ကွက်တိ[ on all fours ][ Part One ]

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ကွက်တိ[ on all fours ][ Part One ]

————————————


1940 RANGOON LAW REPORTS. 826 ( 830)[ D B ]


LETTERS PATENT APPEAL.


Before Sir Ernest H. Goodman Roberts, Kt., Chief Justice, and Mr. Justice Mosely.


DAW SHIN &. ARJANDAS.*


1940 July 29.


စီရင်ထုံးပါအမှုသည်တွေ့ရခဲသည့်အမှုဖြစ်သည်။


တွေ့ရခဲပြီးထူးခြားသောအမှုဖြစ်သည့်ထိုအမှုတွင်အချင်းဖြစ်ဖြစ်သောမြေနှင့်စပ်လျဉ်း၍စီရင်ထုံးများပေါ်ပေါက်ခဲ့ဘူးသည်။

————————————-


ပထမစီရင်ထုံးသည်-


A. I. R. 1931 Rangoon 32 ( 38 )


Equivalent citation = VOL. VIII INDIAN LAW REPORTS. RANGOON SERIES. 524[ D B ]


MAUNG BA AND BAGULEY, JJ.


Maung Aung Pe and another - Appellants.


                      V.


U Tun Aung Gyaw and others-Respondents.


First Appeals Nos. 14 and 15 of 1930, Decided on 3rd September 1930, from decree of Dist. Judge, Thayetmyo, in Civil Regular Suit No. 1 of 1923.

———————————-


ပရီဗီကောင်စီ၏စီရင်ထုံးသည်-


VOL. VI INDIAN LAW REPORTS. RANGOON SERIES. 79 ( 87 )[ P C ]


PRIVY COUNCIL.


MA SAW KIN AND OTHERS (Defendants)


                        V.


MAUNG TUN AUNG GYAW (Plaintiff).


(On Appeal from the High Court at Rangoon.)


PRESENT :VISCOUNT SUMNER, LORD SINHA, SIR JOHN WALLIS and SIR LANCELOT SANDERSON.


J.C.*


1927 Nov. 21.

———————————-


1940 RANGOON LAW REPORTS. 826 ( 830)[ D B ]


LETTERS PATENT APPEAL.


Before Sir Ernest H. Goodman Roberts, Kt., Chief Justice, and Mr. Justice Mosely.


DAW SHIN &. ARJANDAS.*


1940 July 29.


စီရင်ထုံးသည်နောက်ဆုံးစီရင်ထုံးဖြစ်ဟန်တူသည်။


စီရင်ထုံးစာမျက်နှာ၈၂၆နှင့်၈၂၇တို့တွင်ရှေ့နေတို့၏လျှောက်လဲချက်များကိုစီရင်ထုံးမစမီစုပေါင်းဖော်ပြထားသည်။


ဟိုက်ကုတ်လွှတ်တော်ခုံရုံးရှေ့တွင်အယူခံတရားလိုဒေါ်ရှင်၏ရှေ့နေ P. K. Basu က၊ပရီဗီကောင်စီ၏စီရင်ထုံး[ ၄ ]ရပ်ကိုဖော်ပြလျှောက်လဲထားရာ၊ခုံရုံးက P. K. Basu တင်ပြသော I.L.R. 13 Lah. 702.( P C ) သည်ကွက်တိ[ on all fours ]ဟုစီရင်ထုံးစာမျက်နှာ၈၃၀တွင်သုံးသပ်ပြီး၊ပရီဗီကောင်စီ၏စီရင်ထုံးကိုလိုက်နာဆုံးဖြတ်ကာအယူခံတရားလိုဒေါ်ရှင်ကိုအနိုင်ပေးပြီးဟိုက်ကုတ်လွှတ်တော်တဦးထိုင်တရားဝန်ကြီး၏အဆုံးအဖြတ်ကိုပယ်ဖျက်သည်။


အယူခံတရားလိုဒေါ်ရှင်ဘက်မှကိုးကားသော၊တရားလွှတ်တော်၏ကွက်တိစီရင်ထုံးတင်ပြနိုင်ခြင်းကိုရှေ့နေရှေ့ရပ်အားလုံးလိုက်နာမှတ်သားသင့်သည်။

——————————-


အရည်အချင်းရှိသောရှေ့နေဖြစ်ရန်မှာ


အလျဉ်းသင့်၍၊နယ်ရှေ့နေတဦးမိမိအမှုသည်အပေါ်တာဝန်ကျေပုံကိုဖောက်သည်ချလိုသည်။


1940 RANGOON LAW REPORTS. 826 ( 830)[ D B ]


LETTERS PATENT APPEAL.


