Posts

ငြင်းချက်အကြောင်း[ ၅ ]

  ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ငြင်းချက်အကြောင်း[ ၅ ] ————————————- တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်ခြင်းရှိ၊မရှိပြဿနာကိုပဏာမငြင်းချက်အဖြစ်ကြားနာအဆုံးအဖြတ်ပေးနိုင်သလော ? ———————————- အဆိုလွှာကိုအမိန့်၇၊နည်း၁၁(က)အရပယ်ချခြင်းမပြုလျှင်တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်ကြောင်းအဆိုလွှာကထင်ရှားသိသာစေသည်၊ထုတ်ဖော်ပြသည်ဟုတရားရုံးကဆုံးဖြတ်ရာရောက်သည်။ အမိန့်၇၊နည်း၁(င)အရလိုအပ်သည့်အတိုင်းအဆိုလွှာတွင်တရားစွဲဆိုရန်အကြောင်းဖြစ်ပေါ်စေသောအကြောင်းခြင်းရာများဖော်ပြအဆိုပြုရမည်ဖြစ်ရာထိုအကြောင်းခြင်းရာများနှင့်စပ်လျဉ်း၍တရားပြိုင်ဘက်မှငြင်းကွယ်ပါက[ အမှန်ဆိုသော်ထိုငြင်းကွယ်ခြင်းကြောင့်ငြင်းချက်များထုတ်ရခြင်းဖြစ်သည် ]ထိုအကြောင်းခြင်းရာ[ တခုစီ ]မှာအမိန့်၁၄၊နည်း၁(၂)အရအရေးပါသောအကြောင်းခြင်းရာတင်ပြချက်ဖြစ်ပြီးအမှုတွင်အငြင်းပွါးသည့်အလျောက်နည်း၁(၃)အရသီးခြားငြင်းချက်ထုတ်နုတ်စစ်ဆေးရမည်ဖြစ်သည်။ ပမာအားဖြင့်၊မရွှေ့မပြောင်းနိုင်သောပစ္စည်းလက်ရောက်ရလိုမှုတွင်- 1990 BLR 28 ( 33 ) တရားမပြင်ဆင်မှု တရားရုံးချုပ်တရားသူကြီးဦးကျော်တင့်ရှေ့တွင် ဒေါ်တင်ကြည်ပါ၆ နှင့် ဦးစိုးဝင်း ၁၉၉၀ မေလ ၁၅ ရက် ————————— ဦးကျော်ရွှေအမှု[ ၂၀၀၁ခုနှစ်၊တ...

ငြင်းချက်အကြောင်း[ ၄ ]

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ငြင်းချက်အကြောင်း[ ၄  ] ————————————- Janki Das and Another                VS Kalu Ram and Another Date of Decision: Jan. 20, 1936 Acts Referred: Civil Procedure Code, 1908 (CPC) - Order 14 Rule 2 Citation: AIR 1936 Patna 250 Hon'ble Judges:  Courtney-Terrell, C.J Bench: Division Bench အမှုတွင်ဥပဒေပြဿနာနှင့်စပ်လျဉ်းသောပဏာမငြင်းချက်ကိုဦးစွာကြားနာဆုံးဖြတ်ရန်သင့်၊မသင့်အဆုံးအဖြတ်ပေးရာတွင်အမှုတမှုကိုတပိုင်းတစစီခွဲ၍စစ်ဆေးရန်မသင့်ဟူသောယေဘုယျမူနှင့်ကွဲလွဲသောသီးခြားပြဌာန်းချက်ဖြစ်သည့်အမိန့်၁၄၊နည်း၂ပါကောင်းမြတ်သည့်ပြဌာန်းချက်တို့ကိုညီညွတ်မျှတစွာပေါင်းစပ်နိုင်ဖို့လိုသည်။ဥပဒေပြဿနာတရပ်အပေါ်အဆုံးအဖြတ်ပေးလိုက်ခြင်းကြောင့်အကြောင်းခြင်းရာများကိုစုံစမ်းရန်လိုအပ်တော့မည်မဟုတ်သည့်အမှုတွင်အမှုသည်တဦးကတဖက်အမှုသည်အားသက်သေခံချက်များကိုဖော်ထုတ်ရာ၌အချိန်ကြာမြင့်စေခြင်းဖြင့်မတော်မတရားဖြစ်စေမှုကိုတားဆီးနိုင်ရန်အလို့ငှါနည်း၂ကိုပြဌာန်းထားခြင်းဖြစ်သည်ဟုခုံရုံးကအောက်ပါအတိုင်းမြွက်ဆိုသည်- [ 6. The fact is that some harmony has to be observ...

