ပဋိညာဉ်အက်ဥပဒေ၊ထိမ်းမြားရန်ကတိပျက်ကွက်မှုအတွက်လျော်ကြေးရလိုမှု၊ပဋိညာဉ်ဖောက်ဖျက်မှုအတွက်လျော်ကြေးရလိုမှု၊မြန်မာဗုဒ္ဓဘာသာမိဘသည်သားသမီးကိုပေးပါရန်ကတိပျက်ကွက်သည့်အတွက်လျော်ကြေးပေးရန်တာဝန်ရှိပါသလော? [ Part Four ]

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ပဋိညာဉ်အက်ဥပဒေ၊ထိမ်းမြားရန်ကတိပျက်ကွက်မှုအတွက်လျော်ကြေးရလိုမှု၊ပဋိညာဉ်ဖောက်ဖျက်မှုအတွက်လျော်ကြေးရလိုမှု၊မြန်မာဗုဒ္ဓဘာသာမိဘသည်သားသမီးကိုပေးပါရန်ကတိပျက်ကွက်သည့်အတွက်လျော်ကြေးပေးရန်တာဝန်ရှိပါသလော? [ Part Four ]


—————————————


ပဋိညာဉ်အက်ဥပဒေပါပြဌာန်းချက်များမှာမြန်မာတို့နှင့်စိမ်းသည်။


ပြဌာန်းချက်များကိုဥပဒေစာမေးပွဲအောင်ရန်အောင်အောင်မြင်မြင်အလွတ်ကျက်နိုင်ခဲ့ရုံမျှဖြင့်ဥပဒေပညာရှင်မဖြစ်နိုင်ကြောင်း 1952 BLR ( H C ) 32 ( 36 )( D B )နှင့် 1992 BLR 94 ( 98 )စီရင်ထုံးနှစ်ရပ်ပါဖြစ်ရပ်တို့ကအထင်အရှားညွှန်ပြသည်။


မြန်မာနိုင်ငံတရားစီရင်ထုံးများသည်ပဋိညာဉ်အက်ဥပဒေပါပြဌာန်းချက်အရပ်ရပ်ကို လွှမ်းခြုံမိသေးသည်မဟုတ်သော်လည်း စီရင်ထုံးများပါကြောင်းကျိုးဆင်ခြင်သည့်ပညာကိုလေ့လာမှတ်သားနိုင်ပါလျှင်အမှုသည်များကိုထိထိရောက်ရောက်အထောက်အကူပြုနိုင်ပါလိမ့်မည်။


ယုတ်စွအဆုံးပဋိညာဉ်ဆိုင်ရာအမှုများတွင်အမှုဖြစ်ရပ်[ ဇာတ်လမ်း ]ကိုပဋိညာဉ်အက်ဥပဒေပါပြဌာန်းချက်များနှင့်ချိန်ထိုးဆင်ခြင်တတ်ပါမှ အရည်အချင်းပြည့်ရှေ့နေဖြစ်နိုင်ပါမည်။


တရားစွဲဆိုရန်အကြောင်းဖြစ်မြောက်စေသော အကြောင်းခြင်းရာမှန်များကိုရှာဖွေနိုင်ပါလိမ့်မည်။


တရားလိုပြောပြသည့်၎င်းအားအကျိုးပြုနိုင်သောဖြစ်ရပ်ကို ဆိုင်ရာဥပဒေဖြစ်သည့်ပဋိညာဉ်အက်ဥပဒေနှင့် စပ်ဟပ်ဆင်ခြင်ခြင်းမပြုပါက တရားမကျင့်ထုံးဥပဒေ အမိန့် ၇ ၊ နည်း ၁(င)အရ အဆိုပြုရန်လိုအပ်သည့်အကြောင်းခြင်းရာများကို မှန်မှန်ကန်ကန်အဆိုပြုနိုင်မည်မဟုတ်ကြောင်း သတိပေးလိုသည်။


သက်သေခံ(က)စာချုပ်ကို အဆိုပြုချက်များနှင့်တွဲဖက်ဖတ်ကြည့်ရုံမျှဖြင့် ပဋိညာဉ်အက်ဥပဒေအရအချင်းဖြစ်ငွေကိုရလိုကြောင်း တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်ကြောင်းအဆိုလွှာကသိသာထင်ရှားစေခြင်းမရှိ၍ အဆိုလွှာကို အဆိုလွှာတင်သည့်နေ့တွင်ပင် အမိန့် ၇ ၊ နည်း ၁၁(က)အရ ပယ်ချရန်ဖြစ်သည်။


အဆိုးသံသရာနှစ်ချီ၍ကြာခဲ့သည်မှာမဖြစ်စကောင်း။


တရားလို၏ဇာတ်လမ်းသက်သက်သည် အမိန့် ၇ ၊ နည်း ၁(င)တွင်အကျုံးဝင်သော တရားစွဲဆိုရန်အကြောင်းဖြစ်မြောက်စေသည့်အကြောင်းခြင်းရာများဖြစ်သည်ဟု တထစ်ချမဆိုနိုင်။


တရားလိုရလိုသောသက်သာခွင့်ကို ဥပဒေအရ ရထိုက်စေသည့်အကြောင်းခြင်းရာများသာလျှင် အမိန့် ၇ ၊ နည်း ၁(င)တွင် အကျုံးဝင်နိုင်သည်ကိုသတိပြုပါ။


အပြောကျယ်လှသောဥပဒေများကိုမတတ်ကျွမ်းဘဲ အဆိုအချေတို့ကိုကျွမ်းကျွမ်းကျင်ကျင်ရေးနိုင်ရန်မျှော်လင့်နိုင်သည်မဟုတ်။


ရာဇဝတ်မှုမှာကဲ့သို့ တရားမမှုတမှုတွင်အနိုင်ရရန်မှာလည်း တရားလို၏အဓိကတာဝန်ဖြစ်ကြောင်း ရှည်ရှည်ဝေးဝေးဆင်ခြင်ကြည့်ရန်လိုမည်မဟုတ်။


သို့သော်တရားလိုအားအမှုအနိုင်ရစေမည့်အကြောင်းခြင်းရာတို့မှာ မည်သည်တို့ဖြစ်သည်ကိုကွက်ကွက်ကွင်းကွင်းမြင်တတ်ရန်မှာမူ အဆိုလွှာရေးသူရှေ့နေတိုင်းအတွက် အခါခပ်သိမ်းလွယ်ကူသည့်ကိစ္စမဟုတ်ကြောင်း စီရင်ထုံးများပါအမှားအယွင်းတို့ကိုထောက်ချင့်ကြည့်ပါကမြင်သာပါသည်။


အဆိုးဝါးဆုံးသာဓကကိုဖတ်ရသဖြင့် စာရေးသူသည် တရားစွဲဆိုရန်အကြောင်းကိုရေးပြလိုစိတ်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

