1940 RANGOON LAW REPORTS 35 စီရင်ထုံးနှင့် 1952 BLR ( S C ) 4 စီရင်ထုံးနှစ်ရပ်အကြောင်း ( ၂ )
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1940 RANGOON LAW REPORTS. 35 စီရင်ထုံးနှင့် 1952 BLR ( S C ) 4 စီရင်ထုံးနှစ်ရပ်အကြောင်း ( ၂ ) ———————————————— စီရင်ထုံးများကိုကိုးကားရာ၌၊ F B[ စုံညီ ] ၊ D B[ ခုံရုံး ]စသည်ဖြင့်ဖော်ပြခြင်းသည်အကြောင်းရှိပါသည်။ တချိန်ကတရားလွှတ်တော်ရုံးထိုင်တရားသူကြီးတဦးသည်၊အခြားတရားသူကြီးတဦးချမှတ်သောစီရင်ထုံး၊စီရင်ချက်နှင့်ကွဲလွဲဆုံးဖြတ်ခွင့်ရှိသဖြင့်၊ထိုသို့သဘောကွဲလွဲသောစီရင်ထုံးအများအပြားရှိသည်။ အောက်ရုံးများအနေဖြင့်၊မိမိမှန်သည်ဟုသဘောရရှိသောစီရင်ထုံးကိုလိုက်နာဆုံးဖြတ်ခွင့်ရှိသည်။ 1957 BLR ( HC ) 259 စီရင်ထုံးကိုကြည့်ပါ။ တရားလွှတ်တော်ခုံရုံးတရုံးသည်၊အခြားခုံရုံးကဆုံးဖြတ်ထားသောစီရင်ထုံးနှင့်ကွဲလွဲဆုံးဖြတ်ခွင့်မရှိ။ ခုံရုံးတရုံး၏အဆုံးအဖြတ်မှားယွင်းသည်ဟုယူဆပါက၊နောက်ခုံရုံးသည်မိမိတို့မှားယွင်းသည်ဟုယူဆသောခုံရုံးတရုံး၏အဆုံးအဖြတ်ကို၊စုံညီခုံရုံးကပြန်လည်စိစစ်အဆုံးအဖြတ်ပေးရန်၊တရားသူကြီးချုပ်ထံတင်ပြခွင့်သာရှိသည်။ သာဓကကို၊ 1937 RLR 375 ( FB )အပါအဝင်၊စီရင်ထုံးများတွင်တွေ့မြင်နိုင်ပါသည်။ ခုံရုံး၏အဆုံးအဖြတ်ခိုင်ခန့်မှုရှိခြင်းကြောင့်၊သတိမူနိုင်ရန်တကူးတကရှာဖွေဖော်ပ...