တရားလွှတ်တော်ချုပ်တရားဝန်ကြီးဦးချန်ထွန်း၏ဥပဒေပညာနှင့်အရေးအသား
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
တရားလွှတ်တော်ချုပ်တရားဝန်ကြီးဦးချန်ထွန်း၏
ဥပဒေပညာနှင့်အရေးအသား
——————————————
1970 BLR 232 ( 242 )
နိုင်ငံတော်တရားရုံးချုပ်
တရားမအထွေထွေလျှောက်လွှာ
တရားသူကြီးချုပ်ဒေါက်တာမောင်မောင်၊တရားသူကြီးဦးကျော်ဇံဦး၊တရားသူကြီးဦးချစ်နှင့်တရားသူကြီးဦးသက်ဖေတို့ရှေ့တွင်
ဒေါ်မြရင်ပါ ၅ နှင့် ဒေါ်စော
၁၉၆၈ ခုနှစ်၊ တရားမအထွေထွေလျှောက်လွှာအမှတ် ၃၈။
၁၉၆၆ ခုနှစ်၊ တရားမပထမအယူခံမှုအမှတ် ၅၉ တွင်၊ ၁၉၆၇ ခုနှစ် ဒီဇင်္ဘာလ ၂၈ ရက်နေ့စွဲပါ နိုင်ငံတော်တရားရုံးချုပ်(အယူခံ)ရုံးတော်၏ချမှတ်သောအမိန့်ကိုပြင်ဆင်မှု။
၁၉၇၀ နိုဝင်ဘာလ ၇ ရက်။
စီရင်ထုံးတွင်အယူခံခွင့်ကိုဖွင့်တန်သလောက်ဖွင့်ပေးကောင်း၏။မမှားသောရှေ့နေမရှိသကဲ့သို့မမှားသောတရားသူကြီးလည်းမရှိသောကြောင့်၊အယူခံခွင့်မရှိလျှင်အမှားအယွင်းကိုပြင်ပေးရန်လမ်းမရှိ။မကျေနပ်သူ၊နစ်နာသူတို့အတွက်တက်ရောက်ရန်လမ်းမရှိဟုညွှန်ပြဆုံးဖြတ်ထုံးဖွဲ့သည်။
ခုံရုံးကစီရင်ထုံးစာမျက်နှာ ၂၃၄ နှင့် ၂၃၅ တွင်အောက်ပါအတိုင်းပြဆိုသည်-
[ xxxxxxxxxxယင်းအယူခံဆုံးဖြတ်ချက်မှဒေါ်မြရင်တို့ကအယူခံဝင်ရန်အခွင့်ထူးကိုပြည်ထောင်စုတရားစီရင်ရေးအက်ဥပဒေပုဒ်မ ၆ အရလျှောက်ထားကြ၏။
ပုဒ်မ ၆ ကို ၁၉၆၂ ခုနှစ်၊တော်လှန်ရေးကောင်စီဥပဒေအမှတ် ၄၁ ဖြင့်အောက်ပါအတိုင်းအစားထိုးခဲ့သည်။
“တရားမမှု၊ရာဇဝတ်မှု၊သို့တည်းမဟုတ်အခြားအမှုတွင်တရားရုံးတရပ်ရပ်(တရားရုံးချုပ်တရားသူကြီးတဦးဖြင့်ဖြစ်စေ၊နှစ်ဦးဖြင့်ဖြစ်စေဖွဲ့စည်းထားသောတရားရုံးအပါအဝင်)ကချမှတ်သောစီရင်ချက်ကို၊သို့တည်းမဟုတ်အပြီးသတ်အမိန့်ကိုအယူခံဝင်ရန်၊တရားရုံးချုပ်သည်၊မိမိသဘောအတိုင်းအခွင့်ထူးပေးနိုင်သည်။”
၁၉၆၂ ခုနှစ်၊မတ်လ ၃၀ ရက်နေ့စွဲပါတော်လှန်ရေးကောင်စီကျေညာချက်အမှတ် ၂၅ ဖြင့်တရားလွှတ်တော်ချုပ်နှင့်တရားလွှတ်တော်တို့အစားနိုင်ငံတော်တရားရုံးချုပ်ကိုဖွဲ့စည်းရာတွင်၊ထိုရုံး ၂ ရပ်၏အာဏာနှင့်တာဝန်များကိုတရားရုံးချုပ်အားအပ်နှင်းခဲ့သည်။
မပြီးပြတ်သေးသောအမှုများကိုလည်းတရားရုံးချုပ်သို့ဆက်လက်စစ်ဆေးစီရင်ရန်လွှဲပြောင်းခဲ့သည်။
သို့ဖြင့်ယခင်ရုံး ၂ ရပ်၊ ၂ ဆင့်ရှိခဲ့ရာမှ၊တရုံးအဖြစ်ပေါင်းစည်းပေါ်ထွန်းလာလေသည်။
