင်မူ၊ဝန်ခံသောအကြောင်းအရာသည်ခိုင်မာသည်ဟုမှတ်ယူရန်ဖြစ်သည်ဟုတရားလွှတ်တော်ချုပ်ကစီရင်ထုံးစာမျက်နှာ၁၆၁တွင်အောက်ပါအတိုင်းပြဆိုထားသည်-
[ No doubt, in a case such as this, where the defendant is not a party to the deeds, and there is therefore no estoppel, the party making the admission may give evidence to rebut this presumption, but unless and until that is satisfactorily done, the fact admitted must be taken to be established.
The law upon the point is clear. ]
အပြီးသတ်သက်သေခံအထောက်အထားဖြစ်သည်ဟူ၍ကားစီရင်ထုံးကမဆို။
အမှုကိုဆုံးဖြတ်ရန်လိုအပ်သည့်သက်သေခံတန်ဖိုးမှာမူခြားနားမှုမရှိသည်ကိုသတိချပ်ရန်လိုသည်။
—————————————-
တဖက်တွင်၊ဝန်ခံချက်သည်ဆန့်ကျင်ဖက်အမှုသည်ကမှီငြမ်းပြုနိုင်သောအကောင်းဆုံးသက်သေခံချက်ဖြစ်သည်၊အပြီးသတ်အတည်မဟုတ်သော်လည်းအချင်းဖြစ်အကြောင်းအရာကိုအပြတ်ဆုံးဖြတ်ရန်လုံလောက်သည်။
———————————————
WOODROFFE AND AMEER ALI တို့ပြုစုသည့်၊နာမည်ကြီးသက်သေခံအက်ဥပဒေကျမ်း[ LAW OF EVIDENCE ][ 13TH ED. VOL 1 ][ Thirteenth Edition 1973 ][ Page-832 ]တွင်သက်သေခံဥပဒေပုဒ်မ၃၁ကိုဋီကာချဲ့ရာ၌၊အောက်ပါအတိုင်းပြဆိုသည်-
[ But, as held in Narayan Bhagwant Rao v. Gopal,an admission is the best evidence that an opposite party can rely upon, and though not conclusive, is decisive of the matter, unless successfully withdrawn or proved erroneous. ]
A. I. R. 1960 S.C. 100
————————————————-
Narayan Bhagwantrao Gosavibalajiwale
vs
Gopal Vinayak Gosavi And Others
on 22 September, 1959
Equivalent citations: 1960 AIR 100,
1960 SCR (1) 773
Author: M. Hidayatullah
Bench: M. Hidayatullah, S.K. Das
အမှုတွင်၊အောက်ပါအတိုင်းထုံးဖွဲ့သည်-
[ An admission is the best evidence that an opposing party can rely upon, and, although it is not conclusive, is often decisive of the matter unless it can be successfully withdrawn or proved to be erroneous.
The expression " burden of proof " means one of two things
(1) that a party has to prove an allegation before it is entitled to a judgment in its favour, or
(2) that the one or the other of the two contending parties has to introduce evidence on a contested issue.
The question of onus is material only where the party on which it is placed would eventually lose if it failed to discharge the same.
Where issues are, however, joined, evidence is led and such evidence can be weighed in order to determine the issues, the question of burden becomes academic.
In the present case, if the onus lay on any party, it was clearly on the appellant to prove by cogent evidence that the admissions made by his predecessors-in-title and by him were either erroneous or unavailable and this he had failed to do.
The earlier sanads, admittedly in his possession, not having been produced and those produced not being in any way inconsistent with the said admissions or the revenue records, no question of any misconstruction of documents could arise. ]
———————————————-
Comments
Post a Comment