ကွက်တိ[ on all fours ]
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ကွက်တိ[ on all fours ]
————————————
1940 RANGOON LAW REPORTS. 826 ( 830)
LETTERS PATENT APPEAL.
Before Sir Ernest H. Goodman Roberts, Kt., Chief Justice, and Mr. Justice Mosely.
DAW SHIN &. ARJANDAS.*
1940 July 29.
စီရင်ထုံးပါအမှုသည်တွေ့ရခဲသည့်အမှုဖြစ်သည်။
တွေ့ရခဲပြီးထူးခြားသောအမှုဖြစ်သည့်ထိုအမှုတွင်အချင်းဖြစ်ဖြစ်သောမြေနှင့်စပ်လျဉ်း၍စီရင်ထုံးများပေါ်ပေါက်ခဲ့ဘူးသည်။
————————————-
ပထမစီရင်ထုံးသည်-
A. I. R. 1931 Rangoon 32 ( 38 )
Equivalent citation = 8 Ran 524 ( D B )
MAUNG BA AND BAGULEY, JJ.
Maung Aung Pe and another - Appellants.
V.
U Tun Aung Gyaw and others-Respondents.
First Appeals Nos. 14 and 15 of 1930, Decided on 3rd September 1930, from decree of Dist. Judge, Thayetmyo, in Civil Regular Suit No. 1 of 1923.
———————————-
ပရီဗီကောင်စီ၏စီရင်ထုံးသည်-
VOL. VI INDIAN LAW REPORTS. RANGOON SERIES. 79 ( 87 )
PRIVY COUNCIL.
MA SAW KIN AND OTHERS (Defendants)
V.
MAUNG TUN AUNG GYAW (Plaintiff).
(On Appeal from the High Court at Rangoon.)
PRESENT :VISCOUNT SUMNER, LORD SINHA, SIR JOHN WALLIS and SIR LANCELOT SANDERSON.
J.C.*
1927 Nov. 21.
———————————-
1940 RANGOON LAW REPORTS. 826 ( 830)
LETTERS PATENT APPEAL.
Before Sir Ernest H. Goodman Roberts, Kt., Chief Justice, and Mr. Justice Mosely.
DAW SHIN &. ARJANDAS.*
1940 July 29.
စီရင်ထုံးသည်နောက်ဆုံးစီရင်ထုံးဖြစ်ဟန်တူသည်။
စီရင်ထုံးစာမျက်နှာ၈၂၆နှင့်၈၂၇တို့တွင်ရှေ့နေတို့၏လျှောက်လဲချက်များကိုစီရင်ထုံးမစမီစုပေါင်းဖော်ပြထားသည်။
ဟိုက်ကုတ်လွှတ်တော်ခုံရုံးရှေ့တွင်အယူခံတရားလိုဒေါ်ရှင်၏ရှေ့နေ P. K. Basu က၊ပရီဗီကောင်စီ၏စီရင်ထုံး[ ၄ ]ရပ်ကိုဖော်ပြလျှောက်လဲထားရာ၊ခုံရုံးက P. K. Basu တင်ပြသော I.L.R. 13 Lah. 702.( P C ) သည်ကွက်တိ[ on all fours ]ဟုစီရင်ထုံးစာမျက်နှာ၈၃၀တွင်သုံးသပ်ပြီး၊ပရီဗီကောင်စီ၏စီရင်ထုံးကိုလိုက်နာဆုံးဖြတ်ကာအယူခံတရားလိုဒေါ်ရှင်ကိုအနိုင်ပေးပြီးဟိုက်ကုတ်လွှတ်တော်တဦးထိုင်တရားဝန်ကြီး၏အဆုံးအဖြတ်ကိုပယ်ဖျက်သည်။
အယူခံတရားလိုဒေါ်ရှင်ဘက်မှကိုးကားသော၊တရားလွှတ်တော်၏ကွက်တိစီရင်ထုံးတင်ပြနိုင်ခြင်းကိုရှေ့နေရှေ့ရပ်အားလုံးလိုက်နာမှတ်သားသင့်သည်။
——————————-
အရည်အချင်းရှိသောရှေ့နေဖြစ်ရန်မှာ
အလျဉ်းသင့်၍၊နယ်ရှေ့နေတဦးမိမိအမှုသည်အပေါ်တာဝန်ကျေပုံကိုဖောက်သည်ချလိုသည်။
1940 RANGOON LAW REPORTS. 826 ( 830)
LETTERS PATENT APPEAL.
