မြန်မာ့အိမ်ထောင်လင်ခန်းမယားခန်းပစ္စည်းခန်းနှင့်ပတ်သက်သောစီရင်ထုံး[ ၅ ]ရပ်အကြောင်း[ Part Two ]

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


မြန်မာ့အိမ်ထောင်လင်ခန်းမယားခန်းပစ္စည်းခန်းနှင့်ပတ်သက််သောစီရင်ထုံး[ ၅ ]ရပ်အကြောင်း။[ Part Two ]


VOLUME III LOWER BURMA RULINGS. 66


Full Bench-(Civil Reference).


Before Sir Herbert Thirkell White, K.C.I.E., Chief Judge. Mr. Justice Fox and Mr. Justice Birks.


MA SHWE U v. MA KYU.


Civil Reference No. 8 of 1904.


February 6th, 1905.


အမှု၏ဆုံးဖြတ်ချက်အား-


VOL. IX INDIAN LAW REPORTS. RANGOON SERIES. 524


SPECIAL BENCH (CIVIL).


Before Sir Arthur Page, Kt., Chief Justice, Mr. Justice Car, Mr. Justice Das, Mr. Justice Maung Ba, Mr. Justice  Mya Bu, Mr. Justice Sen and Mr. Justice Dunkley.


N.A.V.R. CHETTYAR FIRM


                  V.


MAUNG THAN DAING.*


1931, Aug. 18 


စီရင်ထုံးတွင်အတည်ပြုသည်။


တရားသူကြီး(၇)ဦးရုံးထိုင်ပြီးဆုံးဖြတ်သောအမှုဖြစ်သည်။


VOL. IX INDIAN LAW REPORTS. RANGOON SERIES. 524 ကဲ့သို့၊လင်ခန်း၊မယားခန်း၊ပစ္စည်းခန်းနှင့်ပတ်သက်၍ပြောင်မြောက်သောစီရင်ထုံးယနေ့ထိထွက်ပေါ်ခြင်းမရှိသေး။


အဆိုပါစီရင်ထုံးတွင်[ vested interest ][ tenants in common ]စသည့်အတွေးအခေါ်များပါဝင်လာသည်။


လင်သို့မဟုတ်မယားသည်၊ခင်ပွန်းသို့မဟုတ်ဇနီးမသိပဲ၊အဆိုပါသူ၏အကျိုးသက်ဆိုင်ခွင့်ကိုလွှဲပြောင်းခွင့်မရှိ။


သို့သော်မိမိ၏အကျိုးသက်ဆိုင်ခွင့်ကိုမူလွှဲပြောင်းခွင့်ရှိသည်။


တဆင့်တက်၍သဘောပေါက်နားလည်ရန်မှာ၊လင်ဖြစ်သူကရောင်းချခြင်းအားမယားဖြစ်သူကသိရှိ၊သဘောတူညီလျင်၊ကာယကံရှင်ကအရောင်းအဝယ်စာချုပ်၊အပေါင်စာချုပ်များတွင်လက်မှတ်ရေးထိုးခြင်းမရှိစေကာမူ၊အဆိုပါပုဂ္ဂိုလ်၏အစုအားဇနီးသို့မဟုတ်ခင်ပွန်းကထည့်သွင်းလွှဲပြောင်းခြင်းအတည်ဖြစ်သည်။


အထက်ပါဥပဒေသဘောကို-


1958 BLR ( H C ) 248 ( 251 )


APPELLATE CIVIL.


Before U San Maung and U Thoung Sein, JJ.


DAW NYEIN MYA AND ONE (APPELLANTS)


                          V.


U BA OHN AND ONE (RESPONDENTS).*


စီရင်ထုံးတွင်ထုံးဖွဲ့ထားသည်။


ရှေးစီရင်ထုံးများတွင်လွှဲပြောင်းခြင်းကိုသိလျင်၊သဘောတူလျင်၊လွှဲပြောင်းသူ၏ဝေစုအားထည့်သွင်းလွှဲပြောင်းမှုအတည်ဖြစ်သည်ဟုထုံးဖွဲ့ထားသည်။


[ သဘောတူဖို့ဝေးစွ ]အဓိပ္ပာယ်မှာ၊အင်္ဂလိပ်ဘာသာဖြင့်[ Let alone she consent ]ဟုသုံးနှုန်းသည်။


သဘောတူဖို့ဝေးစွ၊လွှဲပြောင်းခြင်းကိုပင်သိရှိခြင်းမရှိဟုအဓိပ္ပာယ်ရသည်။


[ consent ]ဆိုသည်မှာ[ အတိအလင်းသဘောတူသည် ]ဟုအဓိပ္ပာယ်ရသည်။


[ equant ]ဆိုသည်မှာ[ သဘောတူရာရောက်သွားခြင်း ][ ကန့်ကွက်ပြောဆိုရမည်ကိုမကန့်ကွက်ပဲ၊ဆိတ်ဆိတ်နေခြင်း ]ဟုအဓိပ္ပာယ်ရသည်။


သဘောတူခြင်းတမျိုးဖြစ်သည်။


အဆိုပါဥပဒေသဘောကို-


1967 BLR ( C C ) 545 ( 551 )


နိုင်ငံတော်တရားရုံးချုပ်


အခွင့်ထူးတရားမအယူခံမှု


တရားသူကြီးချုပ်ဒေါက်တာမောင်မောင်နှင့်တရားသူကြီးဦးထွန်းတင်တို့ရှေ့တွင်


ဒေါ်ကြည် နှင့် ဒေါ်သိန်းကြည်ပါ၂


စီရင်ထုံးတွင်ထုံးဖွဲ့ထားသည်။

——————————————


SELECTED JUDGMENTS AND RULINGS 578


VOLUME III LOWER BURMA RULINGS. 66


VOL. IX INDIAN LAW REPORTS. RANGOON SERIES. 524


1958 BLR ( H C ) 248 ( 251 )


1967 BLR ( C C ) 545 ( 551 )


အထက်ဖော်ပြပါစီရင်ထုံး(၅)ရပ်အားပူးတွဲဖတ်ရှုမှတ်သားထားလျင်၊မြန်မာ့အိမ်ထောင်၏လင်ခန်း၊မယားခန်း၊ပစ္စည်းခန်းနှင့်ပတ်သက်သောဥပဒေသဘောများကိုကောင်းစွာနားလည်သဘောပေါက်မည်ဖြစ်သည်။

————————————

Comments

  1. အခုလို ဥပဒေပညာများကို မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်ဆရာ။

    ReplyDelete

Post a Comment

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