1986 BLR 156 ( 162 )[ ဦးဘကြည်ပါ၂ နှင့် ဒေါ်ကြွယ် ]အမှုသုံးသပ်ချက်နှင့်နိဂုံးချုပ်ဆုံးဖြတ်ချက်ညီညွတ်မှုရှိမရှိကိစ္စ[ က ]

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


1986 BLR 156 ( 162 )


[ ဦးဘကြည်ပါ၂ နှင့် ဒေါ်ကြွယ် ]အမှု


သုံးသပ်ချက်နှင့်နိဂုံးချုပ်ဆုံးဖြတ်ချက်ညီညွတ်မှုရှိ၊မရှိကိစ္စ။[ က ]


———————————————-


ဦးဘကြည်ပါ၂ နှင့် ဒေါ်ကြွယ်အမှုအကြောင်းမဆွေးနွေးမီအောက်ပါဥပဒေသဘောများကိုဦးစွာဆွေးနွေးလိုပါသည်။


အယူခံဆိုင်ရာတရားမကျင့်ထုံးဥပဒေ၏အခြေခံသဘောမှာ၊တင်သွင်းသောအယူခံတရားဝင်ပါမှ၊အယူခံတရားရုံး၏စီရင်ပိုင်ခွင့်အာဏာများကိုကျင့်သုံးနိုင်သည်။


အယူခံတရားရုံး၏အခွင့်အာဏာများကိုတရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၇တွင်ပြဌာန်းထားသည်။


တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၀တွင်အယူခံရုံး၏အခွင့်အာဏာကိုပြဌာန်းထားခြင်းမရှိ။


တရားမဒုတိယအယူခံမှုများကိုမည်သည့်အကြောင်းပြချက်များအရလက်ခံစီရင်နိုင်ကြောင်းသာလျှင်ပြဌာန်းထားခြင်းဖြစ်သည်။

———————————


တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၇(၁)တွင်ပြဌာန်းထားသောအယူခံတရားရုံး​၏အာဏာများမှာအောက်ပါအတိုင်းဖြစ်သည်-


(က)အမှုကိုအပြီးသတ်ဆုံးဖြတ်ပိုင်ခွင့်[ to determine a case finally ]


(ခ)အမှုကိုပြန်လည်စစ်ဆေးပိုင်ခွင့်[ to remand a case ]


(ဂ)ငြင်းချက်များထုတ်၍စစ်ဆေးပိုင်ခွင့်[ to frame issues and refer them for trial ]


(ဃ)နောက်ထပ်သက်သေခံချက်ရယူပိုင်ခွင့်သို့မဟုတ်ထိုသို့ရယူရန်ဆင့်ဆိုပိုင်ခွင့်[ to take additional evidence or to require such evidence to be taken ]


ပုဒ်မခွဲ(က)ပါ[ a case ]သည်အယူခံတရားရုံးသို့ဝင်ရောက်သောအမှု[ case ]ဖြစ်သည်။


အယူခံ[ appeal ]မဟုတ်။


အယူခံဝင်သည့်အမှုကိုအပြီးသတ်စီရင်သောအဆုံးအဖြတ်ဖြစ်သည်။


အယူခံမှုကိုအပြီးသတ်စီရင်သောအဆုံးအဖြတ်မဟုတ်။


ပုဒ်မခွဲ(ခ)အရချမှတ်သော[ remand ]အမိန့်သည်ပုဒ်မခွဲ(က)တွင်အကျုံးမဝင်။


ထိုအမိန့်သည်အပြီးသတ်အမိန့်မဟုတ်ကြောင်းပုဒ်မခွဲ(က)နှင့်(ခ)ပါကွဲပြားသောအာဏာများအရပေါ်လွင်သည်။


ထို့အပြင်အယူခံတရားရုံး၏အခွင့်အာဏာများကို၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၇( ၁ )အပြင်၊ပုဒ်မ၁၀၇( ၂ )တို့တွင်လည်းကောင်း၊အမိန့်၄၁တွင်လည်းကောင်းပြဌာန်းထားသည်။


တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၇( ၁ )( က )အရအယူခံတရားရုံးသည်အမှုကိုအပြီးသတ်ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။


အမှုကိုပြန်လည်စစ်ဆေးစေသည့်[ remand ]အမိန့်ချမှတ်ခွင့်သည်ပုဒ်မ၁၀၇( ၁ )( ခ )နှင့်သက်ဆိုင်သည်။


