အမှုအဆုံးအဖြတ်ကိုထိခိုက်သော[ affecting the decision of the case ]
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
အမှုအဆုံးအဖြတ်ကိုထိခိုက်သော[ affecting the decision of the case ]
အမှုအဆုံးအဖြတ်ကိုထိခိုက်သော[ affecting the decision of the case ]ဆိုသည့်စကားရပ်သည်-
အမှု၏အရည်အသွေးအရဆုံးဖြတ်ချက်ကိုထိခိုက်သော[ affecting the decision of the case on its merits ]ဟုအဓိပ္ပာယ်ရသည်။
သို့ဖြစ်ရာအပြီးသတ်ဒီကရီကိုအယူခံဝင်ရာ၌အကြောင်းပြချက်တရပ်အဖြစ်အယူခံတွင်တင်ပြလိုသည့်အမိန့်ပါမှားယွင်းမှု၊ချွတ်ယွင်းမှုသို့မဟုတ်နည်းလမ်းမကျမှုသည်အမှုသွားအမှုလာကိုထိခိုက်မှသာလျှင်အယူခံတွင်တင်ပြနိုင်သည်။
တဖက်သတ်ဒီကရီကိုအမိန့် ၉၊နည်း ၁၃ အရပယ်ဖျက်သောအမိန့်သည်အမှု၏အရည်အသွေးကိုထိခိုက်သောအမိန့်မဟုတ်။
သို့ဖြစ်၍အမှုကိုပြန်လည်စစ်ဆေးကြားနာသောအခါတရားပြိုင်အနိုင်ရပြီးအမှုပလပ်ခြင်းခံရလျှင်တရားလိုသည်[ မိမိအမှုကိုပလပ်သော ]ဒီကရီကိုအယူခံဝင်ရာ၌တဖက်သတ်ဒီကရီကိုပယ်ဖျက်သောအမိန့်မှားသည်ဟုစောဒကမတက်နိုင်။
————————————————
VOL V. INDIAN LAW REPORTS. RANGOON SERIES. 80 ( 92 )
APPELLATE CIVIL.
Before Mr. Justice Heald, and Mr. Justice Cunliffe.
M. S. MAHOMED
v.
THE COLLECTOR OF TOUNGOO.*
Civil First Appeal No. 225 of 1925 against the judgment of the District Court of Toungoo in Civil Miscellaneous No. 151 of 1924.
1927 Jan. 6.
အမှုတွင်အယူခံတရားလို၏တင်ပြလျှောက်ထားချက်အရ၊မြေသိမ်းမှုတွင်ကော်လိပ်တော်အရာရှိကခွင့်ပြုသောလျော်ကြေးကိုတိုးမြှင့်ပေးစေရန်ခရိုင်တရားမရုံးသို့လွှဲအပ်လွှာတင်သွင်းသည်။
ခရိုင်တရားမတရားသူကြီးကတဖက်သတ်ကြားနာပြီးနောက်ခွင့်ပြုငွေကိုတိုးမြှင့်ပေးသည်။
ကော်လိပ်တော်အရာရှိအားအမှုကြားနာမည့်နေ့နှင့်စပ်လျဉ်း၍လည်းကောင်း၊စီရင်ချက်မချမှတ်မီလည်းကောင်းနို့တစ်များချအပ်ခဲ့သည်။
ကော်လိပ်တော်အရာရှိက[ ကျမ်းကျိန်ဆိုချက်တစုံတရာမပါဘဲ ]မိမိလျှောက်လွှာတွင်အမှု၌မလာရောက်ခြင်းမှာခရီးသွားနေရခြင်းနှင့်အလုပ်များခြင်းကြောင့်ဖြစ်သည်ဟုအဆိုပြုကာဒီကရီကိုတရားမကျင့်ထုံးဥပဒေအမိန့် ၉၊နည်း ၁၃ အရပယ်ဖျက်ပေးရန်လျှောက်ထားသည်။
တရားသူကြီးကတဖက်သတ်ဒီကရီကိုပယ်ဖျက်၍သက်သေခံချက်များကိုကြားနာပြီးနောက်ကော်လိပ်တော်အရာရှိ၏မူလဆုံးဖြတ်ချက်ကိုအတည်ပြုသည်။
အယူခံတရားလိုကအဆိုပါဆုံးဖြတ်ချက်ကိုတရားလွှတ်တော်တွင်အယူခံဝင်၍မူလတဖက်သတ်ဒီကရီကိုခရိုင်တရားမရုံးကပယ်ဖျက်နိုင်ရန်လုံလောက်သောအကြောင်းမရှိကြောင်းတင်ပြလျှောက်ထား၍တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၀၅( ၁ )ကိုကိုးကားသည်။
အယူခံတရားပြိုင်ကတဖက်သတ်ဒီကရီကိုပယ်ဖျက်သည့်အမိန့်အပေါ်အယူခံဝင်ခွင့်မရှိကြောင်းတင်ပြလျှောက်ထားပြီးပုဒ်မ ၉၉ ကိုကိုးကားသည်။
တရားသူကြီး Heald နှင့် Cunliffe တို့ကဆုံးဖြတ်ရာတွင်၊တဖက်သတ်ဒီကရီအားပယ်ဖျက်သည့်အမိန့်ကိုမလျော်မကန်ချမှတ်ရာတွင်မှားယွင်းချက်၊ချွတ်ယွင်းချက်သို့မဟုတ်အမှု၏အဆုံးအဖြတ်ကိုထိခိုက်သောနည်းလမ်းမကျမှုပေါ်ပေါက်ပါဝင်သည်ဟူသောအကြောင်းပြချက်ဖြင့်အမှုတမှုတည်းတွင်နောက်ထပ်ချမှတ်သောဒီကရီကိုအယူခံဝင်ရာ၌အဆိုပါအမိန့်လျော်ကန်သည်သို့မဟုတ်မလျော်ကန်သည်ကိုစောဒကတက်နိုင်သည်။
ပုဒ်မ ၉၉ နှင့်ပုဒ်မ ၁၀၅( ၁ )တို့သည်တခုကိုတခုအပြန်အလှန်ပျက်ပြားစေသည်မဟုတ်။
ပုဒ်မ ၁၀၅( ၁ )တွင်[ အမှုသွားအမှုလာအရ ]ဆိုသောစကားရပ်ကိုထည့်သွင်းဖတ်ရှုရန်မလို။
တရားသူကြီး Heald က၊ကော်လိပ်တော်အရာရှိကအလုပ်များသောကြောင့်တရားရုံးသို့မလာရောက်နိုင်ကြောင်းဖော်ပြချက်ကိုသက်သေခံအထောက်အထားဖြင့်ဖြစ်စေ၊ကျမ်းကျိန်ဆိုချက်ဖြင့်ဖြစ်စေထောက်ခံထားခြင်းမရှိသော်လည်းတဖက်မှစောဒကတက်ခြင်းမရှိသဖြင့်တရားရုံးသို့မလာရောက်နိုင်ခြင်းအတွက်လုံလောက်သောအကြောင်းဖြစ်သည်။
