ပဋိညာဉ်ပျက်သုဉ်းခြင်း[ Part One ]

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ပဋိညာဉ်ပျက်သုဉ်းခြင်း[ Part One ]

—————————————————-


1957 BLR ( H C ) 266 ( 272 )


APPELLATE CIVIL.


Before U Po On, J.


MAUNG KYAW NYEIN AND TWO OTHERS (APPELLANTS)


                         V.


MAUNG KYAW KYAW AND ONE (RESPONDENTS).


Civil 2nd Appeal No. 73 of 1956, against the decree of the District Court of Henzada in Civil Appeal No. 7 of 1955,dated 28th May 1955  arising out of the Subdivisional  Court of Henzada in Civil Regular Suit No. 6 of 1954, dated 8th January 1955.


H. C. 1957 Oct. 16


အမှု၌၊ဟင်္သာတမြို့တွင် ၁၉၅၆ ခုနှစ်အတွင်း၌ဖြစ်ပွါးသောမီးလောင်မှုကြီးတွင်အိမ်ငှါးမောင်ကျော်ညိန်းတို့ပိုင်အိမ်များပါသွားရာ၊အိမ်ငှါးများကမိမိတို့ငှါးရမ်းနေထိုင်သောအိမ်များတည်ရှိရာမြေအသီးသီးတွင်တဲထိုးရာ၊အိမ်ရှင်မောင်ကျော်ကျော်တို့က၎င်းတို့အပေါ်မြေမှနှင်ထုတ်ပေးရန်ဟင်္သာတမြို့နယ်၊နယ်ပိုင်တရားမရုံးတွင်တရားစွဲဆိုရာအနိုင်ရသည်။


ခရိုင်တရားရုံးတွင်လည်းနိုင်သည်။


တရားလွှတ်တော်ကအငှါးချထားခြင်းသည်ပျက်သုဉ်းသွားပြီဟုကောက်ယူသဖြင့်အိမ်ရှင်မောင်ကျော်ကျော်တို့ဆက်လက်အနိုင်ရရှိသည်။

—————————-


1962 BLR ( C C ) 435 ( 438 )


တရားရုံးချုပ်၌


တရားသူကြီးချုပ်ဦးဘိုကြီးနှင့်တရားသူကြီးဦးစောဘသိန်းတို့ရှေ့၌


မောင်ကျော်ကျော်ပါ ၂ ( အယူခံတရားလိုများ )


                        နှင့်


မောင်ကျော်ညိန်းပါ ၃ ( အယူခံတရားခံများ )


၁၉၆၂ ခုနှစ်၊တရားမအယူခံမှုအမှတ် ၁။


၁၉၅၈ ခုနှစ်၊အထူးတရားမအယူခံမှုအမှတ် ၃ တွင်၊ရန်ကုန်မြို့တရားလွှတ်တော်၏ချမှတ်သောဒီကရီကိုအယူခံဝင်မှု။


၁၉၆၂ နိုဝင်္ဘာလ ၂၀ ရက်


အမှုမှာ၊မောင်ကျော်ကျော်ပါ ၂ နှင့် မောင်ကျော်ညိန်းပါ ၃ တို့ဆက်လက်တရားဆိုင်ကြသောအမှုဖြစ်သည်။


ထူးခြားသည်မှာ၊စီရင်ထုံးစာမျက်နှာ ၄၃၅ အောက်ခြေမှတ်စု၌ ၁၉၅၈ ခုနှစ်၊အထူးတရားမအယူခံမှုအမှတ် ၃ တွင်၊ရန်ကုန်မြို့တရားလွှတ်တော်ကချမှတ်သောဒီကရီကိုအယူခံမှုကိုဖော်ပြထားသည်ကိုစာဖတ်သူဥပဒေပညာရှင်များသတိမူမိပါသလား ?

————————————-


1957 BLR ( H C ) 266 ( 272 )


APPELLATE CIVIL.


Before U Po On, J.


MAUNG KYAW NYEIN AND TWO OTHERS (APPELLANTS)


                         V.


MAUNG KYAW KYAW AND ONE (RESPONDENTS).


Civil 2nd Appeal No. 73 of 1956, against the decree of the District Court of Henzada in Civil Appeal No. 7 of 1955,dated 28th May 1955  arising out of the Subdivisional  Court of Henzada in Civil Regular Suit No. 6 of 1954, dated 8th January 1955.


