1940 RLR 35 စီရင်ထုံးနှင့် 1952 BLR ( S C ) 4 စီရင်ထုံးနှစ်ရပ်အကြောင်း
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ သဘောတူညီချက်သည်မည်သည့်အခါပဋိညာဉ်မြောက်ကြောင်းပဋိညာဉ်အက်ဥပဒေပုဒ်မ၁၀တွင်ပြဌာန်းထားရာ၊ကိုယ်စိတ်ကျန်းမာရေးကိစ္စမပါ။ ပဋိညာဉ်ပြုရန်အရည်အချင်းကိုသတ်မှတ်သောပဋိညာဉ်အက်ဥပဒေပုဒ်မ၁၁ပါ[ of sound mind ]သည်၊ကျန်းမာရေးနှင့်မသက်ဆိုင်။ စိတ်ပေါ့သွပ်ခြင်းမရှိသည်ကိုရည်ညွှန်းသည်။ စိတ်ပေါ့သွပ်သောသူပင်လျှင်စိတ်ပေါ့သွပ်ခြင်းမရှိသည့်အခါပဋိညာဉ်ပြုနိုင်သည်ဟုပဋိညာဉ်အက်ဥပဒေပုဒ်မ၁၂တွင်အတိအလင်းပြဌာန်းထားသည်။ ပဋိညာဉ်အက်ဥပဒေပုဒ်မ၁၀တွင်လွတ်လပ်သောသဘောတူချက်[ free consent ]ဟူသောဝေါဟာရကိုသုံးသည်။ သဘောဆန္ဒဆိုသောစကားရပ်ကိုပဋိညာဉ်အက်ဥပဒေတွင်မတွေ့ရချေ။ အနိုင်အထက်ပြုခြင်း၊မလျော်ဩဇာသုံးခြင်း၊လိမ်လည်လှည့်ဖြားခြင်း၊အလွဲပြောဆိုခြင်းသို့မဟုတ်မှားယွင်းခြင်းကြောင့်မဟုတ်လျှင်သဘောတူချက်သည်[ လွတ်လပ် ]သည်မည်၏ဟု၊ပဋိညာဉ်အက်ဥပဒေပုဒ်မ၁၄တွင်အဓိပ္ပာယ်ဖွင့်ဆိုသည်။ အနိုင်အထက်ပြုခြင်းကိုပုဒ်မ၁၅တွင်လည်းကောင်း၊မလျော်ဩဇာသုံးခြင်းကိုပုဒ်မ၁၆တွင်လည်းကောင်း၊လိမ်လည်လှည့်ဖြားခြင်းကိုပုဒ်မ၁၇တွင်လည်းကောင်း၊အလွဲပြောဆိုခြင်းကိုပုဒ်မ၁၈တွင်လည်းကောင်းအဓိပ္ပာယ်ဖွင့်ဆိုသည်။ မှားယွင်းမှုများကိုပုဒ်မ၂၁နှင့်၂၂တွင်ဖော်ပြထားသည်။ ပဋ...