1940 RLR 35 စီရင်ထုံးနှင့် 1952 BLR ( S C ) 4 စီရင်ထုံးနှစ်ရပ်အကြောင်း

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


သဘောတူညီချက်သည်မည်သည့်အခါပဋိညာဉ်မြောက်ကြောင်းပဋိညာဉ်အက်ဥပဒေပုဒ်မ၁၀တွင်ပြဌာန်းထားရာ၊ကိုယ်စိတ်ကျန်းမာရေးကိစ္စမပါ။


ပဋိညာဉ်ပြုရန်အရည်အချင်းကိုသတ်မှတ်သောပဋိညာဉ်အက်ဥပဒေပုဒ်မ၁၁ပါ[ of sound mind ]သည်၊ကျန်းမာရေးနှင့်မသက်ဆိုင်။


စိတ်ပေါ့သွပ်ခြင်းမရှိသည်ကိုရည်ညွှန်းသည်။


စိတ်ပေါ့သွပ်သောသူပင်လျှင်စိတ်ပေါ့သွပ်ခြင်းမရှိသည့်အခါပဋိညာဉ်ပြုနိုင်သည်ဟုပဋိညာဉ်အက်ဥပဒေပုဒ်မ၁၂တွင်အတိအလင်းပြဌာန်းထားသည်။


ပဋိညာဉ်အက်ဥပဒေပုဒ်မ၁၀တွင်လွတ်လပ်သောသဘောတူချက်[ free consent ]ဟူသောဝေါဟာရကိုသုံးသည်။


သဘောဆန္ဒဆိုသောစကားရပ်ကိုပဋိညာဉ်အက်ဥပဒေတွင်မတွေ့ရချေ။


အနိုင်အထက်ပြုခြင်း၊မလျော်ဩဇာသုံးခြင်း၊လိမ်လည်လှည့်ဖြားခြင်း၊အလွဲပြောဆိုခြင်းသို့မဟုတ်မှားယွင်းခြင်းကြောင့်မဟုတ်လျှင်သဘောတူချက်သည်[ လွတ်လပ် ]သည်မည်၏ဟု၊ပဋိညာဉ်အက်ဥပဒေပုဒ်မ၁၄တွင်အဓိပ္ပာယ်ဖွင့်ဆိုသည်။


အနိုင်အထက်ပြုခြင်းကိုပုဒ်မ၁၅တွင်လည်းကောင်း၊မလျော်ဩဇာသုံးခြင်းကိုပုဒ်မ၁၆တွင်လည်းကောင်း၊လိမ်လည်လှည့်ဖြားခြင်းကိုပုဒ်မ၁၇တွင်လည်းကောင်း၊အလွဲပြောဆိုခြင်းကိုပုဒ်မ၁၈တွင်လည်းကောင်းအဓိပ္ပာယ်ဖွင့်ဆိုသည်။


မှားယွင်းမှုများကိုပုဒ်မ၂၁နှင့်၂၂တွင်ဖော်ပြထားသည်။


ပဋိညာဉ်ကိုဖျက်သိမ်းခြင်းကိစ္စကိုပဋိညာဉ်အက်ဥပဒေပုဒ်မ၁၉နှင့်၁၉-ကတွင်

ပြဌာန်းထားသည်။


စီစဉ်မှု၊သွေးဆောင်ခေါ်ယူခြင်း၊စည်းရုံးမှုတို့သည်ပဋိညာဉ်အက်ဥပဒေပုဒ်မ၁၅မှ၁၈တွင်အကျုံးမဝင်ကြောင်းပြဌာန်းချက်များနှင့်ချိန်ထိုးကြည့်ပါကမြင်သာသည်။


ပဋိညာဉ်အက်ဥပဒေပုဒ်မ၁၀ပါ[ for a lawful consideration and with a lawful object ]ပြဌာန်းချက်များသည်ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၃နှင့်အဆက်အစပ်ရှိသည်။


ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၃ပါပြဌာန်းချက်များနှင့်ငြိစွန်းလျှင်အချင်းဖြစ်သဘောတူချက်သည်ပဋိညာဉ်မြောက်မည်မဟုတ်၊ပျက်ပြယ်မည်ဖြစ်ရာစာချုပ်စာတမ်းပယ်ဖျက်ခြင်းနှင့်ဆိုင်သောသီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၃၉ပါ[ void ]ဟူသောစကားလုံးကိုထောက်ချင့်ပါက၊စာချုပ်ကိုပယ်ဖျက်နိုင်ရန်လိုအပ်သောအချက်တရပ်နှင့်ညီညွတ်ပေလိမ့်မည်။


[ void စကားလုံးသည်ပဋိညာဉ်အက်ဥပဒေတွင်အဓိပ္ပာယ်ဖွင့်ဆိုထားသည့်အတိုင်းအဓိပ္ပာယ်ဆောင်သည်ဟုပဋိညာဉ်အက်ဥပဒေပုဒ်မ၃၏နောက်ဆုံးစာပိုဒ်၌ပြဌာန်းထားသည်။ ]