H. C. 1957 Oct. 16


အမှုတွင်ထုံးပြုထားသောတရားမဒုတိယအယူခံမှုတွင်ချမှတ်သောစီရင်ချက်နှင့်ဒီကရီအပေါ်တင်သွင်းသော[ အယူခံမှုမဟုတ်သည်ကိုသတိပြုမိပါသလား ? ]

————————————-


1962 BLR ( C C ) 435 ( 438 )


တရားရုံးချုပ်၌


တရားသူကြီးချုပ်ဦးဘိုကြီးနှင့်တရားသူကြီးဦးစောဘသိန်းတို့ရှေ့၌


မောင်ကျော်ကျော်ပါ ၂ ( အယူခံတရားလိုများ )


                        နှင့်


မောင်ကျော်ညိန်းပါ ၃ ( အယူခံတရားခံများ )


၁၉၆၂ ခုနှစ်၊တရားမအယူခံမှုအမှတ် ၁။


၁၉၅၈ ခုနှစ်၊အထူးတရားမအယူခံမှုအမှတ် ၃ တွင်၊ရန်ကုန်မြို့တရားလွှတ်တော်၏ချမှတ်သောဒီကရီကိုအယူခံဝင်မှု။


၁၉၆၂ နိုဝင်္ဘာလ ၂၀ ရက်


စီရင်ထုံးပထမအပိုဒ်ပါမောင်ကျော်ညိန်းတို့တရားလွှတ်တော်သို့အယူခံဝင်ရာတွင်မအောင်မြင်သဖြင့်ဆိုင်ရာအကြောင်းအရာပါတရားလွှတ်တော်၏အဆုံးအဖြတ်ကို-


1957 BLR ( H C ) 266 ( 272 )


APPELLATE CIVIL.


Before U Po On, J.


MAUNG KYAW NYEIN AND TWO OTHERS (APPELLANTS)


                         V.


MAUNG KYAW KYAW AND ONE (RESPONDENTS).


Civil 2nd Appeal No. 73 of 1956, against the decree of the District Court of Henzada in Civil Appeal No. 7 of 1955,dated 28th May 1955  arising out of the Subdivisional  Court of Henzada in Civil Regular Suit No. 6 of 1954, dated 8th January 1955.


H. C. 1957 Oct. 16


အမှုတွင်ထုံးပြုထားသည်ကိုဆက်ဖတ်ဖြစ်ပါသလား ?

————————————————————-


အဆိုပါပထမအပိုဒ်ရှိ[ ပြည်ထောင်စုတရားစီရင်ရေးအက်ဥပဒေပုဒ်မ ၂၀ အရအယူခံဝင်ရာတွင်တရားဝန်ကြီးနှစ်ပါးထိုင်ခုံရုံးကမောင်ကျော်ကျော်၊မလှလှတို့စွဲဆိုသောအမှုကိုပလပ်လိုက်၏။ထို့ကြောင့်၎င်းတို့ကပြည်ထောင်စုတရားစီရင်ရေးအက်ဥပဒေပုဒ်မ ၆ အရအထူးအယူခံဝင်ခွင့်ဖြင့်ယခုအယူခံဝင်ခြင်းဖြစ်သည် ]ဟုအလေးအနက်ဖတ်ဖြစ်ပါလျှင်၊စာမျက်နှာ ၄၃၅ အောက်ခြေမှတ်စု၌ဖော်ပြထားသော ၁၉၅၈ ခုနှစ်၊အထူးတရားမအယူခံမှုအမှတ် ၃ အကြောင်းဆက်လက်ရှာဖွေဖတ်ရှုဖြစ်ပါသလား ?

————————————————-


ယခင်တရားလွှတ်တော်လက်ထက်တွင်အချင်းဖြစ်တရားစီရင်ရေးဥပဒေပုဒ်မ ၂၀ တွင်၊တရားမအယူခံတွင်တဦးထိုင်တရားသူကြီးအဆုံးအဖြတ်ကိုတရားလွှတ်တော်မှာပင်အယူခံဝင်ရန်လမ်းဖွင့်ပေးထားသည်။


[ ပြည်ထောင်စုမြန်မာနိုင်ငံဥပဒေအတွဲ ၁၊စာမျက်နှာ ၁၈၇ ကိုဖတ်ပါ။ ]


စီရင်ထုံးစာအုပ်များတွင်ထိုအယူခံမှုများ၌ချမှတ်သောခုံရုံး၏အဆုံးအဖြတ်များကိုထုံးပြုထားသည်ကိုတွေ့မြင်နိုင်သည်။


ယခင်တရားလွှတ်တော်ချုပ်[ နိုင်ငံတော်တရားဝန်ကြီးချုပ်နှင့်တရားဝန်ကြီးသုံးဦးရုံးထိုင်သည် ]တွင်ချမှတ်သောတရားဝန်ကြီးချုပ်နှင့်တရားဝန်ကြီး[ ၈ ]ဦးတို့ရုံးထိုင်သည်။


ထိုသို့ ၁၉၆၂ ခုနှစ်၊ဧပြီလတွင်ဖျက်သိမ်းပြီးတရားသူကြီးနှင့်တရားသူကြီးငါးဦး[ ဇူလိုင်လတွင်တဦးတည်းထပ်တိုးသည် ]ပါသောတရားရုံးချုပ်ကိုတည်ထောင်သောအခါမနိုင်မနင်းဖြစ်လာသဖြင့်၊အဆိုပါပုဒ်မ ၂၀ ကိုပယ်ဖျက်လိုက်သောကြောင့်အယူခံဝင်ခွင့်တမျိုးပိတ်သွားသည်။

