2024 BLR 27 ( 34 ) စီရင်ထုံးပါ အဆုံးအဖြတ်ကိစ္စ။
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
2024 BLR 27 ( 34 ) စီရင်ထုံးပါ အဆုံးအဖြတ်ကိစ္စ။
————————————————————————-
ပြင်ဆင်မှုစီရင်ပိုင်ခွင့်ကိုကျင့်သုံး၍အမှုကိုပလပ်လိုက်သောအမိန့်သည်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၂(၂)တွင်အကျုံးဝင်သောဒီကရီဖြစ်ပါသလော ?
ထိုဒီကရီအပေါ်တရားမကျင့်ထုံးဥပဒေပုဒ်မ၉၆(၁)အရအယူခံဝင်ခွင့်ရှိပါသလော ?
————————————-
ပြင်ဆင်မှုစီရင်ပိုင်ခွင့်အရချမှတ်သောဒီကရီကိုအယူခံဝင်ရမည်ဟု၊တရားမကျင့်ထုံးဥပဒေတွင်ပြဌာန်းထားပါသလော ?
————————
အယူခံ၊ပြင်ဆင်ဆိုသည်မှာပညတ်များဖြစ်သည်။
အထက်အဆင့်မြင့်ရုံးသို့တက်ရောက်ပြီးအရေးဆိုသောကိစ္စဖြစ်သည်။
ပြင်ဆင်မှုမှာထက်ရုံးခွန်ပိုဆောင်ပြီးအယူခံဝင်ရောက်ခြင်းကြောင့်နိုင်ငံတော်ကရုံးခွန်ပိုမိုရရှိသည်။
လုပ်နည်းဆောင်တာများ(technicalities)ကိုအလေးမပေးသင့်။
အယူခံဝင်ခွင့်မရှိလျင်ပြင်ဆင်မှုအဖြစ်ဆုံးဖြတ်နိုင်သည်ဟုအကြောင်းပြကြသည်လည်းရှိသည်။
အမှုမှားယွင်းတက်ရောက်သူ၏တာဝန်ကိုလျော့ပစ်ရန်မသင့်ဟုဆင်ခြေပေးစရာအကြောင်းလည်းရှိပါသည်။
ဥပဒေအရ၊ရရှိသောအခွင့်အရေးကိုလုပ်နည်းဆောင်တာကိစ္စများဟုအကြောင်းပြပြီးနုတ်ပယ်ရန်မသင့်ပါ။
———————————
1983 BLR 48 ( 51 )
တရားမပြင်ဆင်မှု
ဥက္ကဌအဖြစ် ဦးမြကျော်၊အဖွဲ့ဝင်များအဖြစ် ဦးမွန်စံလှိုင် နှင့် ဦးသန့်စင် တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်
ဒေါ်ထိုက် နှင့် ဦးပေါ်ထွန်း ပါ ၂
၁၉၈၁ ခုနှစ်၊ တရားမပြင်ဆင်မှုအမှတ် ၁၈၃
၁၉၈၁ ခုနှစ်၊ တရားမပြင်ဆင်မှုအမှတ် ၃၁ တွင်ချမှတ်သော ၁၉၈၁ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့စွဲပါ ပဲခူးတိုင်းတရားရုံး၏အမိန့်ကို ပြင်ဆင်ပေးရန်လျှောက်ထားချက်။
၁၉၈၃ ဖေဖော်ဝါရီလ ၁၄ ရက်
စီရင်ထုံးစာမျက်နှာ ၄၉ တွင်ဗဟိုတရားရုံးကအောက်ပါအတိုင်းသုံးသပ်သည်-
[ ဤပြင်ဆင်မှုတွင်လျှောက်ထားခံရသူတို့၏အကျိုးဆောင်ကတိုင်းတရားရုံးကချမှတ်သောအမိန့်သည်ဒီကရီဖြစ်သဖြင့်လျှောက်ထားသူသည်ထိုဒီကရီကိုအယူခံဝင်ရောက်ရမည်ဖြစ်ကြောင်း၊သို့ဖြစ်ရာပြင်ဆင်မှုလျှောက်ထားခြင်းကိုတရားမကျင့်ထုံးဥပဒေပုဒ်မ ၁၁၅ အရလက်ခံခွင့်မရှိကြောင်းဖြင့်ပဏာမကန့်ကွက်တင်ပြသည်။
