ငြင်းချက်အကြောင်း[ ၃ ]
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ငြင်းချက်အကြောင်း[ ၃ ]
————————————-
တရားမကျင့်ထုံးဥပဒေအမိန့်၁၄၊နည်း၂တွင်အောက်ပါအတိုင်းပြဌာန်းထားသည်-
[ အမှုတမှုတည်းတွင်ဥပဒေနှင့်အကြောင်းခြင်းရာနှစ်ရပ်လုံးနှင့်စပ်လျဉ်း၍ငြင်းချက်များပေါ်ပေါက်လျက်ရှိပြီးဥပဒေငြင်းချက်ကိုသာစစ်ဆေးစီရင်ခြင်းဖြင့်အမှုတမှုလုံးကိုဖြစ်စေ၊တစိတ်တဒေသကိုဖြစ်စေပြီးပြတ်အောင်ဆုံးဖြတ်နိုင်မည်ဟုထင်မြင်လျှင်တရားရုံးသည်ဥပဒေငြင်းချက်ကိုပထမဦးစွာစစ်ဆေးစီရင်ရမည်။ထိုကဲ့သို့စစ်ဆေးစီရင်ရန်အလို့ငှါသင့်သည်ထင်မြင်လျှင်တရားရုံးသည်အကြောင်းခြင်းရာဆိုင်ရာငြင်းချက်များထုတ်ရန်ကိစ္စကိုဥပဒေငြင်းချက်များဆုံးဖြတ်ပြီးသည်အထိရွှေ့ဆိုင်းထားနိုင်သည်။ ]
————————————
အမိိန့်၁၄၊နည်း၂၏ဥပဒေသဘော
1951 BLR ( H C ) 110 ( 112 )
CIVIL REVISION.
Before U On Pe, J.
IBRAHIM MOHAMED AND ONE (APPLICANTS)
V.
MAUNG HLA PE (a) ABDUL RAZAK (RESPONDENT).*
1950 Nov 30
အမှု၌ဥပဒေပြဿနာနှင့်စပ်လျဉ်းသောပဏာမငြင်းချက်ကိုဦးစွာကြားနာဆုံးဖြတ်ရန်သင့်၊မသင့်အဆုံးအဖြတ်ပေးရာတွင်အမှုတမှုကိုတပိုင်းတစစီခွဲ၍စစ်ဆေးရန်မသင့်ဟူသောယေဘုယျမူနှင့်ကွဲလွဲသောသီးခြားပြဌာန်းချက်ဖြစ်သည့်အမိန့်၁၄၊နည်း၂ပါကောင်းမြတ်သည့်ပြဌာန်းချက်တို့ကိုညီညွတ်မျှတစွာပေါင်းစပ်နိုင်ဖို့လိုသည်။ဥပဒေပြဿနာတရပ်အပေါ်အဆုံးအဖြတ်ပေးလိုက်ခြင်းကြောင့်အကြောင်းခြင်းရာများကိုစုံစမ်းရန်လိုအပ်တော့မည်မဟုတ်သည့်အမှုတွင်အမှုသည်တဦးကတဖက်အမှုသည်အားသက်သေခံချက်များကိုဖော်ထုတ်ရာ၌အချိန်ကြာမြင့်စေခြင်းဖြင့်မတော်မတရားဖြစ်စေမှုကိုတားဆီးနိုင်ရန်အလို့ငှါနည်း၂ကိုပြဌာန်းထားခြင်းဖြစ်သည်ဟုတရားဝန်ကြီးဦးအုန်းဖေကအိန္ဒိယစီရင်ထုံးတရပ်ကိုလိုက်နာ၍အောက်ပါအတိုင်းဆုံးဖြတ်သည်-
[ Held: That under Rule 2 if the Court is of the opinion that the case or any part of it may be disposed of on the issues of law only, it shall try those issues first, and for that purpose may, if it thinks fit, postpone the settlement of the issues of fact until after the issues of law have been determined.
In deciding the question as to whether the Court should grant or refuse a prayer to try a preliminary issue on a point of law, some harmony is to be observed between the general principle that it is undesirable to try a case piece-meal and the specfic and wholesome provisions of Order 14, Rule 2 of the Code of Civil Procedure which have been enacted for the purpose of preventing the injustice of a party being able to force his opponent to go at great length into evidence when the simple decision on a point of law might render the investigation of the facts unnecessary.