တရားရုံးချုပ်၌ပင်မူလဘက်၊အယူခံဘက်တို့ရှိလေရာ၊မူလဘက်မှစီရင်ဆုံးဖြတ်ချက်တို့မှအယူခံဝင်ခြင်း၊အယူခံဘက်မှစီရင်ဆုံးဖြတ်ချက်တို့မှအယူခံဝင်ခြင်းတို့နှင့်ပတ်သက်၍၊စီရင်ပိုင်ခွင့်ရှိမရှိ၊ပြဿနာပေါ်သောကြောင့်၊တရားရုံးချုပ်နှင့်နိုင်ငံတော်ရှေ့နေချုပ်တို့က၊အယူခံခွင့်ကိုသင့်မြတ်သည့်အတိုင်းအတာအထိဖွင့်လှစ်နိုင်ရန်၊တော်လှန်ရေးကောင်စီဥပဒေအမှတ် ၄၁ ကိုပြဌာန်းပေးပါရန်တရားရေးဝန်ကြီးဌာနသို့အဆိုပြုခဲ့ကြခြင်းဖြစ်လေသည်။ ]
——————————————
မြန်မာနိုင်ငံလွတ်လပ်ရေးရသောအခါပြည်ထောင်စုတရားစီရင်ရေးအက်ဥပဒေကိုပြဌာန်းရာ၌အယူခံဝင်ခွင့်ကိုအမျိုးမျိုးလမ်းဖွင့်ပေးသည်။
တရားမကျင့်ထုံးဥပဒေပုဒ်မ ၉၆၊ ၁၀၀ နှင့် ၁၀၄ တို့တွင်အယူခံလမ်းဖွင့်ပေးထားသည့်အပြင်ပြည်ထောင်စုတရားစီရင်ရေးအက်ဥပဒေပုဒ်မ ၂၀ ၌၊တရားလွှတ်တော်တရားဝန်ကြီးတဦးကအယူခံစီရင်ပိုင်ခွင့်အာဏာကိုသုံးစွဲ၍ချမှတ်သည့်မှားသောအဆုံးအဖြတ်ကိုတရားလွှတ်တော်ခုံရုံးတွင်အယူခံဝင်ခွင့်ပေးခဲ့သည်။
ပြည်ထောင်စုတရားစီရင်ရေးအက်ဥပဒေပုဒ်မ ၂၀ တွင်အောက်ပါအတိုင်းပြဌာန်းထားသည်-
[ ၂၀။ ။မူလစီရင်ပိုင်ခွင့်အာဏာကိုသုံးစွဲ၍ဖြစ်စေ၊(ပြင်ဆင်စီရင်ပိုင်ခွင့်အာဏာမပါမဝင်သော)အယူခံစီရင်ပိုင်ခွင့်အာဏာကိုသုံးစွဲ၍ဖြစ်စေချမှတ်လိုက်သည့်လွှတ်တော်တရားဝန်ကြီးတဦး၏စီရင်ချက်ကိုတရားလွှတ်တော်၌အယူခံဝင်နိုင်ရမည်။
ခြွင်းချက်။ ။သို့ရာတွင်ဒုတိယကိစ္စမျိုးတွင်၊အယူခံဝင်ရန်သင့်တော်သောအမှုဖြစ်သည်ဟုတရားဝန်ကြီးကဖော်ပြရမည်။ ]
ပြည်ထောင်စုမြန်မာနိုင်ငံဥပဒေအတွဲ ၁၊စာမျက်နှာ ၁၈၇ ကိုကြည့်ပါ။
————————————
သာဓကအားဖြင့် 1960 BLR ( H C ) 15 စီရင်ထုံးမှာတရားလွှတ်တော်တဦးထိုင်တရားဝန်ကြီးဦးအောင်ခိုင်က၊ပထမအယူခံမှုအမှတ် ၃၈/၁၉၅၇ တွင် ၂၁-၃-၁၉၅၈ နေ့၌ချမှတ်သည့်အဆုံးအဖြတ်အပေါ်တင်သွင်းသောအယူခံဖြစ်ပြီးတရားလွှတ်တော်တရားဝန်ကြီးဦးစံမောင်နှင့်ဦးသောင်းစိန်တို့ပါဝင်သောခုံရုံးကတရားလွှတ်တော်၏အမှားဆုံးဖြတ်ချက်ကိုပယ်ဖျက်ကာအမှန်ကိုဆုံးဖြတ်ခဲ့သည်ကိုတွေ့မြင်နိုင်ပါသည်။
————————————
1960 BLR ( H C ) 15 ( 20 )
APPELLATE CIVIL.
Before U San Maung and U Thaung Sein, JJ.
LIM NAUK SIN (APPELLANT)
V.
NG FOKE SEE (RESPONDENT).
Special Civil Appeal No. 12 of 1958 against the decree of the Appellate Side of this Court, dated the 21st March 1958 in Civil 1st Appeal No. 38 of 1957.
H.C. 1960 Jan. 12.
