1966 BLR ( C C ) 252 စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part Three ]
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
1966 BLR ( C C ) 252 စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part Three ]
မြန်မာဥပဒေပညာရှင်များရင်ဆိုင်ရသောအခက်အခဲတရပ်မှာ၊ဥပဒေများပါအင်္ဂလိပ်နှင့်အိန္ဒိယဝေါဟာရများဖြစ်သည်။
Tenants-in-common[ ဝေစုအလျောက်ဘုံပိုင်သူများ ]
Life interest[ တသက်တာအကျိုးခံစားပိုင်ခွင့် ]
Benami[ အမည်ခံအမည်ငှါး ]
Resulting trust[ ဖြစ်ပေါ်လာသောယုံမှတ်အပ်နှံမှု ]စသည့်ဝေါဟာရများဖြစ်သည်။
Joint tenants[ ပူးတွဲပိုင်ဆိုင်သူများ ]ကိုနားလည်သော်လည်း၊ tenants-in-common ဟူသောဝေါဟာရ၏အဓိပ္ပာယ်အမှန်ကိုသဘောပေါက်ရန်မလွယ်။
အတူပိုင်ဆိုင်သူများဟုဘာသာပြန်ခြင်းသည် common[ ဘုံ ]ဟူသောစကားလုံး၏အဓိပ္ပာယ်ကိုပေါ်လွင်စေခြင်းမရှိ။
ရာဇသတ်ကြီးပုဒ်မ၃၄တွင်[ အကြံတူ ]ဟုဘာသာပြန်သော[ common intention ]နှင့်အသုံးအနှုန်းချင်းမတူ။
မြန်မာဗုဒ္ဓဘာသာလင်မယားသည်၎င်းတို့၏လက်ထက်ဖြစ်ထွန်းသောပစ္စည်းများတွင်၂ပုံ၁ပုံ၊၃ပုံ၁ပုံနှင့်၃ပုံ၂ပုံစီစသည်ဖြင့်ပိုင်ကြသည်ဖြစ်ရာ၊၎င်းတို့၏အနေအထားကိုဝေစု[ အစု ]အလျောက်ဘုံပိုင်သူများဟုဆိုလျင်ပို၍နားလည်မည်ဟုသဘောရရှိသည်။
အပုံလိုက်ပိုင်သူများဖြစ်ကြသည်။
မြန်မာဥပဒေပညာရှင်များနှင့်စိမ်းနေသောဥပဒေဝေါဟာရတို့၏အဓိပ္ပာယ်ကိုကောင်းစွာနားလည်အောင်အားထုတ်ရန်ပျက်ကွက်ကြသည်နှင့်အမျှအမှုသည်တို့မှာခါးစည်းခံနေရမည်ကို၊ယင်းပညာရှင်များသတိချပ်ရာသည်။
——————————————
1958 BLR ( S C ) 22
SUPREME COURT
MAUNG AYE PE AND ONE (APPLICANTS)
V.
SECRETARY, NATIONAL HOUSING BOARD AND ONE (RESPONDENTS).*
Present: U MYINT THEIN, Chief Justice, U CHAN HTOON, J. and U BO GYI, J.
အမှုတွင်၊တဦးတယောက်သောသူသည်-
အိမ်ရှင်နှင့် privity of contract[ပဋိညာဉ်ဆိုင်ရာဆက်ဆံမှု]ဖြစ်စေ၊ privity of estate[ ပစ္စည်းခန်းဆိုင်ရာဆက်ဆံမှု ]ဖြစ်စေရှိမှသာလျှင်၊ငှါးရမ်းခပေးနိုင်သည်ဟုအောက်ပါအတိုင်းထုံးဖွဲ့ထားသည်-
[ Held also: A landlord is not bound to accept payment of rent except where it is made by the lessee or his agent or his successors in title, including sub-lessees and mortgagecs.
The rent can be paid by a person only where there is privity of contract or privity of estate between him and the landlord. ]
တရားသူကြီးဦးချန်ထွန်းကစီရင်ထုံးစာမျက်နှာ၂၄၌၊အောက်ပါအတိုင်းသုံးသပ်သည်-
[ A landlord is not bound to accept payment of rent except where it is made by the lessee or his agent or his successors in title, including sub-lessees and mortgagees. Vide Smith v. Cax (1). (1940; 2 K.B. 558.)
In other words, the rent can be paid by a person only where there is privity of contract or privity of estate between him and the landlord.
In the present case the applicants being total strangers to the tenancy, the landlord is under no obligation to accept any rent from them or recognise them as persons having any right, title or interest in the property. ]
အိမ်ရှင်အိမ်ငှါးပဋိညာဉ်ဆိုင်ရာဆက်ဆံမှုရှိပါက၊ငှါးရမ်းခပေးရန်တာဝန်ရှိမည်ဖြစ်သည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၁၂အရစွဲဆိုသောအမှုမှာ[ privity of contract ]အရတရားစွဲဆိုသောအမှုမျိုးဖြစ်သည်။
စီရင်ထုံးစာမျက်နှာ၂၅၌၊တရားသူကြီးဦးချန်ထွန်း၏အောက်ပါမြွက်ဆိုချက်မှာမှတ်သားဖွယ်ဖြစ်သည်-
[ On the other hand, the applicants as persons in possession can hold it against all the world except the true owner. ]
———————————
1961 BLR ( H C ) 98
APPELLATE CIVIL.