Jankie Das and another v. Kalu Ram and another, A.I.R. (1936) Pat. 250. followed. ]
————————-
1978 BLR 90 ( 94 )
တရားမပြင်ဆင်မှု
ဥက္ကဌအဖြစ်ဦးသန့်စင်၊အဖွဲ့ဝင်များအဖြစ်ဦးလှမောင်နှင့်ဦးတင်အောင်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်
ဦးမြမောင် နှင့် ဒေါ်ရင်မြပါ၃ဦး
၁၉၇၈ မေလ ၃ ရက်
အမှုတွင်ဗဟိုတရားစီရင်ရေးအဖွဲ့ကအောက်ပါအတိုင်းထုံးဖွဲ့သည်-
[ နည်း၂တွင်” shall “ဟူသောစကားကိုသုံးထားသဖြင့်မလွဲမသွေဆုံးဖြတ်ရန်ညွှန်ကြားချက်ဖြစ်သည်။တဘက်တွင်ဥပဒေငြင်းချက်နှင့်အကြောင်းခြင်းရာငြင်းချက်များရောထွေးလျက်ရှိသောအမှု၌တရားရုံးသည်အကြောင်းခြင်းရာငြင်းချက်နှင့်ပတ်သက်သောသက်သေခံချက်များရယူပြီးမှသာဥပဒေငြင်းချက်နှင့်အကြောင်းခြင်းရာငြင်းချက်တို့ကိုတပြိုင်တည်းဆုံးဖြတ်ပေးရန်ဖြစ်သည်။ ]
——————————-
1980 BLR 16 ( 18 )
တရားမပြင်ဆင်မှု
ဥက္ကဌအဖြစ်ဦးလှဘုန်း၊အဖွဲ့ဝင်များအဖြစ်ဦးထွန်းရှိန်နှင့်ဦးအေးမောင်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်
ဒေါ်တင်တင်ရီပါ၃ နှင့် မောင်ခင်မောင်အေးပါ၃
၁၉၈၀ ဇန်နဝါရီလ ၁၀ ရက်
အမှုတွင်ဗဟိုတရားစီရင်ရေးအဖွဲ့ကအောက်ပါအတိုင်းဆုံးဖြတ်သည်-
[ ဆုံးဖြတ်ချက်။ ။တိုင်းတရားရုံးအမှုတွဲကိုကြည့်ရှုလေ့လာသည့်အခါမောင်ခင်မောင်အေးကအချင်းဖြစ်အိမ်နှင့်စပ်လျဉ်း၍မိမိသည်အမွေဆိုင်တဦးဖြစ်ကြောင်းဆိုသည့်အချက်ကိုအခြေခံထားကာပဏာမအနေဖြင့်ကန့်ကွက်ခဲ့ခြင်းဖြစ်ကြောင်းတွေ့ရှိရသည်။
တရားမကျင့်ထုံးဥပဒေအမိန့်၈၊နည်း၂၌တရားပြိုင်တဦးသည်မိမိတင်သွင်းသောအချေလွှာအားဖြင့်ထုချေလိုသည့်အချက်အလက်များနှင့်ကန့်ကွက်လိုသည့်အချက်အလက်များအားလုံးကိုထည့်သွင်းချေပကန့်ကွက်ရမည်ဟုပြဌာန်းထားသည်။ယင်းပြဌာန်းချက်အရမောင်ခင်မောင်အေး၏ကန့်ကွက်ချက်မှာအချေလွှာ၌ထည့်သွင်းကန့်ကွက်နိုင်သောကန့်ကွက်ချက်ဖြစ်သည်။သက်သေမစစ်ဆေးပဲအဆုံးအဖြတ်ပေးနိုင်သောကန့်ကွက်ချက်လည်းမဟုတ်၍ချေလွှာကိုသာတင်သင့်ပေသည်။
ထပ်မံဆုံးဖြတ်ချက်။ ။တရားမကျင့်ထုံးဥပဒေအမိန့်၁၄၊နည်း၂အရလည်းတရားရုံးများသည်အဆိုလွှာနှင့်အချေလွှာတို့ကိုစိစစ်သုံးသပ်ပြီး၊ဥပဒေအချက်အလက်နှင့်ပတ်သက်၍ဦးစွာဆုံးဖြတ်ပေးသင့်သည်ဟုယူဆသည့်အခါများတွင်၊ယင်းဥပဒေအချက်အလက်ကိုပဏာမငြင်းချက်အဖြစ်ထုတ်၍နှစ်ဘက်ကြားနာကာအဆုံးအဖြတ်ပေးနိုင်သေးသည်။ ]
————————————-
1984 BLR 213 ( 215 )
တရားမပြင်ဆင်မှု
ဥက္ကဌအဖြစ်ဦးမြကျော်၊အဖွဲ့ဝင်များအဖြစ်ဦးသန့်စင်နှင့်ဦးတင်အုန်းတို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်
