1986 BLR 156 ( 162 )[ ဦးဘကြည်ပါ၂ နှင့် ဒေါ်ကြွယ် ]အမှုသုံးသပ်ချက်နှင့်နိဂုံးချုပ်ဆုံးဖြတ်ချက်ညီညွတ်မှုရှိမရှိကိစ္စ[ ခ ]

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


1986 BLR 156 ( 162 )


[ ဦးဘကြည်ပါ၂ နှင့် ဒေါ်ကြွယ် ]အမှု


သုံးသပ်ချက်နှင့်နိဂုံးချုပ်ဆုံးဖြတ်ချက်ညီညွတ်မှုရှိ၊မရှိကိစ္စ။[ ခ ]


———————————————-


အယူခံဆိုင်ရာတရားမကျင့်ထုံးဥပဒေ၏အခြေခံသဘောမှာ၊တင်သွင်းသောအယူခံတရားဝင်ပါမှ၊အယူခံတရားရုံး၏စီရင်ပိုင်ခွင့်အာဏာများကိုကျင့်သုံးနိုင်သည်။


အယူခံတရားရုံး၏အခွင့်အာဏာများကိုတရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၇တွင်ပြဌာန်းထားသည်။


တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၀တွင်အယူခံရုံး၏အခွင့်အာဏာကိုပြဌာန်းထားခြင်းမရှိ။


တရားမဒုတိယအယူခံမှုများကိုမည်သည့်အကြောင်းပြချက်များအရလက်ခံစီရင်နိုင်ကြောင်းသာလျှင်ပြဌာန်းထားခြင်းဖြစ်သည်။


တရားဝင်သောအယူခံ( competent appeal )ဖြစ်ပါမှယင်းအယူခံမှုကိုစီရင်ပိုင်ခွင့်အာဏာရှိမည်။


၁၉၃၂ခုနှစ်၊ဒီဇင်ဘာလ၁၉ရက်နေ့တွင်11 Ran 58( PC )အမှု၌၊ပရီဗီကောင်စီက၊စီရင်ထုံးစာမျက်နှာ၆၆တွင်ရီမန်( Remand )အမိန့်အပေါ်တင်သွင်းသောအမှုသည်တရားဝင်သော( incompetent )အယူခံမဟုတ်ဟုပြဆိုပြီးအယူခံမှုကိုပလပ်လိုက်သည့်သာဓကကိုမဆင်ခြင်မိခြင်းသည်ဖြစ်သင့်ပါသလား။


Vor. XI INDIAN LAW REPORTS. RANGOON SERIES. 58 ( 66 )


PRIVY COUNCIL.


ABDUL RAHMAN, SINCE DECEASED (DEFENDANT)


                       V.


D. K. CASSIM & SONS (PLAINTIFFS) AND ANOTHER.


[On appeal from the High Court at Rangoon.]


* Present: LORD TOMLIN, LORD THANKERTON, LORD WRIGHT, SIR GEORGE LOWNDES and SIR DINSHAH MULLA.


J.C. 1932 Dec. 19.


အမှု၌စီရင်ထုံးစာမျက်နှာ၆၆တွင်ပရီဗီကောင်စီကအောက်ပါအတိုင်းဆုံးဖြတ်သည်-


[ For these reasons their Lordships think that the appeal is incompetent, and they will humbly advise His Majesty that it should be dismissed with costs. ]


——————————


1950 BLR ( HC )(156)အမှု၌၊မပါမဖြစ်ပါဝင်ရန်လိုအပ်သောအမှုသည်မပါဘဲတင်သွင်းသောအယူခံသည်၊တရားမဝင်သောအယူခံ( incompetent appeal )ဖြစ်သည်ဟုပြဆိုရာ၌၊ထိုအယူခံကိုခရိုင်တရားရုံးကပလပ်ခြင်းသည်မှန်သည်ဟုတရားလွှတ်တော်ကဆုံးဖြတ်သည်ကိုဂရုပြုပါ။


အယူခံမှုတွင်မပါမဖြစ်ပါဝင်ရန်လိုအပ်သည့်အမှုသည်များ


အယူခံမှုတွင်မပါမဖြစ်ပါဝင်ရန်လိုအပ်သည့်အမှုသည်များကိုမထည့်မိ၍အယူခံမှုများရှုံးနိမ့်ရသည့်ဥပဒေပြဿနာ၏သာဓကများကိုစာရေးသူ၏တရားမကျင့်ထုံးဥပဒေ(ပထမနှင့်ဒုတိယတွဲ)စာမျက်နှာ၁၄၆မှ၁၄၉တွင်တွေ့မြင်နိုင်သည်။


ထိုအမှုမျိုးထပ်မံမကျူးလွန်မိရန်အယူခံလွှာရေးသူရှေ့နေရှေ့ရပ်များသတိမူသင့်သည်။


1950 BLR ( H C ) 156 ( 162 )


APPELLATE CIVIL.


