1999 BLR 135 ( 140 )[ ဒေါ်ပန်းတင် နှင့် ဦးအောင်တင် ]အမှုသုံးသပ်ချက်နှင့်နိဂုံးချုပ်ဆုံးဖြတ်ချက်ညီညွတ်မှုရှိ၊မရှိကိစ္စ[ ဂ ]
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
1999 BLR 135 ( 140 )
[ ဒေါ်ပန်းတင် နှင့် ဦးအောင်တင် ]အမှု
သုံးသပ်ချက်နှင့်နိဂုံးချုပ်ဆုံးဖြတ်ချက်ညီညွတ်မှုရှိ၊မရှိကိစ္စ။[ ဂ ]
———————————————-
1999 BLR 135 ( 140 )
တရားမအထွေထွေအယူခံမှု
တရားရုံးချုပ်တရားသူကြီးဦးချစ်လွင်ရှေ့တွင်
ဒေါ်ပန်းတင် နှင့် ဦးအောင်တင်
၁၉၉၉ နိုဝင်ဘာလ ၈ ရက်
အမှုတွင်တရားရုံးချုပ်ကစီရင်ထုံးစာမျက်နှာ၁၃၆နှင့်၁၃၇၌အောက်ပါအတိုင်းသုံးသပ်သည်-
[ တရားနိုင်ဦးအောင်တင်ကမွန်ပြည်နယ်တရားရုံး(မော်လမြိုင်ခရိုင်)တရားမကြီးမှုအမှတ်၂၁/၉၃တွင်ရရှိသည့်အမွေပုံစီမံခန့်ခွဲရန်အနိုင်ဒီကရီကိုတရားရှုံးဒေါ်ပန်းတင်အပေါ်အတည်ပြုရန်မုဒုံမြို့နယ်တရားရုံးတွင်၁၉၉၉ခုနှစ်၊ဇာရီမှုအမှတ်၁ကိုဖွင့်လှစ်သည်။
တရားရှုံးဒေါ်ပန်းတင်ကဇာရီမှုဖွင့်လှစ်ဆောင်ရွက်ခြင်းကိုကန့်ကွက်သည်။
မုဒုံမြို့နယ်တရားရုံးကဇာရီမှုကိုဆက်လက်ဆောင်ရွက်မည်ဟုအမိန့်ချမှတ်ရာဒေါ်ပန်းတင်တို့ကမွန်ပြည်နယ်တရားရုံး(မော်လမြိုင်ခရိုင်)သို့အယူခံသော်လည်းမအောင်မြင်သဖြင့်တရားရုံးချုပ်တွင်အထွေထွေအယူခံမှုတင်သွင်းလာခြင်းဖြစ်သည်။
ဒေါ်ပန်းတင်၏ရှေ့နေကမွန်ပြည်နယ်တရားရုံး(မော်လမြိုင်ခရိုင်)ကချမှတ်သောအမိန့်သည်တရားမကျင့်ထုံးဥပဒေပုဒ်မ၂(၂)တွင်အကျုံးမဝင်ပါကဤအထွေထွေအယူခံမှုကိုပြင်ဆင်မှုအဖြစ်ပြောင်းလဲလက်ခံခွင့်ပြုပါရန်လျှောက်ထားသည်။
တရားနိုင်တဦးကမိမိရရှိခဲ့သောဒီကရီကိုအကျိုးသက်ရောက်အောင်ဇာရီမှုဖွင့်လှစ်ရာ၌တရားရုံးကဒီကရီကိုဇာရီမှုမပြုလုပ်နိုင်ကြောင်းကန့်ကွက်လာသောကိစ္စတွင်ဇာရီရုံးအနေဖြင့်ဇာရီမှုပြုလုပ်နိုင်သည်၊ဿို့တည်းမဟုတ်ဇာရီမှုမပြုလုပ်နိုင်ဟုတနည်းနည်းအဆုံးအဖြတ်ပြုသည့်ဆုံးဖြတ်ချက်မှာတရားမကျင့်ထုံးဥပဒေပုဒ်မ၄၇အရအမိန့်ဖြစ်သည်။
ထိုကဲ့သို့သောအမိန့်မှာတရားနိုင်တရားရှုံးတို့၏အခွင့်အရေးနှင့်ပတ်သက်၍အပြီးအပိုင်ဆုံးဖြတ်ချက်ဖြစ်၍တရားမကျင့်ထုံးပုဒ်မ၂(၂)အရဒီကရီဖြစ်သည်ဟုကောက်ယူရမည်ဖြစ်သည်။
