ကွက်တိ[ on all fours ][ Part Three ]

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ကွက်တိ[ on all fours ][ Part Three ]

————————————


ရန်ကုန်အတွဲ[ ၁ ]မှ[ ၁၄ ]တွင်နှစ်ဘက်သောရှေ့နေရှေ့ရပ်များ၏လျှောက်လဲချက်များတွင်ကိုးကားသောစီရင်ထုံးများနှင့်တကွဖော်ပြသည်မှာအစဉ်အလာကောင်းဖြစ်သည်။


လျှောက်လဲချက်များအစုံအလင်မပါသော်လည်းအဓိကလျှောက်လဲချက်များကိုမှတ်တမ်းတင်ထားသည်။


1940 RANGOON LAW REPORTS. 826 ( 830)[ D B ]အမှုတွင်အယူခံတရားလိုဒေါ်ရှင်၏ရှေ့နေ P. K. Basu ကိုးကားသောပရီဗီကောင်စီ၏စီရင်ထုံးများအပါအဝင်-


VOL. XIII INDIAN LAW REPORTS. LAHORE SERIES. 702 ( 712 )


PRIVY COUNCIL.


Before Lord Wright, Sir Lancelot Sanderson and Sir Dinshah Mulla.


MOHAMMAD AFZAL KHAN (PLAINTIFF)


                        versus


ABDUL RAHMAN AND OTHERS (DEFENDANTS).


1932 July 14.

—————————


Byjnath Lall 


        Vs 


Ramoodeen Chowdry and others


Court: Privy Council


Date of Decision: Jan. 31, 1874


Citation: (1874) 1 IndApp 106


Equivalent Citation = 1 I.A. 106, 120, 121.


Hon'ble Judges: James W. Colvile, Montague E. Smith, Robert P. Collier, Lawrence Peel, JJ.


Judgement


Montague E. Smith, J.

———————————


32 C. 198 ( 32 I. A. 1= 9 C. W. N.226= 2 A. L. J. 190.)


[198] PRIVY COUNCIL.


CHATTERPUT SINGH 


               v. 


MAHARAJ BAHADUR.*


[8th, 22nd and 28th, June, and 11th November, 1904.)


On appeal from the High Court at Fort William in Bengal.


Present: LORD DAVEY, LORD ROBERTSON and SIR ARTHUR WILSON.

——————————-


Fulkumari Dassi and Others 


                Vs 


Jogendra Chunder Ghose


Court: Calcutta High Court


Date of Decision: May 25, 1899


Acts Referred: Transfer of Property Act, 1882 Section 52


Citation: (1900) ILR (Cal) 77


Hon'ble Judges: Francis W. Maclean, J; Banerjee, J


Bench: Division Bench


Judgement


Francis W. Maclean, K.C.I.E., C.J.

———————————


VOL. LV. INDIAN LAW REPORTS. CALCUTTA SERIES. 532 ( 537 )


PRIVY COUNCIL.


PURAN CHAND NAHATTA


                    V.


MONMOTHO NATH MUKHERJI AND OTHERS.


[ON APPEAL FROM THE HIGH COURT AT CALCUTTA.]


Present: VISCOUNT SUMNER, LORD ATKINSON, LORD SINHA AND. SIR JOHN WALLIS.


P. C.


1927 Dec. 5.


Equivalent citation = (1904) I. L. R. 32 Calc. 198 ; L. R. 32 I. A. 1., I.L.R. 55 Cal. 532, 536 (P.C.).


စီရင်ထုံးများကိုပင်အယူခံရုံးကကိုးကားပြီးဆုံးဖြတ်ထားခြင်းကြောင့်ထိုစီရင်ထုံးကိုဖတ်ရသောစာရေးသူသည်၊အယူခံတရားလိုဒေါ်ရှင်၏ရှေ့နေ P. K. Basu မှာအာဂပုဂ္ဂိုလ်ကြီးပါတကားဟုရေရွတ်မိသည်။


လက်ဖျားခါမိသည်လည်းအမှန်။


စာရေးသူသည်ဗဟိုတရားရုံးနှင့်တရားရုံးချုပ်တို့တွင်၁၉၇၉ခုနှစ်မှ၁၉၉၁ခုနှစ်ကုန်အထိ၊တရားရေးအကြံပေးအဖြစ်ဆောင်ရွက်စဉ်က၊ 1940 RANGOON LAW REPORTS. 826 ( 830)[ D B ]အမှု၌အယူခံမှုတွင်အနိုင်ရရန်ကွက်တိဖြစ်သောပရီဗီကောင်စီ၏စီရင်ထုံးများတင်ပြနိုင်သောအယူခံတရားလိုဒေါ်ရှင်၏ရှေ့နေ P. K. Basu ကဲ့သို့ကွက်တိထုံးသာဓကများတင်ပြနိုင်သည့်ရှေ့နေများနှင့်ရေစက်မဆုံခဲ့ပါ။


