10 Rangoon 529 စီရင်ထုံးနှင့်၊ 1981 BLR 125 စီရင်ထုံး။
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
တန်ဖိုးကျပ်တရာနှင့်အထက်ရှိသော၊မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကိုမှတ်ပုံတင်စာချုပ်မရှိဘဲဝယ်ယူသူသည်၊ပစ္စည်းကိုလက်ရှိပင်ဖြစ်စေကာမူ၊ထိုပစ္စည်းကိုပိုင်ဆိုင်သူဖြစ်ကြောင်းကြေညာပေးစေလိုမှုစွဲဆိုခြင်းမပြုနိုင်။
——————————
A. I. R. 1933 Rangoon 4 (2)
PAGE, C. J.
Ko Yan and another-Appellant.
V.
Ma Mai Wi-Respondent.
Equivalent citation = 10 Ran 529
———————————
Vol. X RANGOON SERIES 529
Before Sir Arthur Page, Kt, Chief Justice
KO YAN AND ANOTHER
V.
MA MAI WI
Equivalent citation = A. I. R. 1933 Rangoon 4 (2)
တန်ဖိုးငွေကျပ်တရာနှင့်အထက်ရှိသောမရွှေ့မပြောင်းနိုင်သောပစ္စည်းကိုစာချုပ်စာတမ်းချုပ်ဆို၍ရောင်းချလျင်မှတ်ပုံတင်ရမည်ဟု၊ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၄နှင့်စာချုပ်စာတမ်းမှတ်ပုံတင်အက်ဥပဒေပုဒ်မ၁၇တို့တွင်ပြဌာန်းထားသည်။
တန်ဖိုးကျပ်တရာနှင့်အထက်ရှိသောမရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကိုတန်ဖိုးငွေချေပြီး၍လက်ရောက်ပေးအပ်ခဲ့ခြင်းဖြစ်စေကာမူ၊ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၄အရ၊ရောင်းချခြင်းအထမမြောက်သဖြင့်ဝယ်သူ၌ပိုင်ဆိုင်ခွင့်မရှိပေ။
တန်ဖိုးကျပ်တရာနှင့်အထက်ရှိသောမရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကိုမှတ်ပုံတင်စာချုပ်မရှိဘဲဝယ်ယူသူသည်ပစ္စည်းကိုလက်ရှိပင်ဖြစ်စေကာမူ၊ထိုပစ္စည်းကိုပိုင်ဆိုင်သူဖြစ်ကြောင်းကြေညာပေးစေလိုမှုစွဲဆိုခြင်းမပြုနိုင်ကြောင်း၊အထက်ဖော်ပြပါစီရင်ထုံးတွင်တရားသူကြီးချုပ် Sir ARTHUR PAGE က၊ပရီဗွီကောင်စီ၏စီရင်ထုံးတရပ်အားကိုးကားလိုက်နာ၍အောက်ပါအတိုင်းဆုံးဖြတ်သည်-
[ A purchaser of immoveable property of the value of Rs 100 and upwards cannot sue for a declaration of his title to the property except or way of adverse possession for 12 years without a registered instrument.
Ariff v. Jadunath Majundar I.L.R. 58 Cal. 1235 P.C. followed. ]
တရားသူကြီးချုပ် PAGE ၏စီရင်ချက်မှာအောက်ပါအတိုင်းဖြစ်သည်-
[ PAGE, C.J. This appeal must be allowed.
A suit was brought by the respondent as the purchaser for a declaration that she is the absolute owner ef certain lands.
Her title is set out as having been derived from a purchase in or about the year 1923.
After the purchase she alleges that she remained in possession of the land in suit.
Both Courts have passed a decree in favour of the plaintiff.
Unfortunately the purchase was not by a registered document, and therefore, having regard to the principles laid down by the judicial Committee of the Privy Council in Ariff v. Jadunath Majundar (1), (1931) 58 I.A. : I.L.R. 58 Cal 1235, her suit must fail.
The appeal is allowed, the decrees of the Lower Courts are set aside, and the suit is dismissed.
I make no order as to costs. ]
———————————-
G.F.C. Ariff vs Rai Jadunath Majumdar Bahadur
on 23 January, 1931
Equivalent citations: (1931)33 BOMLR 913
အမှုတွင်၊ပရီဗွီကောင်စီတရားသူကြီး LORD RUSSELE OF KILLOWEN ကအောက်ပါအတိုင်းမြွက်ဆိုသည်-
[ Now it is clear that the verbal agreement alone could confer upon the respondent no such right, By Section 107 of the Transfer of Property Act, 1882, it is expressly enacted that "A lease of immovable property from year to year, or for any term exceeding one year, or reserving a yearly rent, can be made only by registered instrument. All other leases of immovable property may be made either by a registered instrument or by oral agreement".