Before U San Maung and U Thaung Sein, JJ.
THE INCORPORATED BRITISH AND FOREIGN BIBLE SOCIETY ASSOCIATION (APPELLANTS)
V.
U TIN MAUNG (RESPONDENT).*
——————————-
1962 BLR ( C C ) 445
တရားရုံးချုပ်
တရားသူကြီးချုပ်ဦးဘိုကြီးနှင့်တရားသူကြီးဦးစောဘသိန်းတို့ရှေ့၌၊
ဗြိတိသျှနှင့်နိုင်ငံခြားသမာကျမ်းစာအသင်း
နှင့်
ဦးတင်မောင်
အထက်ပါစီရင်ထုံးများတွင်၊ဦးတင်မောင်သည်၁၉၄၈ခုနှစ်မြို့ပြဆိုင်ရာငှါးရမ်းခကြီးကြပ်ရေးအက်ဥပဒေပုဒ်မ၁၂(၁)(၁၉၆၀ပြည့်နှစ်မြို့ပြဆိုင်ရာငှါးရမ်းခကြီးကြပ်ရေးအက်ဥပဒေပုဒ်မ၁၃(၁)တွင်လည်းအလားတူပြဌာန်းသည်)အရအိမ်ငှါးဖြစ်သည်။
၁၉၄၈ခုနှစ်အက်ဥပဒေသည်၈-၁၀-၁၉၅၉နေ့တွင်သက်တမ်းကုန်ဆုံးသွားခဲ့ရာ၊၃လအကြာ၌၊ပုဒ်မ၁၂(၂)အရဦးတင်မောင်သည်အိမ်ငှါးအဖြစ်မှရပ်စဲသွားသည်။
သို့သော်ဦးတင်မောင်ကအိမ်ရှင်အားငှါးရမ်းခများဆက်လက်ပေးရာအိမ်ရှင်ကဥပဒေမသိ၍မှားယွင်းလက်ခံမိရာမှ၊အထက်ပါစီရင်ထုံးများကဦးတင်မောင်သည်အိမ်ရှင်၏အိမ်ငှါးဖြစ်သွားသည်ဟုဆုံးဖြတ်သည်။
အိမ်ငှါးအဖြစ်မှရပ်စဲပြီးနောက်၊ဦးတင်မောင်နှင့်အိမ်ရှင်အချင်းချင်းတွင်ငှါးရမ်းခြင်းပဋိညာဉ်မရှိ၍[ privity of contract ]မရှိဟုဆိုနိုင်စေဦး၊ဥပစာအတွက်ငှါးရမ်းခများကိုလက်ခံခြင်းသည်[ privity of estate ]ကိုဖြစ်ပေါ်စေပါ၍၊ငှါးရမ်းမှုပေါ်ပေါက်ခြင်းဖြစ်သည်။
——————————————
1966 BLR ( C C ) 252
Before U Thet Pe, J.
STATE COMMERCIAL BANK (APPELLANT)
V.
U PO DAN AND SIX OTHERS (RESPONDENT).*
အမှုတွင်မြန်မာဗုဒ္ဓဘာသာဦးမောင်မောင်စောသည်ဇနီးဒေါ်ခင်သန်းနှင့်အတူတကွပိုင်သောပစ္စည်းများကို၊ပိုင်ဆိုင်ခွင့်စာချုပ်စာတမ်းများအပ်နှံကာနိုင်ငံတော်ကူးသန်းရောင်းဝယ်ရေးဘဏ်၌ပေါင်နှံရာ၊အကြွေးမဆပ်သဖြင့်ဘဏ်က၎င်းတို့နှစ်ဦးအပေါ်အပေါင်မှုစွဲဆိုသည်။
မူလတရားရုံးက[ ဒေါ်ခင်သန်းသည်ပေါင်သူမဟုတ်သဖြင့်၊၎င်းအပေါ်အပေါင်မှုတရားစွဲဆိုရန်အကြောင်းမပေါ်ပေါက် ]ဟုအကြောင်းပြကာအပေါင်ဒီကရီချမှတ်ခြင်းမပြု။
တရားရုံးချုပ်ကမူဒေါ်ခင်သန်းအပေါ်တွင်လည်းအပေါင်ဒီကရီချမှတ်သည်။
အပေါင်ခံသူဘဏ်နှင့်ဒေါ်ခင်သန်းတို့အချင်းချင်းတွင်ပဋိညာဉ်ဆိုင်ရာဆက်ဆံမှု[ privity of contract ]မရှိသော်လည်း၊ဒေါ်ခင်သန်းသည်ပေါင်ထားသောပစ္စည်း၌အကျိုးခံစားပိုင်ခွင့်ရှိသဖြင့်၊တရားမကျင့်ထုံးဥပဒေအမိန့်၃၄၊နည်း၁၏အဓိပ္ပာယ်အရ၊အပေါင်ရွေးနုတ်ပိုင်ခွင့်ရှိသည်။
အပေါင်ခံသူဘဏ်နှင့်ဒေါ်ခင်သန်းတို့အချင်းချင်းတွင်ပစ္စည်းခန်းဆိုင်ရာဆက်ဆံမှု[ privity of estate ]ရှိသည်ဖြစ်၍၊၎င်းအပေါ်အပေါင်မှုတရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည်ကိုမူလတရားရုံးကဆင်ခြင်မိပုံမပေါ်။
ယင်းဆက်ဆံမှုရှိသည်ဖြစ်၍၊ဒေါ်ခင်သန်းအပေါ်ဒီကရီချမှတ်နိုင်သည်။
1940 RANGOON LAW REPORTS. 180 စီရင်ထုံးကိုကြည့်ပါ။
—————————————-
VII LOWER BURMA RULINGS. 135
Before Mr. Justice Twomey.