—————————-


စာရေးသူသည်ဟင်္သာတမြို့နယ်ပိုင်တရားမတရားသူကြီးအဖြစ်ဆောင်ရွက်စဉ်အမှုတွဲခန်းရှိအမှုတွဲကိုလေ့လာရာ၌၊မောင်ကျော်ကျော်တို့တရားစွဲဆိုသောအမှုတွဲကိုဖတ်ရသောအခါ၊အမှုတွင်မူလတရားရုံးစီရင်ချက်၊ခရိုင်တရားရုံးစီရင်ချက်မိတ္တူ၊တရားလွှတ်တော်စီရင်ချက်မိတ္တူ၊ဦးစံမောင်ပါသောခုံရုံးကစီရင်ပြီး 1962 BLR ( C C ) 435 ( 438 )အမှုတွင်အယူခံဝင်သောစီရင်ချက်နှင့်ဒီကရီမိတ္တူတို့ကိုတဝကြီးဖတ်ခွင့်ရရာမှ-


1957 BLR ( H C ) 266 ( 272 )


APPELLATE CIVIL.


Before U Po On, J.


MAUNG KYAW NYEIN AND TWO OTHERS (APPELLANTS)


                         V.


MAUNG KYAW KYAW AND ONE (RESPONDENTS).


Civil 2nd Appeal No. 73 of 1956, against the decree of the District Court of Henzada in Civil Appeal No. 7 of 1955,dated 28th May 1955  arising out of the Subdivisional  Court of Henzada in Civil Regular Suit No. 6 of 1954, dated 8th January 1955.


H. C. 1957 Oct. 16


အမှုနှင့်


1962 BLR ( C C ) 435 ( 438 )


တရားရုံးချုပ်၌


တရားသူကြီးချုပ်ဦးဘိုကြီးနှင့်တရားသူကြီးဦးစောဘသိန်းတို့ရှေ့၌


မောင်ကျော်ကျော်ပါ ၂ ( အယူခံတရားလိုများ )


                        နှင့်


မောင်ကျော်ညိန်းပါ ၃ ( အယူခံတရားခံများ )


၁၉၆၂ ခုနှစ်၊တရားမအယူခံမှုအမှတ် ၁။


၁၉၅၈ ခုနှစ်၊အထူးတရားမအယူခံမှုအမှတ် ၃ တွင်၊ရန်ကုန်မြို့တရားလွှတ်တော်၏ချမှတ်သောဒီကရီကိုအယူခံဝင်မှု။


၁၉၆၂ နိုဝင်္ဘာလ ၂၀ ရက်


စီရင်ထုံးနှစ်ရပ်ကြားတွင်တိမ်မြုပ်နေသော[ ဦးစံမောင်ပါသောခုံရုံး၏စီရင်ချက်မိတ္တူ ]ကိုဖတ်ရသဖြင့်၊သောင်းပြောင်းထွေလာဥပဒေပြဿနာအတွဲ ၁၀၊စာ ၄၆ တွင်ဖော်ပြခဲ့သည်။


စာဖတ်သူဥပဒေပညာရှင်ဖတ်ဖြစ်ပါသလား ?


စီရင်ချက်ကိုအစမှအဆုံးမဖတ်ဖြစ်မိသည်ကိုနောင်တရဖွယ်ရှိပါသည်။


ဆုံးရှုံးခဲ့သောအိမ်ငှါးအားအနိုင်ပေးသောထိုစီရင်ချက်သည်ရာသက်ပန်တိမ်မြုပ်သွားဖွယ်ရာရှိသည်။


တရားလွှတ်တော်အမှုတွဲခန်းမှကူးယူရနိုင်ဖွယ်ရှိသည်။


ဦးစံမောင်ပါသောခုံရုံးက-


1957 BLR ( H C ) 266 ( 272 )


APPELLATE CIVIL.


Before U Po On, J.


MAUNG KYAW NYEIN AND TWO OTHERS (APPELLANTS)


                         V.


MAUNG KYAW KYAW AND ONE (RESPONDENTS).


Civil 2nd Appeal No. 73 of 1956, against the decree of the District Court of Henzada in Civil Appeal No. 7 of 1955,dated 28th May 1955  arising out of the Subdivisional  Court of Henzada in Civil Regular Suit No. 6 of 1954, dated 8th January 1955.


