ငြင်းချက်အကြောင်း[ ၅ ]
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ငြင်းချက်အကြောင်း[ ၅ ]
————————————-
တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်ခြင်းရှိ၊မရှိပြဿနာကိုပဏာမငြင်းချက်အဖြစ်ကြားနာအဆုံးအဖြတ်ပေးနိုင်သလော ?
———————————-
အဆိုလွှာကိုအမိန့်၇၊နည်း၁၁(က)အရပယ်ချခြင်းမပြုလျှင်တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်ကြောင်းအဆိုလွှာကထင်ရှားသိသာစေသည်၊ထုတ်ဖော်ပြသည်ဟုတရားရုံးကဆုံးဖြတ်ရာရောက်သည်။
အမိန့်၇၊နည်း၁(င)အရလိုအပ်သည့်အတိုင်းအဆိုလွှာတွင်တရားစွဲဆိုရန်အကြောင်းဖြစ်ပေါ်စေသောအကြောင်းခြင်းရာများဖော်ပြအဆိုပြုရမည်ဖြစ်ရာထိုအကြောင်းခြင်းရာများနှင့်စပ်လျဉ်း၍တရားပြိုင်ဘက်မှငြင်းကွယ်ပါက[ အမှန်ဆိုသော်ထိုငြင်းကွယ်ခြင်းကြောင့်ငြင်းချက်များထုတ်ရခြင်းဖြစ်သည် ]ထိုအကြောင်းခြင်းရာ[ တခုစီ ]မှာအမိန့်၁၄၊နည်း၁(၂)အရအရေးပါသောအကြောင်းခြင်းရာတင်ပြချက်ဖြစ်ပြီးအမှုတွင်အငြင်းပွါးသည့်အလျောက်နည်း၁(၃)အရသီးခြားငြင်းချက်ထုတ်နုတ်စစ်ဆေးရမည်ဖြစ်သည်။
ပမာအားဖြင့်၊မရွှေ့မပြောင်းနိုင်သောပစ္စည်းလက်ရောက်ရလိုမှုတွင်-
1990 BLR 28 ( 33 )
တရားမပြင်ဆင်မှု
တရားရုံးချုပ်တရားသူကြီးဦးကျော်တင့်ရှေ့တွင်
ဒေါ်တင်ကြည်ပါ၆ နှင့် ဦးစိုးဝင်း
၁၉၉၀ မေလ ၁၅ ရက်
—————————
ဦးကျော်ရွှေအမှု[ ၂၀၀၁ခုနှစ်၊တရားမအထူးအယူခံမှုအမှတ်၈၊တရားမမှုခင်းဖြတ်ထုံးများ၊ပထမတွဲ၊စာမျက်နှာ-၁၁ ]
——————————
တရားစွဲဆိုရန်အကြောင်းကိုအဓိပ္ပာယ်ဖွင့်ဆိုသော-
1952 BLR ( H C ) 410 ( 412 )
APPELLATE CIVIL.
Before U Aung Khine, J.
U PO THI AND ONE (APPLICANTS)
Vs.
MAUNG KYAW SINT (RESPONDENT).*
Civil Revision No. 51 of 1952 against the order of the District Court of Myingyan in Civil Regular Suit No. 4 of 1951.
