1966 BLR ( C C ) 252 စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part One ]
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
1966 BLR ( C C ) 252 စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part One ]
1966 BLR ( C C ) 252
Before U Thet Pe, J.
STATE COMMERCIAL BANK (APPELLANT)
V.
U PO DAN AND SIX OTHERS (RESPONDENT).*
အမှုတွင်၊မြန်မာဗုဒ္ဓဘာသာဒေါ်ခင်သန်းသည်ဦးမောင်မောင်စော၏ဇနီးဖြစ်သည်။
နိုင်ငံတော်ကူးသန်းရောင်းဝယ်ရေးဘဏ်တွင်အချင်းဖြစ်ပစ္စည်းများ၏စာချုပ်စာတမ်းများကိုအပ်နှံ၊ပေါင်နှံ[ စီရင်ထုံး၌ဖော်ပြထားသော equitable mortgage ]သူများအနက်တဦးမှာ၊ဦးမောင်မောင်စောဖြစ်သည်။
အဆိုပါဘဏ်ကအပေါင်အရ၊ရရန်ရှိသောကြွေးမြီအတွက်အပေါင်မှုစွဲဆိုရာတွင်၊ပေါင်နှံသူမဟုတ်သောဒေါ်ခင်သနိးကိုလည်း၊အမှတ်(၃)တရားပြိုင်အဖြစ်ထည့်သွင်းစွဲဆိုရာ၌၊မူလတရားရုံးဖြစ်သည့်ခရိုင်တရားရုံးကတရားမပုံစံအမှတ်၁၅၄ကိုသုံး၍၊ပေါင်နှံသောပစ္စည်းကိုရောင်းချရန်ပဏာမအပေါင်ဒီကရီချမှတ်ရာတွင်အောက်ပါအတိုင်းအကြောင်းပြသည်-
[ As regards the issue Nos. 4 and 6 I must say that the 3rd defendant has never granted a general power of attorney to U Po Dan and Daw Kyin Hlaing.
She doesn’t own any of the properties the title deeds of which were deposited with the Bank.
She shouldn’t be a party to the suit, for unmistakably the plaintiff Bank has no cause of action against her.
I would, therefore, answer the issue No. 4 in the sense that the plaintiff Bank had not cause of action against her defendant No. 3.
It seems that her name appears on the record as she is the wife of the 2nd defendant and the plaintiff Bank took the stand that the loans were taken for the joint family business of U Po Dan and his son, U Mg Mg Saw. ]
စီရင်ထုံးစာမျက်နှာ၂၅၃တွင်၊တရားသူကြီးဦးသက်ဖေကအောက်ပါအတိုင်းဖော်ပြသည်-
[ The lower Court after hearing the parties decreed the appellant's suit ]
အထက်ဖော်ပြပါအချက်ကိုရှင်းလင်းစေရန်၊စီရင်ထုံးချမှတ်သောအယူခံမှုရှိမူလတရားရုံး၏စီရင်ချက်နှင့်ဒီကရီတို့ကိုလေ့လာသောအခါပဏာမအပေါင်ဒီကရီဖြစ်နေသည်ကိုတွေ့ရသည်။
အမှန်စစ်စစ်၊စီရင်ထုံးစာမျက်နှာ၂၅၂ပါ[ equitable mortgage ]ဟူသောစကားရပ်နှင့်ဆက်စပ်ဆင်ခြင်ပါကလည်း၊မူလတရားရုံးချမှတ်သောဒီကရီသည်အပေါင်ပစ္စည်းရောင်းချရန်ပဏာမဒီကရီချမှတ်ခြင်းဖြစ်ကြောင်းမြင်သာသည်။
ခရိုင်တရားရုံးကအထက်ပါအတိုင်းအကြောင်းပြပြီးဒေါ်ခင်သန်းအပေါ်ဒီကရီချမှတ်ခြင်းမပြုသဖြင့်၊နိုင်ငံတော်ကူးသန်းရောင်းဝယ်ရေးဘဏ်ကတရားရုံးချုပ်တွင်အယူခံဝင်သောအခါ၊တရားရုံးချုပ်ကစီရင်ထုံးစာမျက်နှာ၂၅၄၌အောက်ပါအတိုင်းအကြောင်းပြသည်-