ပရီဗီကောင်စီ၏စီရင်ထုံးများကို Moor’s Privy Council[ ၁၈၃၆ မှ ၁၈၆၂ အထိ ၁၅တွဲ ]၊ Moor’s New Series[ ၁၈၆၂ မှ ၁၈၇၃ အထိ ၁၉တွဲ]၊ Indian Appeals စီရင်ထုံးများကို ၁၈၇၄[ မင်းတုန်းမင်းနန်းစံဆဲ ]မှစ၍၊နှစ်စဉ်အတွဲ၁၊၂၊၃စသည်ဖြင့်ထုတ်ဝေသည်။


[ ထိုစာအုပ်များရန်ကုန်မြို့တရားရုံးချုပ်တွင်ရှိခဲ့သည်ကိုဖတ်ဖူးသည်။ ]


အယူခံတွင်ပရီဗီကောင်စီကစီရင်သောစီရင်ချက်များကိုဆိုင်ရာတရားရုံးများထုတ်ဝေသောစီရင်ထုံးများတွင်ဖော်ပြသည်။


အထက်မြန်မာပြည်တရားဌာနမင်းကြီးရုံးမှပေါ်ပေါက်သော 1921-22 UBR 30( P C )


အောက်မြန်မာပြည်တရားရုံးချုပ်မှပေါ်ပေါက်သော 9 LBR 56( P C )


ရန်ကုန်မြို့တရားလွှတ်တော်မှပေါ်ပေါက်သော 1 Ran 451


အစရှိသည်တို့မှာသာဓကများဖြစ်ကြသည်။


အိန္ဒိယနိုင်ငံတရားလွှတ်တော်စီရင်ထုံးများအသီးသီးတွင်လည်းပရီဗီကောင်စီ၏စီရင်ထုံးများကိုဖော်ပြထားသည်ကိုတွေ့မြင်နိုင်သည်။


မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ထုတ်ဝေသော၁၉၄၈ခုနှစ်စီရင်ထုံးစာအုပ်မှစ၍ပရီဗီကောင်စီ၏စီရင်ထုံးများမရှိတော့။


ပရီဗီကောင်စီ၏စီရင်ထုံးများအရေအတွက်မြောက်များလှရကားဆွေးနွေးလျက်ရှိသော 1940 RANGOON LAW REPORTS. 826 ( 830)[ D B ] အမှု၌အယူခံတရားလိုဒေါ်ရှင်၏ရှေ့နေ P. K. Basu ကကွက်တိစီရင်ထုံး[ ၄ ]ရပ်ကိုကိုးကားနိုင်သည်မှာထူးခြားချက်ဖြစ်ပါသည်။


တဖက်တွင်ထိုရှေ့နေကြီး P. K. Basu သည်မင်းကွန်းဆရာတော်ကြီးကဲ့သို့မှတ်အားကောင်းသူမဖြစ်နိုင်ဟုစာရေးသူတွေးမိပါသည်။


P. K. Basu သည်အချင်းဖြစ်စီရင်ထုံးများကိုတင်ပြနိုင်သည်မှာတိုက်ဆိုင်မှုလည်းမဖြစ်နိုင်ဟုသဘောရမိခဲ့သည်။


ထိုရှေ့နေကြီး P. K. Basu သည်အချင်းဖြစ်စီရင်ထုံးများနှင့်ပက်ပင်းတိုးမိအောင်မည်သည့်နည်းလမ်းကိုသုံးခဲ့သနည်း။


စာရေးသူကခြေရာခံကြည့်သည်။


အမွေစီမံခန့်ခွဲပေးစေလိုမှုတွင်တရားပြိုင်အမွေဆိုင်မောင်အောင်ဖေကတရားလိုထံအမွေပစ္စည်းများတွင်မိမိ၏အစုကိုပေါင်ခဲ့သည်။


အမှုအတောအတွင်းပေါင်ခြင်းဖြစ်၍ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၂နှင့်ငြိစွန်းနိုင်သည်။


1940 RANGOON LAW REPORTS. 826 ( 830)[ D B ]


LETTERS PATENT APPEAL.


Before Sir Ernest H. Goodman Roberts, Kt., Chief Justice, and Mr. Justice Mosely.


DAW SHIN &. ARJANDAS.*


1940 July 29.


အမှုတွင်အယူခံသောဒေါ်ရှင်မှာအမွေမှုပြီးပြတ်ပြီးနောက်အမွေစုရသူမစောခင်ထံမှအဆင့်ဆင့်လွှဲပြောင်းရာတွင်နောက်ဆုံးဝယ်ယူကာ၊ပစ္စည်းလက်ရှိရထားသူဖြစ်ကာ၊တရားလိုမှာအမွေဆိုင်မောင်အောင်ဖေထံမှပစ္စည်းအပေါင်ခံသူချစ်တီးဖြစ်ပြီး၊အပေါင်မှုတွင်လေလံဆွဲကာလက်ရောက်ရလိုမှုစွဲဆိုခြင်းဖြစ်၍၊ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၂နှင့်ငြိစွန်းပါကတရားပြိုင်ဒေါ်ရှင်[ အယူခံတရားလို ]အမှုတွင်နိုင်ရန်အကြောင်းရှိသည်။


