2006 BLR ( S A B ) 28 ( 38 ) စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


2006 BLR ( S A B ) 28 ( 38 )


ဒေါ်မြသန်း(၎င်း၏အထွေထွေကိုယ်စားလှယ်စာရသူဦးပေါ်မြင့်)


                                         နှင့်


ဦးမောင်မောင်ပါ၃


စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။

————————————


2006 BLR ( S A B ) 28 ( 38 )


တရားမအထူးအယူခံ


တရားရုံးချုပ်၊ဒုတိယတရားသူကြီးချုပ်ဦးသိန်းစိုး၊တရားသူကြီးများဖြစ်ကြသောဒေါက်တာတင်အောင်အေးနှင့်ဦးတင်အေးတို့ရှေ့တွင်


ဒေါ်မြသန်း(၎င်း၏အထွေထွေကိုယ်စားလှယ်စာရသူဦးပေါ်မြင့်)


                     နှင့်


ဦးမောင်မောင်ပါ၃


အမှုတွင်၊အထူးအယူခံခုံရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်-


[ ဆုံးဖြတ်ချက်။  ။ရန်ကုန်တိုင်းတရားရုံးအနေဖြင့်ရုံးချိန်းရက်ဖြစ်သည့်၁၉-၉-၂၀၀၃ရက်နေ့၌တရားလိုဘက်၏ပျက်ကွက်မှုကြောင့်နောက်ထပ်ရက်ချိန်းမပေးဘဲအမှုကိုဆုံးဖြတ်ရန်တာဝန်ရှိလာသည်ဖြစ်ရာထိုစဉ်ကတရားလိုဘက်၌သက်သေအထောက်အထားမရှိ၍တရားလိုအားအနိုင်ပေးရန်မဖြစ်နိုင်သဖြင့်အမှုကိုပလပ်ရန်နည်းတနည်းသာရှိပေသည်။ဤအခြေအနေတွင်ဒေါ်မြသန်းစွဲဆိုသည့်အမှုကိုပလပ်ခြင်းသည်တရားလိုရုံးချိန်းပျက်ကွက်ခြင်းသက်သက်ကြောင့်အမှုကိုတရားမကျင့်ထုံးဥပဒေအမိန့်၉၊နည်းဥပဒေ၈အရသာမန်ပလပ်ခြင်းမျိုးမဟုတ်ဘဲတရားလိုဘက်မှသက်သေခံချက်အထောက်အထားတင်ပြနိုင်ခြင်းမရှိသောကြောင့်ယင်းဥပဒေအမိန့်၁၇၊နည်းဥပဒေ၃ပါပြဌာန်းချက်အရပလပ်ခြင်းသည်အမှုသွားအမှုလာအရပလပ်ခြင်းဖြစ်သဖြင့်အငြင်းပွါးမှုကိုအပြီးသတ်ဆုံးဖြတ်ရာရောက်ပေသည်။

တရားမကျင့်ထုံးဥပဒေအမိန့်၁၇၊နည်းဥပဒေ၃တွင်တရားရုံးအားထက်မြက်သောအာဏာပေးအပ်ထားသည်ကိုတွေ့မြင်နိုင်သည်။ဤနည်းဥပဒေဖြင့်တရားရုံးသည်အမှုပြီးပြတ်ရေးအတွက်တင်းကြပ်သောစည်းကမ်းချက်ဖြင့်ချုပ်ကိုင်နိုင်ရန်ရည်ရွယ်ခြင်းဖြစ်သည်။ယင်းနည်းဥပဒေ၃အရတရားလိုပြစ်ဒဏ်ခတ်ခြင်းခံရသဖြင့်သက်သေပြခွင့်ဆုံးရှုံးပြီးတရားရုံးကအမှုတွင်ရှိသည့်အထောက်အထားများအရအမှုကိုဆုံးဖြတ်ခွင့်ရခြင်းဖြစ်ပေသည်။


ထပ်မံဆုံးဖြတ်ချက်။  ။မညို နှင့် မလှခင်ပါ(၅)အမှု၊၁၉၆၁ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံး၊စာ၁၃၂(တရားလွှတ်တော်)တွင်ဆုံးဖြတ်ချက်တရပ်သည်အမှုသည်တဦးအပေါ်မီးသေရန်အကြောင်းမရှိလျှင်ထိုအမှုသည်ကထိုအဆုံးအဖြတ်အပေါ်အယူခံဝင်ခွင့်မရှိဟူသောဥပဒေသဘောကိုရှင်းပြထားသည်။တရားမကျင့်ထုံးဥပဒေအမိန့်၁၇၊နည်းဥပဒေ၃အရချမှတ်သောအမိန့်ဒီကရီကိုအထက်ဖော်ပြပါ၊ဆိုင်ရက်(စ်)အဗ္ဗဒူဂဖားအမှု၊၁၉၆၄ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံး၊စာ၄၇၃၌အဆုံးအဖြတ်ပြုသည့်စီရင်ထုံးအရအယူခံဝင်ခွင့်ရှိသဖြင့်တိုင်းတရားရုံးကအမိန့်၁၇၊နည်းဥပဒေ၃အရဆုံးဖြတ်ချက်သည်ဒေါ်မြသန်းအပေါ်မီးသေမည်ဖြစ်သည်။