Before Sir Ernest H. Goodman Roberts, Kt., Chief Justice, and Mr. Justice Mosely.
DAW SHIN &. ARJANDAS.*
1940 July 29.
အမှုအကြောင်းဆွေးနွေးပါမည်။
၁၉၄၀ပြည့်နှစ်တွင်ဟိုက်ကုတ်လွှတ်တော်၌ရုံးထိုင်တရားသူကြီးကိုးဦး[ ၁၉၄၀ပြည့်နှစ်အတွင်းတွင်၊အငြိမ်းစားယူသူအခြားတရားဝန်ကြီးတဦး[Sir John Minty Baguley]လည်းရှိသည်။ ]ဆုံးဖြတ်ခဲ့သောစုံညီအမှုခြောက်မှု[ တရားမမှုငါးမှုနှင့်
ရာဇဝတ်မှုတမှု ]အပါအဝင်[ ၁၀၄ ]မှုကိုထုံးပြုခဲ့သည်။
[ စီရင်ထုံးစာအုပ်တွင်စာမျက်နှာ၈၃၉မျက်နှာရှိသည် ]
1940 RLR 826 ( DB )အမှုမှာ၊ဟိုက်ကုတ်လွှတ်တော်တရားဝန်ကြီးတဦးက၊တရားမဒုတိယအယူခံမှုတွင်ချမှတ်သောအဆုံးအဖြတ်အပေါ်တင်သွင်းသည့်အယူခံဖြစ်သည်။
"Letters Patent Appeal"ဟုခေါ်သည်။
ရန်ကုန်ဟိုက်ကုတ်လွှတ်တော်ကိုတည်ထောင်သောအင်္ဂလန်နိုင်ငံဘုရင်၏စာချွန်တော်အရအယူခံဝင်ခွင့်ပြုထားသည့်အယူခံတမျိုးဖြစ်သည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရသောအခါပြဌာန်းသည့်ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ၂၀တွင်အလားတူအယူခံဝင်ခွင့်ပေးခဲ့ရာ၊အထူးတရားမအယူခံမှု(အခွင့်ထူးအယူခံမှုမဟုတ်)အဖြစ်သတ်မှတ်သည်။
တော်လှန်ရေးအစိုးရတက်လာသောအခါ၊ပုဒ်မ၂၀ကိုဖျက်သိမ်းလိုက်သဖြင့်ထိုအယူခံမှုမျိုးမရှိတော့။
သမိုင်းကြောင်းကိုဥပဒေပညာရှင်များသိသင့်သည်။
——————————
1940 RLR 826 ( DB )စီရင်ထုံးတွင်၊အမှုဖြစ်စဉ်ကို-
[ The facts are, briefly, that in the course of an administration suit one of the parties, a co-owner(Maung Aung Pe), mortgaged his undivided share of the properties. ]
ဟုအစချီကာဖော်ပြသည်။
ရည်ညွှန်းသောအမွေစီမံခန့်ခွဲမှုမှာ၊စာရေးသူ၏လေ့လာတွေ့ရှိချက်
အရ[ ၃-၉-၁၉၃၀ ]နေ့၌ဆုံးဖြတ်သောမောင်အောင်ဖေအမှု-
A. I. R. 1931 Rangoon 32 ( 38 )
Equivalent citation = 8 Ran 524 ( D B )
MAUNG BA AND BAGULEY, JJ.
