Joint Tenants[ ပူးတွဲပိုင်ဆိုင်သူများ ] နှင့် Tenants-in-Common[ ဝေစုအလျောက်ဘုံပိုင်ဆိုင်သူများ ] [ Part Three ]
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ Joint Tenants[ ပူးတွဲပိုင်ဆိုင်သူများ ] နှင့် Tenants-in-Common[ ဝေစုအလျောက်ဘုံပိုင်ဆိုင်သူများ ] [ Part Three ] ————————— [ Desai Narotam ]ပြုစုသော[ A Dictionary of Law Terms & Phrases ကျမ်း][ ၁၉၁၆ခုနှစ်ထုတ် ]စာ-၃၈၂တွင်[ tenancy in common ][ အတူပိုင်ဆိုင်ခြင်း ]အကြောင်းရေးရာ၌အတူပိုင်ဆိုင်ခြင်းအားတရားဝင်ဖျက်သိမ်းနိုင်သောနည်းသုံးရပ်ကိုဖော်ပြထားသည်။ ( ၁ )အတူပိုင်သူများအနက်တဦးကိုကျန်အတူပိုင်ဆိုင်သူများကမိမိတို့အသီးသီးပိုင်အစိတ်အပိုင်းတို့ကိုလွှဲပြောင်းလိုက်လျှင်သို့မဟုတ်စွန့်လွှတ်လိုက်လျှင်တဦးတည်းပိုင်အဖြစ်သို့ရောက်ရှိသွားသဖြင့်အတူပိုင်ဆိုင်ခြင်းချုပ်ငြိမ်းသွားမည်ဖြစ်သည်။ ( ၂ )အတူပိုင်သောပစ္စည်းကိုအတူပိုင်သူများအချင်းချင်းခွဲဝေယူလိုက်လျှင်လည်းအတူပိုင်ဆိုင်ခြင်းပျောက်ပျက်သွားမည်ဖြစ်သည်။ တတိယနည်းမှာ[ compulsory partition ]ဖြစ်သည်။ အတူပိုင်သောပစ္စည်းကိုတရားရုံး၏အမိန့်ဒီကရီအရအသီးသီးခွဲဝေပေးလိုက်လျှင်အတူပိုင်ဆိုင်ခြင်းဟူ၍မရှိနိုင်တော့။ သို့ဖြစ်ရာ- 2005 BLR (...