——————————


ပဋိညာဉ်အက်ဥပဒေသည်မြန်မာဥပဒေပညာရှင်တို့နှင့်အကျွမ်းတဝင်မရှိလှသဖြင့်၊နားလည်သဘောပေါက်အောင်နားမလည်မချင်းအထပ်ထပ်လေ့လာရန်လိုသည်။


နားလည်သည်ဟုမိမိကိုယ်ကိုမလှည့်စားဖို့အရေးကြီးသည်။


ဝထ္ထုဖတ်သလိုဖတ်၍ရသည်မဟုတ်။


ပဋိညာဉ်အက်ဥပဒေပုဒ်မ၂(ဃ)ပါပြဌာန်းချက်များသည်နားလည်ရန်လွယ်သည်မဟုတ်။


စီရင်ထုံးများပါဖြစ်ရပ်နှင့်စပ်ဟပ်ဖတ်ပါမှနားလည်နိုင်ပါသည်။


အခက်အခဲတရပ်မှာ 


1952 BLR ( H C ) 32 ( 36 )( D B )


APPELLATE CIVIL.


Before U On Pe and U San Maung, JJ.


MAUNG PAR (a) MAUNG PASI (a) MAUNG MYO NYUNT (APPELLANT)


                       V.


U TUN HLAING AND ANOTHER(RESPONDENTS)


Civil 1st Appeal No. 70 of 1950 against the decree of the 3rd Judge, City Civil Court, Rangoon, in Civil Regular Suit No. 892 of 1949, dated 25th August 1950.


1951 Nov. 19.


စီရင်ထုံးတခုကိုသာလက်လှမ်းမှီနိုင်သည်။


ထိုစီရင်ထုံးကိုအင်္ဂလိပ်ဘာသာဖြင့်ရေးထားရာနားလည်အောင်ဆယ်ကြိမ်ထက်မနည်းဖတ်ရန်လိုသည်။


[ အပေးအယူ ][ consideration]


ပဋိညာဉ်အက်ဥပဒေပုဒ်မ၂(ဃ)ပါ[ အပေးအယူ ][ consideration ]၏ဆိုလိုရင်းကိုနားလည်အောင်အခေါက်ခေါက်အခါခါဖတ်ရန်အထူးအရေးကြီးသည်။


ပဋိညာဉ်မြောက်မမြောက်ကိစ္စတွင်ထိုပြဌာန်းချက်များသည်သော့ချက်ဖြစ်သည်။


နားလည်လွယ်သောအရေးအသားမဟုတ်ပါ။


ပဋိညာဉ်မြောက်သည့်ကိစ္စ၌ကတိပြုသူ[ promisor ]သည်ကတိရသူ[ promisee ]ထံမှတခုခုကိုမျှော်ကိုး၍ကတိပေးခြင်းမျိုးဖြစ်ကြောင်း[ at the desire of the promisor ][ ကတိပြုသူ၏ဆန္ဒအရ ]ဟူသောစကားရပ်ကဖော်ညွှန်း[ suggest ]သည်။


ကတိရသူဘက်မှအတုံ့အပြန်ရှိရန်လိုကြောင်းမြင်သာသည်။


ဤသဘောအခံရှိပါမှ 


1952 BLR ( H C ) 32 ( 36 )( D B )


APPELLATE CIVIL.


Before U On Pe and U San Maung, JJ.


MAUNG PAR (a) MAUNG PASI (a) MAUNG MYO NYUNT (APPELLANT)


                       V.


U TUN HLAING AND ANOTHER(RESPONDENTS)


Civil 1st Appeal No. 70 of 1950 against the decree of the 3rd Judge, City Civil Court, Rangoon, in Civil Regular Suit No. 892 of 1949, dated 25th August 1950.


1951 Nov. 19.


စီရင်ထုံးစာမျက်နှာ၃၅တွင်-


[ Reading this racital, we do not see anything in it which would suggest that U Tun Hlaing has promised to give up any right, that is, to do or abstain from doing anything. ]


ဟူသောသုံးသပ်ချက်ကိုနားလည်မည်ဖြစ်သည်။


ထိုသုံးသပ်ချက်မတိုင်မီစာချုပ်ပါအကြောင်းအရာများကိုဖော်ပြထားရာကတိပြုသူဒေါ်တင်စိန်နှင့်မောင်ပါတို့ကအချင်းဖြစ်ငွေကိုပြန်လည်ပေးဆပ်ရန်ကတိပြုကြောင်းသာပါသည်။


ကတိရသူဦးထွန်းလှိုင်ဘက်မှဒေါ်တင်စိန်တို့ကတိပြုခြင်းကိုတုံ့ပြန်သည့်အနေဖြင့်တစုံတရာမပြုပါ။


[ ဥပမာငွေဆပ်လျှင်တရားမစွဲပါဟုအပြန်အလှန်ကတိပြုခြင်း ]ဟုဖော်ညွှန်းသောအရေးအသားစာချုပ်တွင်မပါ။


[ U Tun Hlaing has promised to give up anything. ]


 ဦးထွန်းလှိုင်ကအခွင့်အရေးတရပ်ရပ်ကိုစွန့်လွှတ်ကြောင်းဖော်ညွှန်းသည့်လေသံပါသည်ကိုစာချုပ်၌မတွေ့ရဟုဆိုရာ၌ဦးထွန်းလှိုင်အနေဖြင့်၎င်းတို့နှစ်ဦးအားတရားစွဲဆိုခွင့်အားစွန့်လွှတ်ခြင်းကိုဆိုလိုခြင်းဖြစ်သည်။


ငွေဆပ်လျှင်တရားမစွဲပါဟုဦးထွန်းလှိုင်ကတာဝန်ယူသဖြင့်ဒေါ်တင်စိန်တို့ကငွေပေးဆပ်ရန်ကတိပြုခြင်းဖြစ်လျှင်အပေးအယူရှိသည်ဟုဆိုရမည်ဖြစ်သည်။


ပုဒ်မ၂(ဃ)ပါ[ at the desire of the promisor ]ဟူသောစကားရပ်နောက်ကလာသောကိစ္စတို့သည်[ promisee ]နှင့်ဆိုင်သည်။


ကတိရသူဘက်မှတုံ့ပြန်မှုသည်(က)ကတိရသူသို့မဟုတ်အခြားသူတဦးကတစုံတရာပြုပြီးဖြစ်ခြင်းသို့မဟုတ်မပြုလုပ်ဘဲရှောင်ကြဉ်ပြီးဖြစ်ခြင်းသို့မဟုတ်(ခ)တစုံတရာကိုပြုလုပ်ခြင်းသို့မဟုတ်မပြုလုပ်ဘဲရှောင်ကြဉ်ခြင်းသို့မဟုတ်(ဂ)တစုံတရာကိုပြုရန်သို့မဟုတ်မပြုဘဲရှောင်ကြဉ်ရန်ကတိပြုခြင်းဖြစ်နိုင်သည်။


