အမှုဖြစ်အကြောင်းအရာ[ subject - matter ]
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ အမှုဖြစ်အကြောင်းအရာ[ subject - matter ] ———————————— ပြည်ထောင်စုမြန်မာနိုင်ငံရှိတရားရုံးများစီရင်ရသောဥပဒေအချို့မှာ၊အိန္ဒိယနိုင်ငံရှိတရားရုံးများစီရင်ရသောဥပဒေများနှင့်တူပါသည်။ ၁၈၇၂မှ၁၉၇၃ခုနှစ်ကာလအတွင်းထုံးပြုခဲ့သောစီရင်ထုံးများတွင်၊အိန္ဒိယနိုင်ငံစီရင်ထုံးများကိုလေ့လာကာမှုခင်းများကိုဆုံးဖြတ်ခဲ့ကြကြောင်းတွေ့မြင်နိုင်သည်။ မြန်မာနိုင်ငံစီရင်ထုံးများတွင်ထုံးသာဓကမရှိခြင်းကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံစီရင်ထုံးများသည်ပြဌာန်းဥပဒေအရပ်ရပ်ကိုလွှမ်းခြုံမိသည်မဟုတ်သေး။ မြန်မာနိုင်ငံစီရင်ထုံးများမှာဥပဒေများ၏မျက်နှာစာအရပ်ရပ်မလွှမ်းခြုံမိသေးသမျှကာလပတ်လုံး၊ဆိုင်ရာနိုင်ငံခြားစီရင်ထုံးများကိုအထိုက်အလျောက်လေ့လာရဦးမည်ဖြစ်သည်။ ထို့ပြင်အိန္ဒိယနိုင်ငံဥပဒေကျမ်းတို့ကိုလည်းအင်္ဂလိပ်ဘာသာဖြင့်ရေးသည့်အလျောက်အင်္ဂလိပ်ဘာသာကို လောက်လောက်လားလားသင်ယူဖို့လိုသည်။ စီရင်ထုံးအများစုကိုအင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသည်။ အင်္ဂလိပ်ဘာသာဖြင့်ရေးသောအချို့သောစီရင်ထုံးများကိုအပတ်တကုတ်လေ့လာပါမှနားလည်နိုင်သည်။ ယခုအခါအင်တာနက်မှတဆင့်၊ထိုစီရင်ထုံးများကိုဖတ်ရှုရန်အခွင့်အလမ်းပေါ်လျက်ရှိရာ၊တရားသူကြီးများနှင...