Joint Tenants[ ပူးတွဲပိုင်ဆိုင်သူများ ] နှင့် Tenants-in-Common[ ဝေစုအလျောက်ဘုံပိုင်ဆိုင်သူများ ][ Part One ]
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
Joint Tenants[ ပူးတွဲပိုင်ဆိုင်သူများ ]
နှင့်
Tenants-in-Common[ ဝေစုအလျောက်ဘုံပိုင်ဆိုင်သူများ ]
[ Part One ]
—————————
VOL. IX INDIAN LAW REPORTS. RANGOON SERIES. 524 ( 561 )
SPECIAL BENCH (CIVIL).
Before Sir Arthur Page, Kt., Chief Justice, Mr. Justice Car, Mr. Justice Das, Mr. Justice Maung Ba, Mr. Justice Mya Bu, Mr. Justice Sen and Mr. Justice Dunkley.
N.A.V.R. CHETTYAR FIRM
V.
MAUNG THAN DAING.*
Civil Reference No. 24 of 1930 arising out of Civil Second Appeal No. 315 of 1930 of this Court.
1931 Aug. 18
စီရင်ထုံးစာမျက်နှာ-၅၂၄ နှင့် ၅၃၇
———————————
1963 BLR ( C C ) 491 ( 498 )
APPELLATE CIVIL
Before U San Maung and U Tun Tin, JJ.
DORA WIN AND THREE OTHERS (APPELLANTS)
V.
DAW SAW MYINT AND ONE (RESPONDENTS).
Civil First Appeal No. 88 of 1962, against the decree of the Original Side, Chief Court in Civil Regular Suit No. 58/62 , dated 31st October 1962.
1963 August. 30.
စီရင်ထုံးစာမျက်နှာ-၄၉၆ပါ
[ tenants-in-common ]ကို[ အတူပိုင်ဆိုင်သူများ ]
ဟုဘာသာပြန်ခြင်းကိုသင်နားလည်ပါသလား ?
————————————
မြန်မာအဘိဓာန်အကျဉ်းချုပ်၊အတွဲ-၅၊စာ-၅၆တွင်[ အတူ ]ကို-
(၁)ကွဲပြားခြားနားခြင်းမရှိဘဲ၊ထပ်တူထပ်မျှ
(၂)ကွဲပြားခြင်း၊သီးခြားဖြစ်ခြင်းမရှိဘဲ၊တပေါင်းတည်း၊တကွ
ဟုအဓိပ္ပာယ်ဖွင့်ဆိုသည်။
မြန်မာအင်္ဂလိပ်အဘိဓာန်စာ-၅၅၉တွင်[ together with ]ဟုဘာသာပြန်သည်။
သို့ဖြစ်ရာအတူပိုင်ဆိုင်သူများဟူသောစကားရပ်သည်[ tenants-in-common ]ဟူသောစကားရပ်ကိုလွှမ်းခြုံမိပုံမပေါ်။
အကြံတူ[ common intention ]နှင့် အကျိုးတူခံစားခြင်း[ common enjoyment ]စကားရပ်များပါ[ တူ ]သည်[ common ]၏အဓိပ္ပာယ်ကိုပေါ်လွင်စေသော်လည်း[ အတူ ]သည်[ in common ]၏အဓိပ္ပာယ်ဖြစ်ဟန်မတူ။
အင်္ဂလိပ်မြန်မာအဘိဓာန်၊စာ-၂၆၄တွင်[ ဘုံပိုင် ]ဟုဘာသာပြန်ဆိုထားရာ[ ဝေစုအလျောက်ဘုံပိုင်ဆိုင်သူများ ]ဟုဆိုပါမှဆိုလိုရင်းကိုနားလည်ပါမည်။
သို့သော်ထိုစကားရပ်ထက်ပို၍ဆီလျော်ကောင်းမွန်သောဝေါဟာရကိုမူရှာဖွေဖို့လိုပါသေးသည်။
———————————-
[ Joint Tenants ]ကို[ ပူးတွဲပိုင်ဆိုင်သူများ ]ဟုဘာသာပြန်ခြင်းသည်အငြင်းပွားစရာမရှိပါ။
ပူးတွဲပိုင်ဆိုင်သူများ[ Joint Tenants ]နှင့်၊ဝေစုအလျောက်ဘုံပိုင်သူများ[ Tenants-in-common ]တို့သည်ခြားနားပါသည်။
———————————-
ပထမအချက်မှာ-
VOL. V INDIAN LAW REPORTS. RANGOON SERIES. 296 ( 359 )
FULL BENCH (CIVIL).
