မမေးသင့်သည့်မေးခွန်းကိုအဖြေမပေးမီကန့်ကွက်ခြင်း။
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
မမေးသင့်သည့်မေးခွန်းကိုအဖြေမပေးမီကန့်ကွက်ခြင်း။
——————————————————————————
A. I. R. 1938 Rangoon 442
ROBERTS C. J. AND DUNKLEY J.
Brahmaya and another— Applicants.
V.
The King.
Criminal Misc. Appln. No. 35 of 1938, Decided on 18th July 1938, for transfer from Sess. Judge, Insein.
အမှုတွင်၊မမေးသင့်သည့်မေးခွန်းကိုအဖြေမပေးမီကန့်ကွက်သင့်သည်၊အဖြေပေးပြီးမှကန့်ကွက်လျှင်ကန့်ကွက်ချက်သည်အချည်းနှီးသာဖြစ်ပေမည်။
ကန့်ကွက်ခြင်းမပြုဘဲအခွင့်အရေးကိုစွန့်လွှတ်ရာရောက်နိုင်သည်။
မေးခွန်းကိုကန့်ကွက်ပါလျက်တရားရုံးမှဖြေကြားရန်ညွှန်ကြားလျှင်မေးခွန်းကိုမေးသည့်အတိုင်း၊အဖြေကိုဖြေသည့်အတိုင်းရေးမှတ်ထားသင့်သည်။
မည်သူကကန့်ကွက်သည်၊တရားရုံးမှမည်ကဲ့သို့ဆုံးဖြတ်သည်ဆိုသောအချက်တို့ကိုလည်းဖော်ပြထားရမည်။
မေးခွန်းကိုခွင့်မပြုပါကမည်ကဲ့သို့မေးသည်၊မည်သည့်အတွက်ကြောင့်ခွင့်ပြုရန်ငြင်းပယ်သည်ဟုတရားရုံးကမှတ်သားထားရန်လိုကြောင်းအောက်ပါအတိုင်းဆုံးဖြတ်သည်-
(g) Evidence-Question disallowed by Court by formal ruling - Note of ruling should be recorded by Judge if so desired by advocate.
It is most desirable that when a question is disallowed by a formal ruling and an advocate desires that a note of the ruling should be recorded in the proceedings, this should be done; as the question whether evidence material to one side was improperly excluded may often engage the attention of an Appellate Court.
Unless the Appellate Court knows the exact question which was disallowed, or the application which was refused, it is difficult to judge afterwards as to the propriety with which evidence may have been excluded from the consideration of a Court of frst instance. (P 446 C 1)
————————-
အထက်ပါစီရင်ထုံးစာမျက်နှာ ၄၄၅၊ကော်လံ ၂ နှင့် စာမျက်နှာ ၄၄၆၊ကော်လံ ၁ တွင်ခုံရုံးကအောက်ပါအတိုင်းပြဆိုသည်-
[ It has been alleged that on more than one occasion during the course of the trial the learned Judge declined to record the applications or objections of the defence and his rulings thereon, and this allegation has not been denied by him.
It has further been alleged that in the course of the cross examination of one witness a question was asked which was, it is urged, most material to the defence.
This question appears to us to have been material, but it was disallowed; and when the learned Judge was asked to record the question and his ruling disallowing it, he declined to do so.
This allegation is also not denied by the Judge.
In our judgment it is most desirable that when a question is disallowed by a formal ruling and an advocate desires that a note of the ruling should be recorded in the proceedings, this should be done; as the question whether evidence material to one side was improperly excluded may often engage the attention of an Appellate Court.
Unless the Appellate Court knows the exact question which was disallowed, or the application which was refused, it is difficult to judge afterwards as to the propriety with which evidence may have been excluded from the consideration of a Court of first instance. ]