ယင်းကန့်ကွက်ချက်နှင့်စပ်လျဉ်း၍လျှောက်ထားသူ၏အကျိုးဆောင်ကတစုံတရာဖြေကြားခြင်းမပြုပေ။
တိုင်းတရားရုံးကဒေါ်ထိုက်စွဲဆိုသောအမှုမှာကာလစည်းကမ်းသတ်ကျော်လွန်
သည်ဟုကောက်ယူကာလျှောက်ထားခံရသူဦးပေါ်ထွန်းတို့အားအနိုင်ပေးလိုက်
သည်ဖြစ်၍တိုင်းတရားရုံး၏အမိန့်သည်တရားမကျင့်ထုံးဥပဒေပုဒ်မ ၂(၂) တွင်အကျုံးဝင်သောဒီကရီဖြစ်ပေသည်။
တရားမကျင့်ထုံးဥပဒေပုဒ်မ ၉၆(၁) တွင်တရားရုံးတရုံးရုံးကမူလစီရင်ပိုင်ခွင့်အာဏာကိုသုံးစွဲ၍ချမှတ်သောဒီကရီအရပ်ရပ်ကိုအယူခံဝင်ခွင့်ရှိသည်ဟုပြဌာန်းထားသည်။
ဤအမှုတွင်တိုင်းတရားရုံးကချမှတ်သောအမိန့်မှာအထက်တွင်ဖော်ပြထားသည့်အတိုင်းဒီကရီဖြစ်သော်လည်းပြင်ဆင်မှုစီရင်ပိုင်ခွင့်အာဏာကိုသုံးစွဲ၍ချမှတ်သောဒီကရီဖြစ်သဖြင့်ပုဒ်မ ၉၆(၁) အရအယူခံဝင်ခွင့်ရှိသည်ဟုမဆိုနိုင်ပေ။
အယူခံဝင်ခွင့်မရှိသောအမိန့်ကိုပြင်ဆင်မှုလျှောက်ထားနိုင်ကြောင်းတရားမကျင့်ထုံးဥပဒေပုဒ်မ ၁၁၅ တွင်ပြဌာန်းထားသည်။]
စီရင်ထုံးစာမျက်နှာ ၅၀ နှင့် ၅၁ တွင်ဗဟိုတရားရုံးကအောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-
[တိုင်းတရားရုံးသည်ယင်းငြင်းချက်များနှင့်စပ်လျဉ်း၍ငြင်းချက်အမှတ်(၁)နှင့်(၂)တို့မှာဦးပေါ်ထွန်းတို့နှင့်တိုက်ရိုက်ဆက်စပ်ခြင်းမရှိပဲငြင်းချက်အမှတ်(၃)အရ၊ဒေါ်ထိုက်ကအမှုကိုစွဲဆိုနိုင်ခြင်းဆိုသည်မှာမမှန်ကြောင်းသုံးသပ်သည်။
သို့သော်အကြောင်းတစုံတရာမပြချေ။
ထို့ပြင်ဒေါ်ထိုက်စွဲဆိုသောအမှုမှာကာလစည်းကမ်းသတ်ကျော်လွန်သည်ဟုကောက်ယူဆုံးဖြတ်ခဲ့သည်။
အမှုတွင်အဆိုအချေများ၌ကာလစည်းကမ်းသတ်နှင့်စပ်လျဉ်း၍အငြင်းပွါးမှုတစုံတရာမရှိခဲ့သည့်အလျောက်မြို့နယ်တရားရုံးကယင်းပြဿနာနှင့်စပ်လျဉ်း၍ငြင်းချက်ထုတ်နုတ်ထားခြင်းမရှိသည်ကိုတွေ့ရသည်။
အထက်ဖော်ပြပါငြင်းချက်သုံးရပ်နှင့်စပ်လျဉ်း၍မြို့နယ်တရားရုံးကချမှတ်သောအမိန့်ကိုမကျေနပ်သဖြင့်ဦးပေါ်ထွန်းတို့ကတင်သွင်းသောပြင်ဆင်မှုတွင်တိုင်းတရားရုံးသည်မြို့နယ်တရားရုံး၏အမိန့်မှန်မမှန်စိစစ်ရန်သာဖြစ်ပါလျက်၊အမှုတွင်အငြင်းမပွါးသည့်ပြဿနာတရပ်ကိုဖော်ထုတ်ကာဒေါ်ထိုက်၏အမှုကိုပလပ်လိုက်ခြင်းမှာတိုင်းတရားရုံး၏စီရင်ပိုင်ခွင့်ဘောင်ကိုကျော်လွန်အဆုံးအဖြတ်ပြုရာရောက်သည်။