သို့သော်တရားလွှတ်တော်ကတရားမဒုတိယအယူခံတွင်တရားလိုချစ်တီးကိုပေါင်ခြင်းသည်ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၂နှင့်ငြိစွန်းခြင်းမရှိဟုဆုံးဖြတ်သဖြင့်၊ဒေါ်ရှင်က 1940 RANGOON LAW REPORTS. 826 ( 830)[ D B ]အမှုတွင်အယူခံဝင်ခြင်းဖြစ်သည်။


တရားရုံးချုပ်တရားသူကြီး[ အကိုစော ]ဦးသက်ဖေက၊ပစ္စည်းလွှဲပြောင်းခြင်းဥပဒေ၏သိကောင်းစရာများကျမ်း၊စာမျက်နှာ၉၅တွင်၊အမွေစီမံခန့်ခွဲပေးစေလိုမှုစွဲဆိုထားစဉ်အတွင်းပစ္စည်းလွှဲပြောင်းခြင်းသည်ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၂နှင့်ငြိစွန်းခြင်းရှိ၊မရှိ၊မြန်မာနိုင်ငံစီရင်ထုံးများသဘောထားကွဲလွဲနေသည်ကိုထောက်ပြထားသည်။


ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ A I R Commentaries[ အေအိုင်အာရ်ဝေဖန်ချက်များ ]ကျမ်း[ တတိယအကြိမ်မြောက် ၁၉၅၀ပြည့်နှစ်ထုတ် ]တွင်ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၂ကိုဋီကာချဲ့ရာ၌[ အမွေစီမံခန့်ခွဲပေးစေလိုမှု ]ခေါင်းစဉ်အောက်၌၊အယူခံတရားလိုဒေါ်ရှင်ကိုထောက်ခံသည့်-


32 C. 198 ( 32 I. A. 1= 9 C. W. N.226= 2 A. L. J. 190.)


[198] PRIVY COUNCIL.


CHATTERPUT SINGH 


               v. 


MAHARAJ BAHADUR.*


[8th, 22nd and 28th, June, and 11th November, 1904.)


On appeal from the High Court at Fort William in Bengal.


Present: LORD DAVEY, LORD ROBERTSON and SIR ARTHUR WILSON.

——————


Chutterput Singh and Others 


                    Vs 


Maharaj Bahadoor and others


Court: Privy Council


Date of Decision: Nov. 11, 1904


Citation: (1904) 32 IndApp 1


Equivalent citation = 32 I. A. 1, 16.


Hon'ble Judges: Davey, Robertson, Arthur Wilson, JJ.


Judgement


Davey, J.


စီရင်ထုံးကိုစာမျက်နှာ၇၁၉၌လည်းကောင်း-


VOL. LV. INDIAN LAW REPORTS. CALCUTTA SERIES. 532 ( 537 )


PRIVY COUNCIL.


PURAN CHAND NAHATTA


                    V.


MONMOTHO NATH MUKHERJI AND OTHERS.


[ON APPEAL FROM THE HIGH COURT AT CALCUTTA.]


Present: VISCOUNT SUMNER, LORD ATKINSON, LORD SINHA AND. SIR JOHN WALLIS.


P. C.


1927 Dec. 5.


Equivalent citation = (1904) I. L. R. 32 Calc. 198 ; L. R. 32 I. A. 1., I.L.R. 55 Cal. 532, 536 (P.C.).


စီရင်ထုံးကိုစာမျက်နှာ၇၁၈၌လည်းကောင်းကိုးကားဖော်ပြထားသည်။


အယူခံတရားလိုဒေါ်ရှင်၏ရှေ့နေ P. K. Basu သည်ထိုစီရင်ထုံးများကိုစာမျက်နှာ၈၂၆နှင့်၈၂၇တို့တွင်အောက်ပါအတိုင်းကိုးကားလျှောက်လဲသည်-


[ P. K. Basu for the appellants. When the estate of a deceased person is under administration by the Court a purchaser from an heir buys subject to any disposition which has been or may be made of the deceased's estate in due course of administration.


Chuterput Singh v. Maharaj Bahadoor (1). 32 I.A. 1, 16.


If a share in a property is transferred by a person. entitled to the share in the course of administration of the property by the Court, the transfer is subject to any later orders of the Court in respect of such property. 


Puran Chand v. Mukherji (1). I.L.R. 55 Cal. 532, 536 (P.C.).


If a person has mortgaged his undivided share in property, and therefore a bona fide partition of the property takes place between the co-sharers, the mortgagee can enforce his mortgage against the property allutted to his mortgagor. 


He cannot claim to enforce his mortgage on any part of the property allotted to other co-sharers. 


This wider principle applies irrespective of the doctrine of lis pendens.


Byjnath Lall v. Ramoodeen (2). 1 I.A. 106, 120, 121.