ဦးထွန်းလှိုင်ကဒေါ်တင်စိန်တို့အားတရားစွဲဆိုခြင်းမပြုပါဟုကတိပြုလျှင်[ promise to abstain from suing or prosecuting ]ဖြစ်ပေလိမ့်မည်။

—————————————————-


1952 BLR ( HC )32 ( 36 )( D B )စီရင်ထုံးစာမျက်နှာ၃၅နောက်ဆုံးအပိုဒ်ပါရေးနည်းရေးဟန်ကိုအတုခိုးကာ[ အင်္ဂလိပ်ဘာသာဖြင့်ရေးရသော်[ the phraseology adopted in 1952 BLR ( HC ) 32 ( 35 )( D B ) ]ဟုအစချီပြီး-


[ There is nothing which would amount to a contract supported by consideration on the part of the bank to do or abstain from doing anything in this case. ]


ဟုဆိုပါကမှားအံ့မထင်။


[ borrowing ][ မြန်မာစာအဖွဲ့၏အင်္ဂလိပ်-မြန်မာအဘိဓာန်စာမျက်နှာ-၁၄၆တွင်[ borrow ]ဟူသောဝေါဟာရကိုအတုခိုးသည်ဟုဘာသာပြန်ပြီး[ borrow freely from other writers ]ဟုဥပမာပေးထားသည်။ ]

———————————————————


ထိုရေးနည်းရေးဟန်ကို-


1960 BLR ( S C ) 156 ( 163 )


SUPREME COURT.


U LU GALE (APPLICANT)


                    V.


MAUNG THAUNG TIN AND THREE OTHERS (RESPONDENTS).*


Civil Misc. Application No. 106 of 1955.


Present: U THEIN MAUNG, Chief Justice of the Union, U MYNT THEIN and U CHAN HTOON, JJ.


( Note.- This judgment was not published in the appropriate issue of the Burma Law Reports, through an oversight- Ed., B.L.R. )


1956 Oct. 1.


စီရင်ထုံးစာမျက်နှာ၁၅၈တတိယစာပိုဒ်၌အောက်ပါအတိုင်းတွေ့နိုင်သည်-


[We have incorporated in our Constitution some of the prerogative writs of English origin and their application in the enforcement of rights to Constitutional remedies is ensured by Article 25. 


Borrowing the phraseology adopted in section 491 of the Criminal Procedure Code the writs are referred to in the Constitution as " directions in the nature of Habeas Corpus, Mandamus, quo warranto and certiorari". 


As is to be expected, in their application, this Court has followed the principles that are observed by English Courts in exercising jurisdiction.]


ထုံးပြုသောစီရင်ချက်ကိုယခင်တရားလွှတ်တော်ချုပ်၏တတိယမြောက်နှင့်နောက်ဆုံးနိုင်ငံတော်တရားသူကြီးချုပ်ဦးမြင့်သိန်းရေးပါသည်။


ထိုပုဂ္ဂိုလ်ကြီးသည်ဒေါက်တာမောင်မောင်ကဲ့သို့နားလည်လွယ်သောအင်္ဂလိပ်ဘာသာအရေးအသားကိုရေးတတ်သူဖြစ်သည်။


တရားသူကြီးနှစ်ဦး၏အရေးအသားကွဲလွဲပုံကိုနှိုင်းယှဉ်လေ့လာမှတ်သားပါကအင်္ဂလိပ်ဘာသာအရေးအသားများတိုးတက်နိုင်ကြောင်းအသိပေးလိုပါသည်။

—————————————


မျက်မှောက်ခေတ်​ရှေ့နေရှေ့ရပ်တို့သည်ပဋိညာဉ်အက်ဥပဒေနှင့်စိမ်းကြောင်းစီရင်ထုံးများကညွှန်ပြသည်။


စီရင်ထုံးများကိုဂဃနဏလေ့လာမှုလည်းအားနည်းကြသည်။


အပေးအယူမရှိသောသဘောတူညီမှုသည်ပဋိညာဉ်မမြောက်ဟုပုဒ်မ၂၅တွင်အတိအလင်းပြဌာန်းထားသော်လည်းသတိမူရန်ပျက်ကွက်တတ်ကြသည်။


အမှန်စင်စစ်ပဋိညာဉ်အက်ဥပဒေပါ[ consideration  ]ဟူသောစကားရပ်၏အဓိပ္ပာယ်မှန်ကိုကောင်းစွာသဘောမပေါက်ကြ။


ငွေပေးလျော်ရန်ကတိသက်သက်သည်အပေးအယူမရှိသောနှစ်လမ်းသွားမဟုတ်သောတဖက်သတ်ကတိသည်[ consideration ]မဟုတ်ကြောင်းအလေးအနက်ဆင်ခြင်ကြရန်ပျက်ကွက်တတ်သည်။


VOL. I:—1900—1902. LOWER BURMA RULINGS. 190 ( 191 )


Before Mr. Justice Fox.


KANKANI AND TWO OTHERS v. MAUNG PO YIN.


Civil Revision No. 94 of 1901.


February 20th, 1902.


အမှုတွင်ရည်ညွှန်းထားသော[ naked promise ][ အသားလွတ်ပြုသောကတိ ]သည်တဖက်သတ်ကတိဖြစ်၍ပဋိညာဉ်မမြောက်ဟုပြဆိုထားသော်လည်းသဘောမပေါက်သဖြင့်အမှုဖြစ်ရပ်နှင့်စပ်ဟပ်ဆင်ခြင်ရာ၌အဖြေမှန်မထွက်သည်ကိုတွေ့ရသည်။

————————————-


VOLUME. IX. BURMA LAW REPORTS 221 ( 223 )


THE CHIEF COURT OF LOWER BURMA.


APPELLATE CIVIL JURISDICTION.


Before Mr. Justice Fcx.


ALEXANDER GRANT-APPLICANT.


                      vs.


G. APPANNA-RESPONDENT.


Civil Revision No. 7 of 1903.


1903. April 9th.


အမှုတွင်၊ငွေပေးဆပ်ရန်ဝန်ခံသည့်ကိစ္စနှင့်ပတ်သက်၍ကတိပြုသူ၏ကတိအတွက်အဖိုးစားနားဖြစ်သည့်ကတိရသူဘက်မှပြုသောပြုလုပ်မှုသို့မဟုတ်လွဲရှောင်မှုရှိရမည်။ကတိသည်ဥပဒေအမြင်တွင်တန်ဖိုးတစုံတရာရှိရမည်။မပူပါနဲ့ဟုတာဝန်ယူခြင်းတဦးတယောက်အားစိတ်အနှောင့်အယှက်မပေးရန်တာဝန်ယူခြင်းမျိုးသည်လုံလောက်သောအဖိုးစားနားမဟုတ်ကြောင်းအတိအလင်းပြုသောကတိ၏အခြေခံလည်းမဟုတ်ကြောင်းဥပဒေအမြင်တွင်တန်ဖိုးရှိသောအဖိုးစားနားမရှိကြောင်းသို့ဖြစ်၍ပေးဆပ်ရန်ပဋိညာဉ်မရှိ၍တရားပြိုင်သည်ပေးဆပ်ရန်တာဝန်မရှိကြောင်းတရားသူကြီး FOX ကအောက်ပါအတိုင်းညွှန်ပြထားသည်-


[ FOX, J. The plaintiff sued the defendant upon an alleged promise by him to pay what was due upon certain promissory notes signed by a Mrs. Booth.