ထပ်မံဆုံးဖြတ်ချက်။  ။တရားမမှုတမှုသည်အမှုကိုပလပ်ခြင်း၊ပယ်ခြင်းသို့မဟုတ်ဒီကရီချမှတ်ခြင်းစသည်တို့ဖြင့်အဆုံးသတ်ရစမြဲဖြစ်ရာ၊ထိုတနည်းနည်းဖြင့်အမှုပြီးပြတ်သွားသောအခါထိုအမှုတွင်အခြေခံသောတရားစွဲဆိုရန်အကြောင်းသည်ဆက်လက်တည်ရှိနိုင်ခြင်းမရှိတော့ပေ။အကြောင်းမူတရားစွဲဆိုရန်အကြောင်းသည်ဆိုင်ရာအမှု၌ချမှတ်သောအဆုံးအဖြတ်နှင့်ပေါင်းစပ်[ merge ]သွားခြင်းကြောင့်ဖြစ်ပေသည်။တနည်းအားဖြင့်တရားစွဲဆိုရန်အကြောင်းသည်တရားရုံး၏အဆုံးအဖြတ်သို့ရောက်ရှိသွားပြီးဖြစ်လျှင်ထိုအကြောင်းကိုအခြေခံပြီးတရားတထုံးထပ်မံစွဲဆိုခွင့်မရှိနိုင်တော့ပေ။ ]


အထူးအယူခံခုံရုံးကစီရင်ထုံးစာမျက်နှာ၃၃၌အောက်ပါအတိုင်းဖော်ပြသည်-


[ ဤအထူးအယူခံတွင်အဓိကအဆုံးအဖြတ်ပြုရန်မှာ၊တိုင်းတရားရုံးက၂၀၀၃ခုနှစ်၊တရားမကြီးမှုအမှတ်၆၆၃ကို၁၉-၉-၂၀၀၃ရက်နေ့တွင်ပလပ်ကြောင်းအမိန့်သည်ဤ၂၀၀၃ခုနှစ်၊တရားမကြီးမှုအမှတ်၈၀၁အမှုစွဲဆိုရန်မီးသေပြီးဖြစ်မဖြစ်ဆိုသည့်အချက်ဖြစ်သည်။ ]


အထူးအယူခံခုံရုံးကစီရင်ထုံးစာမျက်နှာ၃၄၌အောက်ပါအတိုင်းဖော်ပြသည်-


[ ရန်ကုန်တိုင်းတရားရုံးက၂၀၀၃ခုနှစ်၊တရားမကြီးမှုအမှတ်၆၆၃ကိုပလပ်ရာတွင်၁၉-၉-၂၀၀၃ရက်စွဲပါနေ့စဉ်မှတ်တမ်းအမိန့်၌အောက်ပါအတိုင်းမှတ်တမ်းတင်ထားသည်-


“တရားလို၏အထွေထွေကိုယ်စားလှယ်စာရသူဦးပေါ်မြင့်မလာ။


တရားပြိုင်များမလာ။


တရားလိုဘက်မှသတင်းစာကြော်ငြာတင်ပြရန်ဖြစ်သော်လည်းလာရောက်ခြင်းမရှိ၍တရားလိုသည်မိမိ၏အမှုတိုးတက်ရာတိုးတက်ကြောင်းဆောင်ရွက်ခြင်းမရှိကြောင်းသုံးသပ်ရရှိ၍အမှုအားတရားမကျင့်ထုံးအမိန့်၁၇၊နည်းဥပဒေ၃အရပလပ်ကြောင်းအမိန့်ချမှတ်သည်။” ]


အထက်ပါစာမျက်နှာ၃၄၌ဖော်ပြထားသောနေ့စဉ်မှတ်တမ်းမတိုင်မီနေ့စဉ်မှတ်တမ်း၌အမှုကို၁၉-၉-၂၀၀၃နေ့သို့ချိန်းဆိုရခြင်းသည်သာမန်အားဖြင့်လုပ်ရိုးလုပ်စဉ်အတိုင်းချိန်းဆိုခြင်းလား၊တရားလို၏လျှောက်ထားချက်အရဖြစ်သလားစိစစ်ရန်လိုမည်။


ထိုအချက်ပေါ်လွင်ခြင်းမရှိချေ။


မူလရုံးကအမိန့်၁၇၊နည်း၃ကို၊ကိုးကားဆုံးဖြတ်ရုံမျှဖြင့်ချမှတ်သောအမိန့်သည်အမိန့်၁၇၊နည်း၃အရချမှတ်သောအမိန့်ဖြစ်သည်ဟုတထစ်ချမဆိုနိုင်။


A. I. R. 1930 Rangoon 270


BROWN, J.


Ko Tha Lin Bwin and another-Applicants.


                         V.


Ko Hla Kye and another-Respondents.