အမှု၌တရားဝန်ကြီးဦးစံမောင်နှင့်ဦးသောင်းစိန်တို့ပါဝင်သောခုံရုံးကစီရင်ထုံးစာမျက်နှာ ၁၆ နှင့် ၁၇ တွင်အောက်ပါအတိုင်းသုံးသပ်သည်-
[ The learned 2nd Judge of the City Civil Court, while accepting Lim Ngauk Sin's story that she was the wife of Hoke Kyu (a) Tee Foke Chi, came to the conclusion that on the deportation of Hoke Kyu from Burma as an undesirable alien, the tenancy terminated as provided for in clause ( f )of sction 111 of the Transfer of Property Act, as Hoke Kyu's action in leaving Burma for good could only mean that he had relinquished the tenancy in question.
He accordingly decreed the plaintiff's suit with costs.
The defendant Lim Ngauk Sin appealed to this Court but the learned single Judge on the Appellate Side (U Aung Khine, J.)holding that the deportation of Tee Foke Chi operated as automatic termination of the lease, dismissed her appeal.
Hence the present appeal by Lim Ngauk Sin under section 20 of the Union Judiciary Act. ]
စီရင်ထုံးစာမျက်နှာ ၂၀ တွင်၊အယူခံတရားရုံးတရားဝန်ကြီးဦးအောင်ခိုင်၏ဆုံးဖြတ်ချက်ကိုပယ်ဖျက်၍ခုံရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်-
[ In the result, the appeal succeeds.
The judgment and decree of the trial Court are set aside in so far as the appellant Lim Ngauk Sin is concerned and the suit against her dismissed with costs.
Advocate fees in this appeal five gold mohurs.
U THAUNG SEIN, J.—I agree. ]
————————————————-
၁၉၅၈ ခုနှစ်စီရင်ထုံးစာအုပ်တွင်၊ ၁၉၅၈ ခုနှစ်အတွင်းတရားလွှတ်တော်ချုပ်နှင့်တရားလွှတ်တော်၌တာဝန်ထမ်းဆောင်ခဲ့သောတရားဝန်ကြီးများကိုအောက်ပါအတိုင်းတွေ့မြင်နိုင်သည်-
HON'BLE JUDGES OF THE SUPREME COURT OF THE UNION OF BURMA DURING THE YEAR 1958
CHIEF JUSTICE
The Hon'ble Justice Agga Maha Thray Sithu U MYINT THEIN, O.B.E., A.T.M., M.A., LL.B. (Cantab.), LL.D. (Ran.), Barrister-at-Law, Chief Justice of the Union.
PUISNE JUDGES
The Hon'ble Justice Thado Maha Thray Sithu U CHAN HTOON, LL.B. (Lond.), Barrister-at-Law.
The Hon'ble Justice Thado Maha Thray Sithu, Maha Thiri Thudhamma U BO GYI, B.A., B.L., LL.D. (Ran.), Barrister-at-Law.
The Hon'ble Justice Maha Thray Sithu U AUNG THA GYAW, B.A., B.L.
————————
HON'BLE JUDGES OF THE HIGH COURT OF THE UNION OF BURMA DURING THE YEAR 1958
CHIEF JUSTICE
The Hon'ble Justice Thado Maha Thray Sithu U CHAN TUN AUNG, B.A., B.L., Barrister-at-Law, Chief Justice (from 1st January 1958 to 29th October 1958).
SENIOR JUDGE
The Hon'ble Justice Maha Thray Sithu U SAN MAUNG, B.Sc., I.C.S. (Retd.) Senior Judge (from 29th October 1958).
PUISNE JUDGES
The Hon'ble Justice Maha Thray Sithu U SAN MAUNG, B.Sc., I.C.S. (Retd.). (from 1st January 1958 to 29th October 1958).
The Hon'ble Justice Maha Thiri Thudhamma U THAUNG SEIN, B.Sc., I.C.S. (Retd.).
The Hon'ble Justice U AUNG KHINE, M.A.,Barrister-at-Law.
The Hon'ble Justice U BA THOUNG,Barrister-at-Law.
The Hon'ble Justice Maha Thray Sithu U PO ON,B.A., B.L.
The Hon'ble Justice U SHU MAUNG, Barrister-at-Law.
The Hon'ble Justice U BA NYUNT, Advocate.
The Hon'ble Justice Thray Sithu U CHOON FOUNG, B.A., B.L. (from 1st January 1958 to 4th September 1958).
The Hon'ble Justice U MYA THEIN, B.A., Barrister-at-Law.
The Hon'ble Justice U SAW BA THEIN, B.A., B.L. (from 24th October 1958).
——————————
MEMBERS OF THE LAW REPORTING COUNCIL DURING THE YEAR 1958
CHAIRMAN
The Hon'ble Justice Thado Maha Thray Sithu U CHAN TUN AUNG, Chief Justice of the High Court (from 1st January 1958 to 29th October 1958).
The Hon'ble Justice Maha Thray Sithu U SAN MAUNG, Senior Judge of the High Court (from 29th October 1958).
MEMBERS
The Hon'ble Justice Maha Thray Sithu U SAN MAUNG (from 1st January 1958 to 29th October 1958).
The Hon'ble Justice U AUNG KHINE.
The Attorney-General, Burma.
MR. K. R. VENKATRAM, B.A., B.L., Barrister-at-Law.
U BA MAUNG, B.A., B.L., Advocate.