မည်သို့ပင်ဖြစ်စေ၊ခရိုင်တရားမတရားသူကြီးကလုံလောက်သောအကြောင်းအဖြစ်လက်ခံခဲ့သည်ဖြစ်ရာတရားလွှတ်တော်သည်အယူခံတွင်ယင်းဆုံးဖြတ်ချက်ကိုစွက်ဖက်ရန်မသင့်ဟုလည်းကောင်း-
တရားသူကြီး Cunliffe ကတဖက်သတ်ဒီကရီကိုပယ်ဖျက်ရန်ခရိုင်တရားမရုံးတွင်သင့်တော်သောအကြောင်းပြချက်များသို့မဟုတ်အထောက်အထားများမရှိ။
သို့ဖြစ်၍အယူခံမှုသည်အဆိုပါပဏာမအကြောင်းပြချက်တွင်အနိုင်ရရှိသည်။
အမှုသွားအမှုလာအရဆုံးဖြတ်ချက်။ ။အမှုကိုပြန်လည်ကြားနာသောအခါခရိုင်တရားမရုံးကအတည်ပြုသောကော်လိပ်တော်အရာရှိ၏ဆုံးဖြတ်ချက်သည်တရားမျှတ၍သင့်မြတ်သည်။
သို့ဖြစ်၍အယူခံမှုသည်အောင်မြင်ရန်အကြောင်းမရှိဟုလည်းကောင်းဆုံးဖြတ်သည်-
[ Ctvil Procedure Code Act V of 1908) sections 99, 105 ( 1 ), Order9. Rule 13-Whether order setting aside an ex-parte decree can be questioned in an appeal against the subsequent decree in the same suit-Whether order mast affect the decision of case.
" on its merits "—" Suffcient cause" for absence is case of a Government servant.
At the instance of the appellant a reference was made to the District Court to enhance the compensation awarded to him by the Collector in a land acquisition case.
The District Cort enhanced the award after an ex-parte hearing.
The Collector was served with notices of the case as to the date of hearing and also before the date of judgment.
The Collector now applied to set aside the decree under Order 9, Rule 13 of the Civil Procedure Code alleging in his petition (without any affidavit) that his absence from the case was date to his being on tour and pressure of work.
The Judge set aside the ex-parte decree and after hearing evidence confirmed the original award of the Collector.
Appellant appealed to the High Court on the award and also contended that there was no sufficient cause for the District Court to set aside the original ex-parte decree and relied on section 105 ( 1 )of the Civil Procedure Code.
Respondent contended that no appeal lay against the ex-parte decree and relied on section 99 of the Code.
Held, that the propriety of an order setting aside an ex-parte decree can be questioned in, an appeal against the subsequent decree in the same suit on the ground that the improper making of such an order involved an error, defect, or irregularity in an order affecting the decision of the case.
Sections 99 and 105 ( 1 ) are not mutually destructive, and there is no need to read into section 105 the additional words " on the mirits".
Held, by HEALD, J.- that the Collector's unchallenged statement, though not supported by evidence or affidavit, that he was prevented by stress of Governnent work from attending the Court was a sufficient cause for his non-attendance and that in and case as the District Court had accepted it as sufficient cause, it was not proper for the High Court to interfere on appeal with such decision.
Held, by CUNLIFFE, that the District Court had no proper grounds or evidence before it to set aside the ex-parte decree and that therefore the appeal succeeded on the preliminary ground.
Held, on the merits of the case that the award of the Collector confirmed by the District Court on the rehearing of the case was fair and proper and therefore the appeal failed.]