Equivalent citation = [19291 AlINRorRang 191; (1930) AIR Rang 270; 125 IC 358; 8 Rang 168 (12 November 1929)


အမှု၌၊မပျက်မကွက်ကြားနာရန်ချိန်းသည့်နေ့တွင်တရားပြိုင်မလာ၍၊မူလရုံးကအမိန့်၁၇၊နည်း၃အရဆုံးဖြတ်ရန်ဆက်လက်ဆောင်ရွက်သော်လည်းတရားပြိုင်သည်ချမှတ်သောဒီကရီကိုအမိန့်၉၊နည်း၁၃အရပယ်ဖျက်ပေးရန်လျှောက်ထားခွင့်ရှိကြောင်းနှင့်တရားလွှတ်တော်ကပြဆိုပြီး၊မူလရုံးကနည်း၃အရဆောင်ရွက်ခြင်းသည်မှားယွင်းကြောင်းတရားသူကြီး BROWN, J. အောက်ပါအတိုင်းထောက်ပြသည်-


[ There is nothing whatever to prevent the party that was absent coming before the Court under O. 9, R. 13, and it that party can satisfy the Court that he was prevented by due cause from appearing, from arguing that the decision to proceed under O. 17, R. 3 was wrong.


Where no evidence is taken for either side till the date to which the case is adjourned on the application of the defendant is absent on that date and the Court after examining plaintiff’s witnesses decrees the suit, the Court acts under O. 17, R. 2 and the defendant has a right to present an application under O. 9, R. 13. ]


စီရင်ထုံးစာမျက်နှာ၂၇၁၊ကော်လံ၁၌တရားသူကြီး BROWN ကအောက်ပါအတိုင်းမြွက်ဆိုသည်-


[ The view taken by Wallis, C. J., was that when a case is called on and the defendant is absent and the Court resolves to proceed against him ex parte, it will be open to the defendant to apply under the provisions of R. 13, O. 9, whether the Court actually acted under R. 2 or R. 3. 


If, as in the present case the defendant fails to appear R. 2 is clearly applicable. 


R. 3 may be applicable also. 


But R. 3 does not in itself contemplate the absence of a party and does not lay down any rule as to what is to be done on account to his absence. 


If the defendant is absent under R. 2 the Court can proceed to make such further order as it thinks fit and I see nothing to prevent that order being that it will decide the suit forthwith. 


But I can see nothing to prevent whatever to prevent the party that was absent coming before the Court under R. 13, O. 9, and if that party can satisfy the Court that he was prevented by due cause from appearing from arguing that the decision to proceed under R. 3 was wrong. ]


ဒေါ်မြသန်းအမှုတွင်ရည်ညွှန်းသောမူလရုံး၏၁၉-၉-၂၀၀၃ရက်စွဲပါနေ့စဉ်မှတ်တမ်းအမိန့်ကိုတရားရုံးချုပ်တွင်အရေးဆိုခဲ့လျှင်၊တရားလိုဒေါ်မြသန်းသည်အရေးနိမ့်ဦးတော့၊ထိုနေ့တွင်တရားလိုရုံးချိန်းပျက်သဖြင့်ချမှတ်သည့်အမိန့်သည်၊အမိန့်၁၇၊နည်း၂အရချမှတ်သည့်အမိန့်ဖြစ်ကြောင်းညွှန်ပြသည့်ဆုံးဖြတ်ချက်ရနိုင်သည်။


ပလပ်သောအမှုတွင်တရားလိုဒေါ်မြသန်းကမြေကွက်ပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာပေးစေရန်နှင့်လက်ရောက်ရလိုမှုစွဲဆိုခြင်းဖြစ်ပြီး၊နောက်စွဲဆိုသောအမှုတွင်အခမဲ့နေသူအားနှင်လိုမှုဖြစ်၍၊တရားစွဲဆိုရန်အကြောင်းကွဲလွဲသဖြင့်၊နောက်အမှုစွဲဆိုခြင်းကိုအမိန့်၉၊နည်း၉ပါပြဌာန်းချက်များအရပိတ်ပင်ရန်အကြောင်းမရှိနိုင်။


အထူးအယူခံခုံရုံးကစီရင်ထုံးစာမျက်နှာ၃၂၌အောက်ပါအတိုင်းသုံးသပ်သည်-


[ အယူခံတရားလိုဒေါ်မြသန်းက၎င်းသည်ဦးမြသောင်းနှင့်အကြင်လင်မယားဖြစ်ကြောင်း၊အချင်းဖြစ်မြေကွက်ဖြစ်သည့်ရန်ကုန်တိုင်း၊လသာမြို့နယ်၊၂၂လမ်း၊အမှတ်၁၄၂မြေကွက်ကိုဦးမြသောင်းကတရားဝင်အမွေဆက်ခံပိုင်ဆိုင်ကြောင်း၊ဦးမြသောင်းကွယ်လွန်ချိန်တွင်၎င်းကအမွေဆက်ခံပိုင်ဆိုင်ကြောင်း၊ဦမြသောင်းသက်ရှိထင်ရှားရှိစဉ်ဦးမောင်မောင်ဆိုသူအားမြေကွက်ပေါ်တွင်အခမဲ့နေခွင့်ပြုခဲ့ကြောင်း၊အယူခံတရားလိုသည်ပိုင်ရေးပိုင်ခွင့်ရှိသူဖြစ်၍ဦးမောင်မောင်အားအချင်းဖြစ်မြေကွက်မှဖယ်ရှားပေးရန်ပြောဆိုသော်လည်းလိုက်နာခြင်းမရှိကြောင်းစသည်ဖြင့်ဖော်ပြစွဲဆိုခြင်းဖြစ်သည်။