——————————————


မူလဘူတအာဏာအရဆောင်ရွက်နိုင်သောကိစ္စများ။


တရားမကျင့်ထုံးဥပဒေပုဒ်မ၁၅၁အရအောက်ပါတို့က်ိုဆောင်ရွက်နိုင်သည်-


ကျသင့်သောရုံးခွန်ထက်ပိုမိုထမ်းဆောင်ထားသောရုံးခွန်ကိုပြန်အမ်းခြင်း။


ဒေါ်လှခင် နှင့် မသိန်းတင်[ 1967 BLR 24 ][ 14 Ran. 173 ( F B ) ]

———————————-


အမှုကိုပုဒ်မ၁၅၁အရပြန်လည်စစ်ဆေးရာတွင်အယူခံအတွက်ထမ်းဆောင်ထားသောရုံးခွန်ကိုပြန်အမ်းခြင်း။


ဒေါ်သီ နှင့် ဦးချစ်ဟန်[ 1968 BLR 71 ][ 14 Ran. 173( F B )နှင့်ယှဉ်ဖတ်ရန် ]

——————————-


အမိန့်၄၁၊နည်း၂၃သို့မဟုတ်၂၅နှင့်မသက်ဆိုင်သောအမှုကိုပြန်လည်စစ်ဆေးစေခြင်း။


ဒေါ်သီ နှင့် ဦးချစ်ဟန်[ 1968 BLR 71 ]

—————————————-


အယူခံဝင်ခွင့်


တရားမကျင့်ထုံးဥပဒေပုဒ်မ၁၅၁အရချမှတ်သောအမိန့်ကိုအယူခံဝင်ခွင့်မရှိ။


ဦးဘစိန် နှင့် ဦးသိန်း[ 1968 BLR 184 ]


ဦးဘချန် နှင့် ဦးစံသိန်း[ 1972 BLR 88 ]

—————————————


အယူခံဝင်ခွင့်မရှိသောအမိိန့်များ။


အောက်ပါအမိန့်များကိုအယူခံဝင်ခွင့်မရှိ။


တရားမကျင့်ထုံးဥပဒေပုဒ်မ၁၅၁အရချမှတ်သည့်အမိန့်။


အမနီအမ်မားလ် နှင့် ချစ်စိန်[ 1963 BLR 6 ]


ဒေါ်ယုံ နှင့် ဦးစံထွန်း[ 1964 BLR 334 ]


[ ရောင်းချခြင်းကိုမိမိအလျောက်ဘာသာပယ်ဖျက်သည့်အမိန့် ]

——————————————-


အမိန့်၄၃


အမိန့်များကိုအယူခံဝင်ခြင်း။


၁။ပုဒ်မ၁၀၄ပါပြဌာန်းချက်များအရအောက်ပါအမိန့်များကိုအယူခံဝင်ခွင့်ရှိစေရမည်-


xxxxxxxxxxxxxxxxxxx

xxxxxxxxxxxxxxxxxxxx

xxxxxxxxxxxxxxxxxxxxx


( ပ )အယူခံရုံး၏ဒီကရီကိုအယူခံဝင်ခွင့်ရှိလျှင်အမိန့်၄၁၊နည်းဥပဒေ၂၃အရအမှုကိုပြန်လည်စစ်ဆေးစေသည့်အမိန့်။


xxxxxxxxxxxxxxxxxxxxx

xxxxxxxxxxxxxxxxxxx

xxxxxxxxxxxxxxxxxxx

——————————


အပိုဒ်၁( ပ )


အယူခံရုံး၏ဒီကရီကိုအယူခံဝင်နိုင်လျှင်အမိိန့်၄၁၊နည်း၂၃ရီမန်လုပ်သောအမိန့်ကိုအမိန့်၄၃၊နည်း၁(ပ)အရအယူခံဝင်နိုင်သည်။


ဦးအောင်သိန်း နှင့် ဒေါ်ထွေး[ 1984 BLR 106 ]


ဦးဘကြည် နှင့် ဒေါ်ကြွယ်[ 1986 BLR 156 ]

—————————————


သို့ဖြစ်ရာအယူခံရုံးသည်ရီမန်အမိန့်အစားဒီကရီချမှတ်ခဲ့လျှင်ဒီကရီအပေါ်အယူခံဝင်နိုင်သောအမှုများတွင်သာရီမန်အမိန့်ကိုအယူခံဝင်နိုင်မည်ဖြစ်သည်။စိစစ်ရန်မှာရီမန်အမိန့်ကိုအမိန့်သက်သက်အနေဖြင့်မဟုတ်ဘဲဒီကရီအဖြစ်သတ်မှတ်ခဲ့လျှင်အယူခံဝင်နိုင်မည်လားဟူသည့်အချက်ဖြစ်သည်။