Before U San Maung, J.


KO MAUNG GYI (APPELLANT)


                    V.


MAUNG NYI NGE AND ONE (RESPONDENTS). *


Civil 2nd Appeal No. 20 of 1949 against the decree of the District Court of Yamèthin in Civil Appeal No. 12 of 1948, dated 4th December 1948


1950 Feb. 2.


အမှုတွင်၊ A နှင့် Bတို့သည်အချင်းဖြစ်မြေကို C ထံမှဝယ်ယူပြီးနောက်၊လက်ရောက်ရလိုကြောင်းဖြင့်ပစ္စည်းလက်ရှိဖြစ်သူ D နှင့် C တို့အပေါ်တရားစွဲဆိုသည်။


D ကထိုမြေကို C ၏ကိုယ်စားလှယ်ဟောင်း E ထံမှဝယ်ယူထားကြောင်းချေပသည်။


သို့သော် E ကိုအမှုသည်အဖြစ်ထည့်သွင်းခြင်းမပြု။


E သည်တရားပြိုင်ဘက်မှသက်သေအဖြစ်ပါသည်။


C ကအမှုတွင်တရားလိုတို့၏တောင်းဆိုချက်ကိုဝန်ခံသည်။


မူလရုံးတွင်အရေးနိမ့်သဖြင့်၊ D ကအယူခံဝင်ရာ C အားအမှုသည်အဖြစ်ထည့်သွင်းခြင်းမပြု၍ပထမအယူခံရုံးကအယူခံကိုပလပ်လိုက်သည်။


D ကထပ်မံအယူခံသောအခါတရားလွှတ်တော်က”မြေရောင်းသူ C သည်အမှုတွင်မပါမဖြစ်ပါဝင်ရမည့်အမှုသည်ဖြစ်ကြောင်း၊၎င်းသည်ပိုင်ရှင်ဖြစ်သည်ဟုစိစစ်တွေ့ရှိခဲ့သည်ဖြစ်၍၎င်း၏ပိုင်ဆိုင်မှုနှင့်စပ်လျဉ်းသောမူလရုံး၏ဆုံးဖြတ်ချက်မှာအပြီးသတ်အတည်ဖြစ်သွားပြီဖြစ်ကြောင်း၊ထိုဆုံးဖြတ်ချက်မှာ C နှင့် D တို့အကြားမီးသေသောဆုံးဖြတ်ချက်ဖြစ်သွားပြီဖြစ်ကြောင်း၊သို့ဖြစ်၍ D သည်အယူခံဝင်ခွင့်မရှိဟုအောက်အယူခံရုံးကဆုံးဖြတ်ပြီးအယူခံကိုပလပ်ခြင်းမှာမှန်ကြောင်း”အောက်ပါအတိုင်းဆုံးဖြတ်သည်-


[ Where the plaintiff filed a suit for the recovery of possession of a piece of land from the 1st defendant and added his own vendor as a party to the suit and the Court held that the vendor was the owner of the land and conveyed good title to the Plaintiff and decreed the suit ; the defendant preferred an appeal but did not make the vendor a party to the appeal.


The District Court dismissed the appeal on the ground that the appeal was incompetent for the failure of the defendant-appellant to add the vendor as a party. ]


[ Held , That as the vendor was a necessary party to the suit and it having been found that the vendor was the owner and the decision as to his ownership has become final, the principle laid down in V. P. R. V.Chokalingam Chetty and one v. Seethai Achi and others, I. L. R. 6 Ran 29 P. C. applied, and the appeal was rightly dismissed as incompetent.


The finding that the vendor was the owner has been res judicata between the vendor and the defendant. ]


စီရင်ထုံးစာမျက်နှာ၁၅၇တွင်တရားဝန်ကြီးဦးစံမောင်ကအောက်ပါအတိုင်းသုံးသပ်သည်-


[ The suit was decreed with costs as against the defendant-appellant and on appeal to the District Court of Yemethin the learned District Judge by his judgment in Civil Regular Appeal No. 12 of 1948 dismissed the appeal on the ground that it was incompetent for failure to add M. R. M. M. Chettyar as a party respondent.


