ငြင်းချက်အကြောင်း[ ၂ ]
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ငြင်းချက်အကြောင်း[ ၂ ]
————————————-
အမိန့်၁၄၊နည်း၂အရပဏာမငြင်းချက်အဖြစ်ကြားနာဆုံးဖြတ်နိုင်ရန်အချက်နှစ်ရပ်နှင့်ပြည့်စုံရန်လိုသည်။
ကာလစည်းကမ်းသတ်ဆိုင်ရာငြင်းချက်အရပလပ်နိုင်ရမည်။
ငြင်းချက်သည်ဥပဒေငြင်းချက်ဖြစ်ရမည်။
ဥပမာ-စွဲဆိုသောအမွေမှုမှာကာလစည်းကမ်းသတ်ကျော်လွန်ခဲ့ပါလျှင်အမှုကိုကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၃အရပယ်ရန်ဖြစ်သည်မှာယုံမှားဖွယ်မရှိ။
စိစစ်ရန်မှာအချင်းဖြစ်ငြင်းချက်သည်အမိိန့်၁၄၊နည်း၂ပါဥပဒေငြင်းချက်သက်သက်ဟုတ်မဟုတ်ဖြစ်သည်။
ဒေါ်ပိုးတီပါ၈ နှင့် ဦးစောကြိုင်ကျောင်း(ခ)ဦးကြိုင်ကျောင်း၊၁၉၉၆ခုနှစ်၊တရားမအထူးအယူခံမှုအမှတ်၄၉တွင်တရားရုံးချုပ်ကအောက်ပါအတိုင်းဆုံးဖြတ်ဖူးသည်-
[ ကာလစည်းကမ်းသတ်ကျော်လွန်ခြင်းရှိမရှိပြဿနာကိုသက်သေခံချက်ရယူခြင်းမရှိဘဲအဆိုအချေတို့အရဆုံးဖြတ်ခဲ့ခြင်းမှာမှန်ကန်မှုရှိမရှိဟူသောအရေးယူလောက်သောဥပဒေပြဿနာကိုအဆိုအချေများအရဥပဒေအချက်အလက်များနှင့်အကြောင်းခြင်းရာများရောထွေးလျက်ရှိကြောင်းတွေ့ရသဖြင့်တရားရုံးသည်အကြောင်းခြင်းရာနှင့်ပတ်သက်သောသက်သေခံချက်များကိုရယူပြီးမှသာကာလစည်းကမ်းသတ်ပြဿနာကိုဖြေဆိုဆုံးဖြတ်နိုင်မည်ဖြစ်သည်။ ]
[ ဦးမြပြုစုသောတရားမမှုခင်းဖြတ်ထုံးများ၊ဒုတိယတွဲ၊စာမျက်နှာ၁၁၄ကိုဖတ်ပါ။ ]
ဥပမာ-မူလတရားရုံးက”တရားလိုသည်အမွေပုံစီမံခန့်ခွဲပေးစေလိုမှုကိုကာလစည်းကမ်းသတ်ကျော်လွန်ပြီးမှတရားစွဲဆိုခဲ့ခြင်းမှန်သလား”ဟူသောငြင်းချက်ကိုထုတ်၍ဥပဒေဆိုင်ရာငြင်းချက်အဖြစ်ပထမကြားနာမည်ဖြစ်ကြောင်းအမိန့်ချမှတ်သည်ဆိုပါစို့။
1970 BLR 78 ( 82 )
နိုင်ငံတော်တရားရုံးချုပ်
တရားမအထွေထွေလျှောက်ထားမှု
တရားသူကြီးဦးထွန်းတင်နှင့်တရားသူကြီးဦးကျော်ဇံဦးတို့ရှေ့တွင်
မောင်ကျော်ရှိန်ပါ၂(လျှောက်ထားသူ)
နှင့်
ကေ၊ကြည်မောင်(လျှောက်ထားခံရသူ)
၁၉၇၀ မတ်လ ၆ ရက်