1952 Oct. 30.
စီရင်ထုံးများအရ၊တရားစွဲဆိုရန်အကြောင်းဖြစ်ပေါ်စေသောအကြောင်းခြင်းရာများမှာအောက်ပါအတိုင်းဖြစ်သည်-
( က )တရားလိုသည်အချင်းဖြစ်ပစ္စည်းပိုင်ရှင်သို့မဟုတ်၁၂နှစ်အတွင်းလက်ရှိဖြစ်သူဖြစ်ကြောင်း
( ခ )တရားပြိုင်သည်ထိုပစ္စည်းတွင်အခွင့်အရေးမရှိဘဲနေထိုင်ကြောင်း
အမှုတွင်ထိုအကြောင်းခြင်းရာများနှင့်စပ်လျဉ်း၍အငြင်းပွါးလျှင်ထိုအကြောင်းခြင်းရာ[ တခုစီ ]နှင့်စပ်လျဉ်း၍သီးခြားငြင်းချက်ထုတ်ရန်ဖြစ်သည်မှာအမိန့်၁၄၊နည်း၁(၃)အရမြင်သာသည်။
ထိုပြဌာန်းချက်များနှင့်အညီငြင်းချက်[ ၂ ]ရပ်ထုတ်နုတ်ခဲ့လျှင်တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သလားဟူသောငြင်းချက်ထုတ်ရန်အကြောင်းမရှိတော့ချေ။
အကြောင်းမူထိုတရားစွဲဆိုရန်အကြောင်းဖြစ်ပေါ်စေသောအကြောင်းခြင်းရာများနှင့်စပ်လျဉ်း၍သီးခြားငြင်းချက်[ ၂ ]ရပ်ထုတ်ပြီးဖြစ်ရာအပိုဖြစ်လိမ့်မည်။
ငြင်းချက်များထပ်နေလိမ့်မည်။
တနည်းဆိုရပါကတရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သလားဟူသောငြင်းချက်သည်အထက်တွင်ရည်ညွှန်းသောငြင်းချက်[ ၂ ]ရပ်ပင်ဖြစ်ရာ၊အမိန့်၁၄၊နည်း၁(၃)၏အဓိပ္ပာယ်အရသီးခြားငြင်းချက်မဖြစ်နိုင်သဖြင့်ဆိုင်ရာငြင်းချက်[ ၂ ]ရပ်အပြင်တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သလားဟူ၍သီးခြားငြင်းချက်ထုတ်ပါကနည်း၁(၃)ပါပြဌာန်းချက်များနှင့်ဆန့်ကျင်မည်ဖြစ်သည်။
တရားမကျင့်ထုံးအမိန့်၇အဆင့်ကိုကျော်၍၊ငြင်းချက်ထုတ်သည့်အဆင့်ရောက်ပြီးကာမှတရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သလားဟူသောငြင်းချက်ကိုပဏာမငြင်းချက်အဖြစ်ကြားနာဆုံးဖြတ်ရမည်ဆိုပါက၊အဆိုလွှာကတရားစွဲဆိုရန်အကြောင်းပေါ်ပေါက်ကြောင်းထင်ရှားသိသာစေသည်၊ထုတ်ဖော်ပြသသည်ဟုစောစောအဆင့်တွင်ချမှတ်ရာရောက်သောဆုံးဖြတ်ချက်ကိုပယ်ဖျက်ရာရောက်သည့်ရှေ့နောက်မညီများစွာကွဲလွဲသောအမိန့်နှစ်မျိုးချမှတ်ခြင်းမပြုနိုင်။
ထို့ပြင်သက်သေခံချက်မယူဘဲပဏာမငြင်းချက်အဖြစ်ကြားနာသောအဆင့်၌၊အဆိုအချေသာရှိပြီးတရားစွဲဆိုရန်အကြောင်းဖြစ်ပေါ်စေသည့်အကြောင်းခြင်းရာများမှာအငြင်းပွါးနေသည့်အလျောက်ငြင်းချက်များထုတ်နုတ်စစ်ဆေးရမည်ဖြစ်ရာတရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သလားဟူသောငြင်းချက်ကိုသင့်မြတ်လျော်ကန်စွာထုတ်နုတ်သည်ဟုဆိုနိုင်စေဦး[ အမှန်စင်စစ်မလို ]အကြောင်းခြင်းရာများအငြင်းပွါးနေသဖြင့်အမိန့်၁၄၊နည်း၂တွင်အကျုံးဝင်သောဥပဒေပြဿနာတရပ်မဟုတ်ခြင်းကြောင့်-
1978 BLR 90 ( 94 )
တရားမပြင်ဆင်မှု
ဥက္ကဌအဖြစ်ဦးသန့်စင်၊အဖွဲ့ဝင်များအဖြစ်ဦးလှမောင်နှင့်ဦးတင်အောင်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်
ဦးမြမောင် နှင့် ဒေါ်ရင်မြပါ၃ဦး
၁၉၇၈ မေလ ၃ ရက်
စီရင်ထုံးအရသက်သေခံချက်ရယူပြီးမှသာအခြားငြင်းချက်များနှင့်အတူဆုံးဖြတ်ရန်ဖြစ်သည်။
တရားစွဲဆိုရန်အကြောင်းပေါပေါက်သလားဟူသောငြင်းချက်[ ထုတ်နုတ်ရန်လိုအပ်သောငြင်းချက်ဖြစ်ခဲ့လျှင် ]တွင်အကြောင်းခြင်းရာနှင့်စပ်လျဉ်း၍အငြင်းပွါးမှုရှိသည့်အလျောက်ပဏာမငြင်းချက်အဖြစ်သတ်မှတ်ကြားနာခြင်းမပြုနိုင်ကြောင်း-
1996 BLR 49 ( 55 )
တရားမပထမအယူခံမှု
တရားရုံးချုပ်တရားသူကြီးဦးတင်အုံးရှေ့တွင်
ဦးမောင်မောင်မြင့် နှင့် ဦးခင်မောင်ကြီးပါ၂
၁၉၉၆ ဇန်နဝါရီလ ၁ ရက်
စီရင်ထုံးပါလမ်းညွှန်ချက်အရပေါ်လွင်သည်။
———————————-
1952 BLR ( H C ) 410 ( 412 )
APPELLATE CIVIL.
