မြန်မာ့အိမ်ထောင်လင်ခန်းမယားခန်းပစ္စည်းခန်းနှင့်ပတ်သက်သောစီရင်ထုံး[ ၅ ]ရပ်အကြောင်း။[ Part One ]
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
မြန်မာ့အိမ်ထောင်လင်ခန်းမယားခန်းပစ္စည်းခန်းနှင့်ပတ်သက််သောစီရင်ထုံး[ ၅ ]ရပ်အကြောင်း။[ Part One ]
ဦးစွာသိရှိမှတ်သားရမည့်ဥပဒေသဘောမှာ၊လင်သို့မဟုတ်မယားဖြစ်သူသည်အမွေရရှိသည်နှင့်တပြိုင်နက်၊အမွေ၏သုံးပုံတပုံအား[ vested interest ]ရရှိသည်။
၎င်း၏ဝေစုအားအပြီးအပိုင်သတ်မှတ်ပြီးဖြစ်သည်။
[ vested interest ][ tenant in common ]တို့သည်၊နောက်ပိုင်းရာစုကျမှပေါ်ပေါက်လာသောအတွေးအခေါ်များဖြစ်ကြသည်။
၁၈၉၁ခုနှစ်၊ဖေဖေါ်ဝါရီလ၂၆ရက်နေ့တွင်ဆုံးဖြတ်သော-
SELECTED JUDGMENTS AND RULINGS 578
Before E. M. H. Fulton, Esq.
MA THU (APPELLANT)
v.
MA BU (RESPONDENT).
Civil Second Appeal No. 16
1891, February 26.
အမှုတွင်၊မြန်မာနိုင်ငံ၌ပြဿနာစတင်ပေါ်ပေါက်သည်။
မယားဖြစ်သူမသိရှိပဲ၊ခွင့်ပြုချက်မရရှိပဲ၊သဘောတူညီမှုမရှိပဲ[ without her knowledge and consent ]ရောင်းချခြင်းသည်အတည်ဖြစ်၊မဖြစ်ပြဿနာနှင့်စပ်လျဉ်း၍ဆုံးဖြတ်ခဲ့သည်။
၁၈၉၁ခုနှစ်၌၊ကင်းဝန်မင်းကြီးဦးကောင်းပြုစုသောဓမ္မသတ်များမပေါ်ပေါက်သေး။
ကင်းဝန်မင်းကြီးဦးကောင်းပြုစုသောဓမ္မသတ်များသည်၁၈၉၆ခုနှစ်ကျမှပြီးစီးသော်လည်း၊အင်္ဂလိပ်ဘာသာဖြင့်ပြန်ဆိုခြင်းလုပ်ငန်းများမှာ၁၉၀၀ပြည့်နှစ်ခန့်ကျမှပြီးစီးသည်။
မယား၏အစုကိုလင်ဖြစ်သူကရောင်းချခွင့်ရှိ၊မရှိနှင့်ပတ်သက်၍အဆိုပါကာလ၌၊မနုကျယ်ဓမ္မသတ်သာပေါ်ပေါက်သေးသည်။
SJLB 578 စီရင်ထုံးအားဆုံးဖြတ်သူတရားသူကြီးချုပ် E. M. H. Fulton, Esq.က၊ကင်းဝန်မင်းကြီးဦးကောင်းအားတိုင်ပင်၍အကြံဉာဏ်တောင်းခံသည်။
ကင်းဝန်မင်းကြီးဦးကောင်းက၊လင်သည်မယား၏အရှင်သခင်ဖြစ်သည်[ Lord of the wife ]ဟူသောအတွေးအခေါ်အပေါ်တွင်မူတည်၍အကြံဉာဏ်ပေးသည်။
သို့သော်တရားသူကြီးချုပ် E. M. H. Fulton, Esq.က၊ကင်းဝန်မင်းကြီးဦးကောင်း၏အကြံဉာဏ်ပေးခြင်းကိုလက်မခံ။
တရားသူကြီးချုပ်သည်မနုကျယ်ဓမ္မသတ်အားဖတ်ရှုလေ့လာ၍၊ကင်းဝန်မင်းကြီးဦးကောင်းပေးသောအကြံဉာဏ်နှင့်မကိုက်ညီဟုယူဆပြီး၊လင်သည်မယားမသိရှိပဲ၊သဘောမတူညီပဲ၊မယား၏အစုအားရောင်းချခွင့်မရှိဟုဆုံးဖြတ်သည်။
အဆိုပါပြဿနာအား၊၁၉၀၅ခုနှစ်၊ဖေဖေါ်ဝါရီလ၆ရက်နေ့၌ဆုံးဖြတ်သော-
VOLUME III LOWER BURMA RULINGS. 66
Full Bench-(Civil Reference).
Before Sir Herbert Thirkell White, K.C.I.E., Chief Judge. Mr. Justice Fox and Mr. Justice Birks.
MA SHWE U v. MA KYU.
Civil Reference No. 8 of 1904.
February 6th, 1905.
အမှု၌ပြန်လည်စိစစ်သည်။
အယူခံတရားလိုဘက်မှ Messrs. Agabeg and Maung Kin တို့ကလိုက်ပါဆောင်ရွက်သည်။
ဦးခင်ကတရားသူကြီးချုပ် Mr. Fulton ဆုံးဖြတ်ချက်မမှန်ကန်ကြောင်းနှင့်ကင်းဝန်မင်းကြီးဦးကောင်း၏ဓမ္မသတ်အရ၊လင်သည်မယား၏အရှင်သခင်ဖြစ်၍၊မယားသဘောတူညီသည်ဖြစ်စေ၊သဘောမတူညီသည်ဖြစ်စေ၊ရောင်းချခြင်းတရားဝင်သည်ဟုလျှောက်ထားတင်ပြသော်လည်းစုံညီခုံရုံးကလက်ခံခြင်းမရှိ။
သို့သော်လည်းဥပဒေသဘောသည်ရှေ့တဆင့်တက်သွားပြီး၊၁၈၉၁ခုနှစ်ကဆုံးဖြတ်သော SJLB 578 အရ၊မယားမသိရှိပဲ၊သဘောမတူပဲမယား၏အစုအားလင်မှရောင်းချခွင့်မရှိဟုဆုံးဖြတ်ပြီး SJLB 578 စီရင်ထုံးအားအတည်ပြုခဲ့သည်။
ဒုတိယအချက်အနေဖြင့်လင်သည်မိမိ၏အစုအားရောင်းချခြင်းအတည်ဖြစ်သည်ဟုဆုံးဖြတ်သည်။
————————————-
SELECTED JUDGMENTS AND RULINGS 578
Before E. M. H. Fulton, Esq.
MA THU (APPELLANT)
v.
MA BU (RESPONDENT).
Civil Second Appeal No. 16
1891, February 26.
————————————
VOLUME III LOWER BURMA RULINGS. 66
Full Bench-(Civil Reference).
Before Sir Herbert Thirkell White, K.C.I.E., Chief Judge. Mr. Justice Fox and Mr. Justice Birks.
MA SHWE U v. MA KYU.
Civil Reference No. 8 of 1904.
February 6th, 1905.
အထက်ပါစီရင်ထုံးနှစ်ရပ်၏ဆုံးဖြတ်ချက်များကို၊ယခုအချိန်အထိအတည်ဖြစ်သည်ဟု၊ဂရုဓမ္မပြု၍မှတ်သားထားရန်ဖြစ်သည်။
Comments
Post a Comment