Hence this appeal to this court by the defendant-appellant Ko Maung Gyi. ]


မပါမဖြစ်ပါဝင်ရန်လိုအပ်သောအမှုသည်မပါဘဲတင်သွင်းသောအယူခံသည်၊တရားမဝင်သောအယူခံ[ incompetent ]ဖြစ်သည်ဟုပြဆိုရာ၌ထိုအယူခံကိုခရိုင်တရားရုံးကပလပ်သည်မှာမှန်သည်ဟုဆုံးဖြတ်သည်ကိုဂရုပြုရန်ဖြစ်သည်။


စီရင်ထုံးစာမျက်နှာ၁၅၇တွင်တရားဝန်ကြီးဦးစံမောင်ကအောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-


[ In coming to the conclusion that the defendant-appellant’s appeal was incompetent the learned District Judge relied upon the ruling of the Privy Council in V. P. R. V. Chokalingam Chetty and one v. Seethai Achi and others , 6 Ran. p 29. in which their Lordships affirmed the judgment of the late High Court in a case between the same parties , 2 Ran. 541. ]


စီရင်ထုံးစာမျက်နှာ၁၅၈တွင်ခရိုင်တရားသူကြီး၏သုံးသပ်ဆုံးဖြတ်ချက်မှန်ကန်ကြောင်း၊တရားဝန်ကြီးဦးစံမောင်ကအောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-


[ However, in my opinion the learned District Judge was right in holding that the principle underlying the decision in V. P. R. V. Chokalingam Chetty’s case , 6 Ran. p. 29. is applicable to the present case. ]

———————————————-


1964 BLR ( C C ) 334 ( 336 )


CIVIL REVISION.


Before U Maung Maung, J.


DAW YONE (APPLICANT)


                V.


U SAN TUN AND ONE (RESPONDENTS).*


Civil Revision No. 14 of 1963. Review of the order of the District Judge, Meiktila, dated the 28th June 1963, passed in Civil Appeal No. Il of 1963.


1964 May. 11.


အမှု၌စီရင်ထုံးစာမျက်နှာ၃၃၅နှင့်၃၃၆တွင်တရားသူကြီးဦးမောင်မောင်ကအောက်ပါအတိုင်းသုံးသပ်သည်-


[ Mr. Emanuel for the respondents submits that the limits of the revisional power of this Court are clearly and severely defined and the Court should not interferé if the applicant has another remedy by way of an appeal to a subordinate Court or by way of a regular suit. He relies on Shukul v. Phoman Singh (I). (1953) B.L.R. 364.


In this case Mr. Emanuel points out that it is still open to Daw Yone to seek her relief by way of a regular suit and her application in revision should therefore be dismissed.


Mr. Verma argues that there had been a clerical error in the description of the property put up on auction and the Subdivisional Judge saw the error and corrected it, using the inherent powers of the Court vested by Section I51 of the Civil Procedure Code. 


Such order, Mr. Verma argues, is not appealable and the learned District Judge entertaining the appeal had acted without jurisdiction.


Mr. Verma quotes from A.I.R. Commentaries on Civil Procedure Code, Volume III, 6th edition, at page 3274 where it is said that :


" An order setting aside a sale suo motu under the Court's inherent powers is not one under this rule and is not, therefore appealable "


The rule referred to is Order XXI, Rule 92 which reads the same as Order XXI, Rule 92 in our Civil Procedure Code.


I consider that there is much force in Mr. Verma's argument. 


It would be inequitable if the auction purchaser should be forced to have resort to a regular suit simply because due to clerical error made by the Court the sale notice had not described the property fully. 


As the learned District Judge had observed, there is nothing in Order XXI, to cure such a situation and therefore the inherent powers of the Court given by Section 151 can and should be exercised in order to give justice.


The Subdivisional Court has done that and I therefore consider that the order of the learned Subdivi-sional Judge which is in consonance with both the law and equity should stand.


The revision application is allowed with costs and the order of the learned District Judge is set aside. 