ပဋိညာဉ်အက်ဥပဒေပုဒ်မ၁၇ပါပြဌာန်းချက်များကိုသတ္တုချကြည့်လျှင်ပဋိညာဉ်ချုပ်ဆိုရာ၌ပါဝင်သည့်တဖက်[ ဥပမာ၊ပစ္စည်းအပိုင်ရသူ ]ကအခြားတဖက်[ ဥပမာ၊အပိုင်ပေးသူ ]အားလိမ်လည်လှည့်ဖြားခြင်းကိုရည်ညွှန်းကြောင်းတွေ့မြင်ရမည်။


သို့သော်ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၃အရမူ၊ပဋိညာဉ်ချုပ်ဆိုသူနှစ်ဖက်သည်နှစ်ပေါက်တပေါက်ရိုက်ပြီး[ ပူးပေါင်းကြံစည်ပြီး ]အခြားပုဂ္ဂိုလ်[ တတိယပုဂ္ဂိုလ် ]အားလိမ်လည်လှည့်ဖြားခြင်းကိုရည်စူးသည်။


ဥပမာ၊အပိုင်ပေးသူပိုင်ပစ္စည်းကို၎င်း၏မြီရှင်ဖြစ်သောတရားနိုင်ကဝရမ်းမကပ်နိုင်စေရန်ရည်ရွယ်ကာ၊ထိုပစ္စည်းကိုအပိုင်ရသူအားအပိုင်ပေးလေဟန်လိမ်လည်လှည့်ဖြားလွှဲပြောင်းခြင်းမျိုးကိုရည်စူးသည်။


6 BLT 121 နှင့် 5 LBR 195 စီရင်ထုံးများသည်ထုံးသာဓကများဖြစ်ကြသည်။

————————————————-


အဆင့်ဆင့်သောတရားရုံးများသည်စီရင်ချက်များကိုအကျိုးသင့်အကြောင်းသင့်ရေးနိုင်ရန်စီရင်ထုံးများကိုလေ့လာအတုခိုးရန်လိုသည်။


၁၉၆၂ခုနှစ်မှစ၍မြန်မာဘာသာဖြင့်ရေးသောစီရင်ထုံးများမှာအများဆုံးဖြစ်လာသဖြင့်လေ့လာရန်စီရင်ချက်အများအပြားရှိသည်။


တရားရုံးချုပ်ကမြန်မာစာအဆင့်အတန်းမြင့်မြင့်၊ခန့်ခန့်ညားညားရေးသားထားသောစီရင်ချက်များပါအရေးအသားကိုအတုယူ၍ရေးကြရန်ဖြစ်သည်။

—————————————————-


1952 BLR ( S C ) 4 ( 10 )


SUPREME COURT.


CASSIM EBRAHIM MALIM (APPELLANT)


                          V.


MARIAM BIBI (a) HAJI BIBI AND OTHERS (RESPONDENTS). *


Present: MR. JUSTICE E MAUNG, MR. JUSTICE THEIN MAUNG and U THAUNG SEIN, J.


1951 Sept. 24. 


စီရင်ထုံးသည်-


1940 RANGOON LAW REPORTS. 35 ( 53 )


APPELLATE CIVIL.


Before Sir Ernest H. Goodman Roberts, Kt., Chief Justice, and Mr. Justice Braund.


MARIAM BIBI AND ANOTHER


                    V.


C. E. MALIM AND ANOTHER*


1939 May 1. 


စီရင်ထုံးကိုပယ်ဖျက်သောယခင်တရားလွှတ်တော်ချုပ်၏စီရင်ထုံးဖြစ်သည်။

————————————-


1940 RANGOON LAW REPORTS. 35 ( 53 )


APPELLATE CIVIL.


Before Sir Ernest H. Goodman Roberts, Kt., Chief Justice, and Mr. Justice Braund.


MARIAM BIBI AND ANOTHER


                    V.


C. E. MALIM AND ANOTHER*


1939 May 1. 


စီရင်ထုံးသည်ဟိုက်ကုတ်လွှတ်တော်မူလဘက်ဌာနတရားဝန်ကြီးဦးဘဦးချမှတ်သောစီရင်ချက်ကိုတရားဝန်ကြီးချုပ် Sir Ernest H. Goodman Roberts, Kt., Chief Justice နှင့်၊တရားဝန်ကြီး  Mr. Justice Braund.တို့ပါဝင်သောခုံရုံး၏စီရင်ချက်ကိုထုံးပြုသောစီရင်ထုံးဖြစ်သည်။

———————————————-


ဦးဘဦး၏စီရင်ချက်သည်လက်ရှိရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၏အမှုတွဲခန်း၌မရှိတော့။


စစ်အတွင်းကပျောက်ဆုံးသွားပုံပေါ်သည်။


သို့ဖြစ်၍ဥပဒေပညာရှင်တို့သည်၊အထက်ပါစီရင်ထုံးနှစ်ရပ်ကိုလေ့လာခွင့်ရရှိသည့်စာရေးသူသည်ဦးဘဦး၏စီရင်ချက်များကိုယှဉ်ဖတ်ကြည့်လိုသည်။