ဒီကရီဖြစ်လျှင်ပုဒ်မ၉၆အရအယူခံဝင်နိုင်သည်ဆိုခြင်းမှာယုံမှားဖွယ်မရှိနိုင်ပေ။
ဤဥပဒေသဘောကိုမလှရီ နှင့် မသန်းစိန်၊၁၉၅၃ခုနှစ်၊မြန်မာနိုင်ငံစီရင်ထုံး၊စာ-၅၅(တရားလွှတ်တော်ချုပ်)၊ချင်နီးယား နှင့် အေစီဒေးအမှု၊၁၉၅၄ခုနှစ်၊မြန်မာနိုင်ငံစီရင်ထုံး၊စာ-၉(တရားလွှတ်တော်)၊ဦးစောမြပါ၆ နှင့် နိုင်ငံတော်ကူးသန်းရောင်းဝယ်ရေးဘဏ်၊ပြည်မြို့အမှု၊၁၉၆၆ခုနှစ်၊မြန်မာနိုင်ငံစီရင်ထုံး၊စာ-၁၂၇၉(၁၂၈၀)တို့တွင်တွေ့မြင်နိုင်သည်။
သို့ဖြစ်ရာဤအမှုကိုပြင်ဆင်မှုအဖြစ်ပြောင်းလဲဖွင့်လှစ်ရန်မလိုပေ။ ]
အထက်ပါသုံးသပ်ချက်သည်ဥပဒေအရမှန်ကန်သောသုံးသပ်ချက်ဖြစ်သည်။
သို့သော်လည်းတရားရုံးချုပ်ကစီရင်ထုံးစာမျက်နှာ-၁၄၀၌အောက်ပါအတိုင်းဆုံးဖြတ်သည်-
[ ထို့ကြောင့်ဤအထွေထွေအယူခံမှုကိုခွင့်ပြုပြီးမွန်ပြည်နယ်တရားရုံး(မော်လမြိုင်ခရိုင်)၏ ၂၄-၅-၉၉ နေ့စွဲပါအမိန့်နှင့်မုဒုံမြို့နယ်တရားရုံး၏ ၂-၄-၉၉ ရက်နေ့စွဲပါအမိန့်တို့ကိုစရိတ်နှင့်တကွပယ်ဖျက်လိုက်သည်။ ]
အထက်ပါနိဂုံးချုပ်ဆုံးဖြတ်ချက်သည်သုံးသပ်ခဲ့သောသုံးသပ်ချက်နှင့်ညီညွတ်မှုရှိမရှိ၊ဥပဒေအရမှန်ကန်မှုရှိမရှိ၊စာဖတ်သူဥပဒေပညာရှင်များစဉ်းစားဆင်ခြင်ကြည့်ပါရန်နှိုးဆော်လိုက်ပါသည်။
မုဒုံမြို့နယ်တရားရုံးကဇာရီမှုကိုဆက်လက်ဆောင်ရွက်မည်ဟုအမိန့်ချမှတ်ရာဒေါ်ပန်းတင်တို့ကမွန်ပြည်နယ်တရားရုံး(မော်လမြိုင်ခရိုင်)သို့အယူခံသော်လည်းမအောင်မြင်သဖြင့်တရားရုံးချုပ်တွင်အထွေထွေအယူခံမှုတင်သွင်းလာခြင်းကိုတရားရုံးချုပ်ကဘာမျှဆောင်ရွက်ခွင့်မရှိချေ။
အမိန့်၄၃၊နည်း၁တွင်ပုဒ်မ၁၀၄အရအယူခံဝင်ခွင့်ရှိသောအမိန့်များကိုဖော်ပြထားသည်။
အမိန့်တရပ်သည်ပုဒ်မ၂(၂)တွင်အကျုံးဝင်သောဒီကရီမဟုတ်လျှင်ဖြစ်စေ၊ပုဒ်မ၁၀၄(၁)တွင်ဖော်ပြထားသောအမိန့်တရပ်မဟုတ်လျှင်ဖြစ်စေ၊အမိန့်၄၃၊နည်း၁တွင်အကျုံးမဝင်လျှင်ဖြစ်စေအယူခံဝင်ခွင့်မရှိ။
ဆုံးဖြတ်ချက်များကိုဒီကရီနှင့်အယူခံဝင်ခွင့်ရှိသောအမိန့်များအဖြစ်ခွဲခြားသတ်မှတ်ထားရခြင်းမှာအယူခံဝင်ခွင့်ကိုကန့်သတ်လို၍ဖြစ်သည်။