Maung Aung Pe and another - Appellants.
V.
U Tun Aung Gyaw and others-Respondents.
First Appeals Nos. 14 and 15 of 1930, Decided on 3rd September 1930, from decree of Dist. Judge, Thayetmyo, in Civil Regular Suit No. 1 of 1923.
ဖြစ်သည်။
မောင်အောင်ဖေ၏မိခင်နှင့်အဒေါ်ဒေါ်စောခင်တို့အမွေရသောပစ္စည်းများနှင့်စပ်လျဉ်း၍တရားဆိုင်ကြရာမှပေါ်ပေါက်သောအမှုသုံးမှုမှာ-
VOL. VI INDIAN LAW REPORTS. RANGOON SERIES. 79 ( 87 )
PRIVY COUNCIL.
MA SAW KIN AND OTHERS (Defendants)
V.
MAUNG TUN AUNG GYAW (Plaintiff).
(On Appeal from the High Court at Rangoon.)
PRESENT :VISCOUNT SUMNER, LORD SINHA, SIR JOHN WALLIS and SIR LANCELOT SANDERSON.
J.C.*
1927 Nov. 21.
A. I. R. 1931 Rangoon 32 ( 38 )
MAUNG BA AND BAGULEY, JJ.
Maung Aung Pe and another - Appellants.
V.
U Tun Aung Gyaw and others-Respondents.
First Appeals Nos. 14 and 15 of 1930, Decided on 3rd September 1930, from decree of Dist. Judge, Thayetmyo, in Civil Regular Suit No. 1 of 1923.
1940 RANGOON LAW REPORTS. 826 ( 830)
LETTERS PATENT APPEAL.
Before Sir Ernest H. Goodman Roberts, Kt., Chief Justice, and Mr. Justice Mosely.
DAW SHIN &. ARJANDAS.*
1940 July 29.
တို့ဖြစ်သည်။
သရက်မြို့တွင်တည်ရှိသောပစ္စည်းများဖြစ်သည်။
1970 BLR 232အမှုတွင်[ အမွေကုန်မှတရားပြတ်သည်များလည်းရှိတတ်သည် ]ဆိုသောအဆိုအမိန့်ကိုတနည်းတဖုံထောက်ခံသောအမွေမှုများဖြစ်သည်ကိုတွေ့မြင်နိုင်သည်။
စာရေးသူကမူအခြားရှုထောင့်မှကြည့်ကာ၊ထိုအမှုများသည်မြန်မာနိုင်ငံ၌တရားစီရင်မှုကိုတိုးတက်ဖြစ်ထွန်းစေသည်ဟုဆိုချင်သည်။
8 Ran 524 ( DB )စီရင်ထုံးကိုမြန်မာတရားဝန်ကြီး(Mr. Justice Maung Ba)နှင့်နိုင်ငံခြားသားတရားဝန်ကြီး(Mr. Justice Baguley)တို့က၊ရှုထောင့်အသီးသီးမှလေ့လာအဖြေရှာခဲ့ရာ၊မြန်မာဓလေ့ထုံးတမ်းဥပဒေအမွေမှုခန်းဆိုင်ရာတရားဥပဒေကိုဖြစ်ထွန်းစေခဲ့ပါသည်။
1940 RLR 826 ( DB )အမှုတွင်ပေါ်ပေါက်သောဥပဒေပြဿနာမှာခက်ခဲနက်နဲလှသည်ကိုတွေ့ရပါလိမ့်မည်။
————————————————-