The order of the Subdivisional Court shall be restored. ]


——————-


1968 BLR 184 ( 189 )


နိုင်ငံတော်တရားရုံးချုပ်


တရားမအထွေထွေအယူခံမှု


တရားသူကြီးဦးထွန်းတင်ရှေ့တွင်


ဦးဘစိန်(အယူခံတရားလို)


               နှင့်


ဦးသိန်း(အယူခံတရားခံ)


၁၉၆၈ မတ်လ ၂၉ရက်


အမှု၌တရားသူကြီးဦးထွန်းတင်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


[ ခရိုင်တရားမတရားသူကြီး၏တရားမအသေးအဖွဲမှုကိုခေတ္တဆိုင်းငံ့ထားရန်အမိန့်မှာအမွေထိန်းစာလျှောက်ထားသည်နှင့်ပတ်သက်၍ထိုဥပဒေအရချမှတ်သည့်ကြားဖြတ်အမိန့်တရပ်မဟုတ်၊အချင်းဖြစ်မြေနှင့်ပတ်သက်၍တရားမကြီးမှုတမှုစွဲဆိုထားပြီးဖြစ်နေသဖြင့်၎င်းအမှုကိုမဆုံးဖြတ်မီအမွေထိန်းစာတောင်းခံသည့်အမှုကိုခေတ္တဆိုင်းငံ့ထားရန်အမိန့်ချမှတ်ခဲ့ခြင်းသာဖြစ်ပေသည်။ထို့ကြောင့်အမှုကိုဆက်လက်စစ်ဆေးခြင်းမှဆိုင်းငံ့ထားရန်ချမှတ်သည့်အမိန့်မှာတရားမကျင့်ထုံးဥပဒေပုဒ်မ၁၅၁အရချမှတ်သည့်အမိန့်တရပ်သာဖြစ်သဖြင့်အယူခံအဖြစ်တင်သွင်းရန်ဥပဒေအရအခွင့်အရေးမရှိ။ ]

————————————


1972 BLR 88 ( 90 )


နိုင်ငံတော်တရားရုံးချုပ်


တရားမအထွေထွေလျှောက်ထားမှု


တရားသူကြီးဦးသက်ဖေ၊တရားသူကြီးဦးလှသင်းနှင့်တရားသူကြီးဦးဘသန်းတို့ရှေ့တွင်


ဦးဘချန်းပါ၂ နှင့် ဦးစံသိန်း


၁၉၇၂ ဧပြီလ ၁၀ရက်


အမှု၌ခုံရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်-


[ ပြဿနာမှာတရားမကျင့်ထုံးဥပဒေပုဒ်မ၁၅၁အရ၎င်း၊ပုဒ်မ၁၄၈အရ၎င်းချမှတ်ခဲ့သည့်မူလဘက်တရားသူကြီး၏အမိန့်များသည်အယူခံဝင်နိုင်ခွင့်ရှိမရှိဆိုခြင်းပင်ဖြစ်သည်။ပုဒ်မ၁၅၁အရ၊တရားရုံး၏မူလဘူတအာဏာကိုသုံးစွဲရန်ငြင်းဆိုသည့်အမိန့်သည်အယူခံဝင်နိုင်သောအမိန့်မဟုတ်ကြောင်းယုံမှားဘွယ်မရှိနိုင်။ ]

—————————————


1983 BLR 71 ( 72 )


တရားမပြင်ဆင်မှု


ဥက္ကဌအဖြစ်ဦးလှဘုန်း၊အဖွဲ့ဝင်များအဖြစ်ဦးသန့်စင်နှင့်ဦးမြကျော်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်


ဦးရင်ထွန်း နှင့် မစ္စတာဂျေအိပ်( ချ် )ဒစ်မင်း


၁၉၈၃ ဇန်နဝါရီလ ၁၀ ရက်


အမှု၌ဗဟိုတရားစီရင်ရေးအဖွဲ့ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


[ မြို့နယ်တရားရုံးကအမှုကိုပလပ်လိုက်ခြင်းသည်လျှောက်ထားခံရသူ၏အခွင့်အရေးနှင့်စပ်လျဉ်း၍အပြီးသတ်ဆုံးဖြတ်ရာရောက်သောကြောင့်ယင်းအမိန့်သည်တရားမကျင့်ထုံးဥပဒေပုဒ်မ၂(၂)တွင်အကျုံးဝင်သောဒီကရီဖြစ်သည်။ထိုဒီကရီကိုမကျေနပ်လျင်လျှောက်ထားခံရသူအနေဖြင့်တရားမကျင့်ထုံးဥပဒေပုဒ်မ၉၆အရတိုင်းတရားရုံးတွင်အယူခံဝင်ခွင့်ရှိသော်လည်းထိုသို့အယူခံဝင်ရောက်ခြင်းမပြုပဲတိုင်းတရားရုံးသို့ပြင်ဆင်မှုတင်သွင်းခဲ့ခြင်းမှာမှားယွင်းပေသည်။တိုင်းတရားရုံးကပြင်ဆင်မှုတွင်မူလတရားရုံးဒီကရီကိုပယ်ဖျက်လိုက်ခြင်းမှာတရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅ပြဌာန်းချက်နှင့်မညီညွတ်ပေ။ ]