Before Sir Ernest H. Goodman Roberts, Kt., Chief Justice, and Mr. Justice Mosely.


DAW SHIN &. ARJANDAS.*


1940 July 29.


အမှုအကြောင်းဆွေးနွေးပါမည်။


၁၉၄၀ပြည့်နှစ်တွင်ဟိုက်ကုတ်လွှတ်တော်၌ရုံးထိုင်တရားသူကြီးများမှာအောက်ပါပုဂ္ဂိုလ်များဖြစ်သည်-


THE HIGH COURT.


1st January to 31st December 1940.


CHIEF JUSTICE.


Hon'ble Sir ERNEST HANDFORTH GOODMAN ROBERTS, Kt.


PUISNE JUDGES.


Hon'ble Sir MYA BU, Kt., Barrister-at-Law.


Hon'ble Sir JOHN MINTY BAGULEY, Barrister-at-Law, I.C.S. (On leave up to 20th June. Retired 21st June.)


Hon'ble ARCHIE GERARD MOSELY, I.C.S.


Hon'ble Ba U, Barrister-at-Law.


Hon'ble HERBERT FRANCIS DUNKLEY, Barrister-at-Law, I.C.S.


Hon'ble HERBERT HODDY MACKNEY, I.C.S. (On leave from 23rd April to 22nd May and from 3rd November).


Hon'ble REGINALD TAAFFE SHARPE, Barrister-at-Law.


Hon'ble JOSEPH SHAW, Barrister-at-Law.


Hon'ble JOHN BASIL BLAGDEN, Barrister-at-Law(Appointed 18th December 1939, sworn in 19th February.)


၁၉၄၀ပြည့်နှစ်အတွင်းတွင်၊အငြိမ်းစားယူသူအခြားတရားဝန်ကြီးတဦး[Sir JOHN MINTY BAGULEY]လည်းရှိသည်။


၁၉၄၀ပြည့်နှစ်တွင်ဟိုက်ကုတ်လွှတ်တော်၌ရုံးထိုင်တရားသူကြီးကိုးဦးဆုံးဖြတ်ခဲ့သောစုံညီအမှုခြောက်မှု[ တရားမမှုငါးမှုနှင့်ရာဇဝတ်မှုတမှု ]အပါအဝင်[ ၁၀၄ ]မှုကိုထုံးပြုခဲ့သည်။


စီရင်ထုံးစာအုပ်တွင်စာမျက်နှာ၈၃၉မျက်နှာရှိသည်။


1940 RANGOON LAW REPORTS. 826[ D B ]အမှုမှာ၊ဟိုက်ကုတ်လွှတ်တော်တရားဝန်ကြီးတဦးက၊တရားမဒုတိယအယူခံမှုတွင်ချမှတ်သောအဆုံးအဖြတ်အပေါ်တင်သွင်းသည့်အယူခံဖြစ်သည်။


[ Letters Patent Appeal ]ဟုခေါ်သည်။


ရန်ကုန်ဟိုက်ကုတ်လွှတ်တော်ကိုတည်ထောင်သောအင်္ဂလန်နိုင်ငံဘုရင်​၏စာချွန်တော်အရအယူခံဝင်ခွင့်ပြုထားသည့်အယူခံတမျိုးဖြစ်သည်။


မြန်မာနိုင်ငံလွတ်လပ်ရေးရသောအခါပြဌာန်းသည့်ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ၂၀တွင်အလားတူအယူခံဝင်ခွင့်ပေးခဲ့ရာ၊အထူးတရားမအယူခံမှု[ အခွင့်ထူးအယူခံမှုမဟုတ် ]အဖြစ်သတ်မှတ်သည်။


တော်လှန်ရေးအစိုးရတက်လာသောအခါ၊ပုဒ်မ၂၀ကိုဖျက်သိမ်းလိုက်သဖြင့်ထိုအယူခံမှုမျိုးမရှိတော့။