8 Ran 524 ( DB )အမွေမှုစွဲဆိုထားဆဲ၌၊မောင်အောင်ဖေက၎င်း၏အမွေဝေစုကိုချစ်တီး(1940 RLR 826အမှုမှအယူခံတရားပြိုင်Arjandas)ထံပေါင်နှံခဲ့သည်။
နောက်ပိုင်း၌အမွေမှုတွင်အပြီးသတ်ဒီကရီရရှိပြီးအမွေပစ္စည်းများကိုခွဲဝေရာ၌ပေါင်ထားသောအချင်းဖြစ်မြေနှင့်အိမ်ကိုဒေါ်စောခင်ကရပြီး၊မောင်အောင်ဖေကအခြားပစ္စည်းများရရှိသည်။
ဒေါ်စောခင်အမွေရသောအချင်းဖြစ်အိမ်နှင့်မြေကိုနောက်ဆုံးတွင်ဒေါ်ရှင်(အယူခံတရားလို)နှင့်ဒေါ်တင်တို့ကဝယ်ယူလိုက်သည်။
အပေါင်ခံသူချစ်တီးArjandas(အယူခံတရားပြိုင်)ကမောင်အောင်ဖေအပေါ်အပေါင်မှုစွဲဆိုရာမှနောက်ဆုံးတွင်ပေါင်ပစ္စည်းများကိုလေလံဆွဲဝယ်ယူပြီးနောက်၊ဒေါ်ရှင်တို့အပေါ်၎င်းတို့ဝယ်ထားသောအချင်းဖြစ်မြေနှင့်အိမ်တွင်ပေါင်သူမောင်အောင်ဖေ၏ဝေစု၃ပုံ၁ပုံကိုလက်ရောက်ရလိုကြောင်းမူလတရားရုံးတွင်တရားစွဲဆိုရာအမှုရှုံးသည်။
ခရိုင်တရားရုံးကလက်ရောက်ရလိုမှုစွဲဆိုခွင့်မရှိဟုဆုံးဖြတ်သည်။
တရားလွှတ်တော်ဒုတိယအယူခံတွင်၊တရားလွှတ်တော်တရားဝန်ကြီးကအမွေပစ္စည်းများကိုခွဲဝေယူရာဒေါ်စောခင်သည်အချင်းဖြစ်အိမ်နှင့်မြေ၏၃ပုံ၂ပုံကိုသာရသည်။သို့မဟုတ်၎င်းခွဲဝေရသည့်ပစ္စည်းသည်ထိုပစ္စည်းများတွင်မောင်အောင်ဖေ၏ဝေစု၃ပုံ၁ပုံကိုအထောက်အထားပြု၍ရခြင်းဖြစ်သည်ဟုဆုံးဖြတ်ပြီးချစ်တီးကိုအနိုင်ပေးသည်။
အမွေမခွဲမီပူးတွဲအမွေဆိုင်ဒေါ်စောခင်နှင့်မောင်အောင်ဖေတို့သည်အမွေပစ္စည်းအသီးသီး၏၃ပုံ၂ပုံနှင့်၃ပုံ၁ပုံစီပိုင်သည်။
9 Ran 480 ( FB )အမှုတွင်၊လင်နှင့်မယားတို့သည်လင်မယားပိုင်ပစ္စည်းများတွင်ဝေစုအလျောက်ဘုံပိုင်သူများ(tenants-in common)ဖြစ်ကြပြီး၊လင်၊မယားသည်မိမိ၏အစုကိုထုခွဲခွင့်ရှိသည်ဟုထုံးဖွဲ့ထားသည်။
ဗုဒ္ဓဘာသာအမွေရှင်၏အမွေကိုအမွေဆိုင်များကဝေစုအလျောက်ဘုံပိုင်သူများအဖြစ်ဖြင့်ဆက်ခံကြောင်း1963 BLR 491(496), 1967 BLR 525(529) နှင့် AIR 1937 Ran 324 တို့တွင်ပြဆိုထားရာ၊အမွေဆိုင်တဦးသည်မိမိအစုကိုလွှဲပြောင်းနိုင်သည်။
ပူးတွဲအမွေဆိုင်တဦးသည်အမွေပစ္စည်း၌မိမိ၏အစုကိုပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၄၄၏အဓိပ္ပာယ်အရလွှဲပြောင်းခွင့်ရှိသည်။(legally competent in that behalf)