The defendant denied that he had undertaken to pay the money.


Although the decision on the facts seems a somewhat extraordi. nary one, this Court is bound by the Judge's decision on the facts.


He held that the defendant promised to pay the amount of the notes in consideration of the plaintiff not troubling Mrs. Booth for the money.


This finding may be taken in connection with the evidence given on behalf of the plaintiff as to what happened when the defendant made the alleged promise.


The plaintiff asked Mrs. Booth for payment and the latter told him to wait until the defendant came, and was crying.


The defendant then came and Mrs. Booth told the plaintiff she owed the plaintiff Rs. 400 and house-rent.


The plaintiff produced the notes and the detendant took them and told the plaintiff net to bother the lady and that he would pay the money.


This is the plaintiff's version which the learned officiating Judge accepted:


The only question is whether there was any consideration to support the defendant's promise.


The terms of clause (d) of section 2 of the Contract Act (2) are no doubt very wide, but it is a principle of law that the act, abstinence or promise on the part of the promisee which forms the consideration of the promisor's promise must have some value in the eyes of the law.


In the present case the request of the defendant did not amount to a request to give time to Mrs. Both, or not to take any proceedings against her, it was merely a request not to bother the lady who was at the time in tears. 


The plaintiff does not say that, in consequence of the defencant's request and promise to pay the money, he promised not to bother her for the money. 


Even if he had said so, an undertaking not to bother or annoy a person is not a sufficient concideration or foundation in law for an express promise, see Addison on Contracts (3) 8th Edition, p. 12. and White vs. Bluett (1). 23 L.J. Ex. 36.


Still less did the plaintiff say that, in consequence of the defendant's promise, he released or undertook not to proceed against Mrs. Booth in any event or that he gave her time.


In my judgment there was no consideration of any value in the eyes of the law for the defendant's promise to pay, and consequently there was no contract to pay, and the defendent was not legally liable to pay.


I reverse the decree of the Small Cause Court and dismiss the suit with costs. 


The plaintiff must pay the defendant's costs in this court. ]

————————————————-


အထက်ပါစီရင်ထုံးတွင်၊တရားသူကြီး FOX လိုက်နာဆုံးဖြတ်သောအင်္ဂလန်နိုင်ငံစီရင်ထုံး[ White v Bluett (1853) 23 LJ Ex 36 ]အား၊စာဖတ်သူဥပဒေပညာရှင်များလေ့လာဖတ်ရှုနိုင်ရန်အတွက်အင်တာနက်မှကူးယူဖော်ပြပါသည်-


[ White v Bluett (1853) 23 LJ Ex 36


Court: Court of Exchequer (England and Wales)


Legal Domain: Contract Law - Consideration


White v Bluett (1853) is a seminal case in English contract law, primarily dealing with the essential requirement of consideration. The judgement clarified that consideration must be something of measurable value in the eyes of the law. A vague or intangible promise, such as refraining from complaining, does not satisfy this requirement. The decision in White v Bluett (1853) continues to influence the doctrine of consideration and is frequently cited in both academic literature and judicial reasoning.


Facts of White v Bluett Case


In White v Bluett (1853), the dispute arose following a familial transaction between a father and son. Mr Bluett had lent a sum of money to his son. The terms of the loan were formalised through a promissory note, making the son legally liable for repayment. However, before the debt was settled, Mr Bluett died.


Following his death, Mr White, acting as the executor of Mr Bluett's estate, sought to recover the outstanding debt from the son. The son, in turn, presented a unique defence: he argued that his father had verbally agreed to cancel the debt if the son ceased complaining about how the father had decided to distribute his property among other members of the family.


The core of the son's argument was that his promise to abstain from voicing complaints amounted to valid consideration. This, he claimed, created a binding contract that discharged the debt under the promissory note. As a result, he believed he was not obliged to repay the money to the estate.


Legal Issue


The central question before the court in White v Bluett (1853) was whether the son's promise to refrain from complaining could be regarded as good consideration in the eyes of English contract law. If the court accepted this notion, the informal agreement would be legally binding, and the debt unenforceable.


White v Bluett Judgement


The Court of Exchequer ruled against the son. Pollock CB, delivering the leading judgement, held that there was no valid consideration provided by the son that would support a contract discharging the debt. The court concluded that the son's agreement to stop complaining was not a benefit to the father, nor a detriment to the son, in any legally recognised sense.


Pollock CB stated unequivocally that the son had "no right to complain" in the first place. Since the father was legally entitled to distribute his property as he pleased, the son's abstention from complaining was essentially an act of not doing something he had no right to do. Such an act, the court reasoned, was intangible and did not constitute real consideration under contract law.


Key Judicial Reasoning


In his detailed judgement of White v Bluett, Pollock CB criticised the logic of the son's argument, describing it as "pressed to an absurdity, as a bubble is blown until it bursts." He provided an analogy to illustrate the absurdity of such reasoning. For instance, a person might say to another, "Do not complain about my use of the public road, and I will give you five pounds." In such a case, the promise not to complain would not have legal force and would not support a binding agreement.


According to Pollock CB:


"The son had no right to complain, for the father might make what distribution of his property he liked; and the son's abstaining from doing what he had no right to do can be no consideration."


The court concluded that the moral or emotional value of such a promise was insufficient to form the basis of a contract. Therefore, the son remained liable under the promissory note, and Mr White, the executor, could lawfully demand repayment.


Concurrence by Baron Alderson


Baron Alderson, concurring with Pollock CB, added a significant point. He addressed the broader implications of allowing mere promises to serve as consideration. He explained that if the law were to recognise such promises as valid consideration, then the concept of nudum pactum — a bare promise without consideration - would cease to exist.


His reasoning reinforced the principle that consideration must flow from both parties and must involve something of real legal value, not just sentiment or silence.


Conclusion


In conclusion, White v Bluett (1853) remains a cornerstone case in English contract law, offering clear guidance on what does not amount to valid consideration. The court's rejection of the son's defence highlights the necessity of substance in contractual exchanges. Emotional restraint, silence, or refraining from complaints, without a corresponding legal right or duty, are insufficient to support or discharge a contractual promise.