ROBERTS, C.J. and BRAUND, J.-တို့ပါဝင်သောခုံရုံး၏အကြောင်းပြချက်နှင့်ဦးဘဦး၏ကျိုးကြောင်းပြချက်တို့ကိုယှဉ်ဖတ်ကြည့်လိုသည်။


ဦးဘဦး၏မူလဘက်ဌာနစီရင်ချက်များအဖျက်ခံရပုံပေါ်သည်။


၎င်း၏ My Burma စာအုပ်တွင်ဟိုက်ကုတ်လွှတ်တော်တရားဝန်ကြီးဘဝကဏ္ဍကိုဖတ်ကြည့်ပါ။


My Burma စာအုပ်စာမျက်နှာ-၃၀တွင်အောက်ပါအတိုင်းမှတ်တမ်းတင်ထားသည်ကိုတွေ့ရသည်-


[ I wrote to Chief Justice, asking him to release me from the Original Side and put me on the Appellate Side again. ]

—————————————-


1952 BLR ( S C ) 4 ( 10 )


SUPREME COURT.


CASSIM EBRAHIM MALIM (APPELLANT)


                          V.


MARIAM BIBI (a) HAJI BIBI AND OTHERS (RESPONDENTS). *


Present: MR. JUSTICE E MAUNG, MR. JUSTICE THEIN MAUNG and U THAUNG SEIN, J.


1951 Sept. 24.


အမှုကိုဆုံးဖြတ်စဉ်ကယခင်တရားလွှတ်တော်ချုပ်တွင်ဦးဘဦးအပါအဝင်[ ၃ ]ဦးသာရှိရာ၊မူလမှုကိုဆုံးဖြတ်သောဦးဘဦးသည်အယူခံမှုကိုကြားနာရာတွင်ပါဝင်ခွင့်မရှိသဖြင့်၊တရားသူကြီး[ ၃ ]ဦးပြည့်ရန်တရားလွှတ်တော်မှတရားသူကြီးတဦးဖြင့်အိမ်ဖြည့်ခဲ့ရသည်။


ယခင်တရားလွှတ်တော်ချုပ်သည်တရားဝန်ကြီး[ ၃ ]ဦးဖြင့်နှစ်ပေါင်းအတန်ကြာတရားစီရင်ခဲ့သည်။


တဖက်တွင်ယခင်တရားလွှတ်တော်ချုပ်[ Supreme Court ]သည်၁၉၄၈ခုနှစ်မှတရားသူကြီး[ ၄ ]ဦးဖြစ်သည်အထိနှစ်အတန်ကြာအောင်အောင်မြင်မြင်တရားစီရင်နိုင်ခဲ့သည်။

—————————————-


1952 BLR ( S C ) 4 ( 10 )


SUPREME COURT.


CASSIM EBRAHIM MALIM (APPELLANT)


                          V.


MARIAM BIBI (a) HAJI BIBI AND OTHERS (RESPONDENTS). *


Present: MR. JUSTICE E MAUNG, MR. JUSTICE THEIN MAUNG and U THAUNG SEIN, J.


1951 Sept. 24.


အမှုတွင်တရားလွှတ်တော်ချုပ်တရားဝန်ကြီးဦးဧမောင်က၊သက်သေတဦးအားပြန်လှန်မမေးလျှင်၎င်း၏ထွက်ချက်ခိုင်လုံသည်ဟုလက်ခံကောက်ယူရမည်ဖြစ်ကြောင်းစီရင်ထုံးစာမျက်နှာ-၉တွင်အောက်ပါအတိုင်းပြဆိုသည်-


[ Ahmed Ebrahim Malim, who executed the releases as the plaintiffs' attorney and on their behalf, has given evidence at the trial; and he stated definitely that after he executed the release deeds as the plaintiffs' attorney, he wrote to them informing them of the fact. 


On this point, he was not challenged in cross-examination and it must therefore be taken as established ]

—————————————


6 Ran ( P C ) 142 


BHOGILAL BHIKACHAND AND OTHERS (Plaintiffs)


                      V.


ROYAL INSURANCE CO., LTD. (Defendants).


PRESENT: VISCOUNT HALDANE,LORD ATKINSON,LORD BLANESBURGH,LORD DARLING and LORD WARRINGTON OF CLYFFE.


(On Appeal from the High Court at Rangoon.)


Appeal No. 103 of 1926 from a decree of the High Court in its Appellate Jurisdiction (June 15.1925) reversing a decree of the Court in its Original Jurisdiction (June 24.1924).


At the conclusion of the arguments their Lordships intimated that the appeal would be allowed, and that the reasons would be delivered later.


December 16. The judgment of their Lordships was delivered by LORD BLANESBURGH.


J.C.* 1927 ,Dec. 16.


အမှုတွင်ပရီဗီကောင်စီကပြန်လှန်မေးရန်ပျက်ကွက်ခြင်းအကြောင်းစီရင်ထုံးစာမျက်နှာ-၁၅၅၌အောက်ပါအတိုင်းပြဆိုသည်-


[ Registration, posting and insurance of the percel so made up had been duly deposed to, and the evidence on the point had not been challenged either in cross-examination or by counter evidence.]