သမိုင်းကြောင်းကိုဥပဒေပညာရှင်များသိသင့်သည်။

——————————


1940 RANGOON LAW REPORTS. 826[ D B ]စီရင်ထုံးတွင်၊အမှုဖြစ်စဉ်ကို-


[ The facts are, briefly, that in the course of an administration suit one of the parties, a co-owner (Maung Aung Pe), mortgaged his undivided share of the properties. ]


ဟုအစချီကာဖော်ပြသည်။


ရည်ညွှန်းသောအမွေစီမံခန့်ခွဲမှုမှာ၊စာရေးသူ​၏လေ့လာတွေ့ရှိချက်

အရ[ ၃-၉-၁၉၃၀ ]နေ့၌ဆုံးဖြတ်သောမောင်အောင်ဖေအမှု-


A. I. R. 1931 Rangoon 32 ( 38 )


Equivalent citation = VOL. VIII INDIAN LAW REPORTS. RANGOON SERIES. 524[ D B ]


MAUNG BA AND BAGULEY, JJ.


Maung Aung Pe and another - Appellants.


                      V.


U Tun Aung Gyaw and others-Respondents.


First Appeals Nos. 14 and 15 of 1930, Decided on 3rd September 1930, from decree of Dist. Judge, Thayetmyo, in Civil Regular Suit No. 1 of 1923.


ဖြစ်သည်။


မောင်အောင်ဖေ​၏မိခင်နှင့်အဒေါ်ဒေါ်စောခင်တို့အမွေရသောပစ္စည်းများနှင့်စပ်လျဉ်း၍တရားဆိုင်ကြရာမှပေါ်ပေါက်သောအမှုသုံးမှုမှာ-


VOL. VI INDIAN LAW REPORTS. RANGOON SERIES. 79 ( 87 )[ P C ]


PRIVY COUNCIL.


MA SAW KIN AND OTHERS (Defendants)


                        V.


MAUNG TUN AUNG GYAW (Plaintiff).


(On Appeal from the High Court at Rangoon.)


PRESENT :VISCOUNT SUMNER, LORD SINHA, SIR JOHN WALLIS and SIR LANCELOT SANDERSON.


J.C.*


1927 Nov. 21.

———————————


A. I. R. 1931 Rangoon 32 ( 38 )


Equivalent citation = VOL. VIII INDIAN LAW REPORTS. RANGOON SERIES. 524[ D B ]


MAUNG BA AND BAGULEY, JJ.


Maung Aung Pe and another - Appellants.


                      V.


U Tun Aung Gyaw and others-Respondents.


First Appeals Nos. 14 and 15 of 1930, Decided on 3rd September 1930, from decree of Dist. Judge, Thayetmyo, in Civil Regular Suit No. 1 of 1923.

——————————


1940 RANGOON LAW REPORTS. 826 ( 830)[ D B ]


LETTERS PATENT APPEAL.


Before Sir Ernest H. Goodman Roberts, Kt., Chief Justice, and Mr. Justice Mosely.


DAW SHIN &. ARJANDAS.*


1940 July 29.


တို့ဖြစ်သည်။


သရက်မြို့တွင်တည်ရှိသောပစ္စည်းများဖြစ်သည်။


1970 BLR 232အမှုတွင်[ အမွေကုန်မှတရားပြတ်သည်များလည်းရှိတတ်သည် ]ဆိုသောအဆိုအမိန့်ကိုတနည်းတဖုံထောက်ခံသောအမွေမှုများဖြစ်သည်ကိုတွေ့မြင်နိုင်သည်။


စာရေးသူကမူအခြားရှုထောင့်မှကြည့်ကာ၊ထိုအမှုများသည်မြန်မာနိုင်ငံ၌တရားစီရင်မှုကိုတိုးတက်ဖြစ်ထွန်းစေသည်ဟုဆိုချင်သည်။


VOL. VIII INDIAN LAW REPORTS. RANGOON SERIES. 524[ D B ] စီရင်ထုံးကိုမြန်မာတရားဝန်ကြီး[ Mr. Justice MAUNG BA ]နှင့်နိုင်ငံခြားသားတရားဝန်ကြီး[ Mr. Justice BAGULEY ]တို့က၊ရှုထောင့်အသီးသီးမှလေ့လာအဖြေရှာခဲ့ရာ၊မြန်မာဓလေ့ထုံးတမ်းဥပဒေအမွေမှုခန်းဆိုင်ရာတရားဥပဒေကိုဖြစ်ထွန်းစေခဲ့ပါသည်။