[ The lower Court has found as a fact that the loan in suit was taken for the benefit of the joint family business ]
အထက်ပါအတိုင်းပြဆိုပြီးနောက်၊ထိုမိသားစုလုပ်ငန်းတွင်ဦးမောင်မောင်စောဦးဆောင်လုပ်ကိုင်သည်ဟုယူဆရကြောင်း၊အမှု၏ပတ်ဝန်းကျင်အခြေအနေအရဇနီးဒေါ်ခင်သန်းသည်မိမိခင်ပွန်း၏လုပ်ရပ်များကိုသဘောတူသည်ဟုမှတ်ယူရမည်ဖြစ်ကြောင်း၊စီရင်ထုံးစာမျက်နှာ၂၅၄တွင်အောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-
[ The lower Court has found as a fact that the loan in suit was taken for the benefit of the joint family business in which the respondents U Po Dan, his deceased wife Daw Kyin Hlaing and U Maung Maung Saw appeared to be active members and the circumstances of the case indicated that the respondent Daw Khin Than must be deemed to have consented to the acts of her husband and parents-in-law. ]
ထိုဆုံးဖြတ်ချက်အထိအငြင်းပွါးရန်ပြဿနာမပေါ်ပေါက်။
သို့သော်တရားရုံးချုပ်ကစီရင်ထုံးစာမျက်နှာ၂၅၄တွင်အောက်ပါအတိုင်းဆက်လက်အကြောင်းပြသည်-
[ In this view of the matter the present case is covered by the decision in N.A.V.R. Chettiar Firm v. Maung Than Daing (2) 9 Ran. p. 524 (S.B.) where it was held that a debt contracted by the husband could be made liable under certain circumstances by the wife. ]
စီရင်ထုံးခေါင်းစီးတွင်ထိုအကြောင်းပြချက်ကိုအကျဉ်းချုံး၍၊အယူခံတရားပြိုင်ဒေါ်ခင်သန်းသည်မိမိခင်ပွန်းရှိသည့်ကြွေးမြီအတွက်တာဝန်ရှိသည်ဟုအောက်ပါအတိုင်းဖော်ပြသည်-
[ Therefore the respondent Daw Khin Than is liable for the debt contracted by her husband. ]
တရားရုံးချုပ်ကမူလတရားရုံး၏အဆုံးအဖြတ်ကိုပယ်ဖျက်ပြီးနောက်၊ဒေါ်ခင်သန်းအပေါ်တွင်လည်းအယူခံတရားလိုအကျိုးငှါဒီကရီလည်းချမှတ်သည်ဟုအောက်ပါအတိုင်းဆုံးဖြတ်သည်-
[ In the result the appeal is allowed with costs and I direct that there shall also be a decree in favour of the appellant against the respondent Daw Khin Than as well. ]
စီရင်ထုံးတွင်[ a decree ]ဟုသာဖော်ပြသည်။
အပေါင်ပစ္စည်းရောင်းချရန်ပဏာမဒီကရီဟုအတိအလင်းဖော်ပြချမှတ်ခြင်းမပြုသော်လည်း၊တရားရုံးချုပ်စီရင်ချက်စာမျက်နှာ၂၅၂၌၊စာချုပ်စာတမ်းအပ်နှံသည့်အပေါင်အရပေးဆပ်ရန်ရှိသည့်ငွေများရလိုကြောင်းတရားလိုဘဏ်ကတရားစွဲဆိုသည်ဟူသောစကားရပ်အရလည်းကောင်း၊မူလတရားရုံး၏ပဏာမဒီကရီချမှတ်ထားခြင်းအရလည်းကောင်း၊ဒေါ်ခင်သန်းအပေါ်အပေါင်ပဏာမဒီကရီချမှတ်ခြင်းဖြစ်ကြောင်းယုံမှားဖွယ်မရှိ။
—————————————-
1940 RANGOON LAW REPORTS. 180
LETTERS PATENT APPEAL.
Before Mr. Justice Dunkley, and Mr. Justice Wright.