———————————-


ဤဥပဒေသဘောကိုကောင်းစွာသဘောပေါက်လျှင်စီရင်ချက်ရေးရသောတရားသူကြီးတိုင်းသည်သက်သေထွက်ချက်တို့မှအဖြေမှန်ထုတ်ယူရာတွင်အထက်ပါဥပဒေသကအထိုက်အလျောက်လွယ်ကူစေသည်ကိုမှတ်သားပါ။

—————————————


1952 BLR ( S C ) 4 ( 10 )


SUPREME COURT.


CASSIM EBRAHIM MALIM (APPELLANT)


                          V.


MARIAM BIBI (a) HAJI BIBI AND OTHERS (RESPONDENTS). *


Present: MR. JUSTICE E MAUNG, MR. JUSTICE THEIN MAUNG and U THAUNG SEIN, J.


1951 Sept. 24. 


စီရင်ထုံးနှင့်


1940 RANGOON LAW REPORTS. 35 ( 53 )


APPELLATE CIVIL.


Before Sir Ernest H. Goodman Roberts, Kt., Chief Justice, and Mr. Justice Braund.


MARIAM BIBI AND ANOTHER


                    V.


C. E. MALIM AND ANOTHER*


1939 May 1. 


စီရင်ထုံးတို့တွင်အမှုဖြစ်စဉ်ကိုအောက်ပါအတိုင်းဖော်ပြထားသည်-


[ The three respondents are two daughters and a son of the appellant by his first wife Khatiza Bibi who died in May 1918 having made a will on 22nd November 1916 under which the appellant was appointed the executor and certain benefits were given to the respondents. 


At the time of Khatiza Bibi's death the respondents were very young, the eldest being about seven years of age and the youngest about five.


Probate of the will was granted to the appellant by the Chief Court of Lower Burma on 1st July 1920, but before that date the appellant had re-married. 


The children however, continued to live with the father and the step-mother though later they all were married.


It was not till the end of 1932 that the father and the children ceased to live together at the joint residence to that date at Rander, in India. 


On 25th December 1932 at Rander each of the daughters executed a power-of-attorney, by which after reciting that she had the benefit to the extent of Rs. 21,000 out of her mother's estate she appointed three persons, any one or more of them to execute on her behalf a document of release in favour of her father as the executor of the will of her mother. 


One of the three agents so appointed was Ahmed Ebrahim Malim, 2nd witness for the appellant, and an elder brother of the appellant; and he on 16th November 1932 executed two deeds of release in exercise of his authority as agent of the two daughters in favour of the appellant.


The two daughters who are the 1st and 2nd respondents before this Court filed a suit for administration of the estate of their mother on the 2nd March 1936 challenging the relesses made on their behalf by their uncle in pursuance of the powers-of-attorney grahted by them. 


Their case as set out in their plaint cannot be said to be too clear whether they intended to rest their claim on exercise of undue influence by their father conducing to the execution of the powers-of-attorney or on fraud in respect of the releases executed by their uncle. 


But what emerged from the plaint taken as a whole was that the plaintifts claimed that they did not know that they were granting powers-of-attorney to their uncle and two others when they executed and had registered the two documents of the 25th October 1932 and that they had been kept out of knowledge of the documents of release executed and registered on their behalf till some time in 1935.


The appellant's defence was that the daughters knew perfectly well that they were granting authority to three persons named in the powers to grant him releases in respect of his administration of the estate of his wife and that before the daughters executed these powers-of-attorney they had examined such accounts as he maintained and had been satisfied that each of them had had the benefit of Rs. 21,000 out of the estate. 


He also denied that there was any exercise of undue influence on his part resulting in the execution of these powers-of-attorney. ]


အိမ်တွင်းပုန်းကုလားမသည်သေတမ်းစာပေးရာ၌ခင်ပွန်းကိုသေတမ်းစာအတည်ပြုသူအဖြစ်ခန့်ခဲ့ရာတရားရုံးကအတည်ပြုသည်။


သမီးနှစ်ယောက်နှင့်သားတယောက်အရွယ်ရောက်ပြီးများမကြာမီသားသမီးများကဦးလေးဖြစ်သူ Ahmed Ebrahim Malim ဆိုသူအားမိခင်ထံမှအမွေရသောပစ္စည်းကိုဖခင်အကျိုးငှါစွန့်လွှတ်စာချုပ်ချုပ်ဆိုစေရန်လွှဲအပ်သည့်စာချုပ်များချုပ်ဆိုစေရန်၎င်းအားမိမိတို့၏ကိုယ်စားလှယ်အဖြစ်ခန့်ထားသည်။


ကိုယ်စားလှယ်လွှဲစာများချုပ်ဆိုစေရန်ဖခင်ကဆောင်ရွက်သည်။


သားသမီးများက၎င်း၏ကိုယ်စားလှယ်လွှဲစာများနှင့်စွန့်လွှတ်စာချုပ်တို့ကိုပယ်ဖျက်ပြီးမိခင်ကျန်ရစ်သောအမွေပုံကိုစီမံခန့်ခွဲပေးရန်တရားစွဲဆိုသည်။