သို့ဖြစ်ရာမောင်အောင်ဖေသည်မိမိ၏အစုဖြစ်သောအမွေဆိုင်ပစ္စည်း၏၃ပုံ၁ပုံကို၊ချစ်တီးထံပေါင်နှံ(ပေါင်နှံခြင်းသည်လွှဲပြောင်းမှုတမျိုးဖြစ်သည်။)ခွင့်ရှိသည့်အလျောက်၊အပေါင်မှုတွင်လေလံတင်ရောင်းချရာ၌ချစ်တီးကဝယ်ယူခြင်းဖြင့်ထို၃ပုံ၁ပုံ၏ပိုင်ရှင်ဖြစ်သွားသည်။
ဤဥပဒေရှုထောင့်သက်သက်မှကြည့်လျှင်၊အချင်းဖြစ်အိမ်နှင့်မြေ၏၃ပုံ၁ပုံသည်ချစ်တီးပိုင်ဖြစ်သည်ဟုဟိုက်ကုတ်လွှတ်တော်တဦးထိုင်တရားဝန်ကြီးကဆုံးဖြတ်ခြင်းမှန်သည်။
သို့သော်ပုဒ်မ၄၄ပါပြဌာန်းချက်များ၏ပထမဝါကျပါခြွင်းချက်ဖြစ်သော but subject to the condition and liabilities အစရှိသည့်ပြဌာန်းချက်များကိုဆက်စပ်ဆင်ခြင်
ရန်ပျက်ကွက်သဖြင့်အဖြေမှားသွားရခြင်းဖြစ်သည်။
—————————-
1940 RLR 826 ( DB )စီရင်ထုံးစာမျက်နှာ၈၂၉တွင်-
[ Authorities were not cited to the learned Judge in second appeal , which convincingly show that irrespective of the doctrine of lis pendens this suit was not maintainable.
One of these authorities was cited in the trial Court , namely , Jogendra Chunder Fulkumari Dassi ( 1899 ) I. L. R. 27 Cal. 77. , which itself followed one of the leading authorities cited to us , Byjnath Lall v. Ramoodeen Chowdry ( 1874 ) 1 I. A. 106. ]
ဟုပြဆိုထားရာ၊မူလတရားရုံး၌ဒေါ်ရှင်တို့ဘက်မှရှေ့နေ P. K. Basu တင်ပြသောစီရင်ထုံးသည်၊တရားလိုချစ်တီးစွဲဆိုသောအမှုကိုပလပ်ရန်ထုံးသာဓကဖြစ်နေသည်မှာယုံမှားဖွယ်မရှိ။
1940 RLR 826 ( DB )အမှုကိုဆုံးဖြတ်ရာ၌၊ဟိုက်ကုတ်လွှတ်တော်အယူခံခုံရုံးက၊စီရင်ထုံးစာမျက်နှာ၈၂၉နှင့်၈၃၀တို့တွင်ကိုးကားထားသောစီရင်ထုံးများမှာ၊ဒေါ်ရှင်၏ရှေနေ P. K. Basu က၊စီရင်ထုံးစာမျက်နှာ၈၂၇တွင်ကိုးကားတင်ပြထားသောစီရင်ထုံးများပင်ဖြစ်နေသည်ကိုတွေ့မြင်နိုင်သည်။
စီရင်ထုံးစာမျက်နှာ၈၃၀၌-
[ Perhaps the authority most on all fours with the present case is another decision of their Lordships , Mohammad Afzal Khan v. Abdul Rahman ( 1932 ) I. L. R. 13 Lah. 702 ( PC ) ]
ဟုပြဆိုထားသည်ကိုထောက်ချင့်ပါက၊ဒေါ်ရှင်၏ရှေ့နေ P. K. Basu သည်အမှုနှင့်ကွက်တိဖြစ်သော( on all fours ဟူသောစကားရပ်ကိုရည်ညွှန်းပါသည်)စီရင်ထုံးကိုကိုးကားတင်ပြနိုင်ခဲ့ကြောင်းပေါ်လွင်သည်။