[ မှတ်ချက်။ ။တဖက်သတ်ဒီကရီကိုပယ်ဖျက်ခြင်းမှာမခိုင်လုံဟူသောအချက်ကိုအမှုတွင်နောက်ဆုံး၌ချမှတ်သောအမှုကိုပလပ်သည့်ဒီကရီအပေါ်တင်သွင်းသောအယူခံ၌တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၀၅( ၁ )အရအကြောင်းပြချက်အဖြစ်တင်ပြနိုင်သည်။
ပုဒ်မ ၁၀၅( ၁ )တွင်[ အမှုသွားအမှုလာအရ ]ဆိုသောစကားရပ်ကိုထည့်သွင်းဖတ်ရှုရန်မလိုဟူသောထုံးဖွဲ့မှုကို 1937 RANGOON LAW REPORTS 207 ( 213 )( F B )တွင်ပယ်ဖျက်သည်။ ]
————————————————
1937 RANGOON LAW REPORTS 207 ( 213 )
FULL BENCH (CIVIL).
Before Sir Ernest H. Goodman Roberts, Kt, Chief Justice, Mr. Justice Leach, and Mr. Justice Spargo.
YEIK LEE v. AIHOOR BIBI.*
Civil Revision No. 299 of 1936 from the judgment of the District Court of Myaungmya in Civil Mise. Appeal No. 17 of 1936.
1937 April. 27.
အမှုတွင်စုံညီခုံရုံးကတရားပြိုင်၏လျှောက်ထားချက်အရမူလရုံးကတရားပြိုင်သည်လုံလောက်သောအကြောင်းကြောင့်တရားရုံးသို့မလာရောက်နိုင်ခြင်းဖြစ်ကြောင်းကျေနပ်သဖြင့်တဖက်သတ်ဒီကရီကိုပယ်ဖျက်လိုက်လျှင်အဆိုပါအမိန့်ကိုအယူခံမဝင်နိုင်။
အမှုကိုပြန်လည်ကြားနာသောအခါတရားပြိုင်သည်အနိုင်ရပြီးအမှုကိုပလပ်လိုက်လျှင်ဒီကရီကိုအယူခံဝင်ရာ၌အယူခံတရားလိုသည်တဖက်သတ်ဒီကရီအားပယ်ဖျက်ခဲ့ခြင်းမှာမလျော်ကန်ကြောင်းစောဒကမတက်နိုင်။
တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၀၅( ၁ )ပါ[အမှု၏အဆုံးအဖြတ်ကိုထိခိုက်သော]ဆိုသည့်စကားရပ်သည်အမှုသွားအမှုလာအရအမှု၏အဆုံးအဖြတ်ကိုထိခိုက်သောဟုအဓိပ္ပာယ်ရသည်။
တဖက်သတ်ဒီကရီကိုပယ်ဖျက်သောအမိန့်သည်အမှု၏အဆုံးအဖြတ်ကိုထိခိုက်သောအမိန့်မမြောက်ဟုအောက်ပါအတိုင်းဆုံးဖြတ်သည်-
[ Appeal-Ex parte decree against defendant set aside-Rehearing of suit-Plaintiff's suit dismised-Appeal against decree--Ground of appeal against order setting aside ex parte decree—Error " affecting the decision of the case", Order must affect the decision of the case on its merits--Civil Procedure Code (Act V of1908), s. 104, 105, O. 43, r. 1.
Where on the application of the defendant the trial Court sets aside an ex parte decree because it was satisfied that the defendant was prevented by sufficient cause from appearing, no appeal lies against such order.
On the re-hearing of the suit if the defendant succeeds and the suit is dismissed the plaintiff in his appeal against the decree cannot question the propriety of the order setting aside the ex parte decree.
The words in s. 105 of the Civil Procedure Code "affecting the decision of the case " mean affecting the decision of the case on its merits.
An order setting aside an ex parte decree does not constitute an order affecting the decision of the case.
Atlamse: Koulier v. Gencsar, 47 MI.J. 641 ; Bida Ram v. Arjan Dai I.L.R. 14 Lal. 361 ; Chistamony v, Magloomali, I.L.R. 22 Cal. 981 ; Dhondu v, Patmarion, I.L.R. 51 Bom. 495 ; Gulab Kameer v. Thakur Des, L.L.R. 24 All. 464 ; Arishna Chasdra v, Molest Chandra, 9 C.W.N. 584; Radia Mohan v. Abbas All, I.L.R. 53 All. 612 ; Tasaddak Hasais v. Hayal-an-aissa, I.L.R, 25 All. 280, referred to.
M. S. Mohomed v. The Colleclor of Toungoo, I.L.R. 5. Ran. 80, overruled pro tanto.
Gopala Chetti v. Subbisz, I.L.R. 26 Mad. 604, distinguished. ]
[ မှတ်ချက်။ ။ဤစီရင်ထုံးသည်ပုဒ်မ ၁၀၅ ကိုအဓိပ္ပာယ်ကောက်ယူခြင်းနှင့်စပ်လျဉ်းသမျှ VOL V. INDIAN LAW REPORTS. RANGOON SERIES. 80 ( 92 ) ကိုပယ်ဖျက်သည်။ ]
——————————————
1937 RANGOON LAW REPORTS 207 ( 213 )
FULL BENCH (CIVIL).
Before Sir Ernest H. Goodman Roberts, Kt, Chief Justice, Mr. Justice Leach, and Mr. Justice Spargo.