ယင်းအမှုမစွဲဆိုမီအယူခံတရားလိုဒေါ်မြသန်းကရန်ကုန်တိုင်းတရားရုံးတွင်၂၀၀၃ခုနှစ်၊တရားမကြီးမှုအမှတ်၆၆၃အရဦးမောင်မောင်၊ဦးအန်းကူနှင့်ဦးစိုးရီတို့အပေါ်အဆိုပါမြေကွက်အားပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာပေးစေလိုမှုနှင့်လက်ရောက်ရလိုမှုစွဲဆိုရာတိုင်းတရားရုံးကတရားလိုသည်မိမိအမှုအားတိုးတက်ရာတိုးတက်ကြောင်းဆောင်ရွက်ခြင်းမရှိကြောင်းအကြောင်းပြချက်ဖြင့်တရားမကျင့်ထုံးဥပဒေအမိန့်၁၇၊နည်းဥပဒေ၃အရပလပ်ခဲ့သည်။


ဒေါ်မြသန်းက၂၀၀၃ခုနှစ်၊တရားမကြီးမှုအမှတ်၈၀၁ကိုထပ်မံစွဲဆိုသည့်အခါမူလရုံးကယခင်၂၀၀၃ခုနှစ်၊တရားမကြီးမှုအမှတ်၆၆၃ကိုစွဲဆိုခဲ့ရာပလပ်ခံရပြီးဖြစ်၍ယခုအမှုစွဲဆိုရန်မီးသေပြီးဖြစ်သည်ဆိုခြင်းမှာမှန်သလားဟူသောပဏာမငြင်းချက်ကိုထုတ်နုတ်၍မီးသေခြင်းမရှိကြောင်းအမိန့်ချမှတ်ခဲ့သည်။


တရားရုံးချုပ်ကအယူခံတရားပြိုင်ဦးမောင်မောင်တို့တင်သွင်းသော၂၀၀၄ခုနှစ်၊တရားမပြင်ဆင်မှုအမှတ်၁၂၃တွင်ယခင်အမှုနှင့်ယခုအမှုတို့တွင်အမှုသည်တူညီခြင်း၊တောင်းဆိုသောသက်သာခွင့်တူညီခြင်း၊ယခင်အမှုတွင်အပြီးသတ်ဆုံးဖြတ်ပြီးသောအငြင်းပွါးမှုကိုနောက်အမှုတွင်ထပ်မံစွဲဆိုခြင်းစသည်တို့ကြောင့်ယခင်အမှု၏ဆုံးဖြတ်ချက်သည်နောက်အမှုတွင်မီးသေဆုံးဖြတ်ချက်ဖြစ်၍ထပ်မံစွဲဆိုခွင့်မရှိကြောင်းသုံးသပ်လျက်တိုင်းတရားရုံး၏အမိန့်ကိုပယ်ဖျက်ကာအယူခံတရားလိုစွဲဆိုသောအမှုကိုပလပ်ခဲ့သည်။ ]


အထက်ဖော်ပြပါစီရင်ထုံးစာမျက်နှာ၃၂၌ညွှန်ပြထားသည့်အတိုင်းတရားလိုသည်မိမိ၏အမှုအားပယ်သည့်အမိန့်အပေါ်ဆက်လက်အရေးဆိုခြင်းမပြုသဖြင့်အမိန့်၁၇၊နည်း၃အရချမှတ်သည်ဆိုသောအမိန့်မှာအတည်ဖြစ်လျက်ရှိသည့်အလျောက်၊အထူးအယူခံခုံရုံးကထိုအမိန့်မီးသေသည်ဟုဆုံးဖြတ်ခြင်းဖြစ်ရာ၊တရားစွဲဆိုရန်အကြောင်းချင်းကွဲလွဲသော်လည်းမီးသေရန်အလို့ငှါအမှုနှစ်မှုတွင်ပေါ်ပေါက်သောတရားစွဲဆိုရန်အကြောင်းချင်းတူရမည်ဟုတရားမကျင့်ထုံးဥပဒေပုဒ်မ၁၁ကမဆို။


တရားလိုဒေါ်မြသန်းရလိုသောသက်သာခွင့်မှာမြေကွက်လက်ရောက်ရလိုမှုဖြစ်သဖြင့်၊လက်ရောက်ရရှိရန်အခမဲ့ထားခြင်းအကြောင်းအရာကိုလည်းပထမအမှု၌ထည့်သွင်းစွဲဆိုခွင့်ရှိသည်ဖြစ်၍၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၊ရှင်းလင်းချက်၄အရမီးသေနိုင်သည်။