1940 RANGOON LAW REPORTS. 826[ D B ]အမှုတွင်ပေါ်ပေါက်သောဥပဒေပြဿနာမှာခက်ခဲနက်နဲလှသည်ကိုတွေ့ရပါလိမ့်မည်။

————————————————-


VOL. VIII INDIAN LAW REPORTS. RANGOON SERIES 524[ D B ]အမွေမှုစွဲဆိုထားဆဲ၌၊မောင်အောင်ဖေက၎င်း​၏အမွေဝေစုကိုချစ်တီး[ 1940 RANGOON LAW REPORTS 826[ D B ]အမှုမှအယူခံတရားပြိုင် Arjandas ]ထံပေါင်နှံခဲ့သည်။


နောက်ပိုင်း၌အမွေမှုတွင်အပြီးသတ်ဒီကရီရရှိပြီးအမွေပစ္စည်းများကိုခွဲဝေရာ၌ပေါင်ထားသောအချင်းဖြစ်မြေနှင့်အိမ်ကိုဒေါ်စောခင်ကရပြီး၊မောင်အောင်ဖေကအခြားပစ္စည်းများရရှိသည်။


ဒေါ်စောခင်အမွေရသောအချင်းဖြစ်အိမ်နှင့်မြေကိုနောက်ဆုံးတွင်ဒေါ်ရှင်[ အယူခံတရားလို ]နှင့်ဒေါ်တင်တို့ကဝယ်ယူလိုက်သည်။


အပေါင်ခံသူချစ်တီး Arjandas[ အယူခံတရားပြိုင် ]ကမောင်အောင်ဖေအပေါ်အပေါင်မှုစွဲဆိုရာမှနောက်ဆုံးတွင်ပေါင်ပစ္စည်းများကိုလေလံဆွဲဝယ်ယူပြီးနောက်၊ဒေါ်ရှင်တို့အပေါ်၎င်းတို့ဝယ်ထားသောအချင်းဖြစ်မြေနှင့်အိမ်တွင်ပေါင်သူမောင်အောင်ဖေ​၏ဝေစု၃ပုံ၁ပုံကိုလက်ရောက်ရလိုကြောင်းမူလတရားရုံးတွင်တရားစွဲဆိုရာအမှုရှုံးသည်။


ခရိုင်တရားရုံးကလက်ရောက်ရလိုမှုစွဲဆိုခွင့်မရှိဟုဆုံးဖြတ်သည်။


တရားလွှတ်တော်ဒုတိယအယူခံတွင်၊တရားလွှတ်တော်တရားဝန်ကြီးကအမွေပစ္စည်းများကိုခွဲဝေယူရာဒေါ်စောခင်သည်အချင်းဖြစ်အိမ်နှင့်မြေ​၏၃ပုံ၂ပုံကိုသာရသည်၊သို့မဟုတ်၎င်းခွဲဝေရသည့်ပစ္စည်းသည်ထိုပစ္စည်းများတွင်မောင်အောင်ဖေ​၏ဝေစု၃ပုံ၁ပုံကိုအထောက်အထားပြု၍ရခြင်းဖြစ်သည်ဟုဆုံးဖြတ်ပြီးချစ်တီးကိုအနိုင်ပေးသည်။


အမွေမခွဲမီပူးတွဲအမွေဆိုင်ဒေါ်စောခင်နှင့်မောင်အောင်ဖေတို့သည်အမွေပစ္စည်းအသီးသီး​၏၃ပုံ၂ပုံနှင့်၃ပုံ၁ပုံစီပိုင်သည်။


9 Ran 480 ( FB )အမှုတွင်၊လင်နှင့်မယားတို့သည်လင်မယားပိုင်ပစ္စည်းများတွင်ဝေစုအလျောက်ဘုံပိုင်သူများ[ tenants-in common ]ဖြစ်ကြပြီး၊လင်၊မယားသည်မိမိ​၏အစုကိုထုခွဲခွင့်ရှိသည်ဟုထုံးဖွဲ့ထားသည်။