YEIK LEE v. AIHOOR BIBI.*
Civil Revision No. 299 of 1936 from the judgment of the District Court of Myaungmya in Civil Mise. Appeal No. 17 of 1936.
1937 April. 27.
စီရင်ထုံးတွင် VOL V. INDIAN LAW REPORTS. RANGOON SERIES. 80 ( 92 )စီရင်ထုံး၏ဆုံးဖြတ်ချက်မှားယွင်းကြောင်းလျှောက်ထားသူ၏ရှေ့နေ Hay ကစီရင်ထုံးစာမျက်နှာ ၂၀၇ နှင့် ၂၀၈ တို့တွင်အကိုးအကားထုံးသာဓကများဖြင့်အောက်ပါအတိုင်းတင်ပြလျှောက်ထားသည်-
[ Hay for the applicant. Once a Court set aside an ex-parte decree and restores the suit for hearing, no other Court can question the order.
Order 43, r. 1 (d) of the Code allows an appeal from an order refusing to set aside an ex-parte decree, but not from an order allowing it.
S. 104 of the Code deals with appealable orders.
S. 105 allows an appeal against an order in an appeal from a decree provided it affects the merits of the case.
See Sir Dinshah Mulla's Civil Procedure Code, 10th Ed. p. 348.
An order setting aside an ex-parte decree does not affect the decision of the case on the merits.
The ruling in M. S. Mahomed v. The Collector of Toungoo (1) I.L.R. 5 Ran. 80. is erroneous.
The High Courts in India have held that an order under O. 9, r. 13, setting aside an ex-parte decree, is not an order that can be attacked in an appeal from the decrec in suit. Krishna Chandra v. Mohesh Chandra Sala (2) ;9 C.W.N. 584. Chintamony Dassi v. Raghoowath Sahoo(3);I.L.R. 22 Cal. 981.Sayama Bibi v. Mohanta (4) ; I.L.R. 52 Cal. 472. Dhondu v. Patwardhan (5).I.L.R. 51 Bom. 495.
စုံညီခုံရုံးတရားသူကြီး LEACH ကစီရင်ထုံးစာမျက်နှာ ၂၀၈ တွင်အောက်ပါအတိုင်းမြွက်ဆိုသည်-
[LEACH, J. The High Court may restore an ex-parte decrce sct aside by the trial Court when it has acted: without jurisdiction, e.g. when it has entertained a time-barred application to set aside the decree.]
That is so, see Gopala Chelli v. Subbier (6)I.L.R. 26 Mad. 604; and Athamsa Rowther v. Ganesan (7) 47 Mad L.J. 641.
In the Full Bench case of Radha Mohan Dutt v. Abbas Ali Biswas (8) I.L.R. 53 All. 612., the authorities were reviewed.
Gulab Kunwar v. Thakur Das (9) I.L.R. 24 All. 464.; and Tasadduk Husain v. Hayat-un-nissa_(10) I.L.R. 25 All. 280., were approved, Nand Ram v. Bhopal Singh (11) I.L.R. 34 All. 592., was overruled and M. S. Mahomed's case was dissented from.
See also Sundar Singh v. Nighaiya (12) and Bhola Ram v. Arjan Das (13)I.L.R. 14 Lah. 361.
လျှောက်ထားခံရသူ၏ရှေ့နေ D.C.Munsi ကစီရင်ထုံးစာမျက်နှာ ၂၀၈ နှင့် ၂၀၉ တို့တွင်အောက်ပါအတိုင်းချေပလျှောက်ထားသည်-
[ D. C. Munsi for the respondent. M. S. Mahomed's case took the correct view.
One is not justified in reading into a section words which are not there.
In s. 105 the words " on the merits" do not occur and the Indian cases went wrong in importing these words into the section.
If the Legislature wanted these words to be part of that section it would have said so.
Compare s. 99 of the Code.
The order setting aside an ex parte decree does not conclude the case.
But it does affect the decision of the case, though not on the merits.
Such an order can be made the basis of attack in an appeal from the final judgment.
A. S. Chettiar Firm v. V. T. Veerappa Chettiar (1) I.L.R. 13 Ran. 239.
The decision in the Allahabad case is difficult to understand when it says that the order itself cannot be challenged but any defect or irregularity in the order can be.
On the other hand see Gopala Chetti v. Subbier_(2) I.L.R. 26 Mad. 204; Lachhman Singh v. Naman (3)(1929) A.I.R. Lah. 174 ;
Ram Aular Tewari v. Deoki Tewari ( 4 ) I.L.R. 37 All. 456.
တရားသူကြီးချုပ် ROBERTS က၎င်း၏အမြင်နှင့်ဝေဖန်သုံးသပ်ချက်ကိုစီရင်ထုံးစာမျက်နှာ ၂၀၉ မှ ၂၁၂ အထိအောက်ပါအတိုင်းရေးသားဖော်ပြသည်-
[ ROBERTS, C.J.- This case was a suit for rent brought by the present respondent as plaintiff against one Yeik Lee, and at the hearing in the Township Court the defendant did not put in an appearance owing to a delay occasioned by some business connected with the municipal licence of his pawn shop.
Subsequently, in the circumstances of the case, the Township Judge permitted the ex-parte decree which he granted in the defendant's absence to be set aside: and there is no dispute that under Order XLIII, rule 1, no appeal can lie against this order.