မူလမှုကိုစီရင်သောတရားသူကြီးဦးဘဦးကစွဲဆိုသောအမှုကာလစည်းကမ်းသတ်ကျော်လွန်သည်ဟုဆုံးဖြတ်သည်။


ROBERTS, C.J. and BRAUND, J.- တို့ပါဝင်သောအယူခံရုံးရှေ့တွင်၊သားသမီးများ၏ရှေ့နေ N. M. Cowasjee ကခုံရုံး၏ဆုံးဖြတ်ချက်ကိုစီရင်ထုံးစာမျက်နှာ၄၇မှ၅၂တွင်အောက်ပါအတိုင်းဖော်ပြထားသည်-


[ Mr. Clark, however, has contended that, even if this view is to prevail, the suit must, nevertheless, fail on the ground of limitation. 


The powers of attorney were executed on the 25th October 1932 and the two releases were executed on the 16th November 1932.


This suit was begun by a plaint dated the 2nd March 1936. 


The relevant Article of the first schedule to the Limitation Act, 1908, is Article 91, which provides that the period of limitation within which a suit to cancel or set aside an instrument of the character of these releases is a period of three years from the time "when the facts entitling the plaintiff to have the instrument cancelled or set aside became known to him "


It seems to us that the first question to consider is, what is "the instrument" which the plaintiffs are seeking to have cancelled or set aside in this suit? 


To our minds, the answer to that question admits of no doubt whatever. 


It seems to us that the proper answer is to be found in the plaint itself. 


It is as plain as anything can be that what the plaintiffs are asking to have set aside by their plaint are the releases of the 16th November 1932. 


The relevancy of this question in this case lies in the fact that the learned Judge in the Court below has accepted the view-and we also accept it-that the two plaintiffs were fully aware at the time when they executed the powers of attorney of their contents. 


If that is so, then, apart altogether from the question of undue influence, it is difficult to see how, as regards the powers of attorney, they could escape the provisions of Article 91. 


And the view, therefore, that Mr. Clark has been persistent in pressing upon us is the view that what the plaintiffs ought, if they are right, to have set aside are the powers of attorney and not the releases. 


We are quite unable to accept that view. 


In the first place, the instrument to be cancelled or set aside which is referred to in Article 91 is that instrument which the plaintifts themselves have actually asked to have cancelled or set aside. 


The plaintifts for the purpose of answering the plea of limitation, are entitled to require the Court to take the plaint and to look at the instrument, whatever it is, that they have actually asked to have set aside. 


It that is done in this case, then it is plain, beyond all possible argument, that they have by their plaint in this case asked to have set aside the releases, and not the powers of attorney, and, in our view, in having done that they were quite right. 


The obstacles to their success in this administration suit are the releases and not the powers of attorney. 


The powers of attorney, as such, afford no obstacle to this suit. 


And, indeed, in order to cancelor set them aside, no suit was necessary at all, because the plaintiffs themselves were in a position at any moment to revoke them. 


What had to be set aside in this case was the releases and those are the documents which, in our view, the plaintiffs have rightly attacked in this suit. 


The relevant question, therefore, under Article 91 of the Limitation Act is, in this case, whether the plaintiffs were aware of the facts entitling them to have the releases cancelled or set aside more than three years before the suit began. 


In our opinion, upon the evidence they were not so aware. 


We have considered and the evidence carefully and me accept it as a proved fact that the plaintifis, although they may have been aware of the contents of the powers of attorney, had no knowledge that releases had actually been executed in pursuance of them until some date in 1935. 


The central fact, as it seems to us, entitling a person to have an instrument set aside is the fact that that instrument exists. 


The plaintiffs did not know, as we think, of the existence of the releases until 1935 and, accordingly, it was not until that date that any period of limitation began to run against them under Article 91 of Limitation Act. 


Mr. Clark has cited no authority to show that, by any doctrine of constructive notice, they are to be deemed to have had knowledge of the existence of the actual releases at any earlier date. 


Nor, as far as we are aware, does any such authority exist. 


And, in any case, we should have been reluctant in a case such as this to apply any equitable principle to assist the first defendant to take advantage of his own undue influence in procuring the execution of the powers of attorney.


In the circumstances, therefore, and in view of the fact that this suit is- in our view rightly—a suit to set aside the two releases, dated the 10th November 1932, the plaintiffs were entitled, first, to a declaration that they are not bound by those two releases, and, secondly, to the full and complete administration order for which they ask.


That is not quite the end of the matter. Mr. Clark, on behalf of the appellant, now seeks, with admirable resource, to contend that even if he has to submit to an administration order on the ground that he cannot avail himself of the two releases obtained by the first defendant, he is entitled to have a declaration-which in effect was made by the learned Judge in the Court below— that the first defendant is entitled to credit for Rs. 21,000.


He bases that contention, as we understand him, upon the facts that the two powers of attorney contained recitals to that effect, that the releases contained recitals to that effect, that certain receipts said to have been executed by the plaintifis in October 1932 acknowledged that they have received Rs. 21,000 and that certain other verbal acknowledgments were made by the plaintiffs.