This case has been applied by their Lordships of the Privy Council in Mohammad Afzal Khan v. Abdul Rahman (3). I.L.R. 13 Lah. 702. ]


တရားလိုချစ်တီးအားပစ္စည်းပေါင်သူသည်အမွေဆိုင်သုံးဦးအနက်တဦးဖြစ်သည်။


သက်ဆိုင်ရာပြဌာန်းချက်ကိုပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၄၄တွင်အောက်ပါအတိုင်း[ ဘာသာပြန်ဖြစ်သည် ]ပြဌာန်းထားသည်-


[ မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုနှစ်ဦးဖြစ်စေ၊အများဖြစ်စေ၊တွဲဖက်ပိုင်ဆိုင်ကြသူများအနက်တဦးကတရားဥပဒေနှင့်အညီလွှဲပြောင်းပိုင်ခွင့်ရှိသည့်အတိုင်း၊ပစ္စည်းတွင်ရသင့်သည့်ဝေစုကိုဖြစ်စေ၊အကျိုးခံစားခွင့်ကိုဖြစ်စေလွှဲပြောင်းလျှင်ပစ္စည်းကိုလွှဲပြောင်းပေးသူ၏လက်ရှိထားခွင့်သို့မဟုတ်အခြားအကျိုးတူခံစားခွင့်အပြင်ပစ္စည်းကိုခွဲဝေနိုင်သည့်အခွင့်အရေးများကိုလွှဲပြောင်းရရှိသူကရရှိသည်။သို့ရာတွင်လွှဲပြောင်းသည့်နေ့ရက်၌လွှဲပြောင်းသည့်ဝေစုသို့မဟုတ်အကျိုးခံစားခွင့်နှင့်သက်ဆိုင်သောစည်းကမ်းချက်နှင့်တာဝန်များနှင့်မဆန့်ကျင်စေရ။ ]


အထက်ပါကျမ်းပထမတွဲတွင်ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၄၄ကိုဋီကာချဲ့ရာ၌ပုဒ်မပါ[ စည်းကမ်းချက်များနှင့်တာဝန်များနှင့်မဆန့်ကျင်စေရ ]ခေါင်းစဉ်အောက်၌စာမျက်နှာ၆၄၀တွင်-


Byjnath Lall 


        Vs 


Ramoodeen Chowdry and others


Court: Privy Council


Date of Decision: Jan. 31, 1874


Citation: (1874) 1 IndApp 106


Equivalent Citation = 1 I.A. 106, 120, 121.


Hon'ble Judges: James W. Colvile, Montague E. Smith, Robert P. Collier, Lawrence Peel, JJ.


Judgement


Montague E. Smith, J.


ကိုကိုးကားထားသည်။


ဒေါ်ရှင်၏ရှေ့နေ P. K. Basu သည်ထိုစီရင်ထုံးနှင့်ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၇၃ကိုဋီကာချဲ့ရာ၌လိုက်နာဆုံးဖြတ်သည့်-


VOL. XIII INDIAN LAW REPORTS. LAHORE SERIES. 702 ( 712 )


PRIVY COUNCIL.


Before Lord Wright, Sir Lancelot Sanderson and Sir Dinshah Mulla.


MOHAMMAD AFZAL KHAN (PLAINTIFF)


                        versus


ABDUL RAHMAN AND OTHERS (DEFENDANTS).


1932 July 14.

——————————-


Haji Mohammad Afzal Khan vs Malik Abdul Rahman 


on 14 July, 1932


Equivalent citations: (1933)35 BOMLR 1


JUDGMENT


Dinshah Mulla, J.


ကိုအထက်ပါကျမ်းဒုတိယတွဲ၁၀၀၃၌ကိုးကားထားသည်၊တို့ကိုကိုးကားလျှောက်လဲကြောင်း 1940 RANGOON LAW REPORTS. 826 ( 830)[ D B ] စီရင်ထုံးစာမျက်နှာ၈၂၇၌အောက်ပါအတိုင်းမှတ်တမ်းတင်ထားသည်-


[ If a person has mortgaged his undivided share in property, and therefore a bona fide partition of the property takes place between the co-sharers, the mortgagee can enforce his mortgage against the property allutted to his mortgagor. 


He cannot claim to enforce his mortgage on any part of the property allotted to other co-sharers. 


This wider principle applies irrespective of the doctrine of lis pendens.


Byjnath Lall v. Ramoodeen (2).  1 I.A. 106, 120, 121.