But when the re-hearing came on the defendant succeeded and there was a decree dismissing the suit, and the plaintiff appealed against this decree, and it is contended that in the appeal against this decree the order setting aside the ex-parte decree can be set aside.
By section 104 of the Civil Procedure Code appeals lie from orders specified therein and from no other orders save as otherwise expressly provided in the body of the Code,' and by section 105 save as otherwise expressly. provided no appeal shall lie from any order made by a Court in the exercise of its original or appellate jurisdiction; but where a decree is appealed from, any error, defect or irregularity in any order, affecting the decision of the case, may be set forth as a ground of objection in the memorandum of appeal.
Now, an order sctting aside an ex-parte decree does not, in my opinion, constitute an order affecting the decision of the case: it is an order securing that the case shall be re-heard upon its merits, and when one comes to look at the euthorities in connection with this matter it is seen that there is a weight of authority in support of this view.
In the case of Gulab Kanwar v. Thakur Das (1) (1902) I.L.R. 24 All. 464., it was held that an order re-admitting an appeal which was dismissed for default under the old section 556 was not appealable, and that the meaning of the words "affecting the decision of the case " is that it must be shown that the error, defect or irregularity has affected the decision of the case upon its merits.
Again in Tasadduk Hwsain v. Hayat-un-nissa (2) (1903) I.L.R. 25 All. 280., it was held that an'order under section 108 setting aside an ex-parte decree was not an order affecting the decision of the case, that is to say, upon the merits.
The Allahabad authorities culminate in the decision of Radha Mohan Dutt v. Abbas Ali Biswas (3) (1931)I.L.R. 53 All. 612. which is a Full Bench authority to the same effect.
We have had cited to us a decision of the Rangoon High Court—M. S. Mahomed v. The Collector of Toungoo (1)(1927) I.L.R. 5 Ran. 80., and I observe that that case was expressly dissented from in the Allahabad case which I have just cited.
The authorities in Calcutta have followed upon the same lines. In Krishna Chandra Goldar v. Mohesh Chandra Saha (2) 9 C.W.N. 584. Woodroffe J. pointed out that the reason why an order made under section 108 had been Eeld not to affect the merits of the case is that the order does not determine the merits but merely ensures a re-hearing on the merits.
See also Chintamony Dassi v. Raghoonath Sahoo (3).(1895) I.L.R. 22 Cal.981.
This decision is in conformity with the Bombay case of Dhondu Narayan Shet Sonar v. Waman Govind Patwardhan (4) (1927) I.L.R. 51 Bom. 495. and also with Bhola Ram v. Arjan Das (5).(1932) I.L.R. 14 Lah. 361.
We have had cited to us the case of Gopala Chetti v. Subbier (6) (1903) I.L.R. 26 Mad. 604., but I am of opinion that this case merely lays down that where the Subordinate Court has acted in a sense contrary to the law its proceedings can be attacked in revision, and a study of the case shows that it is no real authority for the respondent's contention.
The whole of the authorities on this point were reviewed by Wallace J. in the Madras case of Athamsa Rottier v. Ganesan (7). 47 M.L.J. 641.
The learned Judge points out that a number of authorities proceed upon the principle that when the setting aside of the order has re-opened the hearing of the suit on the merits, the propriety of the setting aside of the order cannot be attacked in an appeal in the suit.
He adds however that the cases do not go beyond that or lay down that in no case can the propriety of an order setting aside an ex-parte decree be challenged in an appeal against a decree finally passed in the suit, and he cites the former Madras case of Gopala Chetti v. Subbier (1) (1903) I.L.R. 26 Mad. 604. as an instance in which the ex-parte decree was properly set aside.
I am of opinion that in this case there is no ground for saying that the order setting aside the ex-parte decree should be interfered with: and Mr. Munsi in his argument has been constrained to admit that if his view is right the decision in Radha Mohan Dutt v. Abbas Ali Biswas (2) (1931) I.L.R. 53 All. 612. must be a wrong one.
In my opinion it is clear that the words " affecting the decision of the case " mean affecting the decision of the case on its merits, and I do not think that to give this construction to those words it is right to say one is adding words to the Statute.
Accordingly this application in revision will bę allowed, and the case will be remitted to the appellate Court to decide the appeal upon the other points raised.
Costs ten gold mohurs. ]
စုံညီခုံရုံးတရားသူကြီး SPARGO ကတရားသူကြီးချုပ်၏အမြင်ကိုသဘောတူကြောင်းစီရင်ထုံးစာမျက်နှာ ၂၁၂ တွင်အောက်ပါအတိုင်းဖော်ပြသည်-
[ SPARGO, J.- I agree and have nothing further to add. ]
စုံညီခုံရုံးတရားသူကြီး LEACH က၎င်း၏အမြင်နှင့်ဝေဖန်ချက်ကိုစီရင်ထုံးစာမျက်နှာ ၂၁၂ နှင့် ၂၁၃ တို့တွင်အောက်ပါအတိုင်းရေးသားဖော်ပြသည်-
[ LEACH, J.--The Court is empowered by Order IX rule 13 of the Code of Civil Procedure to set aside an ex-parte decree if it is satisfied that the summons was not duly served or that the defendant was prevented by sufficient cause from appearing when the suit was called on for hearing.
If the Court rejects an application made under this rule the defendant has a right of appeal.
This right is expressly given by Order XLIII, rule 1 (d) : but that order gives no right of appeal to the plaintifi if the defendant's application is successful.