In our view, this contention is unsound. 


This suit is an administration suit, in which the plaintiffs have asked, quite simply, for administration of their late mother's estate. 


To that claim a simple answer was given, namely, that inasmuch as they had given the first defendant a release, they were not entitled to an administration order. 


No question whatever arises on these pleadings at this stage as to whether, if there is to be an administration order, the plaintifts have received particular sums or not.


It is true that in the Court below the plaintiffs' evidence was directed-wrongly in our opinion-to this question. 


And it is true, also, that to some extent it was impossible to get the facts upon which the Court could exercise its discretion in granting or refusing an administration order without dealing also with the facts relating to the circumstances in which the receipts were given, But, in our opinion, the important thing to bear in mind is that this is an administration suit in which, it an administration order is made, the ordinary accounts and enquiries will follow. 


It would, we think, be altogether premature at this stage to prejudice the question-one way or the other-as to whether the first defendant will succeed in accounting or not. 


When an administration order has been made, the question which arises on 1939 making it and which has to be worked out in the administration proceedings is not simply whether the  first defendant has paid sums of money to the plaintiffs or applied sums of money on their behalf. 


The question is far more complex than that. 


The question will be, first, what was the capital of this estate and how it has been dealt with? 


The second question will be what was the income of this estate and how it has been dealt with ?


And in determining those questions-and particularly the latter of them—it is not a matter merely of what has been paid or applied by the first defendant but whether what he has paid or applied-whatever it may be-has been rightly paid or applied by him or not, having regard to his duties under the will as executor.


It may or may not be a fact that the plaintiffs have received Rs. 21,000 in cash or in kind. 


Even if it is a fact, it by no means follows that the first defendant is entitled to a credit for that sum or for any other particular amount. 


What will have to be considered when the plaintiffs ask for credit for particular items will be whether he is entitled to that credit, having regard to his legal obligations as executor. 


Upon that view of the matter it will readily be seen how early the plaintiffs' position could be prejudiced by any such sweeping declaration as the first defendant now asks to have inserted in the administration order.


It is just by taking such short cuts as this that the working out of administration suits in this Court is made so difficult and confusion so often follows. 


We cannot too strongly say that it almost invariably follows that a departure from the established course of working out an administration decree results in the long run in confusion and delay and very often in injustice to the parties.


In our judgment, what the plaintiffs are entitled to in this suit is, first, a declaration that the to releases dated the 16th November 1932 are not binding upon them, and, secondly, a full and clean administration order in the usual form. ]


အမွေစီမံခန့်ခွဲပေးရန်အရေးအရာတွင်စွန့်လွှတ်စာချုပ်များသည်အဟန့်အတားဖြစ်လျက်ရှိသည်။


ကိုယ်စားလှယ်လွှဲစာများကိုပယ်ဖျက်ပေးရန်အဆိုလွှာ၌တောင်းဆိုခြင်းမပြုဟု၊ 1940 RLR 35 စီရင်ထုံးစာမျက်နှာ၄၈တွင်အောက်ပါအတိုင်းဖော်ပြထားသည်-


[ The relevancy of this cE Haun. question in this case lies in the fact that the learned  Judge in the Court below has accepted the view-and we also accept it-that the two plaintiffs were fully aware at the time when they executed the powers of attorney of their contents. 


If that is so, then, apart. altogether from the question of undue influence, it is difficult to see how, as regards the powers of attorney, they could escape the provisions of Article 91. 


And the view, therefore, that Mr. Clark has been persistent in pressing upon us is the view that what the plaintiffs ought, if they are right, to have set aside are the powers of attorney and not the releases. 


We are quite unable to accept that view. 


In the first place, the instrument to be cancelled or set aside which is referred to in Article 91 is that instrument which the plaintifts themselves have actually asked to have cancelled or set aside. 


The plaintifts for the purpose of answering the plea of limitation, are entitled to require the Court to take the plaint and to look at the instrument, whatever it is, that they have actually asked to have set aside. It that is done in this case, then it is plain, beyond all possible argument, that they have by their plaint in this case asked to have set aside the releases, and not the powers of attorney, and, in our view, in having done that they were quite right. 


The obstacles to their success in this administration suit are the releases and not the powers of attorney. 


The powers of attorney, as such, afford no obstacle to this suit. 


And, indeed, in order to cancel or set them aside, no suit was necessary at all, because the plaintifts themselves were in a position at any moment to revoke them. 