လျှောက်ထားခံရသူ၏အကျိုးဆောင်ကငြင်းချက်အမှတ်(၃)နှင့်စပ်လျဉ်း၍မြို့နယ်တရားရုံး၏ဆုံးဖြတ်ချက်မှာမှားယွင်းကြောင်းအကျယ်တဝင့်တင်ပြလျှောက်ထားသည်။
အထက်တွင်သုံးသပ်ခဲ့သည့်အတိုင်း၊တိုင်းတရားရုံးသည်ငြင်းချက်သုံးရပ်နှင့်စပ်လျဉ်း၍ကောင်းစွာစိစစ်ဆုံးဖြတ်ခြင်းမပြုခဲ့ကြောင်းပေါ်ပေါက်နေသည်ဖြစ်ရာယင်းပြဿနာများကိုအဆုံးအဖြတ်ပြုရန်အမှုကိုတိုင်းတရားရုံးသို့ပြန်လည်ပေးပို့ရမည်ဖြစ်သည့်အလျောက်၊ဗဟိုတရားရုံးအနေဖြင့်ငြင်းချက်များနှင့်စပ်လျဉ်း၍တစုံတရာဝေဖန်သုံးသပ်ရန်မသင့်ပေ။
လျှောက်ထားခံရသူ၏အကျိုးဆောင်တင်ပြသောအချက်များကိုတိုင်းတရားရုံးတွင်တင်ပြရန်သာဖြစ်ပေသည်။]
———————————-
1984 BLR 317 ( 319 )
တရားမပြင်ဆင်မှု
ဥက္ကဌအဖြစ် ဦးသန့်စင်၊ အဖွဲ့ဝင်များအဖြစ် ဦးတင်အောင် နှင့် ဦးမြကျော် တို့ပါဝင်သော ဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်
ဒေါ်သိန်းခင် နှင့် ဦးမောင်ကို
၁၉၈၄ ခုနှစ်၊ တရားမပြင်ဆင်မှုအမှတ် ၁၃၄
၁၉၈၄ ခုနှစ်၊ တရားမပြင်ဆင်မှုအမှတ် ၃၄ တွင်ချမှတ်သော ( ၃၀-၃-၈၄ ) နေ့စွဲပါ ရန်ကုန်တိုင်းတရားရုံး၏အမိန့်ကိုပြင်ဆင်မှု။စ
၁၉၈၄ နိုဝင်ဘာလ ၂၃ ရက်
စီရင်ထုံးစာမျက်နှာ ၃၁၇ နှင့် ၃၁၈ တွင်၊ဗဟိုတရားစီရင်ရေးအဖွဲ့ကအောက်ပါအတိုင်းသုံးသပ်သည်-
[လှိုင်မြို့နယ်တရားရုံး၊တရားမကြီးမှုအမှတ်၁၇/၇၉တွင်ဒေါ်သိန်းခင်ကဦးအောင်ကိုအပေါ် ၁၉၆၀ ပြည့်နှစ်မြို့ပြဆိုင်ရာငှါးရမ်းခကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၁၂(၁)(က) နှင့် (ဂ) တို့အရတရားစွဲဆိုရာမြို့နယ်တရားရုံးကအိမ်ရှင်ပေးပို့သောနို့တစ်စာသည်ဥပဒေနှင့်ညီညွတ်မှုရှိမရှိပဏာမငြင်းချက်ထုတ်၍ကြားနာပြီးနောက်အိမ်ရှင်အားအသာပေး၍ဆုံးဖြတ်သည်။
ဦးအောင်ကိုကမြို့နယ်တရားရုံး၏အမိန့်ကိုပြင်ဆင်ပေးရန်ရန်ကုန်တိုင်းတရားရုံးတွင်လျှောက်ထားရာတိုင်းတရားရုံးကနို့တစ်စာတရားမဝင်ကြောင်းကောက်ယူ၍ဒေါ်သိန်းခင်၏အမှုကိုပလပ်လိုက်သောကြောင့်ဒေါ်သိန်းခင်ကဗဟိုတရားရုံးတွင်ဤပြင်ဆင်မှုကိုလျှောက်ထားခြင်းဖြစ်သည်။
လျှောက်ထားခံရသူ၏ရှေ့နေကတိုင်းတရားရုံးသည်ဒေါ်သိန်းခင်၏အမှုကိုပလပ်လိုက်သောအမိန့်မှာဒီကရီဖြစ်သောကြောင့်အယူခံဝင်ရမည်ဖြစ်၍ပြင်ဆင်မှုလျှောက်ထားခြင်းမှာမှားယွင်းကြောင်းလျှောက်ထားသည်။