U TUN AUNG ( 1 ), B.A., B.L., Advocate (from 1st January 1958 to 23rd July 1958).
U NGYI PEIK, B.A., B.L. Advocate (from 23rd July 1958).
U TUN MAUNG, B.A., B.L., Barrister-at-Law (Editor).
DR. MAUNG MAUNG, B.A., B.L., LL.D., Barrister-at-Law (Reporter).
U SAW BA THEIN, Registrar, High Court-Secretary (from 1st January 1958 to 6th October 1958).
U PE THAN, Registrar, High Court-Secretary (from 7th October 1958).
————————————
၁၉၅၈ ခုနှစ်အတွင်းတရားလွှတ်တော်၌တာဝန်ထမ်းဆောင်ခဲ့သောတရားဝန်ကြီးများမှာ၊တရားဝန်ကြီးဦးဘညွန့်မှအပဝတ်လုံများ၊ဥပဒေဘွဲ့ရများ၊ဝါရင့်တရားသူကြီးများဖြစ်သည်ကိုတွေ့နိုင်ပါမည်။
မမှားသောတရားသူကြီးမရှိနိုင်၍ပြည်ထောင်စုတရားစီရင်ရေးအက်ဥပဒေပုဒ်မ ၂၀ ၌လမ်းဖွင့်ထားချက်အရတရားလွှတ်တော်ခုံရုံးကတရားလွှတ်တော်တဦးထိုင်တရားဝန်ကြီး၏အဆုံးအဖြတ်ကိုထုံးပြုနိုင်လောက်သောစီရင်ချက်များပယ်ဖျက်ပြီးတရားဥပဒေနှင့်အညီစီရင်ခဲ့သည်။
အမှုသည်တို့၏နစ်နာမှုကိုကုစားနိုင်ခဲ့သည်။
၁၉၂၂ ခုနှစ်တွင်တည်ထောင်ခဲ့သော်လည်းဟိုက်ကုတ်လွှတ်တော်၌အဆိုပါပြည်ထောင်စုတရားစီရင်ရေးအက်ဥပဒေပုဒ်မ ၂၀ ပါပြဌာန်းချက်မျိုးကိုပြဌာန်းကာအယူခံဝင်ခွင့်ပေးခဲ့သဖြင့်ပရီဗီကောင်စီသို့စရိတ်များစွာအကုန်အကျခံကာအယူခံဝင်ရသည့်အမှုသည်များ၏ဒုက္ခကိုကယ်တင်ခဲ့သည်။
ပြည်ထောင်စုတရားစီရင်ရေးအက်ဥပဒေပုဒ်မ ၂၀ ပါပြဌာန်းချက်များကိုတော်လှန်ရေးကောင်စီက ၁၉၆၂ ခုနှစ်အတွင်းဖျက်သိမ်းလိုက်ရာအယူခံဝင်ခွင့်တဆင့်ကိုအမှုသည်များကင်းလွတ်သွားခဲ့သည်။
ထိုစဉ်ကတည်ထောင်သောတရားရုံးချုပ်တွင်တရားသူကြီးချုပ်အပါအဝင်တရားသူကြီး ၆ ဦးသာရှိခဲ့သဖြင့်၊ပြည်ထောင်စုတရားစီရင်ရေးအက်ဥပဒေပုဒ်မ ၂၀ ကိုပယ်ဖျက်လိုက်ဟန်တူသည်။
ယခင်ပြည်ထောင်စုတရားစီရင်ရေးအက်ဥပဒေပုဒ်မ ၅ အရ၊ယခင်တရားလွှတ်တော်ချုပ်တွင်အယူခံဝင်ခွင့်လမ်းဖွင့်ပေးထားပြန်သည်။
ယခင်ပြည်ထောက်စုတရားစီရင်ရေးအက်ဥပဒေပုဒ်မ ၄ တွင်အောက်ပါအတိုင်းပြဌာန်းထားသည်-
[ ၄။ ။တရားလွှတ်တော်ချုပ်သည်မော်ကွန်းရုံးဖြစ်၍၊ပြည်ထောင်စုနိုင်ငံအတွင်းရှိတရားရုံးအားလုံးကိုကြီးကြပ်ကြည့်ရှုနိုင်ခွင့်ရှိရမည်။xxxxxx ]
ယခုပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၂၃( က )တွင်အလားတူအောက်ပါအတိုင်းပြဌာန်းထားသည်-
[ တာဝန်နှင့်လုပ်ပိုင်ခွင့်များ
၂၃။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည်-
( က )နိုင်ငံတော်အတွင်းရှိတရားရုံးအားလုံးကိုကြီးကြပ်ကွပ်ကဲရမည်။ ]
—————————————————
1955 BLR ( S C ) 54 ( 79 )
SUPREME COURT.
D. D. GROVER (APPLICANT)
v.
A. C. KOONDA CONTROLLER OF RENT, MANDALAY.(RESPONDENTS)*
Civil Misc, Application No. 36 of 1955.
Present: U THEIN MAUNG, Chief Justice of the Union, MR.JUSTICE MYINT THEIN and MR. JUSTICE CHAN HTOON.