By affirming that consideration must have legal value, the court in White v Bluett (1853) preserved the foundational principles of contract formation and enforceability, ensuring that contracts are built upon objective and tangible commitments, not merely subjective or sentimental gestures. ]

———————————————-


VOL. I:—1900—1902. LOWER BURMA RULINGS. 190 ( 191 )


Before Mr. Justice Fox.


KANKANI AND TWO OTHERS v. MAUNG PO YIN.


Civil Revision No. 94 of 1901.


February 20th, 1902.


အမှုတွင်၊ပေးဆပ်ရန်တာဝန်ရှိပြီးဖြစ်သောကြွေးမြီကိုပေးဆပ်ရန်ကတိပြုရုံသက်သက်သည်အဖိုးစားနားမရှိဘဲပြုသောကတိဖြစ်၍ထိုပဋိညာဉ်အားဖောက်ဖျက်ခြင်းသည်တရားစွဲဆိုရန်အကြောင်း၏အခြေခံဖြစ်မည်မဟုတ်ကြောင်းအောက်ပါအတိုင်းထုံးဖွဲ့ထားသည်-


[  A naked promise to pay what a person is alread under an obligation to pay is, without consideration, and therefore does not c nstitute a fresh contract, breach of which would be the foundation of a cause of action.


An acknowledgment on an account stated does not in itself constitute a fresh contract.


Shankar v. Mukta, I. L. R. 22 Bom., 513, and Ganga Prasad v. Ram Daya,

I. L. R. 23 All., 502, followed. ]


——————————


ကတိပြုရုံသက်သက်[ naked promise ]သည်ငွေပေးဆပ်ရန်တာဝန်မရှိစေပါ။


ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၅အရဆိုင်ရာကတိအတွက်အဖိုးစားနားအပေးအယူရှိမှသာပဋိညာဉ်မြောက်ပါသည်။


ပဋိညာဉ်မြောက်ပါမှထိုပဋိညာဉ်အပေါ်အခြေပြုကာတရားစွဲဆိုနိုင်ပါသည်။


အပေးအယူအဖိုးစားနားမရှိသောပဋိညာဉ်သည်ပုဒ်မ၂၅အရပျက်ပြယ်ပါသည်။


ပဋိညာဉ်အက်ဥပဒေပုဒ်မ၂ ( ဆ )တွင်ဥပဒေအရဆောင်ရွက်စေခြင်းမပြုနိုင်သောသဘောတူညီချက်သည်ပျက်ပြယ်သည်မည်၏။


[ An agreement not enforceable by law is said to be void ]


ဟုအဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။


သို့ဖြစ်ရာအပေးအယူအဖိုးစားနားမရှိသောကတိကဝတ်အတိုင်းတရားဥပဒေအရဆောင်ရွက်စေခွင့်မရှိပါ။


ကတိကဝတ်သည် သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၁၂ပါပဋိညာဉ်[ contract ]၌အကျုံးဝင်သည့်ကတိမျိုးမဟုတ်လျှင်တရားလိုသည်သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၁၂အရတရားစွဲဆိုပိုင်ခွင့်ရှိသူများမဖြစ်နိုင်ပါ။


မည်သူကပဋိညာဉ်အတိုင်းဆောင်ရွက်စေနိုင်သည်ဟု သီးခြားသက်သာခွင့်

အက်ဥပဒေပုဒ်မ၂၃ ( က )တွင်လည်းကောင်း၊မည်သူ့အပေါ်ပဋိညာဉ်အတိုင်းဆောင်ရွက်စေနိုင်သည်ဟု ပုဒ်မ၂၇(က)တွင်လည်းကောင်းပြဌာန်းထားသည်။


ထိုသူတို့သည်ပဋိညာဉ်ကိုချုပ်ဆိုရာ၌ပါဝင်သူများဖြစ်ကြသည်။


ပဋိညာဉ်ဖွဲ့သည့်တဖက်ကကျန်တဖက်အပေါ်ပဋိညာဉ်အတိုင်းဆောင်ရွက်ပေးစေရန်အပြန်အလှန်တရားစွဲဆိုခွင့်ရှိသည်။


ပုဒ်မ၂၃(က) နှင့် ပုဒ်မ၂၇(က)တို့သည်ပဋိညာဉ်၏သဘောသဘာဝအပေါ်အခြေခံသောပြဌာန်းချက်များဖြစ်သည်။


ပဋိညာဉ်တရပ်သည်ပဋိညာဉ်ပြုသူအသီးသီးအပေါ်တာဝန်များ[ obligations ]တင်ရှိစေသည်။


ထိုတာဝန်များကို[ considerations ]ဟုတနည်းပြဌာန်းသည်။


သဘောတူညီချက်သည်ပဋိညာဉ်မမြောက်ခြင်းကြောင့်ကိုးယိုကားယားနိုင်သောအခြေအနေများပေါ်ပေါက်လျက်ရှိခြင်းဖြစ်သည်။


ပြဿနာတရပ်ကိုရှုထောင့်စုံမှဆင်ခြင်ဆုံးဖြတ်မှသာအဖြေမှန်ထွက်ပေါ်နိုင်မည်ဖြစ်သည်။

————————


ပြီးပြည့်စုံသည့်ပဋိညာဉ်ဟူသောစကားရပ်နှင့် ပြီးမြောက်သောပဋိညာဉ်ဟူသောစကားရပ်တို့သည် ပဋိညာဉ်အက်ဥပဒေပုဒ်မ၁၀ပါ အောက်ပါပြဌာန်းချက်များတွင်မရှိ-


[ All agreements are contracts if they made by the free consent of parties competent to contract , for a lawful consideration and with a lawful object , and are not hereby expressly declared to be void. ]


[ ပဋိညာဉ်ပြုရန်အရည်အချင်းရှိသူတို့က ဥပဒေနှင့်ညီသည့်ကတိနှင့်ညီညွတ်ချက်၊အဖိုးစားနား၊ အပေးအယူအတွက် ဥပဒေနှင့်ညီသောရည်ရွယ်ချက်ဖြင့် လွတ်လပ်သောသဘောတူချက်အရပြုလုပ်ပြီး ဤဥပဒေအရပျက်ပြယ်ကြောင်း အတိအလင်းပြဌာန်းထားခြင်းမရှိသော သဘောတူချက်အရပ်ရပ်သည်ပဋိညာဉ်များဖြစ်သည်။ ]

—————————————————


VOL. I:—1900—1902. LOWER BURMA RULINGS. 190 ( 191 )


Before Mr. Justice Fox.


KANKANI AND TWO OTHERS v. MAUNG PO YIN.


Civil Revision No. 94 of 1901.


February 20th, 1902.