———————————-


အထူးအယူခံခုံရုံးကစီရင်ထုံးစာမျက်နှာ၃၄၌အောက်ပါအတိုင်းသုံးသပ်သည်-


[ အထက်နေ့စဉ်မှတ်တမ်း၌တရားလိုသည်မိမိအမှုကိုတိုးတက်ရာတိုးတက်ကြောင်းဆောင်ရွက်ခြင်းမရှိကြောင်းရည်ညွှန်း၍အဆိုပါဥပဒေအမိန့်၁၇၊နည်းဥပဒေ၃အရအမိန့်ချမှတ်ထားရာ၊ယင်းဥပဒေ၏နည်းဥပဒေ၃ပါ forthwith ဟူသောစကားလုံးသည် without granting any further adjournment နောက်ထပ်အမှုကိုရွှေ့ဆိုင်းခွင့်မပြုဘဲဟူ၍အဓိပ္ပာယ်ရကြောင်း A.I.R 1953 Nagpur 222 နှင့် A.I.R 1957 Allahabad 344 စီရင်ထုံးများတွင်ပြဆိုထားသည်။ ]

————————————-


A.I.R Allahabad 344 စီရင်ထုံးနှင့်အခြားစီရင်ထုံးတရပ်မှာမှတ်သားဖွယ်ရာဖြစ်သဖြင့်၊စာဖတ်သူဥပဒေပညာရှင်များဖတ်ရှုလေ့လာနိုင်ရန်အကျိုးငှါ၊အင်တာနက်မှရှာဖွေ၍ဖော်ပြလိုက်ပါသည်။

——————————————-


Mst. Jaggo vs Kanhaiya Lal 


on 20 December, 1956


Equivalent citations: AIR1957ALL344, AIR 1957 ALLAHABAD 344


JUDGMENT


Beg, J.


အမှု၌၊ဤနည်းဥပဒေပါချက်ချင်းဆိုသောစကားရပ်သည်၊ဆောင်ရွက်သည်ဆိုသောစကားရပ်၏ဝိသေသစကားရပ်ဖြစ်သည်၊ဆုံးဖြတ်သည်ဆိုသောစကားရပ်၏ဝိသေသစကားရပ်မဟုတ်ကြောင်းအောက်ပါအတိုင်းမြွက်ဆိုဖော်ပြသည်-


[ 2. Having heard the learned counsel for the appellant, were of opinion that these appeals should be allowed. 


In the present case, the Court could dispose of the case under Order 17 and the two rules that are relevant to the present case are Rules 2 and 3.


3. Learned counsel for the respondent argued that in the present case the Court was entitled to decide the suit on merits under Order 17, Rule 3, Civil P. C. We are unable to accept this contention.


The important point to remember in this connection is that 28-9-1950, was not a date which was fixed at the instance of the defendant. 


It is admitted in the present case that this date was fixed at the instance of the plaintiff. Order 17, Rule 3 lays down as follows


"Where any party to a suit to whom time, has been granted fails to produce his evidence, or to cause the attendance of his witnesses, or to perform any act necessary to the further progress of the suit, for which time has been allowed, the Court may, notwithstanding such default, proceed to decide the suit forthwith".


In the present case, it cannot be said that time was granted to the defendant to do any act on 28-9-1950. Moreover, even if time had been granted to the defendant to do any such act, if the Court wanted to take action under this provision of law, it should have proceeded to decide the suits forthwith. 


The Court, in the present case, did not proceed to decide the suits forthwith. 


Under the above circumstances, there can be no manner of doubt that in the present case the Court could not have acted under Order 17, Rule 3, C. P. C.


4. The only provision of law, therefore, under which the Court could have acted is Order 17, Rule 2, Civil P. C. Order 17, Rule 2, runs as follows:


"Where, on any day to which the hearing of the suit is adjourned, the parties or any of them fail to appear, the Court may proceed to dispose of the suit in one of the modes directed in that behalf by Order IX or make such other order as it thinks fit".


This Court has also made an addition to this rule to the following effect:


'Where before any such day, the evidence or a substantial portion of the evidence of any party has been recorded, and such party fails to appear on such day, the Court may, in its discretion proceed with the case as if such party were present and may dispose of it on the merits"


Explanation --No party shall be deemed to have failed to appear if he is either present in person, or is represented in Court by his agent, or pleader, though engaged only for the purpose of making an application".


The result of the provision of Order 17, Rule 2, as amended by this Court, would be that the defendant would be deemed to be present in court and represented on 28-9-1950. 


Even though the defendant's counsel had withdrawn from the case, and in spite of the fact that the defendant's counsel was engaged only to give the adjournment application, by virtue of the amendment by this Court, the defendant must be deemed to be represented on that date. 


On the subsequent dates of hearing of the case, neither the counsel nor the defendant appeared in court. 