This case has been applied by their Lordships of the Privy Council in Mohammad Afzal Khan v. Abdul Rahman (3). I.L.R. 13 Lah. 702. ]


ဒေါ်ရှင်၏ရှေ့နေ P. K. Basu သည်ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေကျမ်းနှင့်ဆိုင်ရာပုဒ်မများအောက်၌ရှာဖွေရာတွင်အထက်ပါစီရင်ထုံးလေးရပ်တွေ့ရှိပြီး၊ဆိုင်ရာစီရင်ထုံးများကိုစိစစ်လေ့လာကာတရားလွှတ်တော်ခုံရုံးတွင်လျှောက်လဲခဲ့ဟန်တူသည်။


P. K. Basu သည် 1948 BLR 138 အမှုတွင်အယူခံတရားလိုရှေ့နေ E. C. V. Foucar တင်ပြသောပရီဗီကောင်စီ၏စီရင်ထုံးနှစ်ရပ်နှင့်ကွဲလွဲသောအခြားပရီဗီကောင်စီ၏စီရင်ထုံးကိုတင်ပြလျှောက်လဲနိုင်သူဖြစ်ကြောင်းတွေ့ရသည်။


[ E. C. V. Foucar သည်ထိုစဉ်ကနာမည်ကြီး Law Firm တခု၏နာမည်ကြီးရှေ့နေဖြစ်သည် ]


ခေသူမဟုတ်။


သို့သော်မင်းကွန်းဆရာတော်ကြီး၏ဧရာမဉာဏ်ကိုမှီမည်မထင်ပါ။


တဖက်တွင်မိမိအမှုသည်ဒေါ်ရှင်၏အမှုနှင့်သက်ဆိုင်သောပြဌာန်းချက်များကိုကောင်းစွာသိရှိပြီး၊သက်ဆိုင်ရာပရီဗီကောင်စီ၏စီရင်ထုံးများကိုရှာဖွေလျှောက်လဲနိုင်ခဲ့၍ဒေါ်ရှင်အမှုနိုင်သည်မှာယုံမှားဖွယ်မရှိ။


ဒေါ်ရှင်၏ရှေ့နေ P. K. Basu အယူခံတွင်အောင်အောင်မြင်မြင်လျှောက်လဲနိုင်ခဲ့သည့်သာဓကမှစာရေးသူကအောက်ပါအတိုင်းသင်ခန်းစာထုတ်ယူသည်-


[ က ]အမှုတွင်လိုက်ပါသောရှေ့နေသည်အမှုနှင့်သက်ဆိုင်သောဥပဒေကိုကောင်းစွာသိရှိရမည်။


[ ခ ]ဆိုင်ရာဥပဒေနှင့်သက်ဆိုင်သောကျမ်းတွင်မိမိ၏အမှုသည်အနိုင်ရစေမည့်ထုံးသာဓကကိုရှာဖွေရမည်။


[ ဂ ]ထိုစီရင်ထုံးများကိုလေ့လာကာအမှုတွင်အကျယ်တဝင့်တင်ပြရမည်။


စာရေးသူသည် A I R Commentaries၊တရားမကျင့်ထုံးဥပဒေကျမ်း၊ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေကျမ်းနှင့်ကာလစည်းကမ်းသတ်အက်ဥပဒေကျမ်းများကိုတရားရုံးချုပ်ပိဋကတ်တိုက်တွင်လေ့လာခွင့်ရခဲ့သည်။


အချို့ရှေ့နေကြီးများ၌ထိုကျမ်းများရှိသည်ကိုသတိထားမိသည်။


မန္တလေးမြို့မှရှေ့နေဦးမြစိန်[ မြန်မာဓလေ့ထုံးတမ်းဥပဒေကိုပြုစုသူ ]သည်၎င်း၏ဆရာ Mr. Bose[ စီရင်ထုံးများတွင်၎င်းလိုက်ပါသောအမှုများကိုတွေ့နိုင်သည် ]ဌာနေပြန်ရာမှရရှိလိုက်သောကျမ်းများတွင်တရားမကျင့်ထုံးဥပဒေကျမ်း[ A I R Commentaries ]များပါဝင်သည်။


A I R Commentaries ကျမ်းများကိုဥပဒေပညာရှင်အများအပြားစုပေါင်းထုတ်ဝေခြင်းဖြစ်သည်။


စာတည်းအဖွဲ့၌ပင်တရားလွှတ်တော်ဥပဒေပညာရှင်အများအပြားပါဝင်သည်ကိုတွေ့ရသည်။


၁၉၅၀ပြည့်နှစ်ထုတ်ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေကျမ်းသုံးတွဲ[ စာမျက်နှာ၂၅၁၅ ]ရှိသည်။


မြန်မာနိုင်ငံ၌လက်ရှိထုတ်ဝေလျက်ရှိသည့်စီရင်ထုံးပေါင်းချုပ်အနှစ်ချုပ်ဖြစ်သည့်နောက်အကျဆုံးဥပဒေကျမ်းမှာလေးတွဲ၊ကာလစည်းကမ်းသတ်ဥပဒေကျမ်းမှာနှစ်တွဲ[ မှတ်မိသမျှ ]ရှိသည်။


မြန်မာနိုင်ငံရှိအဆိုပါကျမ်းများမှာနှစ်ငါးဆယ်ကျော်ခေတ်နောက်ကျကျန်ရစ်လျက်ရှိသည်။


အိန္ဒိယနိုင်ငံ၌နောက်ဆုံးထုတ်ဝေသောအဆိုပါကျမ်းများမှာများစွာပို၍ထူလာကာကျမ်းများတွင်အကြောင်းအရာအညွှန်း၊စီရင်ထုံးအညွှန်းများပါသည်။