အမှုတွင်တရားလိုမြီရှင်ကတရားပြိုင်မြီစားထံမှရရန်ရှိသောမူလကြွေးမြီမှာတရားစွဲဆိုသောအခါ ကာလစည်းကမ်းသတ်ကျော်လွန်လျက်ရှိသဖြင့် တရားပြိုင်ကထိုကြွေးမြီကိုပေးဆပ်ရန်ထပ်မံကတိပြုချက်အပေါ်အခြေခံကာ ကြွေးမြီရလိုကြောင်းတရားစွဲဆိုရာပေးဆပ်ရန်တာဝန်ရှိပြီးဖြစ်သောကြွေးမြီများကိုပေးဆပ်ရန်ကတိပြုရုံသက်သက်သည် အဖိုးစားနားမရှိဘဲပြုသောကတိဖြစ်၍ ပဋိညာဉ်အသစ်ဖြစ်ပေါ်စေခြင်းမရှိ။ 


ထိုပဋိညာဉ်အားဖောက်ဖျက်ခြင်းသည်တရားစွဲဆိုရန်အကြောင်း၏အခြေခံဖြစ်မည်မဟုတ်ကြောင်းအောက်ပါအတိုင်းထုံးဖွဲ့ပါသည်-


[ THe plaintiff based his claim upon the following state of facts:—


(1) That on the 3rd waxing of Wazo, 1260 B.E., the defendants being unable to pay him a debt of Rs. 50, which was already due to him, promised to pay him that sum with interest at the rate of 3 per cent. per mensem.


(2) That afterwards on the 1st wasing of “Hnaung” Tagu, 1260 B.E., the defendants, being unable to pay the sum of Rs. 175 then due by them to him, promised to pay such sum with interest at 5 per cent. per mensem.


(3) That the defendants had delivered to him some paddy towards satisfaction of the debts, leaving a balance for which he sued.


In his evidence the plaintiff alleged that on the dates above stated there had been settlements of account, and that one of the defendants had signed his account book in acknowledgment of Rs. 50 being due at the first settlement.


The original Court held that the plaintiff was debarred by section 63 of the Code of Civil Procedure from relying on his accounts, and also that the acknowledgment of Rs. 59 being due was inad nissible in evidence because it was not stamped, and it dismissed the suit.


The Appellate Court frund that there was evidence apart from the accounts which proved the plaintifl's claim and gave the plaircifi a decree.


Neither Court considered what causes of action the plaintiff was 

claiming on.


On the allegations in the plaint he was claiming upon promises by the defendants on the dates in question to pay to him what they alteady owed hirt, and so far as the Rs. 50 was concerned, he in his evidence was relying upon an acknowledgment on an account stated.


A naked promise to pay what a person is already under an obligation to pay is without consideration, and therefore does not constitute a fresh contract, breach of which would be the foundation of a cause of action.


Even if the  acknaledgment had been proved, that would not have in itself constituted a fresh contract- see Shankar v. Mukta (1) I. L. R. 22 Bom., 513. and Ganga Prasad v. Ram Dayal (2) I. L. R. 23 All., 502.


It was not open to the plaintiff to sue except in respect of the original debts: if he had done this, the Courts would have had to see how far the provisions of the Limitation Act applied to the cases.


In the present case the Appellate Court has given the plaintiff a decree upon a non-existent cause of action, and in so doing has acted illegally within the meaning of section 622 of the Code of Civil Procedure.


The decree of the Appellate Court is set aside, and that of the original Court restored.


The plaintiff  must pay the defendant's costs in this Court, and in the District Court. ]


——————————————-


VOL. XXII. INDIAN LAW REPORTS. BOMBAY SERIES. 513 ( 520 )


APPELLATE CIVIL.


Before Sir C. Farran, Kt., Chief Justice, and Mr. Justice Hosking.


SHANKAR, PLAINTIFF.


                v. 


MUKTA, DEFENDANT.*


Civil Reference, No. 7 of 1896.


1896, Oct. 6.


အမှု၌၊တရားသူကြီးချုပ် FARRAN, C.J.:ကစီရင်ထုံးစာမျက်နှာ-၅၁၇တွင်အောက်ပါအတိုင်းမြွက်ဆိုသည်-


[ The principle is stated with great terseness and lucidity by Melvill, J., in Amritlal v. Maniklal *): 


“The entry is nothing more than an acknowledgment of an existing debt from which the law implies a contract or promise. 


The consideration for the contract is expressed in writing, but not the contract itselt.


The entry is not a contract in writing, but a writing from which an unwritten contract may be inferred." ]


အထက်ပါစီရင်ထုံးသည်-


VOL. I:—1900—1902. LOWER BURMA RULINGS. 190 ( 191 )


Before Mr. Justice Fox.


KANKANI AND TWO OTHERS


             v. 


MAUNG PO YIN.


Civil Revision No. 94 of 1901.


February 20th, 1902.


အမှု၌၊တရားသူကြီး MR. C. E. FOX ရည်ညွှန်းကိုးကားထားသောစီရင်ထုံးဖြစ်ပါသည်။

———————————————


VOL. XXIII. INDIAN LAW REPORTS, ALLAHABAD SERIES 502 ( 505 )


Before Mr. Justice Burkitt and Mr. Justice Chamier.


GANGA PRASAD (PLAINTIFF) 


                 V.


RAM DAYAL (DEFENDANT).*


1901 July 9.


အမှု၌၊တရားသူကြီး BURKITT and CHAMIER, JJ.—တို့ကစီရင်ထုံးစာမျက်နှာ-၅၀၃တွင်အောက်ပါအတိုင်းသုံးသပ်သည်-


[ The first Court found in favour of the plaintiff and decreed. the claim. On appeal the Subordinate Judge dismissed the suit, holding on the authority of Shankar v. Mukta (I), (1896) I.L.R., 22 Bom., 513. that the entry in the plaintit's book was a mere acknowledgment, and could not alone be the basis of a suit. The plaintiff has appealed to this Court. ]


စီရင်ထုံးစာမျက်နှာ-၅၀၄၌အောက်ပါအတိုင်းပြဆိုသည်-


[ Then it was contended that upon an unconditional acknowledgment of this kind, a promise to pay ought to be implied, and that such an implication may be the basis of a suit. If such an acknowledgment can form the basis of a suit, it must be on the ground that it amounts to a new contract; ]


အထက်ပါစီရင်ထုံးသည်-


VOL. I:—1900—1902. LOWER BURMA RULINGS. 190 ( 191 )


Before Mr. Justice Fox.


KANKANI AND TWO OTHERS


             v. 


MAUNG PO YIN.


Civil Revision No. 94 of 1901.


February 20th, 1902.


အမှု၌၊တရားသူကြီး MR. C. E. FOX ရည်ညွှန်းကိုးကားထားသောစီရင်ထုံးဖြစ်ပါသည်။

———————————-


VOLUME. IX. BURMA LAW REPORTS 221 ( 223 )


THE CHIEF COURT OF LOWER BURMA.


APPELLATE CIVIL JURISDICTION.


Before Mr. Justice Fcx.


ALEXANDER GRANT-APPLICANT.


                      vs.


G. APPANNA-RESPONDENT.


Civil Revision No. 7 of 1903.