H. C. 1957 Oct. 16


အမှုတွင်ထုံးဖွဲ့ထားသောတရားလွှတ်တော်တဦးထိုင်တရားဝန်ကြီး U Po On အဆုံးအဖြတ်ကိုပယ်ဖျက်ရာ၌၊အငှါးချထားခြင်းပျက်သုဉ်းခြင်းမရှိဟုအိန္ဒိယနိုင်ငံစီရင်ထုံးအများအပြားကိုကိုးကားဆုံးဖြတ်သဖြင့်သုံးရုံးရှုံးသောအိမ်ငှါးများအားအနိုင်ပေးသောဦးစံမောင်ခုံရုံး၏အဆုံးအဖြတ်ကို 1962 BLR ( C C ) 435 ( 438 )စီရင်ထုံး၌အခြားအကြောင်းပြချက်အရအတည်ပြုသည်။


ခုံရုံးကကိုးကားသောစီရင်ထုံး၏အမြင်ကိုအိန္ဒိယနိုင်ငံတရားလွှတ်တော်ကနောက်ပိုင်းတွင်အတည်ပြုသည်။

—————————————


မောင်ကျော်ညိန်းပါ ၃ နှင့် မောင်ကျော်ကျော်ပါ ၂


၁၉၅၈ ခုနှစ်၊တရားမအထူးအယူခံမှု၊အမှတ် ၃ 


အမှုတွင်အယူခံကိုဦးစံမောင်ပါဝင်သောတရားလွှတ်တော်တရားသူကြီးနှစ်ဦးကဆုံးဖြတ်ရာ၌၊ပဋိညာဉ်ပျက်သုဉ်းခြင်းဆိုင်ရာဥပဒေသသည်အငှါးပဋိညာဉ်များနှင့်သက်ဆိုင်ခြင်းရှိ၊မရှိမှာပြတ်ပြတ်သားသားမရှိသေးသည့်ကိစ္စကိုညွှန်ပြသည်။


အလွန်ထူးခြားသောအခြေအနေတွင်အငှါးပဋိညာဉ်ပျက်ပြယ်နိုင်သည်ဆိုသောအမြင်ကိုစောဒကမတက်သော်လည်းပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၁၀၈( င )[ အငှါးချထားသည့်ဥပစာမီးလောင်သောအခါယင်းဥပစာအားဆက်လက်ငှါးလို၊မလိုကိစ္စကိုငှါးရမ်းသူကရွေးချယ်ဆုံးဖြတ်ခွင့်ရှိသည်ဆိုသောပြဌာန်းချက် ]ပါပြဌာန်းချက်များအရ၊အငှါးပဋိညာဉ်ပျက်ပြယ်သွားပြီဟုမဆိုနိုင်ကြောင်းဖြင့်အောက်ပါအတိုင်းအကျယ်တဝင့်သုံးသပ်သည်-


[ No doubt, the case of Kshitish Chandra Mondal V. Shiba Rani Debi and others ( A.I.R. 1950 Cal 441 ) relied upon by U Po on J. is strongly in support of the conclusion arrived at by him.


However, the dictum of Mookerjee J. in that case relating to the applicability of the doctrine of frustration to leases was dissented from by Coyajee J. in Tarabai Jivanlal Parekh vs Lala Padamchand (AIR 1950 BOMBAY 89) and by Guha Ray J. of the Calcutta High Court in Sm. Sakhisona Dasi V. Gour Hari Jana (AIR 1952 Cal.567).


In Puthuppally Valiapally and another V. Chacko Thomman and another (AIR 1956 Trav-Co. P 59), a Bench of the Travancore-Cochin High Court observed that although a lease is something more than a mere contract this itself does not rule out the applicability of the doctrine of frustration to lease transaction and that section 108 ( e ) of the Transfer of Property Act is a statutory recognition to a limited extent of applicability of this doctrine to a lease.


While we do not quarrel with the statement that in very special circumstances, the doctrine of frustration may apply to a lease transaction, we cannot subscribe to the view that section 108 ( e ) of the Transfer of Property Act is a statutory recognition of this doctrine to a limited extent.


If section 108 ( e ) is a statutory recognition of the doctrine of frustration we see no reason why the provision of law shall not be that lease should be declared void, and not merely voidable at the option of the leases. ]


ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ ၁၀၈ ( င )တွင်အငှါးချထားသည့်ပစ္စည်း၏အဓိကအစိတ်အပိုင်းမီးသင့်လောင်ခြင်းကြောင့်လုံးဝပျက်စီးသွားရာတွင်ငှါးရမ်းမှုကိုငှါးရမ်းသူကဖျက်သိမ်းလိုလျှင်ဖျက်သိမ်းနိုင်သည်ဟုပြဌာန်းထားရာမီးလောင်ပြီးနောက်ဆက်လက်၍ငှါး၊မငှါးကိစ္စကိုငှါးရမ်းသူ[ အိမ်ငှါး ]ကသာရွေးချယ်ဆုံးဖြတိခွင့်ရှိသည်။