Before U Aung Khine, J.
U PO THI AND ONE (APPLICANTS)
Vs.
MAUNG KYAW SINT (RESPONDENT).*
Civil Revision No. 51 of 1952 against the order of the District Court of Myingyan in Civil Regular Suit No. 4 of 1951.
1952 Oct. 30.
အမှုတွင်တရားဝန်ကြီးဦးအောင်ခိုင်ကစီရင်ထုံးစာမျက်နှာ-၄၁၁၊၄၁၂၌အောက်ပါအတိုင်းပြဆိုသည်-
[ 'Cause of Action " means every fact which, if traversed, will be necessary for the plaintiff to prove in order to support his right to the judgment of the Court. The cause of action must be antecedent to the institution of the suit. When the plaintiff files his suit for any relief before he is entitled to, his suit is bound to fail for want of a cause of action.
In re V. K. P. Chockalingam Ambalam v. Maung Tin and others (1), I.L.R. 14 Ran. 173 at 185. in the course of his judgment Page C.J., observed:
"The Court, however , is bound to exercise its inherent powers cautiously and with circumspection, and it is not at liberty to do so where the order proposed would contravene any principle of the common taw or equity, or would affect a matter in respect of which provision has been made by statute either expressly or according to the true intendment thereof." ]
စီရင်ထုံးစာမျက်နှာ-၄၁၂၌၊တရားဝန်ကြီးဦးအောင်ခိုင်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-
[ As stated above, Order 7, Rule 11, in very clear terms says that the plaint shall be rejected where it does not disclose a cause of action.
Civil Second Appeal No. 6 of 1952 of this Court, where the memorandum of appeal has been treated as an application for revision, has been dismissed but it does not alter the case for the respondent so far as the institution of a suit against the applicants in Civil Regular Suit No. 4 of 195f in the lower Court is concerned. The question is whether he had cause of action at the time of the institution of his suit.
For these reasons the application is allowed with costs and the order of the learned District Judge, Myingyan, is set aside, and I direct that the plaint be rejected. ]
—————————-
1978 BLR 90 ( 94 )
တရားမပြင်ဆင်မှု
ဥက္ကဌအဖြစ်ဦးသန့်စင်၊အဖွဲ့ဝင်များအဖြစ်ဦးလှမောင်နှင့်ဦးတင်အောင်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်
ဦးမြမောင် နှင့် ဒေါ်ရင်မြပါ၃ဦး
၁၉၇၈ မေလ ၃ ရက်
အမှုတွင်ဗဟိုတရားစီရင်ရေးအဖွဲ့ကအောက်ပါအတိုင်းထုံးဖွဲ့သည်-
[ နည်း၂တွင်” shall “ဟူသောစကားကိုသုံးထားသဖြင့်မလွဲမသွေဆုံးဖြတ်ရန်ညွှန်ကြားချက်ဖြစ်သည်။တဘက်တွင်ဥပဒေငြင်းချက်နှင့်အကြောင်းခြင်းရာငြင်းချက်များရောထွေးလျက်ရှိသောအမှု၌တရားရုံးသည်အကြောင်းခြင်းရာငြင်းချက်နှင့်ပတ်သက်သောသက်သေခံချက်များရယူပြီးမှသာဥပဒေငြင်းချက်နှင့်အကြောင်းခြင်းရာငြင်းချက်တို့ကိုတပြိုင်တည်းဆုံးဖြတ်ပေးရန်ဖြစ်သည်။ ]
——————————-
Comments
Post a Comment