စီရင်ထုံးအရမူလတရားရုံးက”တရားလိုသည်အမွေစီမံခန့်ခွဲပေးစေလိုမှုကိုကာလစည်းကမ်းသတ်အက်ဥပဒေပထမဇယားအမှတ်စဉ်၁၄၄တွင်သတ်မှတ်ထားသော၁၂နှစ်ကာလကျော်လွန်ပြီးမှတရားစွဲဆိုသည်ဆိုခြင်းမှန်သလား”ဟုပြည့်ပြည့်စုံစုံငြင်းချက်ထုတ်ဖြစ်ခဲ့ပါလျှင်၊ပဏာမငြင်းချက်အဖြစ်ကြားနာသင့်မသင့်ဆုံးဖြတ်ရာ၌လွယ်ကူမည်ဖြစ်သည်။
အထက်ပါစီရင်ထုံးစာမျက်နှာ-၈၁၌တရားသူကြီးဦးကျော်ဇံဦး၏အောက်ပါမြွက်ဆိုချက်ကိုစာဖတ်သူဥပဒေပညာရှင်များဂရုဓမ္မပြု၍မှတ်သားအပ်သည်-
[ မြန်မာဗုဒ္ဓဘာသာအမွေခန်းတရားဥပဒေတွင်၊အမွေစားအမွေခံအစဉ်အလာအရ၊မည်သူမည်ဝါသည်အမွေစားအမွေခံဖြစ်ရမည်၊မည်ရွေ့မည်မျှဖြစ်ရမည်စသည်ဖြင့်အတိအကျသတ်မှတ်ပြီးဖြစ်သည်။
အမွေစားအမွေခံသည်သတ်မှတ်ထားသည့်အမွေဝေစုကိုတဦးချင်းအနေဖြင့်သီးခြားဆက်ခံပြီး၊သို့မဟုတ်အတူပိုင်ဆိုင်ခြင်းဖြစ်ပေသည်။
စုပေါင်းပြီးဆက်ခံခြင်းမဟုတ်ပေ။
( Tenants-in-common and not joint tenants. ) ]
————————————-
ငြင်းချက်၌တရားစွဲဆိုခဲ့သည်ဟုအတိတ်ကာလဖြင့်ရေးခြင်းသည်သဒ္ဒါမမှန်။
တရားလို၏အမှုမပြီးပြတ်သေး၍တရားစွဲဆိုခဲ့သည်ဟုမဆိုနိုင်။
ငြင်းချက်ထုတ်ဖြစ်လျှင်ဟုမရေးရ။
ထုတ်ဖြစ်ခဲ့ပါလျှင်ဟုရေးမှသဒ္ဒါမှန်မည်။
———————————————-
အမိန့်၁၄၊နည်း၁၏ဥပဒေသဘော
တရားမမှုတမှု၏ပထမအဆင့်၌အဆိုအချေများတင်သွင်းကာအမှုသည်များအချင်းချင်းသဘောကွဲလွဲချက်များ[ အငြင်းပွါးသည့်အချက်များ ]ကိုတရားရုံးတွင်တင်ပြကြသည်။
အမှုပထမအကြိမ်ကြားနာစစ်ဆေးရာ၌တရားရုံးသည်အဆိုအချေများကိုဖတ်ရှုပြီးနောက်၊ထို့ပြင်လိုအပ်လျှင်အမှုသည်များကိုစစ်မေးပြီးနောက်[ တရားမပုံစံ၄၉ကိုသုံးရန် ]အမှုသည်တို့သည်မည်သည့်အရေးပါသောအကြောင်းခြင်းရာသို့မဟုတ်ဥပဒေဆိုင်ရာတင်ပြချက်များတွင်သဘောကွဲလွဲလျက်ရှိသည်ကိုစိစစ်၍ငြင်းချက်ထုတ်ရ်ဖြစ်သည်။
အမှုတွင်အငြင်းပွါးချက်များကိုတိတိကျကျစစ်ရန်လိုအပ်သည်။
မောင်ဆိုင် နှင့် မစိုး၊ 1892-96,2 U.B.R.265
————————-
နှစ်ဘက်တွင်လိုက်ပါသောရှေ့နေများမကျွမ်းကျင်ကြလျှင်ငြင်းချက်မထုတ်မီအမှုသည်များကိုဖြစ်စေ၊၎င်းတို့၏ရှေ့နေများကိုဖြစ်စေစစ်ဆေးသင့်သည်။
မောင်ပို နှင့် မောင်ရွှေသက်၊ P.J.L.B. 649