In view of the very emphatic terms of section 104 of the Code and the omission to insert in Order XVIll a clause giving the plaintiff a right to appeal against an order setting aside an ex-parte decree it seems to me clear that the Legislature never intended that there should be an appeal in such a case, and this can well be understood.
It is only right that a defendant should be allowed to state his case if the trial Court is satisfied that he was unaware of the procedings or that he was prevented by sufficient cause from appearing when the suit was called on for hearing.
The learned Judges who decided M. S. Mahomed v. The Collector of Toungoo (1) (1927) I.L.R. 5 Ran. 80. were of the opinion that section 105 (1) of the Code gave the appellate Court power to restore an ex-parte decree in a case like the present one when it had seisin of the matter as the result of an appeal from the decree passed after the hearing on the merits.
I am unable to accept this as being the correct interpretation of the section.
It differs from a long list of decisions of Indian High Courts.
There may be circumstances which would entitle an appellate Court to restore an ex-parte decree which bas' been set aside by a trial Court.
It is not necessary for the purpose of this appeal to consider them, but I have at the moment in mind the cases of Gopala Chetti v. Subbier_(2)(1903) I.L.R. 26 Mad. 604. and Alhamsa Rowther v. Ganesan (3). 47 M.L.J. 641; (1924) M.W.N. 834.
In the present case the ex-parte decree was sct aside by the trial Court because it was satisfied that the defendant was prevented by sufficient cause from appearing, and, in my opinion, the Code of Civil Procedure gives no right of appeal in such a case.
I agree that the application for revision should be allowed and the case remitted to the learned Assistant District Judge to decide the appeal on the other points raised. ]
————————
UPPER BURMA RULINGS ( 1897 - 1901 )
2 UBR 237 ( 239 )
Civil Procedure-103, 578, 591.
Before G. W. Shaw, Esq.
SHEWDATROY BHISSASUR DASS v. MOLLA TAR.
Civil Second Appeal No. 108 of 1901. July 22nd.
အမှုတွင်၊တရားလို[ အယူခံတရားလို ]ကိုယ်စားအမှုကိုဦးဆောင်ဦးရွက်ပြုလုပ်ကာဆောင်ရွက်လျက်ရှိသောတရားလို၏ကိုယ်စားလှယ်သည်အမှုချိန်းဆိုသည့်နေ့တွင်တရားရုံးသို့လာရောက်ရန်ပျက်ကွက်သဖြင့်တရားရုံးကအမှုကိုတရားမကျင့်ထုံးဥပဒေပုဒ်မ ၁၀၂[ ယခုအမိန့် ၉၊နည်း ၈ ]အရပလပ်လိုက်သည်။
ထို့နောက်ကိုယ်စားလှယ်သည်လွန်ခဲ့သည့်ရက်ချိန်းနေ့ကတရားရုံးသို့မလာရောက်နိုင်သည့်အကြောင်းများကိုဖော်ပြလျက်အမှုပြန်ဖွင့်သင့်ကြောင်းအကြောင်းပြရန်တရားပြိုင်[ အယူခံတရားပြိုင် ]ထံနို့တစ်စာချအပ်သည်။
တရားပြိုင်သည်တရားရုံးသို့လာရောက်၍အမှုပြန်ဖွင့်ခြင်းကိုကန့်ကွက်ရန်မရှိကြောင်းပြောဆိုသည်။
သို့ဖြစ်၍တရားသူကြီးကအမှုကိုပြန်ဖွင့်၍ကြားနာပြီးနောက်တရားလိုအားအနိုင်ပေးကာဒီကရီချမှတ်သည်။
ထို့နောက်တရားပြိုင်ကခရိုင်တရားမရုံးတွင်အယူခံဝင်ရာပထမအယူခံအကြောင်းပြချက်မှာလုံလောက်သောအကြောင်းရှိကြောင်းမထင်ရှားဘဲအမှုကိုမှားယွင်း၍ပြန်လည်ဖွင့်လှစ်ခဲ့သည်ဟူ၍ဖြစ်သည်။
ခရိုင်တရားမရုံးကတရားလို၏ကိုယ်စားလှယ်သည်လုံလောက်သောအကြောင်းကြောင့်တရားရုံးသို့မလာရောက်ခြင်းဟုတ်မဟုတ်နှင့်စပ်လျဉ်း၍ငြင်းချက်ထုတ်ပြီးဤအချက်နှင့်စပ်လျဉ်း၍နောက်ထပ်သက်သေခံချက်များရယူပြီးနောက်လုံလောက်သောအကြောင်းမပြနိုင်ဟုဆုံးဖြတ်ကာမူလရုံး၏ဆုံးဖြတ်ချက်ကိုပယ်ဖျက်လိုက်သည်။
တရားသူကြီး G. W. Shaw က၊အမှုကိုမှားယွင်း၍ပြန်လည်ဖွင့်လှစ်စေကာမူယင်းသို့မှားယွင်းဖွင့်သည့်အကြောင်းကြောင့်ခရိုင်တရားမရုံးကဒီကရီအားပယ်ဖျက်ခြင်းကိုတရားမကျင့်ထုံးဥပဒေပုဒ်မ ၅၇၈[ ယခုပုဒ်မ ၉၉ ]ကပိတ်ပင်သည်။
မူလရုံးတွင်ကန့်ကွက်ရန်ငြင်းပယ်ပြီးနောက်တရားပြိုင်အားအယူခံရုံးတွင်ထိုပြဿနာကိုတင်ပြခွင့်မပြုသင့်။
တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၀၃[ ယခုအမိန့် ၉၊နည်း ၉ ]အရချမှတ်သောအမိန့်သည်ပုဒ်မ ၅၉၁[ ယခုပုဒ်မ ၁၀၅ ]၏အဓိပ္ပာယ်အရအမှု၏အဆုံးအဖြတ်ကိုထိခိုက်သောအမိန့်မဟုတ်ဟုအောက်ပါအတိုင်းဆုံးဖြတ်သည်-
[ The plaintiff-appellant was the plaintiff in a suit for money brought against defendant-respondent on a day (the 4th April 1900) to which the hearing had been adjourned.