MA SEIN
v.
M. M. K. A. MUTHUCURPAN CHETTY.
အမှုတွင်အင်္ဂလိပ်တရားသူကြီး Mr. Justice Twomey.ကစီရင်ထုံးစာမျက်နှာ၁၃၅နှင့်၁၃၆၌၊အောက်ပါအတိုင်းအကြောင်းပြသည်-
[ Civil Procedure-Mortgage suit,-Parties to-Effect of non-joinder,-Order 34, Rule 1, Civil Procedure Code, 1908.
Although a Burmese Buddhist wife may sometimes be held to be bound by her husband's acts, as her agent, in mortgaging joint property, yet the mortgagee, if he neglects to add the wife as a party to his suit on the mortgage, cannot enforce the decree so obtained against her.
Bhawani Prasad v. Kallu (1895) I.L.R., 17 All., 537, referred to.
The plaintiff-appellant Ma Sein's husband Maung Paw mortgaged the land in suit to the defendant-respondent, a Chetty firm.
The defendant-respondent brought a mortgage suit against Maung Paw and having obtained a decree for the sale of the land, bought it with the permission of the Court.
Ma Sein then brought the present suit alleging that the land was the joint property of herself and her husband, pleading that her interest in the land was not affected by the mortgage or the subsequent decree against her husband and praying that her title to one half the land should be declared and that the sale should to that extent be annulled.
The Lower Courts have found concurrently that Ma Sein consented to the mortgage and have dismissed her suit.
The circumstances of the case give rise to a strong presumption that Ma Sein assented to her husband's action in mortgaging the land.
She had been suffering from paralysis for some years and the management of the property was entirely in the hands of Maung Paw who was living with and supporting his wife and children.
There is reason to believe that the loan was contracted for family purposes, and that Maung Paw acted on behalf of his wife as well as himself in mortgaging the land.
As in the somewhat similar case of Ma Nyein Thu v. P. S. M. L. Murugappa Chetty (1) 6 B. L. Times, p. 113. it may reasonably be held that the husband's mortgage was effective against his wife's share as well as against his own ard to that extent the decision of the Lower Courts is in my opinion correct.
But the Lower Courts went beyond the rulings of this Court in dismissing the plaintiff's suit.
They failed to consider the effect of the Chetty's omission to join Ma Sein as a party to the mortgage suit. It is clear that she was a necessary party under Order 34, Rule 1, which renders it imperative in a mortgage suit to join as parties "all persons having an interest either in the mortgage-security or in the right of redemption."
In this case there was no excuse for the omission as the land stood in the joint names of the husband and wife and they were living together.
The mortgagee does not and cannot now plead that he had no notice of the wife's interest in the land.
In his written statement he merely urged that the mortgage debt was contracted for the benefit of Ma Sein and her family and that Ma Sein was fully aware of it.
This is a good plea as against Ma Sein's claim that she was not affected by the mortgage but it is not a good plea as against her claim that she is not affected by the decree in the mortgage suit to which she was not a party. ]
————————————-
ဘဏ်တွင်ပေါင်ရာ၌၊ဒေါ်ခင်သန်းမပါသော်လည်း[ ဒေါ်ခင်သန်းသည်လင်ပိုင်သောအပေါင်ခံပစ္စည်းတွင်အကျိုးခံစားခွင့်ရှိသည်၊ပူးတွဲမိသားစုလုပ်ငန်းအကျိုးငှါအချင်းဖြစ်ကြွေးမြီကိုချေးယူခြင်းဖြစ်သည်။ ]စသည်တို့မှာ၊အပေါင်ခံပစ္စည်းနှင့်စပ်လျဉ်း၍ဘဏ်တိုက်နှင့်ဒေါ်ခင်သန်းတို့အချင်းချင်းတွင်[ privity of contract ]ရှိခြင်း၏ပြယုဂ်များဖြစ်သည်။
—————————
Comments
Post a Comment