————————-
အမှုပထမအကြိမ်ကြားနာစစ်ဆေးခြင်းသည်အမိန့်၁၃၊နည်း၁တွင်ရည်ညွှန်းထားသောပထမအကြိမ်ကြားနာစစ်ဆေးသည့်အချိန်ထိကြာမြင့်မည်ဖြစ်သည်။
A.I.R. 1935 Mad.261
—————————
ငြင်းချက်ထုတ်ခြင်းသည်တရားမမှုတမှု၏အရေးကြီးဆုံးကဏ္ဍတရပ်ဖြစ်ကြောင်းမငြင်းနိုင်။
ငြင်းချက်ထုတ်ခြင်းသည်အမှုကိုစစ်ဆေးဆုံးဖြတ်ရာ၌အရေးပါအရာရောက်သည်။
သက်သေအထောက်အထားများတင်ပြရာတွင်အမှုသည်များအားဦးဆောင်လမ်းညွှန်သွားသည်မှာငြင်းချက်များဖြစ်သည်။
ဦးဖြူ နှင့် ဦးငွေထွန်း၊ 1966 BLR 51.[ ငြင်းချက်မှားယွင်းထုတ်လျှင်ပြင်ဆင်မှုတွင်ပြင်ဆင်နိုင်သည်။ ]
———————
အဆိုအချေများမဟုတ်ချေ။
သို့ဖြစ်ရာအချက်တရပ်နှင့်စပ်လျဉ်း၍ငြင်းချက်ထုတ်ထားရာတွင်ယင်းအချက်မှာအငြင်းမပွါးလျှင်သက်သေထူရန်မလိုဟုအမှုသည်များကပြောဆိုတင်ပြခွင့်မရှိ။
11 All.396( P.C. )
————————-
အချက်တရပ်နှင့်စပ်လျဉ်း၍ငြင်းချက်ထုတ်ထားပြီးအမှုသည်များကသက်သေခံအထောက်အထားများတင်ပြထားရာတွင်ယင်းအချက်မှာအဆိုအချေတွင်အကျုံးမဝင်စေကာမူတရားရုံးကထိုအချက်ကိုအဆုံးအဖြတ်မပေးဟုမငြင်းနိုင်။
16 Bom. 545.
—————————-
အမှုကိုမှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ရန်အလို့ငှါဆီလျော်သည့်ငြင်းချက်များကိုထုတ်နှုတ်စစ်ဆေးရမည်။
A.I.R. 1956 Bom. 254
—————————
အမိိန့်၁၄၊နည်း၁အရငြင်းချက်များထုတ်နုတ်ရန်မှာတရားသူကြီး၏တာဝန်ဖြစ်သည်။
ယင်းတာဝန်မှာငြင်းချက်များအပေါ်မှန်မှန်ကန်ကန်အဆုံးအဖြတ်ပေးရန်တာဝန်နှင့်ခြားနားခြင်းမရှိ။
ငြင်းချက်များမှန်မှန်ကန်ကန်ထုတ်နိုင်ရန်ရှေ့နေများကလည်းတရားသူကြီးအားအကူအညီပေးရန်တာဝန်ရှိသည်။
အီတာလီလျံထရိတ်ဒင်းကုမ္ပဏီ နှင့် မောင်ရွှေလူ၊ 10 B.L.R. 90
—————————-
တရားသူကြီးသည်ငြင်းချက်များမထုတ်မီအကြောင်းခြင်းရာများကိုနားလည်အောင်ကြိုးပမ်းရမည်။
A.I.R. 1950 Mys. 33
————————-
ငြင်းချက်များကိုကောင်းစွာထုတ်ထားခြင်းမရှိလျှင်အမှုသည်များသည်တရားရုံးတွင်လျှောက်ထားတင်ပြရန်ဖြစ်သည်။
A.I.R. 1953 Tr.Co. 118
——————————