ကျမ်းကြီးများတွင်မှားသောစီရင်ထုံးအချို့ကိုဘဝင်မကျကြောင်းတင်ပြထားသည်ကိုလည်းတွေ့ရသည်။


ဒေါက်တာဧမောင်သည်၁၉၇၀ပြည့်နှစ်တွင်ထုတ်ဝေသောမြန်မာဗုဒ္ဓဘာသာတရားဥပဒေ[ မြန်မာနိုင်ငံတရားဥပဒေများဆိုင်ရာဥပဒေပုဒ်မ၁၃(၂)တွင်ပါရှိသည့်အတိုင်း ]ကျမ်းစာမျက်နှာ၆၄တွင် 1954 BLR ( S C )52 ပါအကြောင်းပြချက်တရပ်သည်စီရင်ထုံးများနှင့်မညီညွတ်ပုံကိုလည်းကောင်း၊စာမျက်နှာ၆၃တွင်1963 BLR 912(917) စီရင်ထုံးပါဆုံးဖြတ်ချက်မမှန်ကြောင်းကိုလည်းကောင်း၊ထောက်ပြထားသည်။


1966 BLR ( C C ) 27 စီရင်ထုံးကိုပြန်လည်ဆင်ခြင်သင့်ကြောင်းစာမျက်နှာ၂၁၉တွင်ပြဆိုထားသည်။


ဥပဒေကျမ်းများတွင်အမှန်တရားပေါ်ထွန်းရေးသည်ရည်ရွယ်ချက်ဖြစ်သည်။


ဥပဒေကျမ်းများမှာတရားစီရင်မှုအောင်မြင်ရေးအတွက်မရှိမဖြစ်ရှိအပ်သည့်အထောက်အကူများဖြစ်ကြသည့်အားလျော်စွာအနည်းဆုံးပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့်တရားလွှတ်တော်များရုံးစိုက်ရာမြို့များတွင်အဆိုပါဥပဒေကျမ်းများနှင့်စီရင်ထုံးများရှိသောပိဋကတ်တိုက်များဖွင့်သင့်သည်။


စာရေးသူရန်ကုန်တက္ကသိုလ်တွင်ပညာသင်စဉ်ကထိုတက္ကသိုလ်ရှိပိဋကတ်တိုက်တွင်စာအုပ်များငှါးရမ်းဖတ်ခဲ့ရသည်။


စာဖတ်ရန်သီးခြားအခန်းတခန်းဖွင့်ထားသည်။


တက္ကသိုလ်ကျောင်းသားကတ်ပြားအပ်၍စာအုပ်ငှါးရသည်၊အိမ်ယူ၍မရ။


စာအုပ်ပြန်အပ်သောအခါကတ်ပြားပြန်ရသည်။


ထိုနည်းလမ်းအတိုင်းဆောင်ရွက်သင့်သည်။


သို့သော်ပိဋကတ်တိုက်ဝန်ထမ်းများလစာပေးနိုင်ရန်အခကြေးငွေတောင်းရန်ဖြစ်သည်။


စာဖတ်သူကမိတ္တူကူးလိုလျှင်အခကြေးငွေယူ၍ကူးပေးရန်လည်းစီစဉ်အပ်သည်။


ဖြစ်နိုင်လျှင်ခရိုင်တရားရုံးများတွင်ထိုပိဋကတ်တိုက်မျိုးရှိသင့်သည်။


အချိန်တိုအတွင်းမဆောင်ရွက်ပေးနိုင်သည့်တိုင်၊စီမံချက်ချပြီးငါးနှစ်အတွင်းအပြီးဆောင်ရွက်သင့်သည်။


ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌လျှောက်လဲကြသောရှေ့နေရှေ့ရပ်တို့သည်ယခင်ပရီဗီကောင်စီ၊တရားလွှတ်တော်ချုပ်နှင့်တရားလွှတ်တော်တို့တွင်လိုက်ပါဆောင်ရွက်ခဲ့ကြသောရှေ့နေကြီးများနှင့်ပညာအရာတွင်မတူသည်ကိုထောက်ပြပါဆိုပါကလက်ခုပ်တဖောင်မြင့်သည့်ဗီရိုကြီးများရှိကြသောစီရင်ထုံးများ[ မြန်မာနိုင်ငံနှင့်နိုင်ငံခြားစီရင်ထုံးများ ]နှင့်ဥပဒေကျမ်းကြီးများအပြည့်ရှိသည့်မျက်မှောက်ခေတ်ရှေ့နေရှေ့ရပ်တို့မှာလက်ချိုးရေတွက်၍ရနိုင်လောက်အောင်အရေအတွက်နည်းနေသည်ကိုလက်ညှိုးထိုးပြရုံမျှဖြင့်လုံလောက်ပေလိမ့်မည်။