S.C. 1955 Sept. 22.
အမှုတွင်ယခင်တရားလွှတ်တော်ချုပ်သည်ပြည်ထောင်စုတရားစီရင်ရေးအက်ဥပဒေပုဒ်မ ၄ နှင့်အခြားပုဒ်မများအရအပ်နှင်းထားသောအခွင့်အာဏာများကိုအကျယ်တဝင့်စိစစ်ရာ၌အစိုးရတရားလွှတ်တော်ရှေ့နေကြီးဦးဘစိိန်ကိုကြားနာရုံမျှဖြင့်မကျေနပ်သေးဘဲနိုင်ငံတော်ရှေ့နေချုပ်ဦးချွန်ဖောင်ကိုရုံးသဟာယအဖြစ်ဖိတ်ကြားကာကြားနာပြီးဥပဒေပညာရှင်များမပျက်မကွက်ဖတ်ရှုလေ့လာသင့်သောစီရင်ချက်ကိုစီရင်ထုံးစာမျက်နှာ ၅၈ မှ ၇၉ ထိအကျယ်တဝင့်ရေးသားချမှတ်ပါသည်။
ဤကဲ့သို့ရှည်လျားသောစီရင်ချက်မျိုးကိုဖတ်ရခဲပါသည်။
စီရင်ချက်ရေးသားသူတရားလွှတ်တော်ချုပ်တရားဝန်ကြီးဦးချန်ထွန်း၏ဥပဒေပညာနှင့်အင်္ဂလိပ်ဘာသာဖြင့်ရေးသားသောစီရင်ချက်ကိုအောက်ပါအတိုင်းတွေ့မြင်နိုင်ပါသည်။
စီရင်ထုံးစာမျက်နှာ ၅၉ တွင်တရားဝန်ကြီးဦးချန်ထွန်းကအောက်ပါအတိုင်းမြွက်ဆိုသည်-
[ The powers and functions of the Supreme Court and the High Court, established by the Constitution, are more fully provided in the Union Judiciary Act.
The provisions relevant to the Supreme Court for the present purpose are found in sections 4, 5 and 6, which are as follows : ]
စီရင်ထုံးစာမျက်နှာ ၆၀ နှင့် ၆၁ တွင်အောက်ပါအတိုင်းဆက်လက်မြွက်ဆိုသည်-
[ Section 5 deals with appeals from the High Court and section 6 with appeals from any Court by special leave.
The most important provision in respect of the question under discussion is contained in section 4 where the Supreme Court is given very wide and unlimited power of supervision over all Courts throughout the Union.
The High Court is also given a power "of superintendence over all Courts in the Union for the time being subject to its appellate jurisdiction "
To our mind, the power of supervision as provided in section 4 means very much the same thing as the power of superintendence as provided in section 27 of the Act.
The word "supervise " means " to superintend the execution or performance of a thing or work of a person" whilst the word "superintend " means " to supervise the working or management of an institution or to exercise supervision over a person*. (See The Shorter Oxford English Dictionary).
The only difference between these two sections lies in that whilst the power of superintendence of the High Court is restricted and related only to the Courts which are for the time being under its appellate jurisdiction, the power of supervision of the Supreme Court is not restricted or limited in any way whatsoever.
We shall now proceed to examine what this general power of supervision or superintendence means.
The supervisory or superintending jurisdiction as provided in the Union Judiciary Act may be said to have its origin, so far as the concept is concerned, in the superintending jurisdiction of the superior Courts in England which, especially the Court of the King's Bench, used to exercise or do exercise even now over all inferior Courts in the realm.
It is well settled law that the power of superintendence includes not only superintendence on administrative matters but also superintendence on the judicial side. This point will be brought out more clearly by a brief survey of the historical back ground. ]
အုပ်ချုပ်ရေးအာဏာနှင့်တရားစီရင်ရေးအာဏာတို့၏ဥပဒေသဘောကိုတရားဝန်ကြီးဦးချန်ထွန်းကစီရင်ထုံးစာမျက်နှာ ၆၄၊ ၆၅ နှင့် ၆၆ တို့တွင်အောက်ပါအတိုင်းမြွက်ဆိုသည်-
The provisions in section 4 of the Union Judiciary Act, conferring upon this Court general power to supervise over all the courts in the Union, are couched in a language which is of widest amplitude and which would vest the Court with a power that is not fettered with any restrictions and must consequently embrace all aspects or functions exercised by every court throughout the Union.
It would therefore be absurd to suggest that the power of supervision or superintendence is confined only to administrative matters.
There are no limits or fetters or restrictions placed on the power of supervision conferred upon this Court.
The frame-work of the judiciary as contemplated by the Constitution and the purpose of the Union Judiciary Act seem to make the Supreme Court the custodian of justice throughout the Union, and thus the provisions in this section 4 of the Act appear to arm this Court with a weapon that can be wielded for the purpose of ensuring that justice is meted out fairly and properly by all the courts within the Union.
To fulfil this function the power of supervision or superintendence of this Court over judicial matters is necessary, if no more important than over administrative matters.
In fact the judicial function of a Court is more important than its administrative function.