Before Sir Guy Rutledge, Kt., K.C., Chief Justice, Mr. Justice Heald, Mr. Justice Chari, Mr. Justice Maung Ba, and Mr. Justice Doyle.
MA PAING
Vs.
MAUNG SHWE HPAW AND EIGHT OTHERS.*
Civil Reference No. 14 of 1926 arising out of Civil First Appeal No. 132 of 1925.
1927 March. 11.
စီရင်ထုံးတွင်ပြဆိုထားသည့်အတိုင်းပူးတွဲပိုင်သူများအနက်တဦး၏အကျိုးခံစားခွင့်[ ဝေစု ]ကို[ ကွက် ]၍လွှဲပြောင်းခြင်းမပြုနိုင်။
ပစ္စည်းတရပ်လုံးကိုသာလွှဲပြောင်းနိုင်သည်။
—————————————-
တဘက်တွင်ဝေစုအလျောက်ဘုံပိုင်သူများပိုင်ပစ္စည်း၌တဦး၏ဝေစုကိုကွက်၍လွှဲပြောင်းနိုင်သည်။
VOL. IX INDIAN LAW REPORTS. RANGOON SERIES. 524 ( 561 )
SPECIAL BENCH (CIVIL).
Before Sir Arthur Page, Kt., Chief Justice, Mr. Justice Car, Mr. Justice Das, Mr. Justice Maung Ba, Mr. Justice Mya Bu, Mr. Justice Sen and Mr. Justice Dunkley.
N.A.V.R. CHETTYAR FIRM
V.
MAUNG THAN DAING.*
Civil Reference No. 24 of 1930 arising out of Civil Second Appeal No. 315 of 1930 of this Court.
1931 Aug. 18.
စီရင်ထုံးကိုကြည့်ပါ။
———————————————
ခြားနားချက်တရပ်မှာဝေစုအလျောက်ဘုံပိုင်ဆိုင်သူများအနက်တဦးကွယ်လွန်သွားပါက၎င်း၏ဝေစုသည်၎င်း၏အမွေစားအမွေခံများထံသက်ဆင်းသည်။
သို့သော်ပူးတွဲပိုင်ဆိုင်သူများအနက်တဦးကွယ်လွန်သွားပါက၎င်း၏ဝေစုကိုအမွေစားအမွေခံများကဆက်ခံခြင်းမရှိ။
ထိုဝေစုသည်ကျန်ပူးတွဲပိုင်ရှင်များထံသက်ရောက်သည်။
[ Joint Tenancy ]ကိုအမွေဆက်ခံခြင်းနှင့်စပ်လျဉ်း၍-
[ The principle feature of this tenancy is that on the death of one of the parties his share occures to the others by survivorship till if possess to a single hand and the joint tenancy ceases ]
ဟူသောမြွက်ဆိုချက်ကိုကြည့်ပါ။
——————————————-
ပူးတွဲပိုင်သူသုံးဦးအနက်တဦးကွယ်လွန်သောအခါ၎င်းတို့သုံးဦးပိုင်ခဲ့သောပစ္စည်းသည်ကျန်ရစ်သူနှစ်ဦးပိုင်ဖြစ်သွားသည်။
ကျန်နှစ်ဦးအနက်တဦးကွယ်လွန်သောအခါအချင်းဖြစ်ပစ္စည်းသည်ကျန်တဦးတည်းပိုင်ဖြစ်သွားသဖြင့်ပူးတွဲပိုင်ခြင်းရပ်စဲသွားသည်။
နောက်ဆုံးပုဂ္ဂိုလ်သေဆုံးသောအခါထိုပစ္စည်းကို၎င်း၏အမွေဆိုင်များကဝေစုအလျောက်ဘုံပိုင်သူများအနေဖြင့်အမွေဆက်ခံကြသည်။
—————————————-
[ Desai Narotam ]ပြုစုသော[ A Dictionary of Law Terms & Phrases ကျမ်း][ ၁၉၁၆ခုနှစ်ထုတ် ]စာ-၃၈၂တွင်အောက်ပါအတိုင်းပြဆိုထားသည်-
[ Tenancy in common ][ ဝေစုအလျောက်ဘုံပိုင်သူများ ]
[ This estate is created when several persons have several distinct estates, either of the same or of a different quantity, in any subject of property , in equal or unequal shares, and either by the same act or by several acts and several titles, and not a joint title.