တိုင်းတရားရုံး၏အမိန့်သည်ဒီကရီဖြစ်သည်မှာအငြင်းမပွါးချေ။
မူလမှုဆိုင်ရာစီရင်ပိုင်ခွင့်ကိုကျင့်သုံး၍ချမှတ်သောဒီကရီကိုတရားမကျင့်ထုံးဥပဒေပုဒ်မ ၉၆ အရအယူခံဝင်နိုင်သည်။
ထိုနည်းတူအယူခံတွင်ချမှတ်သောဒီကရီကိုအဆိုပါဥပဒေပုဒ်မ ၁၀၀ အရအယူခံဝင်နိုင်သည်။
သို့ရာတွင်ပြင်ဆင်မှုဆိုင်ရာစီရင်ပိုင်ခွင့်အရချမှတ်သောဒီကရီကိုအယူခံဝင်ရမည်ဟုတရားမကျင့်ထုံးဥပဒေတွင်ပြဌာန်းထားခြင်းမရှိချေ။]
————————
2003 BLR 210 ( 213 )
တရားမအထွေထွေအယူခံမှု
တရားရုံးချုပ်တရားသူကြီးဦးစိန်လှိုင်၏ရှေ့တွင်
ဦးခင်မောင်လင်း ပါ၁၀ နှင့် ဦးလှမြင့် ပါ၂
၂၀၀၃ ခုနှစ်၊ တရားမအထွေထွေအယူခံမှုအမှတ် ၁၀
၂၀၀၂ ခုနှစ်၊ တရားမပြင်ဆင်မှုအမှတ် ၆၃ တွင်ချမှတ်သော ( ၃၀-၁၂-၂၀၀၂ ) ရက်စွဲပါ မန္တလေးတိုင်းတရားရုံး၏စီရင်ချက်နှင့်ဒီကရီကိုအယူခံမှု။
၂၀၀၃ မေလ ၂၇ ရက်
အမှုတွင်တရားရုံးချုပ်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-
[ဆုံးဖြတ်ချက်။ ။တရားမကျင့်ထုံးဥပဒေပုဒ်မ ၉၆(၁) တွင်တရားရုံးတရုံးက မူလစီရင်ပိုင်ခွင့်အာဏာကိုသုံးစွဲ၍ချမှတ်သော ဒီကရီအရပ်ရပ်ကို အယူခံဝင်ခွင့်ရှိသည်ဟု ပြဌာန်းထားသည်။
မန္တလေးတိုင်းတရားရုံးက ပြင်ဆင်မှုအာဏာကိုကျင့်သုံး၍ ချမှတ်သောအမိန့်ကို တရားမကျင့်ထုံးဥပဒေပုဒ်မ ၉၆(၁) အရ အယူခံဝင်ခွင့်ရှိသည်ဟု မဆိုနိုင်ပေ။
ဒေါ်ထိုက် နှင့် ဦးပေါ်ထွန်း ပါ၂ အမှုကိုရည်ညွှန်းသည်။
ထပ်မံဆုံးဖြတ်ချက်။ ။အယူခံဝင်ခွင့်မရှိသောအမိန့်ကို ပြင်ဆင်မှုလျှောက်ထားနိုင်သည်။xxxxxxxxxxxxxxxxxxxxxxxxxx]
————————————
ဥပဒေအပြောကျယ်ခြင်း၏သာဓကတရပ်ဖြစ်သဖြင့်၊စာဖတ်သူဥပဒေပညာရှင်သည် 1983 BLR 48 ၊ 1984 BLR 317 ၊ 2003 BLR 210 စီရင်ထုံးသုံးရပ်ကိုယှဉ်တွဲမှတ်သားလေ့လာရန်ဖြစ်သည်။
——————————-
2024 BLR 27 ( 34 )
တရားမအယူခံမှု
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးဒေါ်ခင်မေရီရှေ့တွင်
မြန်စွမ်းထက်ကုမ္ပဏီလီမီတက်(၎င်း၏ကိုယ်စားမန်နေဂျာဦးနိုင်မင်းဇော်)
နှင့်
ဦးဝင်းမြင့်(မြဂဲ)(၎င်း၏အခွင့်ရကိုယ်စားလှယ်ဦးအေးလွင်)
၂၀၂၃ ခုနှစ်၊ တရားမအယူခံမှုအမှတ် ၃၉
၂၀၂၂ ခုနှစ်၊ တရားမပြင်ဆင်မှုအမှတ် ၃၂၆ တွင်ချမှတ်သော ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၏ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်စွဲပါ စီရင်ချက်နှင့်ဒီကရီကိုအယူခံမှု