According to the amendment introduced by the Allahabad High Court in Order 17 Rule 2 C. P. Code the court can dispose of the suits on merits on subsequent dates only if a substantial portion of the evidence of any party has been recorded and such party fails to appear.


The use of the words "such party" in the, above clause shows that the. party failing to appear should be the party whose evidence or a substantial portion of whose evidence has already been recorded by the Court. In the present case, the party that failed to appear was the defendant. 


The defendant had failed to appear before her evidence had started; and, accordingly, no portion of her evidence was recorded at all. The Court, therefore, could not dispose of the eases on the merits under the amended sub-clause.


5. In the present case, therefore, it was open to the Court only to take action under the provision of Order 17, Rule 2, as it originally stands in the Code of Civil Procedure. Under it, the Court could "dispose of the suit in one of the modes directed in that behalf by Order IX or make such other order as it thinks fit". 


The expression "such other order as it thinks fit" does not empower the Court to decide the case on the merits, vide Ram Adhin v. Ram Bharose AIR 1925 All 182(A), (Ganeshi Lal, Harnarain v. Debi Das, AIR 1925 All 267(B), and Ram Charan Lal v. Raghuber Singh AIR 1923 All 551 (C). 


In the present case, therefore, the orders of the Court dismissing the suits and the judgments passed therein must be treated as orders under Order IX, Rule 6, Civil P. C. read with Order 17 Rule 2, Civil P. C. In this situation, it would be open to the defendant to apply to the Court by which the ex parte decree was passed for an order to have them set aside under Order 9, Rule 13, C. P. C. 


The defendant did give applications under Order 9, Rule 13, Civil P. C. For the above reasons we are of opinion that these applications were maintainable in law, and the Court should have entertained the said applications and disposed of them on merits, instead of rejecting them on the preliminary ground that they did not lie at all.


6. We, accordingly, allow these appeals with costs, set aside the orders of the Court below and remand the cases to the trial Court for the decision of the applications for restoration given by the defendant in both the cases according to law. Let the record be sent down to the court below at once.]

————————————


Rama Rao And Ors. 


             vs 


Shantibai And Ors. 


on 24 September


Equivalent citations: AlR1977MP222, AIR 1977 MADHYA PRADESH 222, ILR (1978) MADH PRA 509, 1977 JABLJ 147, 1977 MPLJ 364


Author: J.S. Verma


Bench: J.S. Verma


JUDGMENT


Dwivedi and Verma, JJ.


အထက်ပါစောဒကအမှု၌၊တရားမကျင့်ထုံးဥပဒေအမိန့်၁၇၊နည်းဥပဒေ၂၊နည်းဥပဒေ၃နှင့်ပတ်သက်၍၊တရားသူကြီးချုပ် Shiv Dayal. C.J., အခြားတရားသူကြီးများဖြစ်ကြသော Dwivedi and Verma, JJ., Raina, J., Bhachawat, J., တို့က၎င်းတို့၏အမြင်အသီးသီးကိုဝေဖန်ရေးသားကြသည်မှာ၊မှတ်သားဖွယ်ရာဖြစ်သည်။


စီရင်ချက်အပိုဒ်-၂၅၊၂၆၊၂၇၊၃၄၌၊တရားသူကြီး Raina, J.ကအောက်ပါအတိုင်း၎င်း၏အမြင်ကိုရေးသားသည်-


[ 25. Although a large number of questions have been referred by the Hon'ble the Chief Justice to this Bench of five Judges for consideration, I think, the answer to all those 4 questions depends on the decision of the following two questions:


(1) Whether the Court has jurisdiction to proceed under Rule 3 of Order XVII of the Code of Civil Procedure against a party in his absence and whether the Full Bench decision of this Court in Shantabai v. Chokhelal, 1975 MPLJ 832 : (AIR 1976 Madh Pra 21) (FB) on the point is correct?


(2) What constitutes "appearance of a party at the hearing" within the meaning of Rule 2 of Order XVII of the Code of Civil Pro-cedure?


26. So far as the first question is concerned, there is nothing to indicate in the order of reference on what grounds the correctness of the unanimous decision of the Full Bench in Shantabai v. Chokhelal (AIR 1976 Madh Pra 21) (FB) (supra) is doubted. There were also practically no arguments at the bar questioning the correctness of the said decision. Shri P. R. Padhye, learned counsel for the applicants, supported the decision; while Shri N. S. Kale, appearing tor the other side, indirectly questioned the correctness of the decision by merely saying that, in his view, it was not open for the Court to proceed under Rule 3 of Order XVII in the absence of a party. He did not, however, put forth any arguments in support of his view which may require consideration. From paragraph 3 of the order of reference it appears, on the other hand, that Shri Kale relied on the decision in support of his contention that since the order of the trial Court did not make a mention whether it acted under Rule 2 or Rule 3 of Order XVII, it must be assumed that it proceeded under Rule 2. My learned brother, Verma J. has, however, in a very able and comprehensive discussion of the question, pointed out that the decision of the Full Bench is not correct and should be reversed. I very much regret my inability to agree with him. As there were no arguments at the bar on this question, it is necessary for me to deal with the points raised by him in support of his opinion.