His agent, who was conflicting the casc, failed to appear and the Court dismissed the suit under sectic 102:, Civil Procedure Code, On the 1st May the agent attended and applied that the case might be re-opened, alleging that he was prevented by the accident of missing his steamer from being present on the 4th April.
Notice was sent to the defendant to show cause against the re-opening of the case and on the 23rd May both parties were present.
Plaintiff-appellant's agent explained how it was he had been prevented from appearing or the 4th April and the defendant respondent had no objection to the case being re-opened.
The Judge accordingly re-opened the case under section 103, Civil Procedure Code, and after hearing the rest of the evidence decided in favour of plaintiff appellant.
The delendant-respondents then appealed to the District Court and made it his first ground of appeal that the case had been wrongly re-opened without sufficient cause having been proceed.
The District Court framed an issue whether plaintiff appellant's agent was prevented by sufficient cause from appearing on the 4th April.
Additional evidence was taken and the Township Judge found that the evidence was insufficient to prove sufficient cause.
The Detrict Judge concurred in this finding and reversed the first Court's decision.
The present second appeal was based on the grounds ( 1 )that the District Court should not have gone into the question of re-opening after defendant-respondent had agreed to the case being re-opened; ( 2 ) that the District Court was wrong in remanding the case and should have decided the appeal on the merits; (3) that there were good grounds fer reopening the case.
Held-that section 578, Civil Procedure Code, debarred the District Court from reversing the decree on the ground of the wrong re-opening of the case, if it was wrongly re-opened.
Held also- that defendant-respondent after having refused to make objection should not have been permitted to raise the question in the Appellate Court.
Held also- that an order under section 103, Civil Procedure Code, is not an order affecting the decision of a case within the meaning of section 591.
Reference.— I.L.R., 22 Cal, page 981. ]
———————
UPPER BURMA RULINGS ( 1897 - 1901 )
2 UBR 240 ( 243 )
Civil Procedure-108.
Before G. D. Burgess, Esq., C.S.I.
MAUNG PO LWIN vs. MAUNG PO KIN.
No. 38 of 1897. August 25th.
အမှုတွင်၊ဒီကရီချမှတ်ထားသောအမှုကိုပြန်ဖွင့်ပေးရန်တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၀၈[ ယခုအမိန့် ၉၊နည်း ၁၃ ]အရတင်သွင်းသောလျှောက်လွှာကိုမူလတရားရုံးကတဖက်သတ်စီရင်ဆုံးဖြတ်ခဲ့ခြင်းမဟုတ်ဟူသောအကြောင်းပြချက်အရပယ်လိုက်သည်။
ထိုအမှုတွင်လျှောက်ထားသူသည်ရုံးချိန်းပျက်သော်လည်း၎င်း၏ရှေ့နေသည်အမှုကြားနာ၍သက်သေများစစ်ဆေးနေစဉ်တရားရုံးတွင်ရှိခဲ့သည်။
အယူခံတွင်ခရိုင်တရားမရုံးက၊မသက်ဆိုင်သောသက်သေအားစစ်ဆေးခဲ့စဉ်ကတရားပြိုင်၏ရှေ့နေသည်အမှုကြားနာနေစဉ်ရောက်ရှိခြင်းသည်တရားပြိုင်ဘက်ကိုကြားနာခြင်းမဟုတ်ဟုကောက်ယူကာမူလရုံး၏အမိန့်ကိုပယ်ဖျက်ပြီးအမှုကိုပြန်ဖွင့်ရန်လျှောက်လွှာကိုလက်ခံပြီးအမှုသွားအမှုလာအရအဆုံးအဖြတ်ပေးစေရန်အမိန့်ချမှတ်သည်။
ဒုတိယအယူခံမှုတွင်ဆုံးဖြတ်ချက်။ ။လျှောက်လွှာကိုမူလရုံးကပယ်လိုက်ခြင်းသည်မှန်ကန်သည်။
တရားမကျင့်ထုံးဥပဒေပုဒ်မ ၃၆[ ယခုအမိန့် ၃၊နည်း ၁ ]နှင့်ပုဒ်မ ၉၆ [ ယခုအမိန့် ၉၊နည်း ၁ ]ပါပြဌာန်းချက်အရအမှုသည်တဦး၏ရှေ့နေရောက်ရှိခြင်းသည်အမှုသည်ကိုယ်တိုင်ရောက်ရှိခြင်းနှင့်တူသည်။
အယူခံတရားပြိုင်[ မူလရုံးတရားပြိုင် ]၏ရှေ့နေသည်အယူခံတရားပြိုင်မပါဘဲသက်သေခံချက်ရယူရန်ချိန်းဆိုသည့်အမှုကြားနာရာတွင်ရောက်ရှိခဲ့သည်ဖြစ်ရာ၎င်းရောက်ရှိခြင်းသည်အမှုအားတဖက်သတ်စစ်ဆေးခြင်းကိုပိတ်ပင်သည်။