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်
အမှုတွင်ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၌မြန်စွမ်းထက်ကုမ္ပဏီ(၎င်း၏ကိုယ်စားမန်နေဂျာဦးဒေးကူးမား)က ဦးဝင်းမြင့်(မြဂဲ)အပေါ် ကုန်ဖိုးကြွေးကျန်ငွေ၃၂၃၂၈၇၈၅၁ ကျပ်( ကျပ်သုံးထောင့်နှစ်ရာ သုံးဆယ့်နှစ်သိန်း ရှစ်သောင်း ခုနှစ်ထောင် ရှစ်ရာ ငါးဆယ့်တကျပ် )ရလိုမှုစွဲဆိုသည်။
အမှုအတွင်းကုမ္ပဏီမန်နေဂျာဦးဒေးကူးမားကွယ်လွန်ရာကာလစည်းကမ်းသတ်
အတွင်းတရားဝင်ကိုယ်စားလှယ်ထည့်သွင်းခြင်းမရှိ၍အမှုရပ်စဲပြီးပိတ်သိမ်းပေးပါရန်တရားပြိုင်၏လျှောက်ထားချက်ကိုပယ်သည့်အမိန့်ချမှတ်သည်။
ယင်းအမိန့်ကိုတရားပြိုင်ဦးဝင်းမြင့်ကကျေနပ်မှုမရှိ၍ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်သို့ ပြင်ဆင်မှုတင်သွင်းလျှောက်ထားရာ မူလခရိုင်တရားရုံးအမိန့်ကိုပယ်ဖျက်ပြီး အမှုကို တရားမကျင့်ထုံးဥပဒေ အမိန့် ၂၂၊နည်းဥပဒေ ၃(၂) အရရပ်စဲကြောင်း အမိန့်ချမှတ်ခဲ့သည်။
ယင်းအမိန့်ကိုမြန်စွမ်းထက်ကုမ္ပဏီလီမီတက်က မကျေနပ်သဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အယူခံတင်သွင်းခြင်းဖြစ်သည်။
အမှုတွင်အဓိကစဉ်းစားဆုံးဖြတ်ရန်ပြဿနာမှာ မြန်စွမ်းထက်ကုမ္ပဏီလီမီတက်ကပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အယူခံမှုတင်သွင်းခြင်းသည် ဥပဒေအရမှန်ကန်မှုရှိ၊မရှိ စိစစ်ရန်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ကပြင်ဆင်မှုစီရင်ပိုင်ခွင့်အာဏာကိုကျင့်သုံး၍ အမှုရပ်စဲကြောင်းကောက်ယူကာ တရားပြိုင်ဦးဝင်းမြင့်အား အနိုင်ပေးလိုက်သည်ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၏အမိန့်သည် တရားမကျင့်ထုံးဥပဒေပုဒ်မ ၂(၂) တွင်အကျုံးဝင်သောဒီကရီဖြစ်သည်။
တရားမကျင့်ထုံးဥပဒေပုဒ်မ ၉၆(၁) တွင်တရားရုံးတရုံးရုံးက မူလစီရင်ပိုင်ခွင့်အာဏာကို သုံးစွဲ၍ ချမှတ်သော ဒီကရီ အရပ်ရပ်ကို အယူခံဝင်ခွင့်ရှိသည်ဟုပြဌာန်းထားသည်။
ဤအမှုတွင် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်က အမှုရပ်စဲကြောင်းချမှတ်သောအမိန့်မှာ ဒီကရီဖြစ်သော်လည်း ပြင်ဆင်မှုစီရင်ပိုင်ခွင့်အာဏာကို သုံးစွဲ၍ချမှတ်သော ဒီကရီဖြစ်သဖြင့် ပုဒ်မ ၉၆(၁) အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အယူခံဝင်ခွင့်ရှိသည်ဟု မဆိုနိုင်။