ငြင်းချက်အကြောင်း[ ၃ ]

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ငြင်းချက်အကြောင်း[ ၃ ] ————————————- တရားမကျင့်ထုံးဥပဒေအမိန့်၁၄၊နည်း၂တွင်အောက်ပါအတိုင်းပြဌာန်းထားသည်- [ အမှုတမှုတည်းတွင်ဥပဒေနှင့်အကြောင်းခြင်းရာနှစ်ရပ်လုံးနှင့်စပ်လျဉ်း၍ငြင်းချက်များပေါ်ပေါက်လျက်ရှိပြီးဥပဒေငြင်းချက်ကိုသာစစ်ဆေးစီရင်ခြင်းဖြင့်အမှုတမှုလုံးကိုဖြစ်စေ၊တစိတ်တဒေသကိုဖြစ်စေပြီးပြတ်အောင်ဆုံးဖြတ်နိုင်မည်ဟုထင်မြင်လျှင်တရားရုံးသည်ဥပဒေငြင်းချက်ကိုပထမဦးစွာစစ်ဆေးစီရင်ရမည်။ထိုကဲ့သို့စစ်ဆေးစီရင်ရန်အလို့ငှါသင့်သည်ထင်မြင်လျှင်တရားရုံးသည်အကြောင်းခြင်းရာဆိုင်ရာငြင်းချက်များထုတ်ရန်ကိစ္စကိုဥပဒေငြင်းချက်များဆုံးဖြတ်ပြီးသည်အထိရွှေ့ဆိုင်းထားနိုင်သည်။ ] ———————————— အမိိန့်၁၄၊နည်း၂၏ဥပဒေသဘော 1951 BLR ( H C ) 110 ( 112 ) CIVIL REVISION. Before  U On Pe, J. IBRAHIM MOHAMED AND ONE (APPLICANTS)                   V. MAUNG HLA PE (a) ABDUL RAZAK (RESPONDENT).* 1950 Nov 30 အမှု၌ဥပဒေပြဿနာနှင့်စပ်လျဉ်းသောပဏာမငြင်းချက်ကိုဦးစွာကြားနာဆုံးဖြတ်ရန်သင့်၊မသင့်အဆုံးအဖြတ်ပေးရာတွင်အမှုတမှုကိုတပိုင်းတစစီခွဲ၍စစ်ဆေးရန်မသင့်ဟူသောယေဘုယျမူနှင...

ငြင်းချက်အကြောင်း[ ၂ ]

  ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ငြင်းချက်အကြောင်း[ ၂ ] ————————————- အမိန့်၁၄၊နည်း၂အရပဏာမငြင်းချက်အဖြစ်ကြားနာဆုံးဖြတ်နိုင်ရန်အချက်နှစ်ရပ်နှင့်ပြည့်စုံရန်လိုသည်။ ကာလစည်းကမ်းသတ်ဆိုင်ရာငြင်းချက်အရပလပ်နိုင်ရမည်။ ငြင်းချက်သည်ဥပဒေငြင်းချက်ဖြစ်ရမည်။ ဥပမာ-စွဲဆိုသောအမွေမှုမှာကာလစည်းကမ်းသတ်ကျော်လွန်ခဲ့ပါလျှင်အမှုကိုကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၃အရပယ်ရန်ဖြစ်သည်မှာယုံမှားဖွယ်မရှိ။ စိစစ်ရန်မှာအချင်းဖြစ်ငြင်းချက်သည်အမိိန့်၁၄၊နည်း၂ပါဥပဒေငြင်းချက်သက်သက်ဟုတ်မဟုတ်ဖြစ်သည်။ ဒေါ်ပိုးတီပါ၈ နှင့် ဦးစောကြိုင်ကျောင်း(ခ)ဦးကြိုင်ကျောင်း၊၁၉၉၆ခုနှစ်၊တရားမအထူးအယူခံမှုအမှတ်၄၉တွင်တရားရုံးချုပ်ကအောက်ပါအတိုင်းဆုံးဖြတ်ဖူးသည်- [ ကာလစည်းကမ်းသတ်ကျော်လွန်ခြင်းရှိမရှိပြဿနာကိုသက်သေခံချက်ရယူခြင်းမရှိဘဲအဆိုအချေတို့အရဆုံးဖြတ်ခဲ့ခြင်းမှာမှန်ကန်မှုရှိမရှိဟူသောအရေးယူလောက်သောဥပဒေပြဿနာကိုအဆိုအချေများအရဥပဒေအချက်အလက်များနှင့်အကြောင်းခြင်းရာများရောထွေးလျက်ရှိကြောင်းတွေ့ရသဖြင့်တရားရုံးသည်အကြောင်းခြင်းရာနှင့်ပတ်သက်သောသက်သေခံချက်များကိုရယူပြီးမှသာကာလစည်းကမ်းသတ်ပြဿနာကိုဖြေဆိုဆုံးဖြတ်နိုင်မည်ဖြစ်သည်။ ] [ ဦးမြပြုစုသောတရားမမှုခင်းဖြတ်ထုံးမ...