အငှါးချထားသူ[ အိမ်ရှင် ]၏သဘောမဟုတ်ချေ။


ငှါးရမ်းထားသည့်အိမ်မီးလောင်ပြီးနောက်၊တလအတွင်းအိမ်ငှါးမောင်ကျော်ညိန်းတို့သည်ငှါးရမ်းထားသည့်မြေအတွင်းသို့ပြန်လည်ဝင်ရောက်လာခြင်းကငှါးရမ်းမှုကိုဆက်လက်တည်စေလိုသည့်သဘောဖြစ်ရာငှါးရမ်းမှုကိုဖျက်သိမ်းခွင့်ရှိသူကဖျက်သိမ်းခြင်းမပြုသည့်အတွက်ဥပဒေအရတည်နေမည်သာဖြစ်သည်။


ဤကဲ့သို့ပြဌာန်းချက်အတိအလင်းရှိနေသည့်အခြေအနေတွင်အငြင်းပွါးဘွယ်ဖြစ်သောကိစ္စကိုဖော်ထုတ်၍အငှါးပဋိညာဉ်ပျက်ပြယ်သွားပြီဟုကောက်ယူခြင်းသည်သဘာဝကျမည်မဟုတ်ချေ။


အိမ်ငှါးမောင်ကျော်ညိန်းတို့အားအနိုင်ပေးဆုံးဖြတ်ရာတွင်ဦးစံမောင်ပါဝင်သောအယူခံခုံရုံးက-


1954 BLR ( H C ) 280 ( 282 )


APPELLATE CIVIL.


Before U San Maung. J.


DAW SAW (APPELLANT)


                 V.


DAW PWA THIN AND FOUR (RESPONDENTS).*


Civil 2nd Appeal No. 133 ol 1952 against the decree of the District Court, Tharrawaddy, in Civil Appeal No. 9 of 1952.


H.C. 1954 Aug. 20.


အမှုကိုညွှန်ပြသည်။


အမှုတွင်တရားပြိုင်များသည်ဘဏ်တဘဏ်ပိုင်မြေကိုငှါးရမ်းကာအိမ်ဆောက်နေထိုင်ရာ ၁၉၄၉ ခုနှစ်တွင်သောင်းကျန်းသူများကအဆိုပါအိမ်ကိုမီးရှို့ဖျက်ဆီးကြသဖြင့်အိမ်ငှါးများကမြေတွင်တဲထိုးကာဆက်လက်နေထိုင်ရာတွင်ပိုင်ရှင်ထံမှသဘောတူညီချက်မတောင်းခဲ့ချေ။


ထိုမြေကိုဘဏ်မှဝယ်ယူသောဒေါ်စောကအိမ်ငှါးများအားမြေမှဖယ်ရှားပေးရန်မေတ္တာရပ်ခံရာတွင်အိမ်ငှါးတို့ကလိုက်လျောမှုမရှိသဖြင့်ဒေါ်စောကမြေငှါးများအပေါ်နှင်လိုမှုစွဲဆိုသည်။


တရားလွှတ်တော်ကတရားဝန်ကြီးဦးစံမောင်ကအယူခံမှုကိုဆုံးဖြတ်ရာတွင်ငှါးရမ်းခြင်းရပ်စဲသည့်အကြောင်းကြားစာပေးပြီးနောက်မြေတွင်ဆက်လက်နေထိုင်သောအိမ်ငှါးတို့သည်မြို့ပြဆိုင်ရာငှါးရမ်းခကြီးကြပ်ရေးအက်ဥပဒေတွင်အဓိပ္ပာယ်ဖွင့်ဆိုထားသည့်အိမ်ငှါးဖြစ်သည်ဟုကောက်ယူသည်။


စီရင်ထုံးစာမျက်နှာ ၂၈၁ နှင့် ၂၈၂ တွင်တရားဝန်ကြီးဦးစံမောင်ကအောက်ပါအတိုင်းမြွက်ဆိုသည်-


[ In my opinion the learned District Judge was quite correct in the conclusion arrived at by him on this point. From the definition of the word "tenant" given in clause (g) of section 2 of the Urban Rent Control Act, 1948, it is clear that it includes a person remaining in possession of the premises let to him after the termination of the tenancy or lease with or without the assent of the landlord.


In the case now under consideration the fact that the house was burnt down in no way terminated the tenancy if the tenant continued living on the land and paying a monthly rental therefor.


Therefore, the respondent Daw Pwa Thin and others remained the tenants of the Bank of Chettinad at the time the land was sold by that Bank to the appellant, even if the Bank had decided to terminate the lease, which is nowhere apparent. 