နဇီးအာမက်ချောင်ဒူရီ နှင့် ဒူးဒူးမြားချောင်ဒူရီ[ 1949 BLR ( H C ) 379 ][ အဆိုလွှာကိုအမိန့်၇၊နည်း၁၀အရပြန်ပေးရာအယူခံရုံးကမူလရုံး၏အမိန့်ကိုပယ်ဖျက်သည်။အယူခံရုံး၏အမိန့်သည်ရီမန်အမိန့်ဖြစ်သည် ]

——————————————


ဥပဒေပြဿနာနှင့်စပ်လျဉ်း၍သာရီမန်အမိန့်ကိုအယူခံဝင်နိုင်သည်။


အေ အိုင် အာ ၁၉၄၃ အောက် ၂၇၄

——————————


အယူခံရုံးကအမိန့်၄၁၊နည်း၂၃အရအမိန့်ချမှတ်သည့်အနေဖြင့်ချမှတ်လျှင်နည်း၂၃အရမှားယွင်းအမိန့်ချမှတ်စေကာမူအယူခံဝင်နိုင်သည်။


အေ အိုင် အာ ၁၉၄၈ မဒရပ် ၄၈၈

——————————


ရီမန်အမိန့်တရပ်လုံးကိုစောဒကမတက်ဘဲကောက်ယူဆုံးဖြတ်ချက်အချို့အပေါ်တွင်သာစောဒကတက်စေကာမူအမိန့်၄၃၊နည်း၁(ပ)အရအယူခံဝင်နိုင်သည်။


အေ အိုင် အာ ၁၉၃၃ လာဟိုး ၆၁၅

——————————-


ရီမန်အမိန့်ချမှတ်ပြီးနောက်မူလရုံးကရီမန်အမိန့်နှင့်အညီမူလမှုကိုအမှုသွားအမှုလာအရဆုံးဖြတ်ပြီးဖြစ်စေကာမူရီမန်အမိန့်ကိုအယူခံဝင်နိုင်သည်။


အေ အိုင် အာ ၁၉၃၃ ရန်ကုန် ၄၁၃


အေ အိုင် အာ ၁၉၅၁ မဒရပ် ၈၈၃

——————————-


ရီမန်အမိန့်တွင်တရားစရိတ်နှင့်စပ်လျဉ်းသောအမိန့်ကိုအယူခံဝင်နိုင်သည်။


1889 Pun Re No.89.p 324 

———————————-


ရီမန်အမိန့်အပေါ်အယူခံဝင်လျှင်တရားမအထွေထွေအယူခံမှုဖွင့်လှစ်ဆောင်ရွက်ရန်ဖြစ်သည်။


ဦးဘကြည် နှင့် ဒေါ်ကြွယ်[ 1986 BLR 156 ]

————————————


တရားမဒုတိယအယူခံမှုဖွင့်ရန်မဟုတ်။


အေ အိုင် အာ ၁၉၃၃ အောက် ၁၉၁

————————————-


အမိန့်၄၁၊နည်း၂၃အရချမှတ်သောရီမန်အမိန့်ကိုသာအယူခံဝင်နိုင်သည်။မူလဘူတအာဏာအရချမှတ်သောရီမန်အမိိန့်ကိုအယူခံမဝင်နိုင်။


ရန်ကုန် အတွဲ၃ စာ၄၉၀


ရန်ကုန် အတွဲ၁ စာ၆၅၆

——————————-


တဖက်တွင်နည်း၁(ပ)အရအယူခံဝင်ခွင့်သည်အမိန့်၄၁၊နည်း၂၃တွင်ကျရောက်သောအမှုများနှင့်သာမကနည်း၂၃တွင်အကျုံးဝင်သောအခြေအနေတွင်အမှန်တကယ်အကျုံးမဝင်သော်လည်း၊နည်း၂၃အရချမှတ်သည့်အနေဖြင့်ချမှတ်သောအမှုများနှင့်လည်းသက်ဆိုင်သည်။


ဒေါ်ကျင်ဆိုင် နှင့် ဒေါ်စန်းရီ[ 1984 BLR 53 ]


အေ အိုင် အာ ၁၉၃၅ ကာလကတ္တား ၁၃၄

———————————


အကြောင်းမှာအယူခံဝင်ခွင့်သည်တရားရုံးကမည်သို့ဆောင်ရွက်သင့်သည်ဆိုသောအချက်အပေါ်မတည်ဘဲ၊မည်သို့ဆောင်ရွက်ရာရောက်သည်ဆိုသောအချက်အပေါ်မူတည်သည်။


အေ အိုင် အာ ၁၉၃၂ လာဟိုး ၃၁၁

——————————

Comments

Popular posts from this blog

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]

1963 BLR 556 [ Cause of Action ]

တရားစွဲဆိုရန်အကြောင်း(သို့မဟုတ်)အချင်းဖြစ်အကြောင်းအရာ[ Cause of Action ]