အယူခံဝင်ခွင့်မရှိသောအမိန့်ကို ပြင်ဆင်မှုလျှောက်ထားနိုင်ကြောင်း တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၁၅ တွင်ပြဌာန်းထားသည်။
ထုံးသာဓကအဖြစ်-
1983 BLR 48 ( 51 )
တရားမပြင်ဆင်မှု
ဥက္ကဌအဖြစ် ဦးမြကျော်၊အဖွဲ့ဝင်များအဖြစ် ဦးမွန်စံလှိုင် နှင့် ဦးသန့်စင် တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်
ဒေါ်ထိုက် နှင့် ဦးပေါ်ထွန်း ပါ ၂
၁၉၈၁ ခုနှစ်၊ တရားမပြင်ဆင်မှုအမှတ် ၁၈၃
၁၉၈၁ ခုနှစ်၊ တရားမပြင်ဆင်မှုအမှတ် ၃၁ တွင်ချမှတ်သော ၁၉၈၁ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့စွဲပါ ပဲခူးတိုင်းတရားရုံး၏အမိန့်ကို ပြင်ဆင်ပေးရန်လျှောက်ထားချက်။
၁၉၈၃ ဖေဖော်ဝါရီလ ၁၄ ရက်
———————————
1984 BLR 317 ( 319 )
တရားမပြင်ဆင်မှု
ဥက္ကဌအဖြစ် ဦးသန့်စင်၊ အဖွဲ့ဝင်များအဖြစ် ဦးတင်အောင် နှင့် ဦးမြကျော် တို့ပါဝင်သော ဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်
ဒေါ်သိန်းခင် နှင့် ဦးမောင်ကို
၁၉၈၄ ခုနှစ်၊ တရားမပြင်ဆင်မှုအမှတ် ၁၃၄
၁၉၈၄ ခုနှစ်၊ တရားမပြင်ဆင်မှုအမှတ် ၃၄ တွင်ချမှတ်သော ( ၃၀-၃-၈၄ ) နေ့စွဲပါ ရန်ကုန်တိုင်းတရားရုံး၏အမိန့်ကိုပြင်ဆင်မှု။
၁၉၈၄ နိုဝင်ဘာလ ၂၃ ရက်
————————————-
2003 BLR 210 ( 213 )
တရားမအထွေထွေအယူခံမှု
တရားရုံးချုပ်တရားသူကြီးဦးစိန်လှိုင်၏ရှေ့တွင်
ဦးခင်မောင်လင်း ပါ၁၀ နှင့် ဦးလှမြင့် ပါ၂
၂၀၀၃ ခုနှစ်၊ တရားမအထွေထွေအယူခံမှုအမှတ် ၁၀
၂၀၀၂ ခုနှစ်၊ တရားမပြင်ဆင်မှုအမှတ် ၆၃ တွင်ချမှတ်သော ( ၃၀-၁၂-၂၀၀၂ ) ရက်စွဲပါ မန္တလေးတိုင်းတရားရုံး၏စီရင်ချက်နှင့်ဒီကရီကိုအယူခံမှု။
၂၀၀၃ မေလ ၂၇ ရက်
စီရင်ထုံးများတွင်တွေ့မြင်နိုင်သည်။
—————————
အထက်ဖော်ပြပါစီရင်ထုံးသုံးရပ်နှင့်အတူအောက်ဖော်ပြပါစီရင်ထုံးကိုလည်းပူးတွဲမှတ်သား၍ဖတ်ရှုလေ့လာရန်ဖြစ်သည်။
1996 BLR 49 ( 55 )
တရားမပထမအယူခံမှု
တရားရုံးချုပ်တရားသူကြီးဦးတင်အုံးရှေ့တွင်
ဦးမောင်မောင်မြင့် နှင့် ဦးခင်မောင်ကြီး ပါ၂
၁၉၉၅ ခုနှစ်၊ တရားမပထမအယူခံမှုအမှတ် ၂၃၉