ရှေ့နေများခါးပြတ်လျက်ရှိသည်ကိုမငြင်းနိုင်။


ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည်ပရီဗီကောင်စီနှင့်ယခင်တရားလွှတ်တော်ချုပ်တို့နည်းတူအမြင့်ဆုံးတရားရုံး၊နောက်ဆုံးအယူခံဝင်ရာတရားရုံး[ 1956 BLR( S C ) 1 တွင်ရည်ညွှန်းသော Court of last resort ဖြစ်သည် ]အများပြည်သူအားထားရာတရားရုံးဖြစ်သည်။


သို့သော်ထိုပရီဗီကောင်စီနှင့်ယခင်တရားလွှတ်တော်ချုပ်တို့နှင့်မတူဘဲတပန်းရှုံးနေသောအနေအထားတွင်ရှိလျက်ရှိသည်။


ယခင်တရားလွှတ်တော်ချုပ်ကတရားလွှတ်တော်ချုပ်ကိုစတင်တည်ထောင်ခဲ့သည့်နှစ်ကစီရင်ခဲ့သောစီရင်ထုံးများကိုလေ့လာကြည့်လျှင်ပင်တပန်းရှုံးမှုမှာမြင်သာသည်။


နိုင်ငံအရပ်ရပ်ရှိအမြင့်ဆုံးတရားရုံးအများစုမှာဤအားနည်းချက်မျိုးနှင့်ရင်ဆိုင်ရခြင်းမရှိ။


ယခင်တရားလွှတ်တော်ချုပ်တွင်လိုက်ပါခဲ့သောရှေ့နေရှေ့ရပ်တို့သည်ဝါရင့်သမ္ဘာရင့်ပုဂ္ဂိုလ်ကြီးများဖြစ်ကြသည်။


ယခင်ကဟိုက်ကုတ်လွှတ်တော်တွင်လိုက်ပါဆောင်ရွက်သောရှေ့နေရှေ့ရပ်တို့သည်၊ဥပဒေပညာကိုမည်မျှခုံခုံမင်မင်လေ့လာသူများဖြစ်ကြောင်းစီရင်ထုံးများကညွှန်ပြပါသည်။


1940 RANGOON LAW REPORTS. 826 ( 830)[ D B ]အမှုကိုစီရင်သော၊ဟိုက်ကုတ်လွှတ်တော်တရားဝန်ကြီးချုပ်[ Sir Ernest H. Goodman Roberts ]နှင့်တရားဝန်ကြီး[ Mr. Justice Mosely ]တို့သည်၊ဒေါ်ရှင်​၏ရှေ့နေ P. K. Basu တင်ပြသောစီရင်ထုံးများအပြင်အခြားစီရင်ထုံးများကို၊မကိုးကားနိုင်ခြင်းကဒေါ်ရှင်​၏ရှေ့နေ P. K. Basu သည်ဆိုင်ရာစီရင်ထုံးများကို၊အကုန်အစင်တင်ပြနိုင်ကြောင်းမြင်သာစေသည်။


နောင်တွင်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ​၏နိုင်ငံတော်တရားဝန်ကြီးချုပ်ဖြစ်လာသူဦးသိမ်းမောင်သည်၊ဝတ်လုံစာမေးပွဲအောင်ပြီးမြန်မာနိုင်ငံသို့ပြန်ရောက်သောအခါ၊ထိုစဉ်ကအောက်မြန်မာပြည်တရားရုံးချုပ်ရှိတရားဝန်ကြီးဦးခင်[ ပထမဆုံးမြန်မာတရားဝန်ကြီး ]နှင့်တွေ့သောအခါ၊ဦးခင်ကဦးသိမ်းမောင်အား၊ရန်ကုန်တွင်မဟုတ်ဘဲနယ်တွင်စတင်ရှေ့နေလိုက်ရန်အကြံပေးခြင်းသည်၊ရန်ကုန်မြို့ဟိုက်ကုတ်လွှတ်တော်၌ရှေ့နေလိုက်သူများမှာ၊ 1940 RANGOON LAW REPORTS. 826 ( 830)[ D B ] အမှု၌၊အယူခံတရားလိုဒေါ်ရှင်​၏ရှေ့နေကဲ့သို့ဝါရင့်ပညာရှင်ရှေ့နေများဖြစ်ကြသဖြင့်၊ဝင်တိုးရန်မလွယ်ခြင်းကြောင့်ဖြစ်တန်ရာသည်။


8 Ran 524 အမှုကို၊အယူခံတရားလိုဘက်မှဦးမောင်ကြီး[ တရားလွှတ်တော်၌တရားဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့ဖူးသူ ]၊အယူခံတရားပြိုင်ဘက်မှဦးသိမ်းမောင်လိုက်ပါဆောင်ရွက်ခဲ့ရာ၊ဦးသိမ်းမောင်ကစီရင်ထုံးစာမျက်နှာ၅၃၂တွင်ဖော်ပြထားသည့်အတိုင်းလျှောက်လဲခဲ့သော်လည်းအနိုင်မရခဲ့။