The fact that Daw Saw as a successor in title to the Bank of Chettinad had terminated the lease by a notice dated the 8th of August, 1951, will be of no avail in view of the definition of the word "tenant " as stated above. ]


ယင်းအမှုတွင်ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ ၁၀၈ ( င ) ကိုဖော်ပြဆုံးဖြတ်ခြင်းမပြုသော်လည်း၊ဆုံးဖြတ်ရန်ရည်စူးသည့်သဘောသက်ရောက်ကြောင်း၊၎င်းအမှုသည်မောင်ကျော်ညိန်းတို့၏အမှုနှင့်အမှုသွားအမှုလာချင်းကွဲပြားမှုမရှိကြောင်းညွှန်ပြသည်။


၁၉၅၈ ခုနှစ်၊အထူးတရားမအယူခံမှုအမှတ် ၃ တွင်ချမှတ်သောဆုံးဖြတ်ချက်ကိုစီရင်ထုံးပြုခြင်းမရှိချေ။

—————————————————-


အောက်ရုံးသုံးရုံးတွင်အနိုင်ရပြီးကာမှအမှုရှုံးရသောအိမ်ရှင်မောင်ကျော်ကျော်တို့သည်တရားလွှတ်တော်ခုံရုံး၏ဆုံးဖြတ်ချက်ကိုတရားရုံးချုပ်သို့အယူခံဝင်ပြန်သည်။


1962 BLR ( C C ) 435 ( 438 )


တရားရုံးချုပ်၌


တရားသူကြီးချုပ်ဦးဘိုကြီးနှင့်တရားသူကြီးဦးစောဘသိန်းတို့ရှေ့၌


မောင်ကျော်ကျော်ပါ ၂ ( အယူခံတရားလိုများ )


                        နှင့်


မောင်ကျော်ညိန်းပါ ၃ ( အယူခံတရားခံများ )


၁၉၆၂ ခုနှစ်၊တရားမအယူခံမှုအမှတ် ၁။


၁၉၅၈ ခုနှစ်၊အထူးတရားမအယူခံမှုအမှတ် ၃ တွင်၊ရန်ကုန်မြို့တရားလွှတ်တော်၏ချမှတ်သောဒီကရီကိုအယူခံဝင်မှု။


၁၉၆၂ နိုဝင်္ဘာလ ၂၀ ရက်


အယူခံခုံရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်-


[ မောင်ကျော်ကျော်တို့၏ပညာရှိရှေ့နေကြီးကမောင်ကျော်ညိန်းတို့သည်မီးလောင်မြေမှထွက်ခွါသွားသည်တကြောင်း၊၎င်းတို့ထွက်ခွါသွားလျှင်သွားချင်းမောင်ကျော်ကျော်တို့ကမြေရာဝင်းခတ်သည်တကြောင်းတို့ကြောင့်မောင်ကျော်ညိန်းတို့သည်အငှါးချထားသည်ကိုပြန်လည်ပေးအပ်ကြောင်းဖြင့်လျှောက်လဲ၏။အထက်ဖော်ပြခဲ့သည့်အတိုင်းမောင်ကျော်ညိန်းတို့သည်အိမ်မီးလောင်သောကြောင့်ထွက်ပြေးပြီးမကြာမီပင်အိမ်မြေရာပေါ်သို့တက်ရောက်၍နေထိုင်ကြသည်ကိုထောက်လျှင်၎င်းတို့သည်အငှါးချထားခြင်းကိုပြန်လည်ပေးအပ်သည်ဟုမည်သည့်နည်းနှင့်မျှမယူဆနိုင်ပေ။


ဤအမှုတွင်တရားရုံးများသည်ပဋိညာဉ်အက်ဥပဒေပုဒ်မ ၅၆ ပါပြဌာန်းချက်များကိုထည့်သွင်းစဉ်းစားခဲ့ကြ၏။သို့သော်ဤအမှုနှင့်အတိအကျသက်ဆိုင်သည့်ပြဌာန်းချက်များမှာအထက်ဖော်ပြထားခဲ့သည့်အတိုင်းပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ ၁၀၈ ( င ) ပါပြဌာန်းချက်များဖြစ်သည်။ထိုပြဌာန်းချက်များမှာဤအမှုအကြောင်းခြင်းရာနှင့်အထူးဝိသေသဆိုင်သောပြဌာန်းချက်များဖြစ်သဖြင့်ယေဘူယျအားဖြင့်ပဋိညာဉ်နှင့်စပ်လျဉ်းသောပဋိညာဉ်အက်ဥပဒေပုဒ်မ ၅၆ ကိုလွှမ်းမိုးသည်ဟုယူဆရပေမည်။ ]

———————————


1980 BLR 86 ( 88 )


တရားမပြင်ဆင်မှု


ဥက္ကဌအဖြစ်ဦးသန့်စင်၊အဖွဲ့ဝင်များအဖြစ်ဦးစိုးလှိုင်နှင့်ဦးတင်အောင်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်


ဒေါ်ကျင်မှုံ နှင့် ဒေါ်ကျင်ရီ


၁၉၇၉ ခုနှစ်၊တရားမပြင်ဆင်မှုအမှတ် ၆ တွင်ချမှတ်သော( ၁၁-၉-၇၉ )နေ့စွဲပါဧရာဝတီတိုင်းတရားရုံး၏အမိန့်ကိုပြင်ဆင်မှု။