1903. April 9th.


အမှုတွင်၊တရားလိုသည်တရားပြိုင်ကိုမောင်ဖြူချုပ်ဆိုသောငွေပေးကတိစာချုပ်များအရပေးဆပ်ရန်ရှိသည်များကို(တရားပြိုင်)က ပေးဆပ်ပါမည်ဟူသောကတိအရ တရားစွဲဆို၏။ တရားလိုကမိမိသည်မောင်ဖြူအား အကြွေးဆပ်ရန်ဖိအားပေးသောအခါ တရားပြိုင်က မောင်ဖြူအတွက်မပူပါနဲ့ မိမိပေးဆပ်ပါမည်ဟုပြောဆိုကြောင်းဖြင့်အဆိုပြု၏။ တရားပြိုင်ကဤအချက်များကိုငြင်းသည်။ 


ဆုံးဖြတ်ချက်။ ကတိပြုသူ၏ကတိအတွက် အဖိုးစားနားဖြစ်သည့် ကတိရသူဘက်မှပြုသောပြုလုပ်မှု၊ရှောင်မှု သို့မဟုတ် ကတိသည်ဥပဒေအမြင်တွင်တန်ဖိုးတစုံတရာရှိရမည်၊ မပူနဲ့ဟုတာဝန်ယူခြင်း၊ တဦးတယောက်အားစိတ်အနှောင့်အယှက်မပေးရန်တာဝန်ယူခြင်းသည် လုံလောက်သောအဖိုးစားနားမဟုတ်၊ အတိအလင်းပြုသောကတိ၏အခြေခံလည်းမဟုတ်၊ တရားပြိုင်ကငွေပေးဆပ်ရန်ဥပဒေအရတာဝန်မရှိကြောင်း၊တရားသူကြီး FOX ကအောက်ပါအတိုင်းထုံးဖွဲ့ပါသည်-


[ It is a principle of law that the act, abstinence or promise on the part of the promisee, which forms the consideration of the promisor's promise, must have some value in the eyes of the law.


An undertaking not to bother or annoy a person is not a sufficient con-

sideration or foundation for an express promise.


White vs. Bluett (1) 23 L.J. Ex. 36. followed. 


The plaintiff sued the defendant upon an aleged promise by him to pay what was due upon certain prommissory notes signed by B. 


The defendant denied that he had undertaken to pay the money.


The plaintiff's version of the facts, which was accepted by the lower Court, was as follows:


The plaintiff asked B. for payment and the latter told him to wait until the defendant came and was crying.


The defendant  then came and B. told the plaintiff she owed the plaintiff Rs. 400 and house-rent. 


The plaintiff produced the notes and the defendant took them and told the plaintiff not to bother the lady and that he would pay the money.


Held that therewas no consideration of any value in the eyes of the law for the defendant's promise to pay, that consequently there was no contract to pay and that therefore the detendant was not legally liable to pay. ]

——————————————


1952 BLR ( H C ) 32 ( 36 )( D B )


APPELLATE CIVIL.


Before U On Pe and U San Maung, JJ.


MAUNG PAR (a) MAUNG PASI (a) MAUNG MYO NYUNT (APPELLANT)


                       V.


U TUN HLAING AND ANOTHER(RESPONDENTS)


Civil 1st Appeal No. 70 of 1950 against the decree of the 3rd Judge, City Civil Court, Rangoon, in Civil Regular Suit No. 892 of 1949, dated 25th August 1950.


1951 Nov. 19.


အမှုတွင် မောင်ပါ၏ဖခင်ဦးဟိန်သည် ပန်းဆိုးတန်းလမ်းကွန်ကိုးသမဝါယမအသင်း၏ ဘဏ္ဏာထိန်းဖြစ်ပြီး၎င်းသေဆုံးသောအခါ ၎င်း၏လက်ဝယ်၌ အဆိုပါကွန်ကိုးပိုင်ငွေ ၃၅၀၀ကျပ်ရှိနေပါသည်။ အသင်း၏အတွင်းရေးမှုးဦးထွန်းလှိုင်က ဦးဟိန်၏သားမောင်ပါနှင့်ဇနီးဒေါ်တင်ကြည်တို့အပေါ် အဆိုပါငွေရလိုကြောင်းဖြင့် ၎င်းတို့ကိုယ်တိုင်အနေဖြင့်လည်းကောင်း၊ဦးဟိန်၏အမွေစားအမွေခံများအနေဖြင့လည်းကောင်း[ personally as well as in their capacity as heirs and legal representatives of U Hein ]တရားစွဲဆိုရာ၌တရားပြိုင်များကချုပ်ဆိုပေးသောသက်သေခံ( ဂ )ကတိစာချုပ်အပေါ်အခြေခံကြောင်းတရားဝန်ကြီးဦးအုန်းဖေကစီရင်ထုံးစာမျက်နှာ-၃၂နှင့်၃၃၌အောက်ပါအတိုင်းသုံးသပ်သည်-


[ U ON PE, J.- The suit out of which this appeal has arisen was brought by the ist respondent U Tun Hlaing. for the recovery of a sum of Rs. 3,000 against the appellant Maung Par and the 2nd respondent Daw Tin Kyi (a) Daw Tin Sein, who are the son and widow, respectively, of the deceased U Hein, personally as well as in their capacity as heirs and legal representatives of U Hein.


The admitted facts are that U Hein and U Tun Hlaing were the Treasurer and Secretary, respectively, of the Phayre Street Concos, that as Treasurer U Hein held monies belonging to the Concos MAuNG Mrb deposited by the Secretary U Tun Hlaing and that the monies so deposited totalled Rs. 3,500 on the 17th July 1949, when U Hein died. 


The basis of the claim in the suit against the two defendants is a document (Exhibit C), which is an agreement executed by the defendants, as set out in paragraph 5 of the plaint: ]


အဆိုအပိုဒ်၅တွင်တရားပြိုင်များကအချင်းဖြစ်ငွေကိုပေးဆပ်ရန်တာဝန်ရှိပုံကိုဝန်ခံကြောင်းနှင့်ထိုငွေကိုပေးဆပ်ရန်ကတိစာချုပ်ချုပ်ဆိုကြောင်းအဆိုပြုသည်ဟုစီရင်ထုံးစာမျက်နှာ၃၃၌အောက်ပါအတိုင်းသုံးသပ်သည်-


[ which is an agreement executed by the defendants, as set out in paragraph 5 of the plaint:


"5. That on the 17th day of July 1949 the defendants admitted the liability of the said sum of money and executed an agreement undertaking to repay the same on or before the 31st August 1949 since they have spent the same." ]


မောင်ပါတို့ကအခြားအချက်များအပြင်အချင်းဖြစ်ကတိစာချုပ်ကိုအပေးအယူအဖိုးစားနားမရှိဘဲချုပ်ဆိုရကြောင်းထုချေသည်ဟုစီရင်ထုံးစာမျက်နှာ-၃၃၌အောက်ပါအတိုင်းသုံးသပ်သည်-