ဒေါ်အေးစိန်ပါ၂ နှင့် ဒေါ်သန်းသန်းနု
၁၉၈၄ ဇူလိုင်လ ၁၃ ရက်
အမှုတွင်ဗဟိုတရားစီရင်ရေးအဖွဲ့ကအောက်ပါအတိုင်းထုံးဖွဲ့သည်-
[ ဆုံးဖြတ်ချက်။ ။အဆိုလွှာအပိုဒ်၈တွင်”၁၉၈၀ပြည့်နှစ်၊စက်တင်ဘာလတွင်တောင်းဆိုသောအခါမပေးပဲနေသည်”ဟုဖော်ပြထားသော်လည်းချေလွှာအပိုဒ်၅တွင်”ပြန်လည်အလိုရှိ၍တောင်းခံခဲ့သောအချိန်သည်၁၉၈၀ပြည့်နှစ်ဇွန်လဖြစ်ကြောင်းပေါ်လွင်နေပါသည်”ဟုငြင်းဆိုထားသဖြင့်အဆိုအချေများအရအကြောင်းခြင်းရာနှင့်စပ်လျဉ်း၍အငြင်းပွါးချက်ရှိနေသောကြောင့်အမှုစွဲဆိုရန်စည်းကမ်းသတ်ကာလကျော်လွန်ခြင်းရှိမရှိပြဿနာကိုပဏာမငြင်းချက်အဖြစ်သတ်မှတ်ရန်မဖြစ်နိုင်ပေ။ ]
———————————-
1990 BLR 22 ( 27 )
တရားမပထမအယူခံမှု
တရားရုံးချုပ်တရားသူကြီးဦးကျော်ဝင်းရှေ့တွင်
ဒေါ်ညွန့်ညွန့်ခင်
နှင့်
ဒေါ်အိမ်ကြည်(၎င်း၏ကိုယ်စားလှယ်စာရသူဦးထွန်းရီ)
၁၉၉၀ မေလ ၃၀ ရက်
အမှုတွင်တရားရုံးချုပ်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-
[ အဆိုအချေအရအငြင်းပွါး၍အမှုကိုဆုံးဖြတ်ရန်အရေးပါသောအချက်ဖြစ်လျှင်ငြင်းချက်အဖြစ်ထုတ်ပေးရလိမ့်မည်။ ]
———————-
2002 BLR ( S A B ) 219 ( 229 )
တရားမအထူးအယူခံမှု
တရားရုံးချုပ်၊ဒုတိယတရားသူကြီးချုပ်ဦးသန်းဦး၊တရားသူကြီးများဖြစ်ကြသောဦးထွန်းရှင်နှင့်ဦးချစ်လွင်တို့ရှေ့တွင်
ဒေါ်ခင်လေးပါ၂
နှင့်
ဦးပါ ပါ၅(ကွယ်လွန်သူဒေါ်မြမြဝင်း၏တရားဝင်ကိုယ်စားလှယ်များ)
၂၀၀၂ အောက်တိုဘာလ ၂၅ ရက်
အမှုတွင်တရားရုံးချုပ်အထူးအယူခံခုံရုံးကအောက်ပါအတိုင်းထုံးဖွဲ့သည်-
[ အမှုတွင်ပစ္စည်းပိုင်ဆိုင်မှုနှင့်စပ်လျဉ်း၍နှစ်ဘက်အငြင်းပွါးလျက်ရှိရာတွင်အမှုစစ်ဆေးပြီးသက်သေခံချက်များရယူခြင်းမရှိသေးပါဘဲလျက်အဆိုအချေသက်သက်ဖြင့်ပစ္စည်းပိုင်ဆိုင်မှုပြဿနာကိုအဆုံးအဖြတ်ပေးခဲ့ခြင်းသည်မှန်ကန်မှုမရှိ။ ]
———————————————-
2002 BLR 285 ( 300 )
တရားမပထမအယူခံမှု
တရားရုံးချုပ်တရားသူကြီးဦးချစ်လွင်ရှေ့တွင်
ဒေါ်မိမိအေး နှင့် ဦးမြင့်ဦး
၂၀၀၂ စက်တင်ဘာလ ၃၀ ရက်
အမှုတွင်တရားရုံးချုပ်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-
[ ဆုံးဖြတ်ချက်။ ။တိုင်းတရားရုံးကအယူခံတရားလိုစွဲဆိုသောအမှုကိုပလပ်ရာတွင်တရားလိုဒေါ်မိမိအေးတဦးတည်းသာစစ်ဆေးပြီးနောက်အယူခံတရားပြိုင်ဦးမြင့်ဦးလျှောက်ထားသည့်အတိုင်းတရားမကျင့်ထုံးဥပဒေအမိန့်၁၄၊နည်း၂နှင့်အမိန့်၁၅၊နည်း၃တို့၏လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍အယူခံတရားလိုစွဲဆိုသည့်အမှုကိုပလပ်ခဲ့ခြင်းဖြစ်ကြောင်းတွေ့ရသည်။