1979 BLR 33 ( 35 )
တရားမပြင်ဆင်မှု
ဥက္ကဌအဖြစ်ဦးသန့်စင်၊အဖွဲ့ဝင်များအဖြစ်ဦးတင်အောင်နှင့်ဦးအေးမောင်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်
ဦးညွန့်အောင်ပါ၂ နှင့် ဒေါ်ဌေးဌေးမြင့်
၁၉၇၉ စက်တင်ဘာလ ၅ ရက်
အမှုတွင်ဗဟိုတရားစီရင်ရေးအဖွဲ့ကအောက်ပါအတိုင်းဆုံးဖြတ်သည်-
[ တရားမမှုများတွင်အဆိုအချေတို့ကိုအသေးစိတ်သေချာဂနစွာစိစစ်အခြေပြု၍ထုတ်နုတ်ပေးသည့်ငြင်းချက်များသည်အမှုအနိုင်အရှုံးအဆုံးအဖြတ်ပေးရာတွင်အဓိကအရေးကြီးသည့်ပင်မကျောရိုးများဖြစ်ပေသည်။
အမှုများ၏တိကျမှန်ကန်သောအဆုံးအဖြတ်သည်ယင်းငြင်းချက်များအပေါ်အမှီပြုသည်။
သို့ဖြစ်ရာမှန်ကန်၍အဓိကကျသောအခြေခံဖြစ်သည့်အမှုတခုလုံး၏အနိုင်အရှုံးကိုအဆုံးအဖြတ်ပေးနိုင်သောငြင်းချက်များကိုထုတ်ရန်အထူးလိုအပ်လှသည်။
မှန်ကန်သောငြင်းချက်များကိုထုတ်နိုင်မှသာလျှင်အမှုကိုအမြစ်ရင်းကစ၍သိရှိကာမည်သူရှုံးစေ၊မည်သူနိုင်စေဟူသောဆုံးဖြတ်ချက်ကိုမှန်ကန်စွာချမှတ်ပေးနိုင်ပေလိမ့်မည်။ ]
————————
1990 BLR 22 ( 27 )
တရားမပထမအယူခံမှု
တရားရုံးချုပ်တရားသူကြီးဦးကျော်ဝင်းရှေ့တွင်
ဒေါ်ညွန့်ညွန့်ခင်
နှင့်
ဒေါ်အိမ်ကြည်(၎င်း၏ကိုယ်စားလှယ်စာရသူဦးထွန်းရီ)
၁၉၉၀ မေလ ၃၀ ရက်
အမှုတွင်တရားရုံးချုပ်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-
[ အဆိုအချေအရအငြင်းပွါး၍အမှုကိုဆုံးဖြတ်ရန်အရေးပါသောအချက်ဖြစ်လျှင်ငြင်းချက်အဖြစ်ထုတ်ပေးရလိမ့်မည်။ ]
———————-
1992 BLR 46 ( 50 )
တရားမပထမအယူခံမှု
တရားရုံးချုပ်တရားသူကြီးဦးမျိုးထွန်းလင်းရှေ့တွင်
ဦးစိန် နှင့် ဒေါ်ခင်နုဆွေပါ၂
၁၉၉၂ ဒီဇင်ဘာလ ၃၁ ရက်
အမှုတွင်တရားရုံးချုပ်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-
[ အမှုများ၏တိကျမှန်ကန်သောအဆုံးအဖြတ်သည်ယင်းငြင်းချက်များအပေါ်မူတည်သည်။
သို့ဖြစ်ရာမှန်ကန်၍အဓိကကျသောအခြေခံဖြစ်သည့်အမှုတခုလုံး၏အနိုင်အရှုံးကိုအဆုံးအဖြတ်ပေးနိုင်သောငြင်းချက်များကိုထုတ်နုတ်ရန်အထူးလိုအပ်လှပေသည်။ ]
——————————-
Comments
Post a Comment