၁၉၈၀ ဒီဇင်ဘာလ ၃၀ ရက်


အမှု၌၊ပုသိမ်မြို့တွင်မီးလောင်မြေ၌အိမ်မီးလောင်ပြီးနှစ်အတန်ကြာသောအခါအိမ်ရှင်ကတိုက်ပြန်ဆောက်သည့်အခါအိမ်ရှင်မောင်ကျော်ကျော်တို့ကိုယခင်ကခရိုင်တရားမတရားသူကြီးအဖြစ်အနိုင်ပေးခဲ့သောဘက်ကခရိုင်တရားမတရားသူကြီးဦးအုန်းခင်သည်ပုသိမ်မြို့၌ရှေ့နေလိုက်လျက်ရှိရာမိမိ၏အဆုံးအဖြတ်ကိုအတည်ပြုသော 1957 BLR ( H C ) 266 ( 272 ) စီရင်ထုံးကိုမှီငြမ်းပြုပါကအိမ်ငှါးဒေါ်ကျင်ရီကအဆောက်အအုံအတွင်းရှိအိမ်ခန်းတခန်းကိုလက်ရောက်ရလိုကြောင်းတရားစွဲဆိုရာအိမ်ငှါးဒေါ်ကျင်ရီဘက်မှလိုက်ပါဆောင်ရွက်သည်။


[ 1957 BLR ( H C ) 266 ( 272 )စီရင်ထုံးကိုပယ်ဖျက်ခဲ့သော၊ဦးစံမောင်ပါသည့်ခုံရုံး၏အဆုံးအဖြတ်ကို1962 BLR ( C C )435(438)စီရင်ထုံး၌အတည်ပြုထားကြောင်းခရိုင်တရားမတရားသူကြီးဦးအုန်းခင်သည်သတိထားမိပုံမပေါ်။ ]


အိမ်ရှင်ဒေါ်ကျင်မှုံဘက်မှဗဟိုတရားရုံးတွင်ပြင်ဆင်မှုတင်သောအခါ၊အိမ်ရှင်ဘက်မှတရားရုံးချုပ်တရားသူကြီးဦးသက်ဖေကအိမ်ရှင်ဟောင်းဘက်မှလိုက်သည်။


ပြင်ဆင်မှုတွင်ဗဟိုတရားရုံးညွှန်ကြားရေးမှုးကတရားရေးအကြံပေးအဖြစ်ဆောင်ရွက်ရာစာရေးသူက၎င်းထံတွင်တောင်းပြီးစီရင်ချက်[ 1980 BLR 86 ]ကိုရေးသားခွင့်ရခဲ့ပါသည်။


အချင်းဖြစ်အမှုမှာမောင်ကျော်ကျော်စွဲဆိုသောအမှုနှင့်ကွဲပြားသဖြင့်အငှါးချထားခြင်းပျက်သုဉ်းသွားပြီဟုစီရင်ချက်အကြမ်းတွင်ထည့်ရေးသည်။


အမှန်အားဖြင့်တရားပြိုင်အိမ်ရှင်ဟောင်းဆောက်လျက်ရှိသောတိုက်နှင့်စပ်လျဉ်း၍တရားလိုအိမ်ငှါးဟောင်းတို့အချင်းချင်းတွင်မည်သည့်အငှါးပဋိညာဉ်မျှမရှိ၍တရားလိုသည်တိုက်ခန်းကိုလက်ရောက်ရခွင့်မရှိကြောင်းအကြောင်းပြချက်သည်အငြင်းပွါးမှု၏အဖြေအတွက်အကြောင်းပြချက်[ ratio decidendi =The reason or ground of judicial decision ]ဖြစ်သည်။


ဥပဒေပညာရှင်အကျော်အမော်ဒေါက်တာဘဟန်က၎င်းရေးသားသော A Legal History of India and Burma စာအုပ်၊စာမျက်နှာ ၄၂ နှင့် ၄၃ တွင်၊အဆိုပါဥပဒေသတရားကိုအောက်ပါအတိုင်းရှင်းပြထားသည်-


[ In regard to judicial precedents it is important to keep steadily in mind that not everything contained in judicial decisions is strictly speaking a binding source of law.


Only so much of the judgment as is necessary for the formation of the decision by the judge upon the facts before him may be looked upon as authoritative.


This principle upon which a decision is made by the judge is known as ratio decidendi.


The ratio decidendi must be distinguished from the pronouncement of the Judge on points not arising for determination in the case before him.


Such a passing remark is known as an obiter dictum.


An obiter dictum has been piquantly described as a gratuitous opinion, an individual impertinence sometimes wise and sometimes foolish which binds nobody, not even the lips that utter it.


So, an obiter dictum by Judges ought not to be regarded as authority of any proposition of law.