အယူခံဝင်ခွင့်ရှိသောအမိန့်ကိုမူတကြိမ်သာအယူခံဝင်ခွင့်ရှိသည်။
အယူခံဆိုသည်မှာမူလအမှုဒီကရီဖြစ်လျှင်ပုဒ်မ၉၆အရပထမအယူခံဝင်ရောက်ခွင့်ရှိသည်။
တရားလွှတ်တော်ကတရားမမူလမှုစီရင်ပိုင်ခွင့်အာဏာကိုကျင့်သုံးချမှတ်ခဲ့သည့်ဒီကရီတရပ်ရပ်သို့မဟုတ်အပြီးသတ်အမိန့်ကိုပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ပုဒ်မ၁၀၉(ခ)အရအယူခံဝင်ရောက်ခွင့်ရှိသည်။
သို့သော်အမိန့်များနှင့်စပ်လျဉ်း၍ပုဒ်မ၁၀၄( ၁ )နှင့်အမိန့်၄၃၊နည်း၁တွင်အကျုံးဝင်လျှင်တရားမအထွေထွေအယူခံဝင်ရောက်ခွင့်ရှိသော်လည်း၊အဆိုပါအထွေထွေအယူခံမှုများသည်တကြိမ်သာအယူခံဝင်ရောက်ခွင့်ရှိသည်။
နောက်ထပ်တက်လျှင်ပြင်ဆင်မှုသာဝင်ရောက်ခွင့်ရှိသည်။
အဓိကပြဿနာမှာဇာရီမှုတွင်ချမှတ်သောအမိန့်များကိုမကျေနပ်၍အထွေထွေအယူခံဝင်ရောက်ပြီးလျှင်ဘာဆက်တက်ရမည်ဆိုသည်ကိုသာမာန်အသိမျှနှင့်မသိနိုင်၊မခွဲခြားနိုင်ပါ။
ပညာသားပါပါသိရသောအသိမျိုးဖြစ်သည်။
ဥပမာ-အမိန့်သည်ပုဒ်မ၄၇၊ပုဒ်မ၂( ၂ )တွင်အကျုံးဝင်လျှင်အယူခံဝင်ခွင့်ရှိသည်။
1981 BLR 45 ( 49 )( ဦးဆင်အမှု )
2005 BLR 83 ( 87 )( ဦးမြတ်ထွန်းအမှု )
စီရင်ထုံးများသည်သာဓကဖြစ်သည်။
တရားဝင်သောအယူခံ( competent appeal )ဖြစ်ပါမှယင်းအယူခံမှုကိုစီရင်ပိုင်ခွင့်အာဏာရှိမည်။
၁၉၈၁ခုနှစ်၊ဇွန်လ ၁၀ ရက်နေ့တွင်စီရင်ဆုံးဖြတ်သော 1981 BLR 45 ( 49 )( ဦးဆင်အမှု )၌ဗဟိုတရားရုံးက၊မူလရုံးကချမှတ်သောအမိန့်သည်လည်းကောင်း၊တိုင်းတရားရုံးကချမှတ်သောအမိန့်သည်လည်းကောင်းအပြီးသတ်ဒီကရီကိုအတည်ပြုရာတွင်ပေါ်ပေါက်လာသောပြဿနာနှင့်ပတ်သက်၍ချမှတ်သောအမိန့်ဖြစ်သဖြင့်ယင်းအမိန့်များမှာတရားမကျင့်ထုံးဥပဒေပုဒ်မ၂( ၂ )/၄၇အရအယူခံဝင်ခွင့်ရှိသောဒီကရီဖြစ်သောကြောင့်လျှောက်ထားသူသည်ယင်းဒီကရီတို့ကိုအဆင့်ဆင့်အယူခံမဝင်ဘဲပြင်ဆင်မှုလျှောက်ထားခွင့်မရှိဟုပြဆိုပြီးပြင်ဆင်မှုကိုစရိတ်မရှိပယ်လိုက်သည့်သာဓကကိုတရားရုံးချုပ်ကမဆင်ခြင်မိခြင်းသည်ဖြစ်သင့်ပါသလား။
တရားရုံးချုပ်သည်ဒေါ်ပန်းတင်လျှောက်ထားတင်သွင်းသောတရားမအထွေထွေအယူခံမှုကိုပလပ်ရုံမှတပါးဘာမျှဆောင်ရွက်ခွင့်ရှိသည်မဟုတ်။
Comments
Post a Comment