အမှုကိုပထမကြားနာစဉ်ကရောက်ရှိခဲ့သောတရားပြိုင်သည်မိမိရှေ့နေအားလိုအပ်သောညွှန်ကြားချက်အရပ်ရပ်ပေးရန်တာဝန်ရှိသည်။
နောက်ပိုင်းကြားနာရာတွင်သက်သေများတင်ပြရန်လိုအပ်သည့်ပြင်၊ပြင်ဆင်မှုများပြုလုပ်ရန်တာဝန်ရှိသည်။
၎င်းသည်လုပ်သင့်သည်များကိုလုပ်ဆောင်ရန်ပျက်ကွက်လျှင်တဖက်အမှုသည်အားယင်းပျက်ကွက်မှုကြောင့်ထိခိုက်နစ်နာစေရန်မသင့်။
အချင်းဖြစ်နေ့ကပေါ်ပေါက်သောအခြေအနေမှာအယူခံတရားပြိုင်သည်အမှုချိန်းဆိုသည့်နေ့တွင်အသင့်ရှိစေရန်ညွှန်ကြားသောသက်သေများမပါဘဲကိုယ်တိုင်ရောက်ရှိခြင်းနှင့်အခြေအနေချင်းအတူတူပင်ဖြစ်သည်။
ပုဒ်မ ၁၀၀ မှ ၁၀၈ [ ယခုအမိန့် ၉၊နည်း ၆ မှ အမိန့် ၉၊နည်း ၁၃ ]အထိပြဌာန်းချက်များအားလုံးသည်[ အမှုသည်များလာရောက်ခြင်းနှင့်မလာရောက်ခြင်း၏အကျိုးဆက်များ ]အခန်းတွင်ပါဝင်သည်။
ပထမပုဒ်မ ၉၆ [ ယခုအမိန့် ၉၊နည်း ၁ ]အရဆိုပါက၎င်းအခန်းအရပေါ်လွင်ထင်ရှားသည်မှာအဆိုပါအခန်း[ ယခုအမိန့် ၉ ]သည်ပထမကြားနာရာတွင်လာရောက်ခြင်းနှင့်စပ်လျဉ်း၍မူလကရည်ရွယ်သည့်[ တဖက်သတ် ]ဆိုသောစကားရပ်သည်တရားပြိုင်မှာနည်းလမ်းတကျသမ္မာန်စာချအပ်ပါလျက်ပထမကြားနာရာတွင်လာရောက်ရန်ပျက်ကွက်သောအမှုကိုစစ်ဆေးခြင်းဟုသာမန်အားဖြင့်အဓိပ္ပာယ်ရသည်ဟု၊တရားသူကြီး G . D. Burgess ကအောက်ပါအတိုင်းဆုံးဖြတ်သည်-
[ An application by the respondent-defendant under scction 108, Civil Procedure Code, to re-open a case in which decree had been passed was rejected by tho Court of First Instance on the ground that the suit had not been disposed of ex-parte , and that, although the applicant himself was absent, his advocale had appeared at the hearing and the examination of witnesses.
The respondent appealed against this order to the District Court, which set aside the order of the Court of First Instance, holding that the apperance of respondent's advocate at the hearing of the suit when he examined an irrelevant witness was not a hearing of the respondent's side, and ordered that the application to re-open the case be entertained and dealt with on its merits.
Held—in second appeal, reversing the order of the Court below, that the application to re-open the case was rightly rejected by the Court of First Instance.
Under the provisions of sections 36 and 96, Civil Procedure Code, the appearance of the pleader of a party is equivalent to the appearance of the party himself.
Therefore, when the respondent's advocate, in the absence of respondent, appeared at the hearing of the suit fixed for the taking of evidence, his appearance was an appearance which prevented the proceedings from being ex-parte.
It was the duty of the defendant, who attended in person at the frst hearing, to have given his pleader all necessary instructions and to have trade all requisite preparations for the Production of witnesses at the next hearing, and if he leaded to do what he ought to have done, the other side should not be allowed to be prejudiced by his laches.
The position was precisely the same as the respondent had appeared in person without the witnesses whom he had been directed to have in readiness on the day fixed.
Section 100, 101 and 108 all come in Chapter VIl of the Code headed, " Of the appearance of the parties and consequence of non-appearance"and from the first section 96, it is obvious that the Chapter was meant primarily to deal with appearance at the first hearing, and that the construction ordinarily to be put upon tho words "ex parte" is the trial of a suit in which the defendant after being duly served with summons fails to put in an appearance at the first hearing. ]
[ မှတ်ချက်။ ။တရားလိုဘက်ကိုစစ်ရန်ချိန်းဆိုသည့်နေ့တွင်သက်သေများမလာဘဲတရားလို၏ရှေ့နေလာသော်လည်းရုံးချိန်းပျက်သည်ဟု 4 Ran 408 ပါဆုံးဖြတ်ချက်နှင့်ကွဲလွဲသည်ဟုမဆိုနိုင်။
ပေါ်ပေါက်သောအခြေအနေချင်းမတူချေ။ ]
————————
Comments
Post a Comment