၁၉၉၄ ခုနှစ်၊ တရားမကြီးမှုအမှတ် ၃၇၆ တွင်ချမှတ်သော ( ၂၆-၇-၉၅ ) ရက်စွဲပါ ရန်ကုန်တိုင်းတရားရုံး( တရားမ )၏ စီရင်ချက်နှင့်ဒီကရီကိုအယူခံမှု။
၁၉၉၆ ဇန်နဝါရီလ ၁ ရက်
အမှုတွင် စီရင်ထုံးစာမျက်နှာ ၅၀ နှင့် ၅၁ ၌ တရားရုံးချုပ်ကအောက်ပါအတိုင်းသုံးသပ်သည်-
[ အယူခံတရားလို၏ရှေ့နေကဤအယူခံမှုကို ပြင်ဆင်မှုအဖြစ်ပြောင်းလဲသတ်မှတ်ကြားနာပေးပါရန် ဦးစွာလျှောက်လဲတင်ပြသည်။
အယူခံတရားပြိုင်တို့၏ရှေ့နေက အမှုကိုလက်ခံရေးအတွက် ပထမအယူခံမှုအဖြစ် မရိုးမသားအယူခံဝငရောက်ခြင်းဖြစ်၍ ပြင်ဆင်မှုအဖြစ်ပြောင်းလဲစီရင်ရနမ မထိုက်ကြောင်း ကန့်ကွက်တင်ပြသည်။
အောက်ရုံး၏အမိန့်သည် အယူခံမဝင်နိုင်သောအမိန့်တရပ်ဖြစ်လင့်ကစား အောက်ရုံးအနေဖြင့်စီရင်ပိုင်ခွင့်ရှိသည့်ကိစ္စတွင် စီရင်ဆုံးဖြတ်ရန်ပျက်ကွက်ခဲ့ပါမူ အယူခံကိုပြင်ဆင်မှုအဖြစ် ပြောင်းလဲကာစဉ်းစားဆုံးဖြတ်နိုင်ကြောင်း ကာဒါရှုရစ် နှင့် ဦးအုန်းမောင် အမှု( ၁၉၆၈ ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံးများ၊စာ-၂၁၈ )တွင်ထုံးဖွဲ့ထားသည်။
ထို့အတူတရားရုံးများက မိမိတို့အားဥပဒေအရအပ်နှင်းထားခြင်းမရှိဘဲဆောင်ရွက်ထားမှုမျိုးကိုတွေ့ရှိလျှင် အယူခံလွှာကိုပြင်ဆင်မှုအဖြစ်ပြောင်းလဲဆုံးဖြတ်နိုင်ကြောင်း ဦးညွန့်မောင် နှင့် သိုင်အာမက် အမှု( ၁၉၇၈ ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံးများ၊စာ-၃၈ )တွင်ညွှန်ပြထားသည်။
သင့်တော်သည့်အမှုတွင် အယူခံကိုပြင်ဆင်မှုလျှောက်လွှာအဖြစ်ပြောင်းလဲဆုံးဖြတ်နိုင်ကြောင်းစီရင်ထုံးများတွင်ထုံးဖွဲ့ထားပြီးဖြစ်သည်။
ကေကေအာအမ်အိုရာ မနသန်ချစ်တီးရား နှင့် အိုကေအေအိုအူးဒေးရပ္ပချစ်တီးရား အမှု[ ၁၉၄၉ ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံးများ၊စာ-၂၆၅ ( လွှတ်တော် ) ]
အဗ္ဗဒူဟာမက် နှင့် အက်စ်အေအဗ္ဗဒူဟာမက် အမှု[ ၁၉၅၁ ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံးများ၊စာ- ၃၉၄ ( လွှတ်တော် ) ]များကိုကြည့်ပါ။
ယခုအမှုတွင် အယူခံတရားလိုကိုယ်တိုင်က အယူခံကိုပြင်ဆင်မှုအဖြစ် ပြောင်းလဲကြားနာပေးပါရန် လျှောက်ထားခြင်းဖြစ်သဖြင့် ခွင့်မပြုရန်အကြောင်းမရှိပေ။
ထို့ကြောင့်ဤအယူခံကိုပြင်ဆင်မှုအဖြစ်ပြောင်းလဲသတ်မှတ်၍ကြားနာမည်ဖြစ်ကြောင်းဦးစွာအမိန့်ချမှတ်သည်။ ]
———————————-
Comments
Post a Comment