This tenancy therefore happens where there is a unity of pissession merely, but there many be an entire disunion of interest, of title, and of time.
For if there be two tenants in common of lands , one may hold his part in fee simple, the other in tail or for life, so that there is no necessary unity of interest.
One may hold by descent , the other by purchase ; or the one by purchase from A , the other by purchase from B ; so that there is no unity of title.
One's estats may have been vested fifty years, the other's but yesterday ; so there is no unity of times.
The only unity there is that of possession.
Tenants in common are compellable to make partition of their lands , which they were not at common law.
They properly take by distinct moieties , and have no entirety of interest, and therefore there is no survivorship between tenants in common.
Estates in common can only be dissolved
( 1 )by uniting all the titles and interests in one tenant, by grant, devise, surrender or otherwise, which brings the whole to one severalty ;
( 2 )by making a voluntary partition between the several tenants in common , which gives them all respective severalties ; for indeed tenancies in common differ in nothing from sole estates, but merely in the blending and unity of pissession ;
( 3 )by compulsory partition.
The estate is subject to curtesy and dower.
It may also exist in moveable property. ]
——————————-
[ Desai Narotam ]ပြုစုသော[ A Dictionary of Law Terms and Phrases ]ကျမ်းစာမျက်နှာ-၃၈၂တွင်[ tenancy in common ][အတူပိုင်ဆိုင်ခြင်း ]အကြောင်းရေးရာ၌အတူပိုင်ဆိုင်ခြင်းအားတရားဝင်ဖျက်သိမ်းနိုင်သောနည်းသုံးရပ်ကိုဖော်ပြထားသည်။
(၁)အတူပိုင်သူများအနက်တဦးကိုကျန်အတူပိုင်ဆိုင်သူများကမိမိတို့အသီးသီးပိုင်အစိတ်အပိုင်းတို့ကိုလွှဲပြောင်းလိုက်လျှင်သို့မဟုတ်စွန့်လွှတ်လိုက်လျှင်တဦးတည်းပိုင်အဖြစ်သို့ရောက်ရှိသွားသဖြင့်အတူပိုင်ဆိုင်ခြင်းချုပ်ငြိမ်းသွားမည်ဖြစ်သည်။
(၂)အတူပိုင်သောပစ္စည်းကိုအတူပိုင်သူများအချင်းချင်းခွဲဝေယူလိုက်လျှင်လည်းအတူပိုင်ဆိုင်ခြင်းပျောက်ပျက်သွားမည်ဖြစ်သည်။
တတိယနည်းမှာ[ compulsory partition ]ဖြစ်သည်။
အတူပိုင်သောပစ္စည်းကိုတရားရုံး၏အမိန့်ဒီကရီအရအသီးသီးခွဲဝေပေးလိုက်လျှင်အတူပိုင်ဆိုင်ခြင်းဟူ၍မရှိနိုင်တော့။
————————————-
Comments
Post a Comment