27. Before proceeding to discuss the question on merits, it is necessary to state that my learned brother has been very much influenced by the consideration that the Full Bench decision upset a long-standing settled view of this Court and, therefore, it is necessary to restore it. To my mind, so far as 1 can gather from a number of decisions of this Court preceding the decision of the Full Bench, there was divergence of opinion, not only in other High Courts but even in this Court, on the question whether it is open to the Court to proceed under Rule 3 of Order XVII of the Code of Civil Procedure in the absence of a party. The settled view was only to the effect that where the Court proceeds to dispose of a case in the absence of a party without indicating whether it was acting under Rule 2 or Rule 3 of Order XVII, the order should be construed as one under Rule 2 and this view was upheld by the Full Bench.


34. Rule 2 deals with default in appearances; while Rule 3 deals with default in producing evidence or performing some other act for which adjournment was granted at the request of the party. Where the default is of either kind, the matter falls within the purview of the rule concerned; but where there is a double default, obviously both the rules are attracted and it is open to the Court to proceed in such manner as it considers just and proper in the circumstances of the case. ]


စီရင်ချက်အပိုဒ်-၄၃၌၊တရားသူကြီး Bhachawat, J.,က၊တရားသူကြီး Raina. J.နှင့်တရားသူကြီး  Verma, J.,တို့၏အမြင်များကိုသဘောတူညီကြောင်းအောက်ပါအတိုင်းမြွက်ဆိုသည်-


[ 43. I have gone through the opinion of my learned Brother Verma, J. and also the opinion of my learned Brother Raina. J. I agree with Verma, J., and have nothing to add. ]


တရားသူကြီးချုပ် Shiv Dayal. C.J.ကစီရင်ချက်အပိုဒ်-၄၄၊၄၅၊၄၆၊၄၇၊၄၈၌၊၎င်း၏အမြင်ကိုအောက်ပါအတိုင်းမြွက်ဆိုသည်-


[ 44. I have had the advantage of perusing the opinion prepared by my learned brother, Verma, J. and that prepared by my learned brother, Raina, J. I entirely agree with Verma, J. in all the conclusions reached by him in paragraph 23, and in the reasons recorded by him. I would add a few words.


45. Verma, J. has concurred in the opinion expressed by a Division Bench in Madan-lal v. Jai Narayan, AIR 1972 Madh Pra 8. It was on a reference by Raina, J. sitting singly. The Division Bench evidently made an endeavour to clear the remedial law from ambiguities by setting out its reasons for which the conclusions (enumerated at the end) were reached, without burdening it with case law.


In Smt. Sitabai v. Smt. Vidhyavati, AIR 1972 Madh Pra 198; there was no contrary decision, and could not be, by another Division Bench. (See observations in Mahadevlal v. Administrator General of W. B., AIR 1960 SC 936 and Jaisri v. Rajdewan, AIR 1962 SC 83. There were certain passing observations which were merely obiter, as discussed elaborately by Verma, J. in paragraph 15.


However, Raina, J., speaking for the Division Bench, again referred the question for decision by a larger Bench in Shantibai v. Chokhelal, 1975 MPLJ 832 : (AIR 1976 Madh Pra 21) (FB) and then Madanlal v. Jai Narayan (supra) was overulded.


46. Suppose on the 1st January, which was fixed for evidence of both the parties, the plaintiff produced his evidence and closed his case; while the defendant produced only one witness out of his list of 5 and sought an adjournment for production of the remaining 4; the Court granted adjournment and fixed the ist February for the defendant to bring his remaining witnesses. On the 1st February neither the defendant appears, nor any of his witnesses; the Court does not grant adjournment and proceeds to decide the suit forthwith; and an ex parte decree is passed in favour of the plaintiff against the defendant.


(a) According to Madanlal v. Jai Narayan (AIR 1972 Madh Pra 8 (supra) (since the defendant did not appear) Rule 2 will apply and the defendant's remedies are:--


(i) to apply under Order 9, Rule 13, for setting saide the ex parte decree on the ground of sufficient cause which prevented him from appearing on 1st February, or


(ii) to appeal from the ex parte decree on the ground that the judgment and decree appealed from are erroneous on merits. The scope of each of these two remedies is clearly distinct; there is no uncertainty, no ambiguity.


(b) The contrary view is that in spite of the defendant's non-appearance and because of his non-production of evidence, for which he had taken time, the ex parte decree is under Rule 3. Consequently, an appeal will lie. According to this view, the ex parte decree is also within Rule 2, because the expression "or make such an order as it thinks fit" includes a decision on merits. Therefore, the remedy will also be under Order 9, Rule 13. The defendant is then on the horns of a dilemma; to which of the two remedies he can resort? And, still the risk is there; if he applies under Order 9, his application may be dismissed on the ground that Rule 3 applies; if he prefers an appeal, it may be dismissed on the ground that the order does not fall under Rs 3; perhaps he will be advised to take recourse to both the remedies.