It would therefore be more important to rectify mistakes in judicial matters than defects in administrative matters.
A judicial error might affect the rights, liberty and freedom of a citizen, whereas an administrative error of a Court might not do so.
It is quite clear that supervision over judicial functions is a complement of superintendence over administrative functions.
If the Supreme Court_or the High Court for that matter _is to discharge its duties and perform its functions as the custodian of justice efficiently and effectively, it must exercise both the powers.
Otherwise the very power of superintendence will be crippled and what has been achieved on the administrative side might be lost on the judicial side.
We have no doubt therefore in holding that the purpose of the provisions in section 4 of the Union Judiciary Act is to make this Court, having regard to the object of the Constitution in regard to the role of the judiciary in a truly democratic Republic as established thereby, responsible for the entire administration of justice and to vest this Court with an unlimited reservoir of judicial powers which can be brought into play at any time it considers necessary.
The fact that these unlimited powers are vested in the Supreme Court should make it more cautious in their exercise.
This power is to be exercised in the same manner and to the same extent as in the exercise of superintendence by issue of directions or writs in the nature of certiorari, prohibition or mandamus. ]
———————————————
ယခင်ပြည်ထောင်စုတရားစီရင်ရေးအက်ဥပဒေပုဒ်မ ၆
ယခင်ပြည်ထောင်စုတရားစီရင်ရေးအက်ဥပဒေပုဒ်မ ၆ တွင်အောက်ပါအတိုင်းပြဌာန်းခဲ့ပါသည်-
[ ၆။ ။ပုဒ်မ ၅ တွင်မည်သို့ပင်ပါရှိစေကာမူ၊တရားမမှု၊ရာဇဝတ်မှုသို့တည်းမဟုတ်အခြားအမှုတွင်အခြေခံဥပဒေအာဏာမတည်မီကဖြစ်စေ၊တည်ပြီးမှဖြစ်စေ၊တရားရုံးတရပ်ရပ်ကချမှတ်သောစီရင်ချက်ကို၊ဒီကရီကို၊သို့တည်းမဟုတ်အပြီးသတ်အမိန့်ကိုအယူခံဝင်ရန်၊တရားလွှတ်တော်ချုပ်သည်မိမိသဘောအရအခွင့်ထူးပေးနိုင်သည်။ ]
ပြည်ထောင်စုမြန်မာနိုင်ငံဥပဒေ၊အတွဲ ၁၊စာမျက်နှာ ၁၈၃ ကိုကြည့်ပါ။
၁၉၅၁ ခုနှစ်၊အထူးတရားမရုံးအက်ဥပဒေပုဒ်မ ၈( ၄ )တွင်အောက်ပါအတိုင်းပြဌာန်းထားပါသည်-
[ ၈( ၄ )။ ။ဤဥပဒေအရအထူးတရားမရုံးကချမှတ်သောဒီကရီကိုသို့တည်းမဟုတ်အမိန့်ကိုမည်သည့်တရားရုံးတွင်မျှအယူခံဝင်ခွင့်မရှိစေရ။ ]
——————————
1956 BLR ( S C ) 7 ( 15 )
တရားလွှတ်တော်ချုပ်
မစ္စတာလီအံ့ခူး (လျှောက်ထားသူ)
နှင့်
နိုင်ငံတော်ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့ (လျှောက်ထားခံရသူ)