U RAI GYAW THOO & CO., LTD.
V.
MA HLA U PRU.*
Equivalent citation = A. I. R. 1940 Rangoon 126
အမှုတွင်၊ဗုဒ္ဓဘာသာအယူခံတရားလိုမလှဦးဖြူတို့လင်မယားပိုင်ပစ္စည်းကို၊၎င်း၏ခင်ပွန်းတဦးတည်းကအယူခံတရားပြိုင်ကုမ္ပဏီထံပေါင်ရာမှ၊ထိုကုမ္ပဏီကပေါင်သူခင်ပွန်းနှင့်မယားမလှဦးဖြူတို့အပေါ်အမှုစွဲဆိုသည်။
မယားဖြစ်သူသည်ခင်ပွန်းပေါင်နှံသည့်ကိစ္စကိုသိရှိသည့်အပြင်သဘောလည်းတူသည်ဟု၊မူလတရားရုံးနှင့်ပထမအယူခံတရားရုံးတို့ကကောက်ယူပြီး၊တရားပြိုင်လင်နှင့်မယားအပေါ်အပေါင်ပစ္စည်းကိုရောင်းချရန်ပဏာမအပေါင်ဒီကရီချမှတ်သည်။
သို့သော်တရားလွှတ်တော်တရားမဒုတိယအယူခံမှု၌၊တဦးထိုင်တရားသူကြီးကခင်ပွန်းဖြစ်သူလင်မယားပိုင်ပစ္စည်းကိုပေါင်ကြောင်း၊မယားဖြစ်သူသိကြောင်း၊ထို့ပြင်သဘောတူကြောင်းသက်သေထင်ရှားခြင်းမရှိ၍၊ခင်ပွန်းဖြစ်သူပစ္စည်းပေါင်ခြင်းသည်၊အချင်းဖြစ်ပစ္စည်းတွင်မယား၏အကျိုးခံစားခွင့်အပေါ်တာဝန်တင်ရှိစေခြင်းမရှိဟုဆုံးဖြတ်သည်။
တရားလွှတ်တော်တွင် LETTERS PATENT APPEAL.အဖြစ်ထပ်မံအယူခံဝင်သောအခါ Mr. Justice Dunkley, and Mr. Justice Wright.တို့ပါဝင်သောခုံရုံးကခင်ပွန်းဖြစ်သူပစ္စည်းပေါင်သည့်ကိစ္စကိုမယားဖြစ်သူသိခြင်း၊သဘောတူခြင်းပြဿနာသည်အကြောင်းခြင်းရာပြဿနာဖြစ်သဖြင့်လင်ပေါင်နှံသည်ကိစ္စကိုမလှဦးဖြူသိသည်၊သဘောတူသည်ဟု၊ပထမအယူခံတရားရုံးကဆုံးဖြတ်ခြင်းကို၊တရားမဒုတိယအယူခံတွင်စွက်ဖက်ပြင်ဆင်ခွင့်မရှိကြောင်းကောက်ယူပြီး၊မူလတရားရုံးကလင်မယားနှစ်ဦးစလုံးအပေါ်ချမှတ်သည့်အပေါင်ပဏာမဒီကရီကိုပြန်လည်အတည်ပြုကြောင်းဆုံးဖြတ်သည်။
လင်ချေးယူသောအပေါင်ကြွေးမြီအတွက်မယား၌ကိုယ်တိုင်[ personally]တာဝန်ရှိသည်ဟုစီရင်ထုံးတွင်လုံးဝမဆုံးဖြတ်။
ပဏာမအပေါင်ဒီကရီသည်အပေါင်ပစ္စည်းတွင်မယား၏အကျိုးခံစားခွင့်အပေါ်တွင်လည်းအတည်ဖြစ်သည်ဟုဆုံးဖြတ်ခြင်းဖြစ်သည်။
————————————-