What had to be set aside in this case was the releases and those are the documents which, in our view, the plaintiffs have rightly attacked in this suit. ]


ဤအခြေအနေတွင်ဟိုက်ကုတ်လွှတ်တော်အယူခံခုံရုံးသည်တရားလိုဘက်မှပြန်လှန်စစ်မေးခြင်းမပြုသောကိုယ်စားလှယ် Ahmed Ebrahim Malim ၏ထွက်ချက်ကိုသတိမူခဲ့လျှင်စွန့်လွှတ်စာချုပ်များကိုချုပ်ဆိုသော၁၉၃၂ခုနှစ်အတွင်းကပင်သိသည်ဟုကောက်ယူရန်ဖြစ်ရာကာလစည်းကမ်းသတ်အက်ဥပဒေပထမဇယားအမှတ်စဉ်၉၁အရစာချုပ်ပါအချက်များကို၊ကိုယ်စားလှယ် Ahmed Ebrahim Malim, ကအကြောင်းကြားသည်ကို၁၉၃၂ခုနှစ်အတွင်းကပင်သိသည်ဖြစ်၍၊တရားစွဲဆိုရန်စည်းကမ်းသတ်ကာလသုံးနှစ်ကို၁၉၃၂ခုနှစ်အတွင်းမှစ၍ရေတွက်ရန်ဖြစ်ရာ၊၁၉၃၆ခုနှစ်အတွင်းစွဲဆိုသောအမှုမှာကာလစည်းကမ်းသတ်ကျော်လွန်ကြောင်းမြင်သာပါသည်။


ယခင်တရားလွှတ်တော်ချုပ်က၊ 1952 BLR ( S C ) 4 စီရင်ထုံးစာမျက်နှာ၉၊ဒုတိယအပိုဒ်တွင်၊တရားလိုများသည်၎င်းတို့လွှဲအပ်သောကိုယ်စားလှယ်လွှဲစာတို့၏သဘောသဘာဝအမှန်နှင့်ကိုယ်စားလှယ်လွှဲစာများအရစွန့်လွှတ်စာချုပ်ချုပ်ဆိုကြောင်း၁၉၃၂ခုနှစ်ကပင်သိသည်ဟုအောက်ပါအတိုင်းကောက်ယူဆုံးဖြတ်သည်-


[ Ahmed Ebrahim Malim, who executed the releases as the plaintiffs' attorney and on their behalf, has given evidence at the trial; and he stated definitely that after he executed the release deeds as the plaintiffs' attorney, he wrote to them informing them of the fact. 


On this point, he was not challenged in cross-examination and it must therefore be taken as established that as far back as 1932 the plaintiffs had knowledge not only of the true nature of the powers-of-attorney they granted to this witness and two others but also of the execution of releases in pursuance of the powers-of-attorney they had granted. ]


၁၉၃၂ခုနှစ်တွင်တရားလိုတို့ကစွန့်လွှတ်စာချုပ်ကိုပယ်ဖျက်ပေးရန်မိမိတို့၏အခွင့်အရေးကိုသတိမမူမိပါလျှင်မသိလေဟန်နေခြင်းကိုသဘောကျခြင်းကြောင့်သာလျှင်ဖြစ်နိုင်သည်ဟု၊ 1952 BLR ( S C ) 4 စီရင်ထုံးစာမျက်နှာ၉နှင့်၁၀၌အောက်ပါအတိုင်းကောက်ယူသည်-


[ If in 1932, the plaintiffs did not become aware of their right to impeach the releases it could only have been because they chose not to be enlightened. ]


မြန်မာစာအဖွဲ့ပြုစုသောအင်္ဂလိပ်-မြန်မာအဘိဓာန်(၂၀၀၆ခုနှစ်ထုတ်)၊စာမျက်နှာ၂၂၅တွင်[ choose ]ကို[ နှစ်သက်သဘောကျသည် ]ဟုဘာသာပြန်သည်။


[ The author chooses to remain anonymous. ]


စာရေးသူကသူ့လက်ရာမှန်းမသိကြသည်ကိုပိုနှစ်သက်သည်ဟုဘာသာပြန်ခြင်းကိုမှီးသည်။


တရားလွှတ်တော်ချုပ်ကဟိုက်ကုတ်လွှတ်တော်အယူခံခုံရုံး၏အဆုံးအဖြတ်ကိုအောက်ပါအတိုင်းပယ်ဖျက်သဖြင့်ဦးဘဦး၏စီရင်ချက်နှင့်ဒီကရီသည်ပြန်လည်လာသည်-


[ In these circumstances, the judgment of the Appellate Bench cannot be upheld. 


We must and do hold that the plaintiffs are not entitled to rescied the releases executed on their behalf by their attorney and that these releases are binding on them. 


It follows then that the judgment of the Appellate Bench of the High Court must be set aside and that of the trial Judge affirmed.


The appeal is allowed, the judgment of the High Court in appeal is set aside and that of the Original Side of the High Court restored. 


Certain circumstances disclosed in the evidence, in our opinion, render it inequitable to saddle either party with the costs of the other and we direct that the parties bear their own costs throughout. ]


ROBERTS, C.J. and BRAUND, J. တို့ပါဝင်သောဟိုက်ကုတ်လွှတ်တော်အယူခံခုံရုံးသည်အဖေဖြစ်သူ၏မတရားပြုမှုကိုလျစ်လျူရှုရန်ဝန်လေးပုံပေါ်သည်။


တရားမျှတမှုဖြစ်ထွန်းလိုသောဆန္ဒရှိဟန်တူသည်။


ဖခင်၏မတရားမှုကိုခံရသောသားသမီးများဘက်ကိုအလေးပေးဆင်ခြင်ဆုံးဖြတ်သည့်သဘောဆောင်သည်။


1940 RLR 35 စီရင်ထုံးတွင်၊ ROBERTS, C.J. and BRAUND, J. တို့ပါဝင်ဆုံးဖြတ်သောခုံရုံး၏အောက်ပါဆုံးဖြတ်ချက်ကိုစီရင်ထုံးစာမျက်နှာ၅၃၌ဖော်ပြထားသည်-


[ In our judgment, this appeal must succeed to the extent we have indicated in this judgment. 