၁၉၅၅ ခုနှစ်၊ တရားမသေးလျှောက်လွှာနံပါတ် ၅။
တရားဝန်ကြီး ဦးချန်ထွန်းအမိန့်ချမှတ်သည်။
၁၉၅၅ ဩဂုတ်လ ၁။
အမှုတွင်နိုင်ငံတော်ရှေ့နေချုပ်ဦးအုံးခင်( ၂ )ကိုယ်တိုင်၊နိုင်ငံတော်ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့ဘက်မှအစိုးရတရားလွှတ်တော်ရှေ့နေကြီးဦးစိန်ထွန်း( ၂ )နှင့်အတူလိုက်ပါလျှောက်လဲသည်ကိုတွေ့ရပါသည်။
ယခင်တရားလွှတ်တော်ချုပ်တရားဝန်ကြီးဦးချန်ထွန်းကအောက်ပါအတိုင်းဆုံးဖြတ်သည်-
[ ထို့ကြောင့်အထူးတရားမရုံးအက်ဥပဒေပုဒ်မ ၈( ၄ )တွင်ပါရှိသောပြဌာန်းချက်သည်ပြည်ထောင်စုတရားစီရင်ရေးအက်ဥပဒေပုဒ်် ၆ ကတရားလွှတ်တော်ချုပ်သို့ပေးအပ်ထားသောမိမိသဘောအတိုင်းအခွင့်ထူးပေးနိုင်သည့်အာဏာကိုဆန့်ကျင်ပျက်ပြယ်စေသည်ဟုမယူဆသင့်ချေ။
ဤအာဏာကိုထိခိုက်သည်၊ပိတ်ပင်သည်၊သို့မဟုတ်ရုပ်သိမ်းသည့်သဘောသို့သက်ရောက်သည်ဟုယူဆရန်မသင့်ကြောင်း။ ]
စီရင်ထုံးစာမျက်နှာ ၈၊ ၉၊ ၁၀ တို့တွင်စီရင်ချက်ရေးသားသူတရားဝန်ကြီးဦးချန်ထွန်း၏ဥပဒေပညာနှင့်မြန်မာဘာသာဖြင့်ရေးသားချက်မှာစာဖတ်သူဥပဒေပညာရှင်များမှတ်သားဖွယ်ရာဖြစ်သည်-
[ တရားဝန်ကြီးဦးချန်ထွန်း။ ။၁၉၅၁ ခုနှစ်၊အထူးတရားမရုံးအက်ဥပဒေအရဖွဲ့စည်းသည့်အထူးတရားမရုံးကချမှတ်လိုက်သောစီရင်ချက်နှင့်ဒီကရီများကို ၁၉၄၈ ခုနှစ်၊ပြည်ထောင်စုတရားစီရင်ရေးအက်ဥပဒေပုဒ်မ ၆ အရအယူခံဝင်ရန်တရားလွှတ်တော်ချုပ်တွင်အခွင့်ထူးပေးနိုင်သောအာဏာမရှိပါဟုလျှောက်ထားခံရသူများကပြောဆိုကန့်ကွက်သောကြောင့် ၁၉၅၅ ခုနှစ်၊တရားမသေးလျှောက်လွှာအမှတ် ၅ နှင့် ၁၇ တို့ကိုပူးတွဲ၍အဆိုပါကန့်ကွက်ချက်ကိုကြားနာကြသည်။
ဤသို့စဉ်းစားဆုံးဖြတ်နိုင်ရန်အချက်မှာအလွန်အရေးကြီးသောအချက်ဖြစ်၍လျှောက်ထားခံရသူနိုင်ငံတော်ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့အတွက်အောက်ရုံးတွင်လိုက်ပါဆောင်ရွက်ခဲ့သူအစိုးရရှေ့နေကြီးများအပြင်နိုင်ငံတော်ရှေ့နေချုပ်ကိုယ်တိုင်လာရောက်လျှောက်လဲရန်ညွှန်ကြားသည့်အတိုင်းနှစ်ဘက်သောအမှုသည်များအတွက်ပညာရှိရှေ့နေကြီးများစုံညီစွာလျှောက်လဲချက်များပေးကြသည်ကိုကြားနာကြသည်။
ဤကိစ္စတွင်အရေအကြီးဆုံးသောအချက်မှာအဆိုပါအထူးတရားမရုံးအက်ဥပဒေပုဒ်မ ၈ ( ၄ )တွင်ပါရှိသည့်”အယူခံဝင်ခွင့်”ဆိုသောမြန်မာစကားရပ်တခုနှင့်စပ်လျဉ်းသည့်သဘောအဓိပ္ပာယ်ကောက်ယူချက်ပင်ဖြစ်လေသည်။
ပြည်ထောင်စုမြန်မာနုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၁၃၆( ၃ )အရတရားလွှတ်တော်မှတပါးအခြားတရားရုံးများ၏စီရင်ချက်များကိုတရားလွှတ်တော်ချုပ်ကစစ်ဆေးဆုံးဖြတ်နိုင်သောအယူခံစီရင်ပိုင်ခွင့်အာဏာကို၎င်း၊မည်သည့်တရားရုံးကချမှတ်သည့်စီရင်ချက်ကိုမဆိုပြည်ထောင်စုတရားစီရင်ရေးအက်ဥပဒေပုဒ်မ ၆ အရအယူခံဝင်ရန်တရားလွှတ်တော်ချုပ်ကအခွင့်ထူးပေးနိုင်သည့်အာဏာကို၎င်း၊ ၁၉၅၁ ခုနှစ်၊အထူးတရားမရုံးအက်ဥပဒေပုဒ်မ ၈( ၄ ) တွင်မည်သည့်ရုံးတွင်မျှအယူခံဝင်ခွင့်မရှိစေရဟုပိတ်ပင်တားမြစ်သောပြဌာန်းချက်ကို၎င်း၊စုပေါင်း၍စဉ်းစားသောအခါဥပဒေသဘောအရမည်သို့အဓိပ္ပာယ်ပေါ်ပေါက်လာမည်ဟူသောအချက်ကိုစိစစ်သုံးသပ်ရမည်ဖြစ်သည်။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၁၃၆( ၃ )တွင်ပါရှိသည်မှာ-