—————————-
1989 BLR 14 ( 17 )
ပြစ်မှုဆိုင်ရာပြင်ဆင်မှု
တရားရုံးချုပ်တရားသူကြီးဦးအေးအုန်းရှေ့တွင်
ဒေါ်တင်အေး
နှင့်
ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါ ၂
၁၉၈၉ မတ်လ ၈ ရက်
အမှုတွင်တရားရုံးချုပ်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-
[ ဆုံးဖြတ်ချက်။ ။သက်သေများကိုပြန်လှန်စစ်မေးရာတွင်တရားသူကြီးကဝင်ရောက်စွက်ဖက်လေ့မရှိသော်လည်းရှေ့နေကမိမိ၏အခွင့်အရေးကိုအလွဲသုံးစားလုပ်ပြီးအချိန်ဆွဲ၍အမှုကိုနှောင့်နှေးကြန့်ကြာစေရန်ရည်ရွယ်ချက်ဖြင့်အမှုနှင့်စပ်ဆိုင်ခြင်းမရှိသောပြန်လှန်မေးမြန်းခြင်းကိုထိန်းသိမ်းကြပ်မတ်ပေးခွင့်ရှိသည်။
ရှေ့နေများကလည်းသက်သေများကိုပြန်လှန်စစ်မေးရာ၌အမှုနှင့်စပ်ဆိုင်သောမေးခွန်းများကိုမေးမြန်းခြင်းဖြင့်မှန်မှန်နှင့်မြန်မြန်တရားစီရင်ရေးကိုအထောက်အကူပြုရန်တာဝန်ရှိသည်။
အမှုနှင့်စပ်ဆိုင်ခြင်းမရှိသောပြန်လှန်စစ်မေးခြင်းကိုအချိန်ဆွဲပြီးပြုလုပ်ခြင်းသည်သက်ဆိုင်သူအမှုသည်များအတွက်တရားစရိတ်တက်စေရုံမကအများပြည်သူတို့၏အချိန်ကိုဖြုန်းတီးရာရောက်စေသည်။ ]
——————
1979 BLR 1 ( 3 )
ပြစ်မှုဆိုင်ရာပြင်ဆင်မှု
ဥက္ကဌအဖြစ်ဦးစိုးလှိုင်၊အဖွဲ့ဝင်များအဖြစ်ဦးလှဘုန်းနှင့်ဦးအေးမောင်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်
၁။ ကာစင်ဂျမား
၂။ ဒါဝတ်ဂျမား
—————————-
ကိုဝင်းစိန်
နှင့်
ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်
၁၉၇၉ ဇူလိုင်လ ၂၅ ရက်
အမှုတွင်ဗဟိုတရားစီရင်ရေးအဖွဲ့ကစီရင်ထုံးစာမျက်နှာ ၂ နှင့် ၃ တွင်အောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-
[ ယခုအမှုတွင်သက်သေဦးသိန်းအောင်အားတရားခံဘက်မှပြန်လှန်စစ်မေးရာ၌ဦးသိန်းအောင်ကသက်သေခံ” က “စာမှာမိမိထံလိပ်မူသောစာမဟုတ်ကြောင်းဖြေကြားပြီးနောက်ဆက်လက်ဖြေရှင်းမည်ပြုသောအခါတရားခံဘက်မှဦးသိန်းအောင်သည်မိမိတို့မေးမြန်းချက်များကိုဖြေကြားရန်သာဖြစ်ပြီးမရှင်းလင်းသည့်အချက်များကိုတရားလိုအကျိုးဆောင်မှပြန်လည်စစ်မေးသည့်အခါတွင်ဖြေကြားရန်ဖြစ်ကြောင်း၊မြို့နယ်တရားရုံးသို့တင်ပြသည်။
တရားလိုအကျိုးဆောင်ကမူသက်သေကမိမိအလိုအလျောက်ရှင်းလင်းလိုခြင်းဖြစ်သဖြင့်ရှင်းလင်းခွင့်ပေးသင့်ကြောင်းတင်ပြရာမြို့နယ်တရားရုံးကဦသိန်းအောင်၏အလိုအလျောက်ထွက်ဆိုချက်များကိုအတိုင်းအတာအရလက်ခံရန်ဖြစ်ကြောင်းဆုံးဖြတ်လိုက်သဖြင့်သက်သေတဦးအားပြန်လှန်စစ်မေးစဉ်ယင်းသက်သေကအလိုအလျောက်ထွက်ဆိုခြင်းကိုလက်ခံရန်သင့်မသင့်နှင့်စပ်လျဉ်း၍ဥပဒေပြဿနာပေါ်ပေါက်လာသည်။
လျှောက်ထားသူ၏အကျိုးဆောင်များကမိိမိတို့သည်သက်သေဦးသိန်းအောင်အားပြန်လှန်စစ်မေးရာတွင်သက်သေသည်မိမိတို့မေးမြန်းသည့်အချက်မှန်မမှန်ကိုသာဖြေကြားရန်ဖြစ်ကြောင်း၊ယင်းအချက်နှင့်ပတ်သက်၍ထပ်မံရှင်းလိုပါက၎င်းအားတရားလိုဘက်မှပြန်လည်စစ်မေးသည့်အခါရှင်းလင်းရန်ဖြစ်ကြောင်း၊ပြန်လှန်စစ်မေးရာတွင်သက်သေအားမိမိထွက်ဆိုလိုရာထွက်ဆိုခွင့်ပြုပါကတရားစီရင်ရေးကိုထိခိုက်နိုင်ကြောင်းသက်သေခံဥပဒေပုဒ်မ ၁၃၈ ကိုကိုးကား၍လျှောက်လဲသည်။
သက်သေခံဥပဒေပုဒ်မ ၁၃၈ ပါပြဌာန်းချက်အရဆိုလျှင်တဘက်အမှုသည်ကသက်သေတဦးအားပြန်လှန်စစ်မေးရာတွင်အမှုနှင့်စပ်ဆိုင်သည့်အကြောင်းခြင်းရာများကိုသာစစ်မေးရန်ကန့်သတ်ထားကြောင်းပေါ်ပေါက်သည်။
သက်သေသည်တဘက်အမှုသည်ကမေးမြန်းသမျှကိုသာဖြေဆိုရမည်ဟုပိတ်ပင်ထားခြင်းမရှိပေ။
သို့သော်သက်သေသည်အမှုနှင့်စပ်ဆိုင်သည့်အကြောင်းခြင်းရာများကိုသာထွက်ဆိုနိုင်သည်။
ဤအချက်ကိုတရားရုံးများကအမှုစစ်ဆေးရာတွင်အလေးအနက်ထား၍ထိန်းကျောင်းသွားရန်လိုသည်။ ]
———————————————————
Comments
Post a Comment