[ In answer to the plaint, the material plea set up by the Ist defendant is set out in paragraph 5 of her written statement which reads:


"5. That with reference to paragraph 5 of the plaint, this defendant submits that the agreement dated 17th July 1949 was executed in the following circumstances and is void. The late U Hein died at about 10 a.m. on the 17th July 1949. The same night the plaintiff came to the funeral house bringing with him a written agreement on a stamped paper and by fraud, coercion and undue inflnence forced this defendant to sign the same without any consideration it a spot a few feet away from where the corpse of U Hein was placed." ]


တရားလွှတ်တော်တရားသူကြီးဦးအုန်းဖေနှင့်ဦးစံမောင်တို့ပါဝင်သောခုံရုံးက ကတိစာချုပ်ချုပ်ဆိုရခြင်းအတွက်အပေးအယူအဖိုးစားနားရှိ မရှိ စီရင်ထုံးစာမျက်နှာ၃၄ နှင့် ၃၅တွင်အောက်ပါအတိုင်းစိစစ်ပါသည်-


[ The following issues were framed in the case:


1. Whether the plaintiff entrusted the sum of Rs. 3,500 with the late U Hein before his death?


2. If so, whether the defendants are personally liable ?


3. Whether the defendants executed the agreement as alleged in paragraph 5 of the plaint?' Or, under fraud, coercion and threat, as alleged in paragraph 5 of the written statement of the ist defendant?


4. Was the sum of Rs. 500 paid by the two defendants or by the 2nd defendant alone ?


5. To what relief, if any, is the plaintiff entitled?


The lower Court has decreed the suit for Rs. 3,000, with costs, against the defendants personally and also in their capacity as heirs and legal representalives of U Hein.


The present appeal is by Maung Par only. The main grounds urged before us are that no personal decree can be passed against the appellant, and that the agreement executed on the day U Hein died (Exhibit C) was obtained illegally and under undue influence and without consideration.


The substantial question for consideration in this appeal is whether the agreement, as contended by the appellant, is without consideration.


We  do not propose to go into the other questions raised in issue No. 3, "iz., fraud, coercion and threat, in view of the fact that the question of consideration would suffice to dispose of this appeal.


The decision on the question of consideratior rests on whether the agreement contained a contract which is supported by consideration. 


For that we shall have to see whether the recital contained any considcration moving from U Tun Hlaing for the agreement to pay up the liability of the deceased by Maung Par and Daw Tin Kyi. 


The agreement (Exhibit C), which is in Burmese, in effect says that " the amount deposited with the deceased having been spent on his (U Hein) sickness, the two executants Daw Tin Sein and Maung Par, promise to pay back the amount in question before 31st August as they are not in a position to pay back now." 


Reading this recital, we do not see anything in it which would suggest that U Tun Hlaing has promised to give up any right, that is, to do or abstain from doing anything.


What is "consideration " has been brought out in the case of Gulab Chand v. Kamal Singh and another (1), I.L.R. 44 All. 424. where it is held as follows:


" If a person believes that he has a bona fide claim to enforce, his forbearance from trying to put that claim in court and to have it decided will be a good consideration for a contract, however the claim, if brought, may be decided."


The same principle is followed in the case of Debi Radha Rani v. Ram Dass (2), A.I.R. (1941) Pat. 282. where it is held as follows:


" Where a wife who is ready to sue her husband for maintenance allowance has foreborne to sue on husband's agreeing to pay her monthly allowance by way of maintenance, the contract is supported by consideration as wife's forbearance to sue amounts to consideration for husband's agreement for payment of maintenance allowance." ]


မောင်ပါတို့ကငွေပေးဆပ်ရန်ကတိပြုသည့်အတွက်၊ဦးထွန်းလှိုင်အနေဖြင့်တစုံတရာပြုလုပ်ရန်သို့မဟုတ်မပြုလုပ်ဘဲနေရန်အပေးအယူမရှိကြောင်း၊သို့ဖြစ်၍ပဋိညာဉ်ပျက်ပြယ်ကြောင်းစီရင်ထုံးစာမျက်နှာ-၃၅နှင့်၃၆တွင်အောက်ပါအတိုင်းဆုံးဖြတ်ပါသည်-


[ In this case there is nothing which would amount to a contract supported by consideration on the part of U Tun Hlaing to do or abstain from doing anything.


The claim was for money due by the deceased U Hein, and not by the appellant, and there can be no question that the cause of action for recovery of the suit amount would be against the deceased's estate only. 


It is not material how the money in question had been disposed of, although in this case, it is in evidence that the money had been spent on U Hein's sickness, for which the liability must fall on his estate. 


The lower Court, in giving the personal decree against the defendants, has erred in taking the view that personal liability had arisen out of the agreement, relying on paragraphs 3 and 4 of the agreement showing the defendants' undertaking to pay the money personally. 


The lower Court also relied on the fact that the second defendant Maung Par had paid Rs. 500 by selling his properties, but this fact is, in our view, immaterial as the document in question (Exhibit C) is without consideration. 


Both in law and in fact, we are satisfied that the agreement entered into by the defendants was without consideration and must be held to be void. 


It follows that the claim based on it must fail.


In the result this appeal is allowed in so far as the decree passed against the appellant personally is concerned, with costs.


The decree against the appellant as heir and legal representative of the deseased U Hein will stand, but without costs in the lower Court.


U SAN MAUNG, J.—I agree. ]

—————————————————————-


[ no question = အငြင်းပွါးဖွယ်မရှိနိုင် ]


[ that the cause of action for recovery of the suit amount would be against the deceased’s estate only = အချင်းဖြစ်ငွေရလိုကြောင်းတရားစွဲဆိုရန်အကြောင်းသည်သေသူ၏အမွေပုံအပေါ်အရေးဆိုသောအမှုမျိုးဖြစ်ပေလိမ့်မည်ဟူသောသုံးသပ်ချက်ကိုမှတ်သားပါ။ ]


[ the liability must fall on his estate. = ငွေပေးဆပ်ရန်တာဝန်သည်သေသူကျန်ရစ်သောအမွေပုံအပေါ်ကျရောက်သည်ဟုဆိုရခြင်းမှာကြွေးမြီကိုအမွေပုံမှပေးဆပ်ရန်ဖြစ်သည်။သေသူ၏သားနှင့်မယားကမိမိတို့၏အိတ်မှစိုက်ထုတ်ပေးဆပ်ရန်တာဝန်မရှိ။တရားမကျင့်ထုံးဥပဒေပုဒ်မ၅၂ကိုကြည့်ပါ။ ]


———————

Comments

Popular posts from this blog

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]

1963 BLR 556 [ Cause of Action ]

တရားစွဲဆိုရန်အကြောင်း(သို့မဟုတ်)အချင်းဖြစ်အကြောင်းအရာ[ Cause of Action ]