Only the ratio decidendi which consists of statements of law necessary for the decision by the Judge upon the facts before him is valuable as binding authority.


Dicta by Judges, however eminent, ought not to be cited as establishing authoritatively any proposition of law unless these dicta really from integral parts of the train of reasoning directed to the real question decided.


They may, if they occur merely at large, be valuable for edification but they are not binding. ]


1957 BLR ( H C ) 266 ( 272 ) စီရင်ထုံး၊ဦးစံမောင်ရေးသောပွဲဦးထွက်စီရင်ချက်နှင့် 1967 BLR ( C C ) 435 ( 438 ) စီရင်ထုံးတို့တွင်၊မီးလောင်ခြင်းကြောင့်အငှါးချထားခြင်းပျက်သုဉ်းခြင်းရှိ၊မရှိပြဿနာ၏အဖြေကိုရှုထောင့်စုံမှစိစစ်ပြထားသည်ကိုတွေ့မြင်နိုင်ပါသည်။


ဦးစံမောင်ရေးသောစီရင်ချက်သည်အရှည်ဆုံးဖြစ်သည်။


ကြွားဝါလို၍ဤဖြစ်ရပ်တို့ကိုဖော်ထုတ်ရေးသားခြင်းမဟုတ်ပါ။


ဥပဒေဟူသည်အဆုံးထိလေ့လာ၍ရနိုင်သောအရာမဟုတ်ကြောင်းသိစေလိုသည့်ဆန္ဒကနှိုးဆော်ခြင်းကြောင့်သာဖြစ်သည်။

——————————————————


Sm. Sakhisona Dasi


           vs 


Gour Hari Jana 


on 7 June, 1951


Equivalent citations: AIR1952CAL567, 56CWN174, AIR 1952 CALCUTTA 567


JUDGMENT


S.N. Guha Ray, J.

—————————-


Tarabai Jivanlal Parekh 


              vs 


Lala Padamchand 


on 27 January, 1949


Equivalent citations: AIR1950BOM89, AIR 1950 BOMBAY 89, 51 BOM LR 797


JUDGMENT


Coyajee, J.

———————————


Inder Pershad Singh 


          vs 


Campbell 


on 23 March, 1881


Equivalent citations: (1881)|LR 7CAL474


JUDGMENT


Mitter, J.

————————————


A. I. R. (37) 1950 Caloutta 441 [C. N. 170.]


R. P. MOOKERJEE J.


Kshitish Chandra Mondal-Defendant 1 Appellant


                   v. 


Shiba Rani Debi and others -Respondents.


A. F. A. D. No. 138 of 1949, D/- 10-5-1950, against decree of D. J., Zillah Nadia at Krishnagar, D/-9-12-1948.

—————————————


1947 RANGOON LAW REPORTS 423 ( 472 )


ORIGINAL CIVIL.


Before Mr. Justice Thein Maung on the Original Side


Before Sir Ernest Goodman Roberts, Kt., Chief Justice, Mr. Justice Sharpe and Mr. Justice Blagden on Appeal.


K. M. MODI (PLAINTIFF-APPELLANT)


                       v.


MOHAMED SIDDIQUE AND ONE (DEFENDANT-RESPONDENT).


Civil Regular Suit No. 53 of 1946 and Civil 1st Appeal No. 22 of 1947 of the High Court of Judicature at Rangoon.


1947 Mar 7. Dec, 24.

—————————————


အထက်ဖော်ပြပါစီရင်ထုံးများသည်


1957 BLR ( H C ) 266 ( 272 )


APPELLATE CIVIL.


Before U Po On, J.


MAUNG KYAW NYEIN AND TWO OTHERS (APPELLANTS)


                         V.


MAUNG KYAW KYAW AND ONE (RESPONDENTS).


Civil 2nd Appeal No. 73 of 1956, against the decree of the District Court of Henzada in Civil Appeal No. 7 of 1955,dated 28th May 1955  arising out of the Subdivisional  Court of Henzada in Civil Regular Suit No. 6 of 1954, dated 8th January 1955.


H. C. 1957 Oct. 16


အမှု၌၊တရားဝန်ကြီး U Po On ရည်ညွှန်း၊လိုက်နာသောစီရင်ထုံးများဖြစ်သည်။


စီရင်ထုံးများတွင်၊ယခင်စီရင်ထုံးများကိုကိုးကား၍-


ကိုးကားသောစီရင်ထုံးကို၊ရည်ညွှန်းရုံမျှသာအသုံးချလျှင်[ referred ]ဟုဖော်ပြသည်။


လိုက်နာသည်[ followed ]ဟုဖော်ပြသည်။

Comments

Popular posts from this blog

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]

1963 BLR 556 [ Cause of Action ]

တရားစွဲဆိုရန်အကြောင်း(သို့မဟုတ်)အချင်းဖြစ်အကြောင်းအရာ[ Cause of Action ]