[ ဤအခြေခံဥပဒေရှိအခြားပြဌာန်းချက်များဖြင့်တရားလွှတ်တော်ချုပ်သို့ပေးအပ်ထားသောအာဏာများကိုမခိုက်စေဘဲ၊ထို့ပြင်တရားဥပဒေကပြဌာန်းထားသောခြွင်းချက်များ၊စည်းမျဉ်းဥပဒေများနှင့်မဆန့်ကျင်လျှင်တရားလွှတ်တော်ချုပ်၌တရားလွှတ်တော်၏စီရင်ချက်အားလုံးကိုစစ်ဆေးဆုံးဖြတ်နိုင်သောအယူခံစီရင်ပိုင်ခွင့်အာဏာများရှိရမည်။
ထို့ပြင်အခြားတရားရုံးများ၏စီရင်ချက်များကိုတရားဥပဒေကသတ်မှတ်ထားသည့်အတိုင်းစစ်ဆေးဆုံးဖြတ်နိုင်သောအယူခံစီရင်ပိုင်ခွင့်အာဏာများလည်းရှိရမည်။ ]
အဓိပ္ပာယ်မှာတရားလွှတ်တော်၏စီရင်ချက်အားလုံးကိုစစ်ဆေးဆုံးဖြတ်နိုင်သောအယူခံစီရင်ပိုင်ခွင့်အာဏာသည်တရားလွှတ်တော်ချုပ်၌အခြေခံဥပဒေအရတည်ရှိ၏၊တရားလွှတ်တော်မှတပါးအခြားတရားရုံးများ၏စီရင်ချက်များကိုစစ်ဆေးဆုံးဖြတ်နိုင်သောအယူခံစီရင်ပိုင်ခွင့်အာဏာမှာမူတရားလွှတ်တော်ချုပ်၌အခြေခံဥပဒေအရမတည်ရှိဘဲအက်ဥပဒေတခုခုကပေးအပ်မှသာလျှင်တည်ရှိမည်ဖြစ်သည်။
ဤသို့အခြေခံဥပဒေကရည်ညွှန်းထားသည့်အတိုင်းအခြားတရားရုံးများ၏စီရင်ချက်များကိုစစ်ဆေးဆုံးဖြတ်နိုင်သောအယူခံစီရင်ပိုင်ခွင့်အာဏာကိုတရားလွှတ်တော်ချုပ်အား ၁၉၄၈ ခုနှစ်၊ပြည်ထောင်စုတရားစီရင်ရေးအက်ဥပဒေပုဒ်မ ၆ ပါပြဌာန်းချက်များကအောက်ပါအတိုင်းပေးအပ်ထားလေသည်။
[ ၆။ ။ပုဒ်မ ၅ တွင်မည်သို့ပင်ပါရှိစေကာမူ၊တရားမမှု၊ရာဇဝတ်မှုသို့တည်းမဟုတ်အခြားအမှုတွင်အခြေခံဥပဒေအာဏာမတည်မီကဖြစ်စေ၊တည်ပြီးမှဖြစ်စေ၊တရားရုံးတရပ်ရပ်ကချမှတ်သောစီရင်ချက်ကို၊ဒီကရီကို၊သို့တည်းမဟုတ်အပြီးသတ်အမိန့်ကိုအယူခံဝင်ရန်၊တရားလွှတ်တော်ချုပ်သည်မိမိသဘောအရအခွင့်ထူးပေးနိုင်သည်။ ]
အိန္ဒိယနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၁၃၆( ၁ )တွင်ပါရှိသောပြဌာန်းချက်များသည်ပြည်ထောင်စုတရားစီရင်ရေးအက်ဥပဒေပုဒ််မ ၆ ပါပြဌာန်းချက်များနှင့်ထပ်တူထပ်မျှဖြစ်လျက်ရှိသောအချက်မှာစိတ်ဝင်စားဘွယ်ရာကောင်း၏။
မည်သည့်တရားရုံး၏စီရင်ချက်ကိုမဆိုစစ်ဆေးဆုံးဖြတ်နိုင်သောအယူခံစီရင်ပိုင်ခွင့်အာဏာကိုအိန္ဒိယနိုင်ငံ၌အခြေခံဥပဒေကပင်လျှင်တရားလွှတ်တော်ချုပ်အားပေးအပ်ထားသဖြင့်မည်သည့်အက်ဥပဒေကမျှရုပ်သိမ်းထိပါးနိုင်ခြင်းမရှိချေ။
မြန်မာနိုင်ငံတွင်မူကားအခြေခံဥပဒေကရည်ညွှန်းထားရုံမျှပြုလျက်၊အက်ဥပဒေတခုဖြင့်ထိုအာဏာမျိုးကိုတရားလွှတ်တော်ချုပ်အားပေးအပ်ထားသဖြင့်အခြားတရားရုံးများ၏စီရင်ချက်များကိုစစ်ဆေးဆုံးဖြတ်နိုင်သောတရားလွှတ်တော်ချုပ်၏အယူခံစီရင်ပိုင်ခွင့်အာဏာသည်ခြားနားသောအခြေခံတမျိုးပေါ်၌တည်ရှိလေသည်။ ]
————————————
ပြည်ထောင်စုတရားစီရင်ရေးအက်ဥပဒေပုဒ်မ ၆ ပါ”တရားရုံးတရပ်ရပ်”ဆိုသောစကားရပ်တွင် ၁၉၅၁ ခုနှစ်၊အထူးတရားမရုံးအက်ဥပဒေပုဒ်မ ၃ အရတည်ထောင်သောအထူးတရားမရုံးလည်းပါဝင်သည်မှာယုံမှားဖွယ်မရှိပါ။
————————
Comments
Post a Comment