ဟိုက်ကုတ်လွှတ်တော်တဦးထိုင်တရားဝန်ကြီးကဒုတိယအယူခံတွင်၊ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၂ပါဥပဒေသည်အမွေစီမံခန့်ခွဲပေးစေလိုမှုနှင့်မဆိုင်ဟုဆုံးဖြတ်ကြောင်း၊စီရင်ထုံးစာမျက်နှာ၈၂၈၏နောက်ဆုံးစာပိုဒ်၊နောက်ဆုံးဝါကျ၌ဖော်ပြထားရာ၊ဒေါ်ရှင်၏ရှေ့နေ P. K. Basu က 1940 RLR 826 အမှုတွင်လျှောက်လဲရာ၌၊အမွေစီမံခန့်ခွဲပေးစေလိုမှုစွဲဆိုရာတွင်အမွေဆိုင်တဦးထံမှအမွေပစ္စည်းဝယ်ယူခြင်းသည်၊အမွေစီမံခန့်ခွဲပေးစေလိုမှုတွင်အမွေပစ္စည်းများစီမံခန့်ခွဲခြင်းကိုအထောက်အထားပြု၍ဝယ်ယူခြင်းဖြစ်ကြောင်း၊ပရီဗီကောင်စီစီရင်ထုံးဖြစ်သည့် 32 I. A. 1 , 16(Indian Appeals အတွဲ၃၂၊စာမျက်နှာ၁၊၁၆)စီရင်ထုံးကိုကိုးကားတင်ပြနိုင်ကြောင်း၊စီရင်ထုံးစာမျက်နှာ၈၂၆တွင်တွေ့မြင်နိုင်သည်။
စီရင်ထုံးစာမျက်နှာ၈၃၀တွင်၊တရားဝန်ကြီး(Mr. Justice Mosely)ကအောက်ပါအတိုင်းဆုံးဖြတ်သည်-
[ It is clear than that the respondents could not enforce their mortgage against their property , which had been transferred by partition by Aung Pe , and this appeal must be allowed .
In the result , the suit will be dismissed with costs throughout , costs of this appeal five gold mohurs.]
စီရင်ထုံးစာမျက်နှာ၈၃၀တွင်ပင်၊တရားဝန်ကြီးချုပ်(Sir Ernest H. Goodman Roberts , Kt., Chief Justice)ကအောက်ပါအတိုင်းဆုံးဖြတ်သည်-
[ I agree and have nothing to add. ]
ယခင်ကဟိုက်ကုတ်လွှတ်တော်တွင်လိုက်ပါဆောင်ရွက်သောရှေ့နေရှေ့ရပ်တို့သည်၊ဥပဒေပညာကိုမည်မျှခုံခုံမင်မင်လေ့လာသူများဖြစ်ကြောင်းစီရင်ထုံးများကညွှန်ပြပါသည်။
1940 RLR 826 ( DB )အမှုကိုစီရင်သောဟိုက်ကုတ်လွှတ်တော်တရားဝန်ကြီးချုပ်(Sir Ernest H. Goodman Roberts)နှင့်တရားဝန်ကြီး(Mr. Justice Mosely)တို့သည်၊ဒေါ်ရှင်၏ရှေ့နေ(P. K. Basu)တင်ပြသောစီရင်ထုံးများအပြင်အခြားစီရင်ထုံးများကို၊မကိုးကားနိုင်ခြင်းက၊ဒေါ်ရှင်၏ရှေ့နေ(P. K. Basu)သည်၊ဆိုင်ရာစီရင်ထုံးများကိုအကုန်အစင်တင်ပြနိုင်ကြောင်းမြင်သာသည်။
Comments
Post a Comment