1940 RANGOON LAW REPORTS. 180 စီရင်ထုံးအရခင်ပွန်းဖြစ်သူဦးမောင်မောင်စောချေးယူခဲ့သောအပေါင်ကြွေးမြီအတွက်၊ပေါင်သောပစ္စည်းများတွင်၊ပေါင်သူဦးမောင်မောင်စော၏အကျိုးခံစားခွင့်အပေါ်တွင်သာမက၊မယားဒေါ်ခင်သန်း၏ဝေစုအပေါ်တွင်လည်းအပေါင်ဒီကရီချမှတ်ခြင်းဖြစ်သည်။
သို့ရာတွင်စီရင်ထုံးကဒေါ်ခင်သန်း၌ခင်ပွန်းဖြစ်သူယူသောကြွေးမြီအတွက်တာဝန်ရှိသည်ဆိုခြင်းသည်မယားအနေဖြင့်ကိုယ်တိုင်[ personally ]တာဝန်ရှိသည်ဟုဆိုလိုသည့်သဘောသက်ရောက်နေသည်။
အပေါင်ပစ္စည်းကိုရောင်းချပေးရန်အပေါင်ခံသူက၊တရားမကျင့်ထုံးဥပဒေအမိန့်၃၄၊နည်း၃အရစွဲဆိုသောအပေါင်မှုသည်အပေါင်ခံပစ္စည်းအပေါ်အဓိကဦးတည်တရားစွဲဆိုသောအမှုဖြစ်သည်။
ထိုအမှုတွင်ချမှတ်ထားသောပဏာမဒီကရီမှာ၊တရားမပုံစံအမှတ်၁၅၄ဖြစ်သည်။
တရားမကျင့်ထုံးဥပဒေအမိန့်၃၄၊နည်း၃(၁)၏တတိယအပိုဒ်ပါပြဌာန်းချက်များအရ၊ထိုပဏာမဒီကရီအရပုဂ္ဂလိကဒီကရီချမှတ်ခံရသူတို့သည်ပေါင်နှံသူမဟုတ်ဘဲအခြားတရားပြိုင်များဖြစ်ကြောင်းမြင်သာသည်။
တရားပြိုင်ဒေါ်ခင်သန်းသည်တရားလိုဘဏ်တွင်ပစ္စည်းပေါင်သူမဟုတ်။
တရားရုံးချုပ်ကဒေါ်ခင်သန်းအပေါ်ချမှတ်သောဒီကရီသည်အမိန့်၃၄၊နည်း၃(၁)၏တတိယအပိုဒ်ပါပြဌာန်းချက်များအရချမှတ်သောပုဂ္ဂလိကဒီကရီ[ personal decree ]မဟုတ်သည်မှာယုံမှားဖွယ်မရှိ။
ထိုမှတပါးအပေါင်ပစ္စည်းကိုရောင်းချရန်ပဏာမဒီကရီပါ[ ထို့ပြင်တရားလို၏တရားစရိတ်များအတွက် အထိတရားပြိုင်အမှတ် (တို့)၌ကိုယ်တိုင်တာဝန်ရှိစေရမည်ဟုထပ်မံအမိန့်ဒီကရီချမှတ်သည် ]ဟူသောစကားရပ်ကိုထောက်ချင့်ပါက၊အမိန့်၃၄၊နည်း၃(၁)တတိယအပိုဒ်အရချမှတ်သောပုဂ္ဂလိကဒီကရီသည်အပေါင်ကြွေးမြီအတွက်မဟုတ်။
တရားလို၏စရိတ်များအတွက်သာဖြစ်သည်။
ဤအခြေအနေတွင်ဒေါ်ခင်သန်း၌ခင်ပွန်းဖြစ်သူယူသောကြွေးမြီအတွက်တာဝန်ရှိသည်ဟုတရားရုံးချုပ်ကဆုံးဖြတ်ခြင်းသည်[ ထိုကြွေးမြီကိုဒေါ်ခင်သန်းကိုယ်တိုင်ပေးဆပ်ရန်တာဝန်ရှိသည် ]ဟုမဆိုလိုကြောင်း၊ပဏာမဒီကရီ၏သဘောသဘာဝအရလည်းကောင်း၊အမိန့်၃၄၊နည်း၃(၁)၏တတိယအပိုဒ်ပါပြဌာန်းချက်များအရမြင်သာသည်။
——————————
Comments
Post a Comment