47. The question relates to every day practice. The law relating to remedies must be clear, certain and unambiguous; otherwise, the parties are put to great hardship and suffer injustice, when applications under Order 9 are dismissed on the ground that the order passed on non-appearance of a party also falls under Rule 3 of Order 17 and, therefore, the only remedy was by way of an appeal; or appeals are dismissed on the ground that the order passed was within Rule 2. For this reason and also for the reason that conclusion (7) in Madanlal v. Jai Narayan (AIR 1972 Madh Pra 8 (supra) deserved to be explained further, it became necessary to frame several questions which would cover all contingencies and to refer them to a larger Bench for an authoritative decision. Hence this Full Bench was constituted.


48. On the distinction between Rules 2 and 3 of Order 17, C. P. C., as regards their applicability, and their consequences, and also the remedies available to the parties, Verma J. has very ably expressed With thoroughness the opinion formed by all of us, except Raina, J. I have nothing to add except a word about the basic difference in the approach. According to us, if Rule 2 applies because of non-appearance of a party, then, Rule 3 is out of the question. According to the contrary view, Rule 3 applies in case of a default described in that Rule, notwithstanding non-appearance of a party, and Rule 2 may also apply. To put it differently, according to our view, it is tirst to be seen whether Rule 2 applies; and, if it applies, to proceed under Rule 3 becomes out of the question. According to the contrary view, it has first to be seen whether Rule 3 applies, or simultaneously to be seen whether both the Rules apply. ]


စီရင်ချက်အပိုဒ်-၅၃နှင့်၅၄၌၊စောဒကမှုကိုအောက်ပါအတိုင်းဆုံးဖြတ်သည်-


[ ORDER OF THE COURT


53. In accordance with the majority opinion, the reference is answered per paragraph 23 of the opinion of Verma, J. ( sic )( Dwivedi and Verma, JJ.? )


54. This case shall now go back to the appropriate Bench for decision on merits in accordance with the opinion given lay the majority (per paragraph 23 of the opinion of Verma, J. (sic)) on the questions referred for decision. ]

————————


မြန်မာနိုင်ငံ​၏တရားမကျင့်ထုံးဥပဒေ၊သက်သေခံအက်ဥပဒေ၊ပဋိညာဉ်အက်ဥပဒေစသည့်ဥပဒေအချို့သည်၊အိန္ဒိယနိုင်ငံဥပဒေများပါပြဌာန်းချက်များနှင့်တူသည်များလည်းရှိရာ၊မြန်မာနိုင်ငံစီရင်ထုံးများတွင်သာဓကမရှိသောအမှု၌၊မြန်မာနိုင်ငံဥပဒေနှင့်ပြဌာန်းချက်ချင်းတူသောအမှုတွင်၊အိန္ဒိယနိုင်ငံတရားလွှတ်တော်၊တရားလွှတ်တော်ချုပ်တို့​၏အဆိုအမိန့်ကိုလေ့လာဆုံးဖြတ်ခြင်းက၊အတ္တနောမတိမိမိသဘောဖြင့်ဆုံးဖြတ်သည်ထက်အမှန်တရားကိုဖော်ထုတ်နိုင်ရန်ပို၍၊အခွင့်အလမ်းရှိသည်မှာငြင်း၍မရသောအချက်ဖြစ်သည်။


မြန်မာနိုင်ငံစီရင်ထုံးများမှာဥပဒေများ​၏မျက်နှာစာအရပ်ရပ်မလွှမ်းခြုံမိသေးသမျှကာလပတ်လုံး၊ဆိုင်ရာနိုင်ငံခြားစီရင်ထုံးများကိုအထိုက်အလျောက်လေ့လာရဦးမည်ဖြစ်သည်။


၁၉၆၂ခုနှစ်မတ်လကုန်မှစ၍အိန္ဒိယနိုင်ငံစီရင်ထုံးများမြန်မာနိုင်ငံသို့မရောက်ရှိခဲ့။


ထိုနိုင်ငံ​၏၊တရားလွှတ်တော်နှင့်တရားလွှတ်တော်ချုပ်တို့​၏၊အမြင်ကိုသိခွင့်မရသည်မှာအနှစ်ခြောက်ဆယ်ကျော်ခဲ့ခြင်းသည်ဖြစ်သင့်ပါသလား။


သို့သော်ယခုအခါအင်တာနက်မှတဆင့်၊ထိုစီရင်ထုံးများကိုဖတ်ရှုရန်အခွင့်အလမ်းပေါ်လျက်ရှိရာ၊တရားသူကြီးများနှင့်ရှေ့နေရှေ့ရပ်တို့၊ထိုအခွင့်အရေးကိုအပြည့်အဝအသုံးချသင့်ပါသည်။


ဥပဒေပြဿနာတရပ်အပေါ်အဆင့်မြင့်တရားရုံးတရားသူကြီးများ​၏၊အမြင်အသီးသီးကိုသိခွင့်ရခြင်းသည်၊တရားစီရင်ရေးဖြစ်ထွန်းမှုကိုအနည်းနှင့်အများအထောက်အကူဖြစ်စေပါလိမ့်မည်။


Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