အမိန့်၁၄၊နည်း၂အရအမှုတွင်ဥပဒေငြင်းချက်နှင့်အကြောင်းချင်းရာငြင်းချက်ဟူ၍ငြင်းချက်နှစ်ရပ်ပေါ်ပေါက်ပြီးဥပဒေငြင်းချက်ကိုစစ်ဆေးစီရင်ခြင်းဖြင့်အမှုတခုလုံးကိုဖြစ်စေ၊တစိတ်တဒေသကိုဖြစ်စေပြီးပြတ်အောင်ဆုံးဖြတ်နိုင်မည်ဟုတရားရုံးကထင်မြင်လျှင်ဥပဒေငြင်းချက်ကိုပထမဦးစွာစစ်ဆေးစီရင်ရမည်ဟုပြဌာန်းထားသဖြင့်ဥပဒေငြင်းချက်သည်သက်သေခံချက်မယူဘဲအဆုံးအဖြတ်ပေးနိုင်လျှင်တရားရုံးသည်အဆိုပါငြင်းချက်ကိုကနဦးဆုံးဖြတ်ရန်တာဝန်ရှိသည်။
ထပ်မံဆုံးဖြတ်ချက်။ ။သာမန်အားဖြင့်တရားရုံးသည်မိမိရှေ့တွင်တင်ပြသောငြင်းချက်များကိုမည်သည့်အစီအစဉ်အရအဆုံးအဖြတ်ပေးရန်တာဝန်မရှိချေ။
အမှန်ကိုဖော်ထုတ်ရာတွင်အများဆုံးအထောက်အကူဖြစ်စေတန်ရာသည်ဟုသဘောရရှိသောနည်းဖြင့်ငြင်းချက်များကိုအဆုံးအဖြတ်ပေးခွင့်ရှိသည်။
သို့ရာတွင်ခြွင်းချက်နှစ်ရပ်ရှိသည်။အယူခံဝင်နိုင်သောအမှုများတွင်အမှုကိုအပိုင်းလိုက်တစစီစစ်ဆေးဆုံးဖြတ်ခြင်းသည်အမှုကိုကြန့်ကြာစေပြီးတမှုတည်းတွင်အယူခံများထပ်တလဲလဲပေါ်ပေါက်စေသည်ဖြစ်၍တရားရုံးသည်ဖြစ်နိုင်သမျှထုတ်ထားသောငြင်းချက်အားလုံးကိုအဆုံးအဖြတ်ပေးရန်ဖြစ်သည်။
နောက်ခြွင်းချက်တရပ်မှာအမိန့်၁၄၊နည်းဥပဒေ၂တွင်ပါရှိသည်။
ဥပဒေငြင်းချက်များသည်အမှု၏အခြေအမြစ်နှင့်သက်ဆိုင်ပြီးသက်သေခံချက်မယူဘဲအဆုံးအဖြတ်ပေးနိုင်လျှင်တရားရုံးသည်အဆိုပါငြင်းချက်များကိုကနဦးဆုံးဖြတ်ရန်တာဝန်ရှိသည်။
ယခုအမှုတွင်တိုင်းတရားရုံးကတရားလိုကိုစစ်ဆေးပြီးနောက်အမှုကိုအပြီးအပြတ်ဆုံးဖြတ်ခဲ့သည်ဖြစ်ရာသက်သေခံချက်မယူဘဲအဆုံးအဖြတ်ပေးခြင်းမဟုတ်သည့်အတွက်တရားမကျင့်ထုံးဥပဒေအမိန့်၁၄၊နည်း၂အရဆုံးဖြတ်ခြင်းမဟုတ်ပေ။ ]
——————————
A.I.R. 1954 Pepsu 9
(1953) 04 P&H CK 0010
High Court Of Punjab And Haryana At Chandigarh
Case No: C.R.No.232 of 1952
Sher Singh Kahan Singh and Another -APPELLANT
Vs.
S. Ajmer Singh and Others- RESPONDENT
Date of Decision: April 23, 1953
Equivalent Citation = A.I.R. 1954 Pepsu 9.
Hon'ble Judges: Teja Singh, C.J
Bench: Single Bench
Advocate: S. Baldev Singh, for the Appellant; Lachhman Dass, for the Respondent
Final Decision: Allowed
