တရားလိုကအမှုရုပ်သိမ်းသည့်ကိစ္စတွင်၊ကာလစည်းကမ်းသတ်ဥပဒေပုဒ်မ၁၄နှင့်မဆိုင်။
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ အမှုများရုပ်သိမ်းခြင်းနှင့်သက်ဆိုင်သောဥပဒေသမှာအောက်ပါအတိုင်းဖြစ်သည်- (၁)တရားလိုသည်မိမိစွဲဆိုသောအမှုကိုတရားရုံး၏ခွင့်ပြုချက်တောင်းခံခြင်းမပြုဘဲအခွင့်အရေးတရပ်အနေဖြင့်ပြန်လည်ရုပ်သိမ်းနိုင်သည်။ မစန်းမြင့် နှင့် ဦးထွန်းစိန်[ ၁၉၃၉ ရန်ကုန် ၇၄၉ ] ဦးစိန် နှင့် ဦးမောင်တင်[ ၁၉၇၈ မတစ ၃၂ ][တရားလိုသည်အမှုသစ်စွဲဆိုရန်အခွင့်မတောင်းဘဲအမှုကိုရုပ်သိမ်းနိုင်သည်။] အေအိုင်အာ ၁၉၄၈ အရှေ့ပန်ဂျပ် ၃၀ အဗ္ဗဒူ(လ်)ဆတ္တား နှင့် ဒေါ်ဇင်[ ၁၉၆၇ မတစ ၄၁၃ ] ————————————— ထိုသို့ရုပ်သိမ်းလျှင်ထပ်တူတရားစွဲဆိုနိုင်ရန်အကြောင်းအရတရားတထုံးထပ်မံစွဲဆိုခွင့်မရှိတော့။ ဦးစိန် နှင့် ဦးမောင်တင်[ ၁၉၇၈ မတစ ၃၂ ] ————————————— အမှုသစ်စွဲဆိုခွင့်ကိုသီးသန့်ထားလျက်မိမိအမှုကိုရုပ်သိမ်းခြင်းမပြုနိုင်။ ဦးမောင် နှင့် ပီ၊အေ၊အာ၊ပီ ချစ်တီးယားဖမ်း[ ရန်ကုန် အတွဲ၆ စာ၄၉၄ ] —————————————— (၂)အမိန့်၂၃၊နည်း၁(၂)တွင်ဖော်ပြထားသောအခြေအနေတွင်တရားလိုအားထပ်တူတရားစွဲဆိုနိုင်ရန်အကြောင်းအရအမှုသစ်စွဲဆိုခွင့်ဖြင့်ရုပ်သိမ်းခွင့်ပြုနိုင်သည်။ ဦးစိန် နှင့် ဦးမောင်တင်[ ၁၉၇၈ မတစ ၃၂ ] ——————————————— နည်း၁(၂)အရခွင့်ပြုချက်သည်အမှုရုပ်သိမ်းခြင်...