This amounts to a statutory prohibition of the creation of such a right, as is claimed here by the respondent, otherwise than by a registered instrument.
No registered instrument exists, and therefore, the respondent can have no such right as he claims, unless he can establish it by some means operating independently and in violation of the statute.]
—————————————
G.H.C. Ariff vs Jadu Nath Majumdar
on 18 January, 1928
Equivalent citations: AIR 1929 CAL 101,
AIR1929CALCUTTA101
အမှုတွင်၊တရားသူကြီး Mukerji က၊အောက်ပါအတိုင်းမြွက်ဆိုသည်-
[ It is true that in the absence of a lease executed and registered in accordance with law (vide Section 107, T.P. Act and Section 49, Registration Act) the defendant has not acquired a valid title as that of a lessee, and has only such title as possession may confer, but the plaintiff cannot succeed as he is unable to displace the defendant's possessory title by reason of the equities arising out of the executed contract blocking his way. ]
—————————————
ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၁၀၇အရ၊သုံးနှစ်တာကာလအတွက်ငှါးရမ်းလိုလျင်၊မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန်လိုအပ်သဖြင့်၊မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်းမရှိလျင်ထိုကာလအတွက်ငှါးရမ်းမှုမှာအထမမြောက်ချေ။
ဥပဒေများကိုဆက်စပ်၍လေ့လာရန်လိုပါသည်။
ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေသည်၊ပဋိညာဉ်ဥပဒေ၊စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေများနှင့်ဆက်စပ်နေပါသည်။
ထိုဥပဒေများကိုလွယ်လွယ်လေ့လာ၍မရနိုင်။
ကျိုးကြောင်းဆင်ခြင်သည့်ပညာဖြင့်လေ့လာပါမှ၊အဆက်အစပ်ကိုကောင်းစွာတီးခေါက်မိမည်ဖြစ်ပါသည်။
—————————————
1981 BLR 125
ဦးအောင်တင့် နှင့် ဒေါ်နီ
ဥက္ကဌအဖြစ်ဦးမန်းစံမြတ်ရွှေ၊အဖွဲ့ဝင်များအဖြစ်ဦးစိုးလှိုင်နှင့်ဦးသန့်စင်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်
အမှုတွင်၊ဗဟိုတရားစီရင်ရေးအဖွဲ့ကအောက်ပါအတိုင်းဆုံးဖြတ်သည်-
[ ဆုံးဖြတ်ချက်။ ။မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကိုမှတ်ပုံမတင်ရသေးသည့်စာချုပ်ဖြင့်ဝယ်ယူ၍၊ဝယ်သူကလက်ရောက်ရရှိခဲ့ပြီးနောက်ပိုင်းတွင်၊အရောင်းအဝယ်စာချုပ်မှာဥပဒေနှင့်မညီသဖြင့်၊တရားမဝင်သောစာချုပ်ဟုဆိုပြီး၊ရောင်းသူကဝယ်သူအားအချင်းဖြစ်သည့်မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းမှဖယ်ရှားစေရန်တရားစွဲလာသည့်အခါ၊ပစ္စည်းလွှဲပြောင်းရေးဥပဒေပုဒ်မ၅၃(က)ပါပြဌာန်းချက်ကိုဝယ်သူကအကာအကွယ်အဖြစ်ဖြင့်သုံးစွဲနိုင်သည်။
ပုဒ်မ၅၃(က)ပါပြဌာန်းချက်များကိုအခြေခံပြု၍၊ဝယ်သူကပိုင်ဆိုင်ကြောင်းမြွက်ဟကြေငြာပေးရန်တရားစွဲဆိုခွင့်မရှိချေ။
ပစ္စည်းလွှဲပြောင်းရေးဥပဒေပုဒ်မ၅၃(က)ပါပြဌာန်းချက်များကို၊တစုံတယောက်ကမိမိအပေါ်စွဲဆိုသည့်အခါခုခံကာကွယ်ရန်အတွက်သာအသုံးပြုနိုင်သည်။
ယင်းအချက်များကိုအခြေပြု၍၊မိမိကအရေးဆိုတရားစွဲဆိုခွင့်မရှိချေ။]
—————————————-
10 Ran 529 စီရင်ထုံးနှင့်၊ 1981 BLR 125 စီရင်ထုံးတို့အား၊ပူးတွဲဖတ်ရှုလေ့လာ၍မှတ်သားထားရန်ဖြစ်သည်။
————————————-
Comments
Post a Comment