အမှု၌အမိန့်၁၄၊နည်း၂သည်ဥပဒေငြင်းချက်များကိုအဆုံးအဖြတ်ပေးလျှင်အမှုတမှုလုံးကိုပြီးပြတ်စေနိုင်သည့်အမှုများနှင့်သာသက်ဆိုင်သည်မဟုတ်။ဥပဒေငြင်းချက်များကိုအဆုံးအဖြတ်ပေးလိုက်ပါကအမှုသည်များအနေဖြင့်အမှု၏တစိတ်တဒေသနှင့်စပ်လျဉ်း၍သက်သေထူရန်လိုအပ်တော့မည်မဟုတ်လျှင်တရားရုံးသည်ဥပဒေငြင်းချက်များကိုကနဦးစီရင်ဆုံးဖြတ်ရန်ဖြစ်သည်ဟု၊တရားသူကြီးချုပ် Teja Singh, C.J ကအောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-
[ 3. The other objection raised by Mr. Lachhman Dass is that even if the Court holds that the decision of the Supreme Court regarding the genuineness of the will is res judicata between the parties it cannot finish the case because the Plaintiffs in order to substantiate their claim for possession of the said property will have to prove that one of them was the collateral and the other the Gurbhai of the deceased and for this evidence shall have to be taken.
This is no doubt correct but Rule (2) is not confined to those cases in which determination of issues of questions of law is sufficient by itself to conclude the case.
The words of the Rule are:
Where issues both of law and fact arise in the same suit and the Court is of opinion that the case or any part thereof may be disposed " of on the issues of law only it shall try those issues first....
The important words are "any part thereof" and since my opinion is that the decision of the legal issues will obviate the necessity of the parties adducing evidence to establish or to rebut the execution of the will & the rule lays down I that in a case of this kind the Court "shall" try the legal issues first the Subordinate Judge was wrong in rejecting the Plaintiffs" above mentioned prayer.
4. The result therefore is that the revision petition is accepted, the order of the trial Court " as set aside and it is directed that issues Nos.5 and 6 should be decided first and the determination of the other issues should be postponed "till the determination of the said issues. The Respondents will pay the Plaintiffs" costs.
Parties counsel have been directed to cause their respective clients to appear before the trial Court on the 27th April. ]
——————————-
Comments
Post a Comment