ဗုဒ္ဓဘာသာအမွေရှင်​၏အမွေကိုအမွေဆိုင်များကဝေစုအလျောက်ဘုံပိုင်သူများအဖြစ်ဖြင့်ဆက်ခံကြောင်း1963 BLR 491(496), 1967 BLR 525(529) နှင့် AIR 1937 Ran 324 တို့တွင်ပြဆိုထားရာ၊အမွေဆိုင်တဦးသည်မိမိအစုကိုလွှဲပြောင်းနိုင်သည်။


ပူးတွဲအမွေဆိုင်တဦးသည်အမွေပစ္စည်း၌မိမိ​၏အစုကိုပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၄၄​၏အဓိပ္ပာယ်အရလွှဲပြောင်းခွင့်ရှိသည်။


[ legally competent in that behalf ]


သို့ဖြစ်ရာမောင်အောင်ဖေသည်မိမိ​၏အစုဖြစ်သောအမွေဆိုင်ပစ္စည်း​၏၃ပုံ၁ပုံကို၊ချစ်တီးထံပေါင်နှံ[ ပေါင်နှံခြင်းသည်လွှဲပြောင်းမှုတမျိုးဖြစ်သည်။ ]ခွင့်ရှိသည့်အလျောက်၊အပေါင်မှုတွင်လေလံတင်ရောင်းချရာ၌ချစ်တီးကဝယ်ယူခြင်းဖြင့်ထို၃ပုံ၁ပုံ​၏ပိုင်ရှင်ဖြစ်သွားသည်။


ဤဥပဒေရှုထောင့်သက်သက်မှကြည့်လျှင်၊အချင်းဖြစ်အိမ်နှင့်မြေ​၏၃ပုံ၁ပုံသည်ချစ်တီးပိုင်ဖြစ်သည်ဟုဟိုက်ကုတ်လွှတ်တော်တဦးထိုင်တရားဝန်ကြီးကဆုံးဖြတ်ခြင်းမှန်သည်။


သို့သော်ပုဒ်မ၄၄ပါပြဌာန်းချက်များ​၏ပထမဝါကျပါခြွင်းချက်ဖြစ်သော[ but subject to the condition and liabilities ]အစရှိသည့်ပြဌာန်းချက်များကိုဆက်စပ်ဆင်ခြင်ရန်ပျက်ကွက်သဖြင့်အဖြေမှားသွားရခြင်းဖြစ်သည်။

—————————-


1940 RANGOON LAW REPORTS 826[ D B ]စီရင်ထုံးစာမျက်နှာ၈၂၉တွင်-


[ Authorities were not cited to the learned Judge in second appeal , which convincingly show that irrespective of the doctrine of lis pendens this suit was not maintainable.


One of these authorities was cited in the trial Court , namely , Jogendra Chunder Fulkumari Dassi ( 1899 ) I. L. R. 27 Cal. 77. , which itself followed one of the leading authorities cited to us , Byjnath Lall v. Ramoodeen Chowdry ( 1874 ) 1 I. A. 106. ]


ဟုပြဆိုထားရာ၊မူလတရားရုံး၌ဒေါ်ရှင်တို့ဘက်မှရှေ့နေ P. K. Basu တင်ပြသောစီရင်ထုံးသည်၊တရားလိုချစ်တီးစွဲဆိုသောအမှုကိုပလပ်ရန်ထုံးသာဓကဖြစ်နေသည်မှာယုံမှားဖွယ်မရှိ။


1940 RANGOON LAW REPORTS 826[ D B ]အမှုကိုဆုံးဖြတ်ရာ၌၊ဟိုက်ကုတ်လွှတ်တော်အယူခံခုံရုံးက၊စီရင်ထုံးစာမျက်နှာ၈၂၉နှင့်၈၃၀တို့တွင်ကိုးကားထားသောစီရင်ထုံးများမှာ၊ဒေါ်ရှင်​၏ရှေနေ P. K. Basu က၊စီရင်ထုံးစာမျက်နှာ၈၂၇တွင်ကိုးကားတင်ပြထားသောစီရင်ထုံးများပင်ဖြစ်နေသည်ကိုတွေ့မြင်နိုင်သည်။


စီရင်ထုံးစာမျက်နှာ၈၃၀၌-


[ Perhaps the authority most on all fours with the present case is another decision of their Lordships , Mohammad Afzal Khan v. Abdul Rahman ( 1932 ) I. L. R. 13 Lah. 702 ( PC ) ]