——————————————-


1984 BLR 53 ( 54 )


တရားမပြင်ဆင်မှု


ဥက္ကဌအဖြစ်ဦးလှဘုန်း၊အဖွဲ့ဝင်များအဖြစ်ဦးသန့်စင်နှင့်ဦးတင်အုန်းတို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်


ဒေါ်ကျင်ဆိုင် နှင့် ဒေါ်စန်းရီ


၁၉၈၄ မေလ ၉ ရက်


အမှု၌ဗဟိုတရားစီရင်ရေးအဖွဲ့ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


[ မြို့နယ်တရားရုံးသည်တရားလိုဒေါ်စန်းရီစွဲဆိုသောအမှုကိုပလပ်လိုက်သည်ဖြစ်ရာထိုသို့ပလပ်သည့်ဆုံးဖြတ်ချက်ကိုတရားမကျင့်ထုံးဥပဒေပုဒ်မ၉၆အရတိုင်းတရားရုံးတွင်အယူခံဝင်ရမည်ဖြစ်သော်လည်းဒေါ်စန်းရီသည်ပြင်ဆင်မှုလျှောက်ထားခဲ့သဖြင့်တိုင်းတရားရုံးကဤမှားယွင်းချက်ကိုထောက်ပြကာဒေါ်စန်းရီထံမှအယူခံတွင်ထမ်းဆောင်ရမည့်ရုံးခွန်ကိုထပ်မံတောင်းခံပြီးဒေါ်စန်းရီတင်သွင်းသောပြင်ဆင်မှုကိုအယူခံမှုအဖြစ်ပြောင်းလဲမှတ်ယူ၍စီရင်ဆုံးဖြတ်ခဲ့ကြောင်းတွေ့ရသည်။ထို့ပြင်တိုင်းတရားရုံးသည်လိုအပ်သည့်ဒီကရီကိုလည်းရေးဆွဲခဲ့သည်။တိုင်းတရားရုံးကဒေါ်စန်းရီစွဲဆိုသောအမှုကိုပြန်လည်စစ်ဆေးစေရန်ချမှတ်သည့်အမိန့်သည်တရားမကျင့်ထုံးဥပဒေအမိန့်၄၁၊နည်း၂၃တွင်အကျုံးဝင်သည်ဖြစ်၍အမိန့်၄၃၊နည်း၁(ဖ)အရအယူခံဝင်ခွင့်ရှိပေသည်။သို့ဖြစ်ရာဒေါ်ကျင်ဆိုင်ကတိုင်းတရားရုံး၏အမိန့်ကိုပြင်ဆင်ပေးရန်လျှောက်ထားခြင်းမှာတရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅ပါပြဌာန်းချက်များနှငိ့ဆန့်ကျင်ပေသည်။ ]

————————————-


1984 BLR 74 ( 75 )


တရားမပြင်ဆင်မှု


ဥက္ကဌအဖြစ်ဦးလှဘုန်း၊အဖွဲ့ဝင်များအဖြစ်ဦးမြကျော်နှင့်ဦးတင်အုန်းတို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်


ဒေါ်စန်းစန်း နှင့် ဦးကျော်ဝေ


၁၉၈၄ ဇွန်လ ၁၄ ရက်


အမှု၌ဗဟိုတရားစီရင်ရေးအဖွဲ့ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


[ တရားမကျင့်ထုံးဥပဒေအမိန့်၄၀၊နည်း၁အရပစ္စည်းထိန်းခန့်အပ်သည့်အမိန့်ကိုတရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၄(၁)နှင့်အမိန့်၄၃၊နည်း၁အရအယူခံဝင်ခွင့်ရှိသည်ဖြစ်ရာဤပြင်ဆင်မှုကိုလျှောက်ထားခြင်းမှာတရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅ပါပြဌာန်းချက်နှင့်မညီညွတ်ချေ။ ]

———————————————

Comments

Popular posts from this blog

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]

1963 BLR 556 [ Cause of Action ]

တရားစွဲဆိုရန်အကြောင်း(သို့မဟုတ်)အချင်းဖြစ်အကြောင်းအရာ[ Cause of Action ]