A decree must now be drawn up declaring in proper language that the two plaintiffs respectively are not bound by the respective releases of the 16th November 1932 and for the administration of the estate of Khatiza Bibi, deceased. ]


ခုံရုံး၏အထက်ပါဆုံးဖြတ်ချက်ကိုစာဖတ်သူဥပဒေပညာရှင်များအလေးအနက်မှတ်သားသင့်သည်။


တရားလိုတို့သည်စွန့်လွှတ်စာချုပ်များကိုလိုက်နာရန်တာဝန်မရှိကြောင်းမြွက်ဟကြေညာချက်သည်အမွေရှင်၏အမွေကိုတရားရုံးကစီမံခန့်ခွဲရန်လမ်းပွင့်ထွက်စေသည်။


ဒီကရီသည်တရားမကျင့်ထုံးဥပဒေနောက်ဆက်တွဲ(ဃ)၊အမှတ်စဉ်၁၅နှင့်အတိအလင်းမညီညွတ်သော်လည်း[ ပဏာမဒီကရီသည်ကွယ်လွန်သူ၏အမွေကိုစီမံခန့်ခွဲခွင့်ရှိသောဒီကရီဖြစ်ခြင်းကိုအထက်ပါမြွက်ဆိုချက်က ]အထင်အရှားညွှန်ပြသည်ကိုတရားရုံးများသတိမူသင့်သည်။


ပြည်သူ့တရားစီရင်ရေးစနစ်မှစ၍ဗဟိုတရားရုံး၊တရားရုံးချုပ်တို့သည်စီရင်ချက်ပါအမိန့်ကိုဒီကရီတွင်ကူးယူဖော်ပြသည့်မမှန်သောကျင့်ထုံးတရပ်ပေါ်ပေါက်လာသည်။


အထက်ပါ 1940 RLR 35 စီရင်ထုံးတွင်ထိုအမှားကိုစီရင်ထုံးစာမျက်နှာ၅၂၌အောက်ပါအတိုင်းမှတ်ချက်ပြုသည်ကိုမှတ်သားသင့်သည်-


[ This Court has more than once drawn attention to the form in which decrees are drawn up. 


The decree which was drawn up in this case is an example of what has been pointed out many times before. 


The Offcer of the Court who is responsible for drawing up the decree of the 27th August 1937 has merely copied out a few words from the judgment of the learned Judge.


That is not the proper way in which the work should be done. 


And we have no doubt that the learned Judge on the Original Side himself, had he been aware that such a decree was to follow his judgment, would himself have disapproved. 


What the plaintifis are entitled to have is an administration decree in the proper form, prefaced by the proper declaration and such acaptations as the nature of the case may require.


It is not right that this Court should issue an order, purporting to be an administration order, in the form that the first defendant "do render a full and true account of the properties of his wife, Khatiza Bibi, deceased, and their income."


It is quite meaningless.


The Deputy Registrar has only to turn to the Code of Civil Procedure, as adapted by the Rules and Orders of this High Court, to see in what form an administration decree should be. 


And we much deprecate the sort of work which results in decrees of this kind. 


In this connection it is impossible not to blame also the advocates for the parties, who are indifferent as to the form in which the decrees they obtain are drawn up.


The advocates in this case owed a duty not only to their own clients but to the Court to see that the decree was drawn up properly and there are provisions in the rules of the Court which are particularly designed in order that they may have the opportunity of doing so.]


တရားလွှတ်တော်များနှင့်ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့သည်ဒီကရီဆွဲရာတွင်အထက်ပါလမ်းညွှန်ချက်အတိုင်းဆောင်ရွက်ရန်ဖြစ်သည်။


အမှုတွင်လိုက်ပါသောရှေ့နေများသည်-


[ In this connection it is impossible not to blame also the advocates for the parties, who are indifferent as to the form in which the decrees they obtain are drawn up.


The advocates in this case owed a duty not only to their own clients but to the Court to see that the decree was drawn up properly ]


ဟူသောညွှန်ပြချက်ကိုလိုက်နာရန်တာဝန်ရှိသည်။


မျက်မှောက်ခေတ်တွင်ခရိုင်တရားရုံးနှင့်အထက်တရားရုံးတွင်လိုက်ပါကြသောရှေ့နေရှေ့ရပ်တို့သည်နို့တစ်ဘုတ်၌ကပ်ထားသောဒီကရီကြမ်းများကိုဖတ်ရှုရန်၊တာဝန်ရှိဝန်ထမ်းများအားထောက်ပြရန်တာဝန်မလစ်ဟင်းသင့်ကြောင်းနှိုးဆော်လိုက်ရပါသည်။



Comments

Popular posts from this blog

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]