ဟုပြဆိုထားသည်ကိုထောက်ချင့်ပါက၊ဒေါ်ရှင်​၏ရှေ့နေ P.K. Basu သည်အမှုနှင့်ကွက်တိဖြစ်သောစီရင်ထုံးကိုကိုးကားတင်ပြနိုင်ခဲ့ကြောင်းပေါ်လွင်သည်။


[ on all fours ဟူသောစကားရပ်ကိုရည်ညွှန်းပါသည် ]


ဟိုက်ကုတ်လွှတ်တော်တဦးထိုင်တရားဝန်ကြီးကဒုတိယအယူခံတွင်၊ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၂ပါဥပဒေသည်အမွေစီမံခန့်ခွဲပေးစေလိုမှုနှင့်မဆိုင်ဟုဆုံးဖြတ်ကြောင်း၊စီရင်ထုံးစာမျက်နှာ၈၂၈​၏နောက်ဆုံးစာပိုဒ်၊နောက်ဆုံးဝါကျ၌ဖော်ပြထားရာ၊ဒေါ်ရှင်​၏ရှေ့နေ P. K. Basu က 1940 RLR 826 အမှုတွင်လျှောက်လဲရာ၌၊အမွေစီမံခန့်ခွဲပေးစေလိုမှုစွဲဆိုရာတွင်အမွေဆိုင်တဦးထံမှအမွေပစ္စည်းဝယ်ယူခြင်းသည်၊အမွေစီမံခန့်ခွဲပေးစေလိုမှုတွင်အမွေပစ္စည်းများစီမံခန့်ခွဲခြင်းကိုအထောက်အထားပြု၍ဝယ်ယူခြင်းဖြစ်ကြောင်း၊ပရီဗီကောင်စီစီရင်ထုံးဖြစ်သည့် 32 I. A. 1 , 16[ Indian Appeals အတွဲ၃၂၊စာမျက်နှာ၁၊၁၆ ]စီရင်ထုံးကိုကိုးကားတင်ပြနိုင်ကြောင်း၊စီရင်ထုံးစာမျက်နှာ၈၂၆တွင်တွေ့မြင်နိုင်သည်။


စီရင်ထုံးစာမျက်နှာ၈၃၀တွင်၊တရားဝန်ကြီး Mr. Justice Mosely ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


[ It is clear then that the respondents could not enforce their mortgage against this property, which had been transferred by partition by Aung Pe, and this appeal must be allowed.


In the result, the suit will be dismissed with costs throughout, costs of this appeal five gold mohurs. ]


စီရင်ထုံးစာမျက်နှာ၈၃၀တွင်ပင်၊တရားဝန်ကြီးချုပ် Sir Ernest H. Goodman Roberts , Kt., Chief Justice ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


[ I agree and have nothing to add. ]


ယခင်ကဟိုက်ကုတ်လွှတ်တော်တွင်လိုက်ပါဆောင်ရွက်သောရှေ့နေရှေ့ရပ်တို့သည်၊ဥပဒေပညာကိုမည်မျှခုံခုံမင်မင်လေ့လာသူများဖြစ်ကြောင်းစီရင်ထုံးများကညွှန်ပြပါသည်။


1940 RANGOON LAW REPORTS 826[ D B ]အမှုကိုစီရင်သောဟိုက်ကုတ်လွှတ်တော်တရားဝန်ကြီးချုပ် Sir Ernest H. Goodman Roberts နှင့်တရားဝန်ကြီး Mr. Justice Mosely တို့သည်၊ဒေါ်ရှင်​၏ရှေ့နေ P. K. Basu တင်ပြသောစီရင်ထုံးများအပြင်အခြားစီရင်ထုံးများကို၊မကိုးကားနိုင်ခြင်းက၊ဒေါ်ရှင်​၏ရှေ့နေ P. K. Basu သည်၊ဆိုင်ရာစီရင်ထုံးများကိုအကုန်အစင်တင်ပြနိုင်ကြောင်းမြင်သာသည်။

Comments

Popular posts from this blog

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]

1963 BLR 556 [ Cause of Action ]

တရားစွဲဆိုရန်အကြောင်း(သို့မဟုတ်)အချင်းဖြစ်အကြောင်းအရာ[ Cause of Action ]