ရှေးအခါကမြန်မာနိုင်ငံ၌အဆင့်အမြင့်ဆုံးဟိုက်ကုတ်လွှတ်တော်၌သမ္ဘာရင့်ဝါရင့်ရှေ့နေကြီးများလိုက်ပါဆောင်ရွက်သဖြင့်၊တရားစီရင်သောတရားသူကြီးများအား၊များစွာအထောက်အကူဖြစ်စေခဲ့ပါသည်။


လွတ်လပ်သောမြန်မာနိုင်ငံတော်​၏ပထမဆုံးနိုင်ငံတော်တရားဝန်ကြီးချုပ်ဖြစ်လာမည့်ဦးဘဦးသည်၊ဝတ်လုံအဖြစ်မြန်မာနိုင်ငံသို့ပြန်ရောက်သောအခါရန်ကုန်မြို့တွင်ရှေ့နေလိုက်ခဲ့ရာ၊၎င်း​၏ My Burma စာအုပ်တွင် Life at the Bar အခန်းတွင်၊၎င်း​၏ရှေ့နေဘဝကိုပြန်ပြောင်းရေးသားရာ၌၊စာမျက်နှာ၅၃၌-


[ My father supported me and I had my way , but knew I would have to try hard , as the Rangoon bar was not only overcrowded , but the strongest bar in Burma . It was reputed that the Rangoon bar could hold its own against any in India. ]


ဟုရေးသားထားသည်ကိုကောက်နုတ်ဖော်ပြပါသည်။


[ မြန်မာစာအဖွဲ့ကပြုစုသောအင်္ဂလိပ်-မြန်မာအဘိဓာန်စာမျက်နှာ၉၇၂၌ hold its own against....ဟူသောစကားရပ်ကို၊တောင့်ခံသည်ဟုဘာသာပြန်ပါသည် ]


ယနေ့ပြည်ထောင်စုတရားလွှတ်တော်ချုပ်​၏အခြေအနေနှင့်မတူပါ။


ဥပဒေပြဿနာအဖြာဖြာစာအုပ်အမှာစာ၌၊စာရေးသူညွှန်ပြခဲ့သည့်လက်ခုပ်တဖောင်မြင့်သောဘီရိုကြီးများတွင်ဥပဒေစာအုပ်များအပြည့်ရှိသောရှေ့နေများကဲ့သို့စီရင်ထုံးများ၊ဥပဒေကျမ်းများပြည့်ပြည့်စုံစုံမရှိသူ၊မဖတ်ဖူးသူများလည်းရှေ့နေလိုက်လျက်ရှိရာ၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့်၎င်းတို့ထံမှအကူအညီပြည့်ပြည့်စုံစုံရရန်မျှော်လင့်မရနိုင်သည်မှာဖြစ်သင့်သည်မဟုတ်။


ယခင်ကနယ်နှင့်ရန်ကုန်မြို့ရှိရှေ့နေကြီးများ​၏ဗီရိုကြီးများ၌၊မြန်မာနိုင်ငံစီရင်ထုံးများသာမကအိန္ဒိယနိုင်ငံတရားလွှတ်တော်များ၊ပရီဗီကောင်စီတို့​၏စီရင်ထုံးများလည်းရှိကြသည်။


မြန်မာနိုင်ငံတွင်၁၉၆၂ခုနှစ်မတ်လအထိ Asia Foundation မှ၊အိန္ဒိယနိုင်ငံစီရင်ထုံးများနှင့်ကျမ်းများကိုဝယ်ယူကာတရားလွှတ်တော်ချုပ်၊တရားလွှတ်တော်နှင့်ခရိုင်တရားရုံးများကိုလှူဒါန်းခဲ့သည်။


တော်လှန်ရေးအစိုးရတက်လာသောအခါဆက်လက်၍ထောက်ပံ့ခြင်းမပြုတော့။


အိန္ဒိယနိုင်ငံမှဥပဒေစာအုပ်များကိုလည်းဝယ်မရတော့သဖြင့်၊ယခုအခါမြန်မာနိုင်ငံသည်ဥပဒေရေးရာတွင်ခေတ်နောက်ကျလျက်ရှိသည်။


သို့သော် Internet တွင်၊ထိုစီရင်ထုံးများကိုဖတ်ခွင့်ရသဖြင့်စန်းတက်လာပြီဟုဆိုနိုင်သည်။


အားထုတ်ဖို့သာလိုသည်။


ရှေ့နေရှေ့ရပ်တို့သည်၊ 1940 RANGOON LAW REPORTS. 826 ( 830)[ D B ]အမှုတွင်၊ဒေါ်ရှင်ဘက်မှလိုက်ပါဆောင်ရွက်သောရှေ့နေ P. K. Basu ကဲ့သို့၊ဥပဒေပညာဗဟုသုတရရှိကြိုးစားအားထုတ်ရန်တိုက်တွန်းလိုသည်။


တတ်အပ်သောဥပဒေပညာမရှိဘဲရှေ့နေလိုက်ခြင်းသည်၊သမ္မာအာဇီဝလောဟု၊မိမိကိုယ်ကိုမိမိစောကြောသင့်သည်။

Comments

Popular posts from this blog

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]